မဟာမိတ်၊ အကျပ်ကိုင်မှုနှင့် ဖြားယောင်းခြင်း *
Vol. 13 Ch. 245
“ဟုတ်တယ်” ပေထင်းဟွမ်သည် မျက်ခုံးများကို ပင့်မြှောက်လိုက်သည်။ သူမ၏အကြည့်သည် နန်ကုန်းရှို့ဆီမှ နန်ကုန်းချွင်း၊ နန်ကုန်းချွင်းဆီမှတစ်ဆင့် ရဲရဲနီနေသည့် နန်ကုန်းမိသားစုရှိရာနေရာသို့ ရောက်သွားလေသည် “အစ်ကိုကြီးတုန်ဖန်းကျောက် မင်းက ဉာဏ်ကောင်းတာပဲ.. တချို့မိန်းကလေး တွေက မလှပေမဲ့ ဂြိုဟ်ဆိုးကဝင်သေးတယ်.. ဒီလောက်စောစောသိရင်ကို တော်ပါပြီ”
တုန်ဖန်းကျောက်၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ ပေထင်းဟွမ် ၏ နည်းလမ်းကို တွေးမိချိန်တွင် ကျောရိုးထဲမှ အေးစိမ့်မှုများ ပြေးဆင်းသွား သည်။ သူသည် မတတ်သာတော့ဘဲ ပြတင်းပေါက်ဘေးတွင် မလှုပ်မယှက်ထိုင် နေသည့် တုန်ဖန်းစယ့်ကို ကြည့်လိုက်သည်။ သည်တစ်ခေါက် အဖွဲ့ကိုဦးဆောင် လာသည့်နည်းပြသည် သူ၏အစ်ကိုကြီးဖြစ်သည်။ ကံကောင်းစွာပင် သူသည် တခြားသူ၏ကိစ္စကို ဝင်မပါပေ။ ကံကောင်းစွာပင် သူသည် ပေထင်းဟွမ်ကို ရန်မစခဲ့ပေ။
ပြောင်မြောက်သည့် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော ကောင်းကင် အဆင့်ဝိညာဉ်သခင် ပေထင်းလင်းသည် တုန်ဖန်းကျောက်ကဲ့သို့ မျက်ခုံး မျက်လုံးခန့်ညားသည့် လူငယ်ဖြစ်သည်။ သူသည် ပေထင်းကျောက်နှင့် အကြည့်ချင်းဖလှယ်ကာ အတွေးထဲနစ်မြောနေပုံပေါက်သည်။ သူသည် ပေထင်းဟွမ်အား အာရုံစိုက်ထားကာ ထိုလူငယ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ကြီးမားသောစွမ်းအား ဖုံးကွယ်ထားသည်ကို ခံစားမိပုံပေါ်လသည်။
တုန်ဖန်းအောင်သည် ညီငယ်ဖြစ်သူ၏ မာနကိုကောင်းစွာသိသည်။ ဤလူငယ်သာ အမှန်တကယ် အမှိုက်ဖြစ်နေပါက ကောင်းကင်အထက်တွင်ရှိ နေသည့် ညီငယ်သည် သူနှင့်အနီးကပ် မည်သို့ နေထိုင်မည်နည်း။
“ဟင်း အရှက်မဲ့လိုက်တာ” နန်ကုန်းရှို့သည် ပေထင်းဟွမ်၏ မျက်လုံးထဲမှ ရက်စက်မှုကို မြင်နေရသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် မေ့လဲချင်လာ သည်။ သူသည် ပေထင်းဟွမ်အား သူ၏တြိဂံမျက်လုံးများဖြင့် ကြည့်လေသည် “ကောင်လေး မင်းက အားနည်းတဲ့သူကို အတင်းအနိုင်ကျင့်ခိုင်းနေတာလား”
“အားနည်းတဲ့သူကို အနိုင်ကျင့်တယ် ဟုတ်လား” ပေထင်းဟွမ် နှာမှုတ် လိုက်သည် “ကျွန်တော့်ကို အနိုင်ကျင့်နိုင်ရင် စမ်းကြည့်လို့ရတယ်”
သူက ဓား ၄ လက်ကြယ်ဓားသခင်ပဲ မဟုတ်ဘူးလား။ မဖြစ်တော့ဘူးဆိုလည်း သူမ မင်းကို ကူညီခိုင်းရမည်။ ဤအဘိုးကြီး သူမကို မည်မျှအနိုင်ကျင့်နိုင် သလဲဆိုသည်ကို သူမ ကြည့်ချင်သေးသည်။
“အရှင်နန်ကုန်းရှို့ ဒီလိုဇွတ်အတင်းလုပ်နေမယ်ဆိုရင် ပေထင်းမိသားစု က ဒီတာဝန်ကနေ ထွက်ရလိမ့်မယ်” အင်္ကျီလက်ကိုခါထုတ်ရင်း ပေထင်းလင်း သည် လှည့်ကာ ပေထင်းဟွမ်၏ လက်ကိုကိုင်လိုက်သည် “ပေထင်းမိသားစုရဲ့ သခင်လေး ၉ ကဘယ်လောက်ပဲ အသုံးမကျပါစေ ကျွန်မရဲ့တူဖြစ်နေတုန်းပဲ.. ကျွန်မဒီမှာရှိနေသရွေ့တော့ သူ့ကို ဘယ်သူမှအနိုင်မကျင့်စေရဘူး”
“အဒေါ်…” ပေထင်းဟွမ်သည် မျက်တောင်ခတ်ကာ သူမ၏မျက်လုံးများ သည် စိုစွတ်နေသည်။ သူမသည် ဤမျှခပ်မြန်မြန် အသိအမှတ်ပြုခံလိုက်ရမည် သို့မဟုတ် သည်တစ်ခေါက်အဖွဲ့ကို ဦးဆောင်လာသူမှာ သူမ၏အဒေါ်အရင်း ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ အဒေါ်ဖြစ်သူသည် သူမအား ယခုလို ကာကွယ် လိုစိတ်ရှိသည်။
ပေထင်းဟွမ်သည် အားမနည်ပေ။ နန်ကုန်းမိသားစုကို ဆန့်ကျင်ရန် လည်း ဂရုမစိုက်ပေ။ သို့သော် သူမကို ကာကွယ်ပေးမည့်သူရှိနေသည်မှာ ခံစား၍ကောင်းလွန်းသည်။
“အရှင်ပေထင်းလင်း စာချုပ်ကို ဒီလိုမျိုးတစ်ဖက်သတ် ဖျက်ဖို့ကြိုးစားနေ တာလား ဒီအသုံးမကျတဲ့တူတစ်ယောက်အတွက်နဲ့ ဒီတာဝန်ကနေ နောက်ဆုတ်မယ်ဆိုရင် ဝိညာဉ်ခွဲတောင်ကြားကိုမဝင်ဘဲ ကျေးဇူးပြုပြီး အိမ်ပြန် လိုက်ပါ” နန်ကုန်းရှို့သည် အင်္ကျီလက်ကိုခါကာ လှည့်ထွက်လေသည်။
“ဟားဟား ဘာလို့ ဒီလိုလုပ်ဖို့လိုဦးမှာလဲ” တုန်ဖန်းအောင်သည် အချိန် ကိုက်ရပ်ကာ လျှောက်လာသည်။ သူ့အကြည့်သည် နန်ကုန်းရှို့နှင့် ပေထင်းလင်းတို့ကို ဝေ့ကြည့်လိုက်သည်။ “မိသားစုကြီးလေးခုက အတူတူ လုပ်ဆောင်နေကြတာပဲ.. ဘယ်သူမှပျက်ကွက်လို့ မရဘူး.. မဟာမိတ်မရှိတော့ ရင် ကျုပ်တို့တုန်ဖန်းမိသားစုကလည်း သွားလို့မရတော့ဘူးလေ”
“အရှင်တုန်ဖန်းအောင် ဘာအဓိပ္ပာယ်လဲ.. ဒီအဘိုးကြီးက မွန်မြတ်တဲ့ သားရဲကို မထိန်းကျောင်းချင်ဘူးလို့ ပြောမှာတော့မဟုတ်ပါဘူးနော်.. တုန်ဖန်းမိသားစုကို ခေါင်းဆောင်ပြီး ထွက်မလို့လား” နန်ကုန်းရှို့သည် တုန်ဖန်းမိသားစုရှိရာနေရာသို့ လေးနက်သောအဓိပ္ပာယ်ဖြင့် ကြည့်လေသည်။ “ဒီတစ်ခါ မိသားစုရဲ့လက်ရွေးစင်တွေပဲ ခေါ်လာတာ.. မိသားစုကြီးလေးခုမှာ တောင် ရန်သူတွေရှိတယ်.. ကျုပ်က မင်းတို့မိသားစုက ကောင်လေးအတွက် မွန်မြတ်တဲ့သားရဲထိန်းကျောင်းဖို့ စွမ်းအားကျန်သွားတာ အမြတ်ထွက်တာပဲ.. မင်းတို့ဂရုမစိုက်ရင် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို နန်ကုန်းမိသားစုနဲ့ ရှီမန်မိသားစုကပဲ ခွဲယူလိုက်တော့မယ်”
ထင်ထားသည့်အတိုင်းပင် လူအိုကြီးများသည် ပါးနပ်လှသည်။ ဤအဘိုး ကြီး၏ စကားများသည် ခြိမ်းခြောက်နေသလို ဖြားယောင်းနေကာ နူးညံ့ပြီး တင်းမာသည့်နည်းလမ်းများကို သုံးနေသည်။ ခုခံရန်အလွန်ခက်ခဲလှသည်။
***