← Chapters

ငါဘယ်သူလဲဆိုတာ မင်းနဲ့ဆိုင်လို့လား

Vol. 13 Ch. 242

ငါဘယ်သူလဲဆိုတာ မင်းနဲ့ဆိုင်လို့လား

Vol. 13 Ch. 242

နန်ကုန်းချွင်း၏မုန်းတီးနေသော အကြည့်များသည် ပေထင်းဟွမ်ကို မပျော်မရွှင်ဖြစ်စေသည်။ ဒီမိန်းမက ရင်သားပဲရှိပြီး ဦးနှောက်မရှိတာလား။ အရင်က သူတို့ကြားတွင် ရန်ငြိုးမရှိခဲ့သလို ယခုလည်း သူတို့ကြားတွင် ရန်ငြိုး ရှိမနေပေ။ သူမဆီကို ပြဿနာ လာရှာခွင့် ဘယ်မှာရှိလဲ။ ပေထင်းဟွမ်သည် သူမ၏ ဘာမှမရှိသောမေးစေ့ကို ပွတ်လိုက်သည်။ ဒါမှမဟုတ် သူမက အနိုင်ကျင့်ဖို့လွယ်တယ်လို့ တွေးနေတာလား။

နန်ကုန်းချွင်းသည် သူမကို အရေးတယူမရှိဘဲ တည်ငြိမ်သောအမူအရာ ဖြစ်နေသည့် ဤလူငယ်ကို အပိုင်းပိုင်းစုတ်ဖြဲချင်မိ၏။ ဤလူသည် သူမကို ရန်စနေသည်ဟုပင် ခံစားရသည်။ ဤကောင်လေးကြောင့် အစ်ကိုတုန်ဖန်းကျောက်သည် သူမကို လျစ်လျူရှုခြင်းဖြစ်သည်။ သူသည် အရင်က သူမကို ယခုလိုမဆက်ဆံဖူးပေ။ ထိုအချိန်က မိန်းကလေးများအကြားတွင် သူသည် သူမကိုအကောင်းဆုံးဆက်ဆံပေးခဲ့သည်။

“ပြောလေ ဘယ်သူလဲလို့” နန်ကုန်းချွင်းသည် အံကြိတ်ကာ အသံကို မြှင့်ပြီး ခပ်ကြမ်းကြမ်းမေးလေသည်။

“အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ” ပေထင်းဟွမ်သည် ခေါင်းဆတ်ပြီး ခေတ္တမျှ တွေးနေသည် “မိန်းကလေး ငါ့မှာမိန်းကလေးမရှားဘူး.. မင်းယောက်ျားရှာချင်ရင် တခြားတစ်ယောက်ကို သွားရှာလိုက်ပါ”

“ဟား”

မည်သူမှန်းတော့မသိပေ.. သို့သော် ရယ်သံသည် ရိုင်းပြစွာထွက်ပေါ်လာ သည်။ ခန်းမထဲတွင် ရယ်ချင်စိတ်ကို အောင့်ထားရသည့်အသံများသည် တက်လိုက်ကျလိုက်ဖြစ်သည်။ သူတို့ ရယ်ချင်စိတ်ကိုအောင့်ထားရသဖြင့် နားများယားယံလာသည်။ အစောက ဖြူဖျော့သောမျက်နှာနှင့်ယှဉ်လျှင် နန်ကုန်းချွင်း၏မျက်နှာသည် နီရဲလာသည်။ သူမသည် လက်မြှောက်ကာ ပေထင်းဟွမ်အား လက်ညှိုးထိုးလေသည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည် “ရှင် ရှင် ငါ ဘယ်သူလဲဆိုတာသိလား ဘယ်လိုလုပ် မလေးမစားလုပ်ရဲရတာလဲ”

ထိုလူသည် လက်ရာမြောက်သော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကာ မျိုးနွယ်ကြီးလေးခုသည် မှော်သားရဲတောတွင် လှည့်လည်နေသည်မှာ ရက်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသော်လည်း ကောင်းစွာသိကြသည်။ ဤလူသည် ပေထင်းမိသားစုမှ မဟုတ်သည်ကို နန်ကုန်းချွင်း သေချာနေသည်။

“ရှင်က မျိုးနွယ်ကြီးလေးခုက လူကို ရန်စရဲမှတော့ တန်ရာတန်ကြေး ပြန်ဆပ်ဖို့ ပြင်ဆင်ထားလိုက်တော့” နန်ကုန်းချွင်းသည် လက်ကောက်ဝတ်ကို လှန်လိုက်ရာ သူမ၏လက်ပေါ်တွင် ဆူးဖြင့်ဖုံးအုပ်ထားသည့် ကြာပွတ်တစ်ခု ပေါ်လာသည်။ သူမသည် ထိုကြာပွတ်ကို ရုတ်တရက် လေထဲတွင်ဝှေ့ယမ်းရာ လေတိုးဝှေ့သံထွက်ပေါ်လာသည်။ သူမခန္ဓာကိုယ်မှ ရောင်ဝါသည် အညှာတာမဲ့ မှုများဖြစ်လာသည်။ “ငါနဲ့တိုက်ခိုက်ရဲလား”

သူမသည် ရန်စနေသည်။ ကြယ် ၇ ပွင့်ဝိညာဉ်သခင်သည် သူမကဲ့သို့ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကို တိုက်ခိုက်ရဲသည်။ ပေထင်းဟွမ်သည် ဤမိန်းကလေး၏ သတ္တိကို လေးစားသွားသည်။ အကယ်၍ သူမသာဆိုလျှင် ကောင်းကင်အဆင့်တစ်ဝက်ရောက်နေသည့် လူတစ်ယောက်ကို ရန်စရန် သတ္တိ ရှိမည်မဟုတ်ပေ။ ထို့အပြင် ထိုလူတွင် နတ်သားရဲတစ်ကောင်၊ မွန်မြတ်သော သားရဲငါးကောင်နှင့် ထူးဆန်းသော သန္ဓေပြောင်းအ အပင်ဝိညာဉ်သားရဲရှိနေ သည်။

၎င်းတို့အားလုံးသည် ကောင်းကင်ကိုအံတုနိုင်သည့် မှော်သားရဲများဖြစ် သည်ကိုတော့ ပြောရန်ပင်မလိုပေ။

ပေထင်းဟွမ်၏ လက်ပတ်ထဲမှ မှော်သားရဲများအားလုံးသည် ပွက်လော ရိုက်ကုန်သည်။ သူတို့သည် လေဟာနယ်အတားအဆီးမှတစ်ဆင့် ရင်သားကြီးကြီးရှိပြီး ဦးနှောက်မရှိသည့် မိန်းကလေးကို ကြည့်နေသည်။ သူမ ဘယ်လိုလူကိုစိန်ခေါ်နေတာလဲဆိုတာကိုရော သိရဲ့လား။ မျိုးနွယ်ကြီးလေးခု က ဘာမို့လို့လဲ။ မျိုးနွယ်ကြီးလေးခုက အဲလောက်တောင် အထင်ကြီးဖို့ကောင်း လို့လား။ မျိုးနွယ်ကြီးလေးခုထဲတွင် မွေးဖွားလာသော ကြယ် ၇ ပွင့်ဝိညာဉ် သခင်တစ်ဦးတွင် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးကို စိန်ခေါ်ရန် ခွန်အားရှိနေ သလား။

တုန်ဖန်းကျောက်သည် အနည်းငယ် မှင်တက်မိသည်။ သူသည် ‘နန်ကုန်းချွင်း’ ဆိုသည့်လူကို မှတ်မိရန် အချိန်ကြာခဲ့သည်။ သူ မိသားစုထဲတွင် ရှိစဉ်က မကြာခဏသွားလည်ခဲ့သည်။ သူသည် အလွန်ချစ်စရာကောင်းခဲ့သည်။ အခုကြီးမှဘာလို့ ဦးနှောက်ပျက်သွားရတာလဲ။ ပေထင်းဟွမ်နှင့် စိန်ခေါ်သည် မှာ စိန်ခေါ်မှုတ်ဘဲ သေတွင်းတူးခြင်းသာဖြစ်သည်။

အမြဲတစေအေးစက်နေသော ချူဖုန်း၏မျက်လုံးတွင် ယခုအခါ သနားသောအကြည့်များ ဖြစ်ပေါ်လာသည်။ ထို့အပြင် အထင်သေးမှုလည်း ပါသည်။ သူသည် ထိုမိန်းကလေးကို ကြည့်လိုက်သည်။ မျိုးနွယ်ကြီးလေးခုက ဘာများအရေးပါနေလို့လဲ။ သူတို့တွေက အမှိုက်တွေကို ပျိုးထောင်နေတာပဲ။

ပင်မခန်းမကြီးတွင် ပြောင်မြောက်သော ဝိညာဉ်သခင်ဝတ်စုံများ ဝတ်ဆင် ထားသည့် ယောက်ျားပျို၊ မိန်းမပျိုများသည် ပေထင်းဟွမ်အား သနားသလို အထင်သေးသလို ကြည့်ကြသည်။ နန်ကုန်းချွင်းသည် နန်ကုန်းမိသားစု လူငယ် မျိုးဆက်ကြားတွင် ပါရမီရှင်ဖြစ်သည်။ သူမသည် ၁၅ နှစ်နှင့်ပင် အဆင့်မြင့် ကြယ် ဝိညာဉ်သခင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်က တုန်ဖန်းကျောက် သည်လည်း ထိုအသက်အရွယ်တွင် အဆင့်မြင့်ကြယ်ဝိညာဉ် သခင်တစ်ဦးဖြစ်ခဲ့ပြီး အသက် ၂၄ နှစ်အရောက်တွင် ကြယ် ၁ ပွင့်ဝိညာဉ်သခင် ဖြစ်နေသည်။

ကိုးနှစ်အကြာတွင် နန်ကုန်းမိသားစုတွင် ကြယ်ဝိညာဉ်သခင်တစ်ဦးရှိလာ လိမ့်မည်ဟု ကြိုတင်သိမြင်ခဲ့ကြသည်။

***

All Chapters