သူက အမှိုက်သခင်လေး ၉ လား
Vol. 13 Ch. 243
“ဒီကောင်လေးက ဘာလို့ သခင်လေး ၉ နဲ့တူနေရတာလဲ” ပေထင်း မိသားစုမှ လူငယ်တစ်ဦးသည် မျက်မှောင်ကြုတ်လေသည်။
“သခင်လေး ၉ ဟုတ်လား တကယ်ကြီးလား.. သူက ပါရမီရှင် သခင်ပေထင်းကျင်ရဲ့ ညီအငယ်ဆုံးလား.. တူတာပဲ.. သူကတကယ်ကြီး သခင်လေး ၉ လား” နန်ကုန်းမိသားစုမှ တစ်ယောက်သည် သံယောင်လိုက်လေ သည်။
“အာ.. သခင်လေး ၉ လား မိသားစုထဲမှာ အသုံးမကျဘူးဆိုပြီး နာမည်ကြီး တဲ့သခင်လေး ၉ လား” နန်ကုန်းမိသားစုမှ မိန်းကလေးတစ်ဦးသည် ရယ်မော လေသည်။ သူမသည် မတ်တတ်ရပ်ကာ အော်လေသည် “နန်ကုန်းချွင်း နင် ဘယ်သူ့ကို စိန်ခေါ်နေတာလဲ သိလား.. နင်စိန်ခေါ်တဲ့လူက ပေထင်းမိသားစုမှာ အသုံးမကျဘူးလို့ နာမည်ကြီးတဲ့သခင်လေး ၉ ပဲ.. ဟားဟား ရယ်ရတယ်.. နင်က မိသားစုခေါင်းဆောင်ကိုယ်တိုင် ချီးကျူးထားတဲ့ ပါရမီရှင်ပဲ.. နင်သာ သူ့ကို စိန်ခေါ်ရင် ပြည်မမှာ နာမည်ကြီးပြီပဲ”
တုန်ဖန်းကျောက် နန်ကုန်းချွင်းကို စော်ကားသည့် “ကိုယ့်ကိုယ်ကိုယ် လေးစားပါ” ဆိုသည့်စကားသည် ထိုသတင်းသည် ပေါက်ကွဲထွက်သွားသည်။ ခန်းမတစ်ခုလုံးသည် ကျွက်ကျွက် ညံသွားသည်။ ပြတင်းပေါက်ဘေး၌ထိုင်နေ သည့် ဝိညာဉ်သခင်ကြီးမိသားစုမှ ဆရာများသည် အခြေအနေကို မသိကျိုးနွံပြု နေရာမှ သတိပြန်ဝင်လာသည်။
“မင်းက တကယ်ကြီး ပေထင်းမိသားစုရဲ့ သခင်လေး ၉ လား” ပေထင်းဟွမ်မှာ ရက်စက်သော သားရဲတစ်ကောင်အလား နန်ကုန်းချွင်းသည် နောက်နှစ်လှမ်းဆုတ်လေသည်။ သူမသည် သူမ၏ဖြူစွတ်သောမေးစေ့ကို ပင့်မြှောက်ကာ ပြောလေသည် “မင်းက တကယ်ပဲ သခင်လေး ၉ ဆိုရင် ငါနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမမီဘူး”
ဇာက်ကွက်သည် သိသိသာသာပင် ပြောင်းသွားသည်။ တုန်ဖန်းကျောက် သည် သူ့ဦးနှောက်ကိုပင် သယ်မထားနိုင်တော့သလို ခံစားရသည်။ အမှိုက်လား။ ပေထင်းဟွမ်က အမှိုက်ဆိုရင် ဒီကမ္ဘာပေါ်မှာ ပါရမီရှင်က ဘယ်မှာလဲ။ သူ့မျက်လုံးများ ပြူးကျယ်လာကာ မျက်အိမ်များသည် ထွက်ကျ မတတ်ပင်။
နန်ကုန်းမိသားစု၏နည်းပြဖြစ်သည့် နန်ကုန်းရှို့သည် လျှောက်လာပြီး နန်ကုန်းချွင်းအား ညင်သာစွာပုတ်လိုက်သည် “ချွင်းအာ သူက အမှိုက်သာသာပဲ လေ.. မင်းအချိန်ဖြုန်းဖို့အတွက် မတန်ဘူး”
ထိုသိုပြောပြီးနောက် နန်ကုန်းရှို့သည် ပေထင်းဟွမ်အား မကြည့်တော့ ပေ။ သူသည် တုန်ဖန်းကျောက်အား တိုက်ရိုက်ပြောလိုက်သည် “တုန်ဖန်းကျောက် မင်းရဲ့ကောင်းကင်အဆင့်ဝိညာဉ်သခင် အဆင့်အတန်းကို သုံးပြီး ဒီလိုအမှိုက်ကို ငါတို့အဖွဲ့ထဲသွင်းပြီး မိသားစုလေးခုနောက်လိုက်ချင်ရင် တော့ ဝိညာဉ်ခွဲတောင်တန်းကိုဝင်ဖို့ မဖြစ်နိုင်ဘူး”
သူပြောပြီးနောက် မညှာမတာပင် ထပ်ပြောလိုက်သည် “ငါတို့အဖွဲ့ထဲဝင် ဖို့ဆို ငါတို့က အဆင့်မြင့် ဝိညာဉ်သခင်ကြီးတွေကိုပဲ လက်ခံတယ်.. ပြီးတော့ မင်း နန်ကုန်းမိသားစုရဲ့ အမိန့်ကိုနားထောင်ရမယ်.. မဟုတ်ရင် ဘာမှဆွေးနွေး နေစရာမလိုဘူး”
နန်ကုန်းရှို့၏ အထင်သေးသောအကြည့်သည် ပေထင်းဟွမ်၏ မျက်နှာကို ဖြတ်ပြေးကြည့်သွားသည်။ သူသည် ပေထင်းဟွမ်အား ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်ကဲ့သို့ ကြည့်လေသည်။ သူသည် ပေထင်းဟွမ်ပေါ်ထားသည့် စိတ်ထဲမှအထင်သေးစိတ်ကို မဖုံးကွယ်နိုင်သဖြင့် ဤကဲ့သို့ သဘောထားထွက် လာသည်မှာ ရှင်းလင်းနေသည်။
“ဟားဟား အဆင့်မြင့်ကြယ်ဝိညာဉ် သခင်ကြီးလား သခင်လေး ၉ မျိုးနွယ်ကြီးလေးခုရဲ့ တာဝန်မှာဝင်ပါချင်ရင် အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီး ဖြစ်တဲ့အထိစောင့်လိုက်ဦး” နန်ကုန်းချွင်းသည် ပါးစပ်ပိတ်ပြီး ရယ်တော့သည်။ ၁ စက္ကန့်အတွင်းတွင် သူမ၏မိဘ ဆုံးပါးသွားသကဲ့သို့ဖြစ်ခဲ့သည်။ နောက်စက္ကန့် အတွင်းတွင် သူမသည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ ချေငံစွာပြောခဲ့၏ “ဒါပေမဲ့ သခင်လေး ၉ မင်းက အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီးဖြစ်နိုင်ရင် ဝက်တောင် အပင်ပေါ်တက်နိုင်လိမ့်မယ်”
အမှိုက်ဟုတ်လား။ သူမက ဝိညာဉ်သခင် ဖြစ်နေပြီဆိုတာ အဲလူတွေ သိရောသိရဲ့လား။ ကြည့်ရတာ အဲငတုံးပေထင်းကျွင်းက အမှန်တရားပြောမှာ တော့မဟုတ်ဘူး။ တစ်ကမ္ဘာလုံး၏အမြင်တွင် ပေထင်းဟွမ်သည် အသုံးမကျသည့် သခင်လေး ၉ ဖြစ်နေတုန်းပင်။ သည်လိုမှ ကိစ္စများမှာ စိတ်ဝင်စားစရာ ကောင်းလာမည်ဖြစ်သည်။
“အဲလိုလား” ပေထင်းဟွမ်သည် ရှေ့တိုးလာသည်။ သူမ၏ ကြယ်နှင့်တူ သော မျက်လုံးများသည် စူးရှသောအလင်းနှစ်ခုကို ထုတ်ဖော်နေသည်။ “ငါသာ အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီးဖြစ်နိုင်ရင် မင်းကရော”
“ငါနဲ့ဘာဆိုင်လို့လဲ” နန်ကုန်းချွင်းသည် ထိုအခိုက်တွင် နားမလည်ပေ။ သူမ သတိပြန်ဝင်လာချိန်တွင် ပေထင်းဟွမ်အား လူပြက်သဖွယ်ကြည့်ကာ အကဲဖြတ်လေသည် “မင်းသာ အဆင့်မြင့်ဝိညာဉ်သခင်ကြီးဖြစ်နိုင်ရင် ငါ့ဦးလေးရှို့က ပေထင်းမိသားစုကိုကူပြီး မွန်မြတ်တဲ့သားရဲဆယ်ကောင်ကို ထိန်းကျောင်းပေးလိမ့်မယ်”
***