သခင်လေး ၉ က အရမ်းအဖိုးတန်တယ်
Vol. 13 Ch. 246
ပထမဆုံးအနေနှင့် မွန်မြတ်သောသားရဲများကို ထိန်းကျောင်းရန် ဖြားယောင်းသည်။ မွန်မြတ်သော သားရဲတစ်ကောင်သည် ဝိညာဉ်သားရဲများ အားလုံးကို ရူးသွပ်သွားစေသည်။ ခေါင်းကနေ သွေးထွက်တဲ့အထိ တိုက်ခိုက်ဖို့ သွေးဆောင်တာကို ဘယ်သူတောင့်ခံနိုင်မှာလဲ။ ဤစစ်ဆင်ရေးတွင် သူတို့၏ ပန်းတိုင်သည် မျိုးဆက်သစ်လူငယ်များကို ခရမ်းရောင် မီးတောက်သွေးသောက် အရင်းအမြစ်ကို ပြန်လည်သန့်စင်ခွင့် ပြုရန်ဖြစ်သည်။ သူတို့၏အလုံးစုံခွန်အား သည် တခြားမိသားစုကြီးသုံးခုကို ကြီးမားသောကွာခြားချက်ကို ဖြစ်စေလိမ့် မည်။
မိသားစုလေးခုသည် ရွေးချယ်စရာမရှိတော့ဘဲ အဆင့်ပြန်တင်ရုံသာရှိ တော့သည်။
ဒါခြိမ်းခြောက်တာပဲ။
ရှီမန်မျိုးနွယ်မှာ ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့် နောက်ဆုံးတစ် ယောက်ဖြစ်သော အဖြူရောင်ဝတ်ထားသူဖြစ်သည်။ သူသည် ရှီမန်မျိုးနွယ်၏ ဆရာဖြစ်သူ ရှီမန်ဆုန်းဖြစ်သည်။ သူ့တွင် ရှားပါးသောဆံပင်အဝါရောင်ပိုင်ဆိုင် ထားကာ မျက်ခုံးများမှာလည်း တူညီသောအရောင်ရှိသည်။ ထိုအရာကြောင့်ပင် သူ၏အသားအရေသည် ပို၍ဖြူသွားစေကာ သူ၏အပြာရောင်မျက်လုံးတစ်စုံ သည် အနည်းငယ် မှေးစဉ်းနေသည်။ သူသည် အလွန်အမင်းလှသော ယောက်ျားသားတစ်ဦးဖြစ်သည်။
သူသည် မှီခိုကင်းသည်။ သူသည် ဆူညံနေသည့် ပတ်ဝန်းကျင်သို့ ရောက်နေသော်လည်း အရာအားလုံးကို မကြားသလို နေနိုင်သည်။ သူသည် လက်ဖက်ရည် တစ်ခွက်ငှဲ့ကာ သောက်လိုက်၏။ သူလက်ဖက်ရည်သောက်ချိန်တွင် အလွန်ကျက်သရေရှိလှသည်။ သူ၏လှုပ်ရှားမှုများသည် ပန်းပွင့်နေသလို ပင်။
ရှီမန်ဆုန်းသည် အလွန်လှသော အမျိုးသားဖြစ်သည်။ သူ့အသံသည် လည်း သူ့အမူအကျင့်အတိုင်းပင်။ ကောင်းကင်ကဲ့သို့ ကြည်လင်သောအသံဖြစ် ၏။ “သခင်နန်ကုန်းရှို့က အနှစ် ၂၀၀ ကျော်နေလာခဲ့တာပဲ.. ကလေးတစ် ယောက်ကို ဘာလို့အခက်တွေ့အောင်လုပ်နေတာလဲ.. စည်းမျဉ်းကို မကြား ဖူးဘူးလား ‘လူငယ်နဲ့လူဆင်းရဲကို အနိုင်မကျင့်နဲ့’ တဲ့ ကောင်းကင်နဲ့ မြေကြီးက နီးနီးကပ်ကပ် ဆက်နွယ်နေတာ.. သခင်က ကမ္ဘာပေါ်မှာ စစ်မှန်တဲ့အမှိုက် မွေးဖွားတာကိုမြင်ဖူးလား”
ရှီမန်မိသားစုမှ နံပါတ် ၁ ပါရမီရှင် ရှီမန်ဆုန်းသည် အသက် ၃၀ မပြည့်ခင် မှာပင် အဆင့်မြင့် ဓားကြယ်ဓားသခင်သို့ ရောက်နေပြီဟု သတင်းများရှိသည်။ ကမ္ဘာကြီးမှ အမှန်တကယ်ပြောနေကြသည်မှာ ကောင်းကင်အဆင့်ဝိညာဉ် သခင်ဖြစ်နေသည့် သူ၏ခွန်အားအကြောင်းမဟုတ်ဘဲ သူနှင့် အသုံးမကျသည့် သူ၏တူဖြစ်သူကြားမှ မေတ္တာအကြောင်းကိုသာဖြစ်သည်။
ထိုအရာကြောင့်ဖြစ်နိုင်သည်။ သူသည် ‘အမှိုက်’ ဆိုသည့် စကားကို အထူး ရွံရှာသည်။ သူသည် ခေါင်းအသာညိတ်ကာ နန်ကုန်းရှို့ကို အားကောင်းသော ဖိအားဖြင့် ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံးသည် ကောင်းကင်အဆင့်ဝိညာဉ်သခင်များဖြစ်ကြ သည်။ ထို့ကြောင့် ရှီမန်ဆုန်း၏ဖိအားသည် နန်ကုန်းရှို့အား ကြီးစွာထိရောက်မှု မရှိပေ။ သို့သော် ရှီမန်ဆုန်း၏ သဘောထားကို ပြသရန်လုံလောက်သည်။ သူသည် ဤကိစ္စကို ကြီးကျယ်ခွင့်ပြုမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် အမှိုက်တစ်စဖြစ်မည်ဟုလည်း သူ မထင်ပေ။
“ဟုတ်ပြီ ညီလေးရှီမန်အွက် ဒီကိစ္စကို ပြဿနာမလုပ်တော့ဘူး” နန်ကုန်းရှို့သည် ဝိုင်းတိုက်ခံရသဖြင့် ဒေါသထွက်လျက်ရှိသည်။ သူ့မျက်နှာ ထားသည် အလွန် အကျည်းတန်နေသည်။ “ဒါပေမဲ့ နာမည်ကြီးသခင်လေး ၉ ကို ကျုပ်တို့နဲ့ ခေါ်သွားဖို့ကိုတော့ သဘောမတူဘူး.. ရှင်ပေထင်းလင်း.. တခြားသူ တွေမသိရင်တောင် ဝိညာဉ်ခွဲတောင်တန်းရဲ့ အတိမ်အနက်ကို ခင်ဗျားတော့ သိမှာပါနော်.. ခင်ဗျားတို့မိသားစုရဲ့ သခင်လေး ၉ က အဖိုးတန်တယ်ထင်တယ်.. မစွန့်စားတာ ပိုကောင်းမယ်”
“အဲဒီကိစ္စကိုတော့ စိတ်ပူဖို့မလိုပါဘူး.. သခင်နန်ကုန်းရှို့ ကျွန်မတို့ ပေထင်းမိသားစုလေ့ကျင့်ရေးအဖွဲ့က မိသားစုရဲ့ဆက်ခံသူကို ကာကွယ်ဖို့ လောက်တော့တတ်နိုင်ပါသေးတယ်” ပေထင်းလင်းသည် အနောက်မှပေထင်း ဟွမ်ကို ကာကွယ်ချင်သည်။
“ဘာ” နန်ကုန်းရှို့သည် ပေထင်းလင်း ဤမျှခေါင်းမာလိမ့်မည်ဟု ထင် မထားပေ။ သူသည် ဒေါသထွက်လွန်းသဖြင့် ထခုန်မတတ်ပင် “ကျုပ်တို့ မိသားစုသုံးခု လမ်းခွဲဖို့လမ်းကြောင်းပေးနေတာလား”
“မလိုပါဘူး ဒေါ်လေး” ပေထင်းဟွမ်သည် နန်ကုန်းရှို့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ကျွန်တော် ဝိညာဉ်ခွဲတောင်တန်းကို သွားမှာပါ ဒါပေမဲ့ ဘယ်သူမှ ကာကွယ်ဖို့မလိုပါဘူး.. ကျွန်တော့်ကို ကာကွယ်မယ့်သူရှိတယ်.. တုန်ဖန်းကျောက် မဟုတ်ဘူးလား”
တုန်ဖန်းကျောက်သည် အသက်ပြင်းပြင်းရှူကာ စိတ်ထဲမှ ခံစားချက် ပေါင်းစုံကို ဖိနှိပ်လိုက်သည်။ သူသည် ပေထင်းဟွမ်အား စိုက်ကြည့်ကာ မလိုလားစွာဖြင့် ပြောလိုက်သည် “ဟုတ်တယ် သခင်လေး ၉ ငါ မင်းကို ကာကွယ်မှာ”
ကောင်လေး မင်း ဘယ်သူ့ကို အရူးလုပ်မလို့လဲ။ မင်းလုံခြုံရေးအတွက် ငါ့ကို ကာကွယ်စေချင်သေးတာလား။ နန်ကုန်းမိသားစုကလူ ဒီလောက်တုံး လိမ့်မယ်လို့ကို ထင်မထားဘူး။ ဒီကောင်လေးရဲ့ သတ္တိနဲ့ အားနည်းတဲ့ပုံစံ ကြောင့် အရူးလုပ်ခံနေရတာပဲ။
အားကျမှု၊ မနာလိုမှုနှင့် မုန်းတီးသော အကြည့်များသည် ပေထင်းဟွမ်ဆီ သို့တိုက်ရိုက်ကျရောက်လာသည်။ အရည်အချင်းမရှိဘဲ ရုပ်ချောနေခြင်းသည် ကောင်းသည်ဟုပင် ခံစားရသည်။ သူ့တွင် ကိုယ်ပိုင်ကိုယ်ရံတော်ပင်ရှိသည်။ တုန်ဖန်းမိသားစု၏ ပါရမီရှင်သည် ဤလူချောအတွက် ကိုယ်ရံတော်ကဲ့သို့ ပြုမူနေသည်။ ဤကမ္ဘာသည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလှသည်။
***