← Chapters

ကျွန်တော်က ပေထင်းမိသားစုဝင်မဟုတ်တော့ဘူး *

Vol. 13 Ch. 247

ကျွန်တော်က ပေထင်းမိသားစုဝင်မဟုတ်တော့ဘူး *

Vol. 13 Ch. 247

အရပ်မြင့်မြင့်၊ တင့်တယ်သောအသွင်အပြင်နှင့် အေးစက်သော စိတ်နေ စိတ်ထားတို့သည် အားလုံးကို ဉာဏ်အလင်းပွင့်သွားစေသည်။ တုန်ဖန်းကျောက်တွင် ယခုလိုပုံစံလည်းရှိသေးသည်။

ထို့ကြောင့် နန်ကုန်းချွန်းပင် အငြင်းခံရခြင်းဖြစ်သည်။ အမှန်တကယ်ပင် မတရားလှပေ။ ကောင်းကင်ကြီး ဒေါသထွက်ပြီး လူများ နာကြည်းကြသည်။

တစ်ခဏအတွင်းမှာပင် ပေထင်းဟွမ်သည် ‘ပြဿနာအိုး’ ဆိုသည့် နာမည်တပ်ခံရတော့လေသည်။ ပေထင်းလင်းပင် တုန်ဖန်းအောင်ကို အပြစ် မကင်းသည့်မျက်လုံးများဖြင့် တောင်းပန်လေသည် “တောင်းပန်ပါတယ် ကျွန်မ တူလေးက ရှင့်ညီလေးကို တွယ်ကပ်နေမယ်လို့ထင်မထားဘူး”

တုန်ဖန်းအောင်သည် ရယ်ရမည်လား ငိုရမည်လားမသိတော့ပေ။ သူသည် တုန်ဖန်းကျောက်အား သတိပေးသလိုကြည့်ပြီး ရှီမန်ဆုန်းနှင့် လှည့် သောက်နေလိုက်သည်။

“အစ်ကို ကျွန်တော်ရှင်းပြမယ်” တုန်ဖန်းကျောက်သည် ‌တုန်ဖန်းအောင် ရှိရာသို့တိုးသွားသည်။ သို့သော် သူသည် ပေထင်းဟွမ်ကိုလည်း စိတ်ပူနေသေး သည်။ သူလှည့်ပြီး ပေထင်းဟွမ်အား ကြည့်လိုက်၏။ အားလုံး၏မျက်လုံးထဲ တွင် အရာအားလုံးသည် အမှန်တကယ် ဖြစ်လာပြီဖြစ်၏။

“ရှောင်ကျို့ မင်း ဝိညာဉ်ခွဲတောင်တန်းကိုဝင်ချင်ရင် ဘာလို့ ငါ့နောက် မလိုက်တာလဲ” ပေထင်းလင်းသည် ပေထင်းဟွမ်၏လက်ကို ဆွဲကာ ခေါင်းအစ ခြေအဆုံးကြည့်လေသည်။ သူမ၏မျက်လုံးများသည် ပင်လယ်ကဲ့သို့ နူးညံ့ကာ ပေထင်းဟွမ်အား ပတ်ပတ်လည်ကြည့်နေသည်။ သူမသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ ဆံပင်ကို နူးညံ့စွာသပ်ပေးပြီး မျက်လုံးများတွင်လည်း မျက်ရည် များမသိမသာ ရှိနေသည်။

ပေထင်းဟွမ် လော့ပေမြို့တွင်ရှိစဉ်က သူမ၏ဒေါ်လေးဖြစ်သူသည် စောင့်ရှောက်ပေးခဲ့သည်။ ရာသီတိုင်းတွင် သူမအတွက် အင်္ကျီများကို ပြင်ဆင် ပေးခဲ့သည်။ အခွင့်အရေးရှိသည်နှင့် သူမသည် လော့ပေမြို့သို့ အဝတ်အစား များကို လူကြုံပါးတတ်သည်။ သူမသည် လော့ပေမြို့၏ ပေထင်းမိသားစု ခေါင်းဆောင် ပေထင်းသယ့်ဆီသို့ စာပို့ကာ သူမကို ကောင်းမွန်စွာ ဆက်ဆံရန် ပြောခဲ့သည်။

သို့သော် အင်ပါယာမြို့တော်သည် လော့ပေမြို့နှင့် ဝေးကွာလွန်းသည်။ ပေထင်းလင်းသည် ထိုနေရာသို့ ရောက်မလာနိုင်ခဲ့ပေ။ သူမ ရခဲ့သည့် သတင်း အများစုသည် အတုများသာဖြစ်သည်။ ပေထင်းဟွမ် လော့ပေမြို့တွင် မည်သို့ နေခဲ့ရသည်ကို သူမ မသိပေ။ ပေထင်းဟွမ်သည် ဦးလေးဖြစ်သူကြောင့် ကောင်းမွန်စွာနေနေရသည်ဟုသာ သူမ ထင်ခဲ့သည်။

ပေထင်းဟွမ်သည်‌ ခေါင်းခါလိုက်သည်။ သူမတွင် ငယ်စဉ်ကတည်းကပင် မိခင်မရှိခဲ့ပေ။ သူမ၏မှတ်ဉာဏ်ထဲမှ မိခင်မေတ္တာရခဲ့သည်မှာ ဒေါ်လေးဆီမှ ဖြစ်သည်။ ဤအချက်ကြောင့် ဒေါ်လေးဖြစ်သူ၏ တာဝန်ကိုထိခိုက်စေမည့် အပြောင်းအလဲ တစ်စုံတစ်ရာကို မလိုချင်ပေ။ “ဒေါ်လေး ကျွန်တော်က အရမ်း အားနည်းတယ်.. ကိုယ်ရံတော်ရှိတာ ပိုကောင်းပါလိမ့်မယ်.. ဖြစ်ချင်တော့ အစ်ကိုကြီး တုန်ဖန်းကျောက်ကလည်း ကျွန်တော့်ကို ကူညီဖို့ ဆန္ဒရှိနေတာ.. ဒေါ်လေး ကျွန်တော်က ပေထင်းမိသားစုဝင်မဟုတ်တော့ဘူး.. မိသားစုကြီး လေးခုနဲ့ အတူခေါ်သွားဖို့က မသင့်တော်ပါဘူး”

ပေထင်းဟွမ်စကားဆုံးသည်နှင့် ဆီပူထဲသို့ ရေတစ်စက်ကျသွားသကဲ့သို့ ပင်။ ထိုနေရာရှိလူများသည် ကြည့်လိုက်ကြလေသည်။ ဒီအမှိုက်က ဘာတွေ ပြောနေတာလဲ။ သူက ပေထင်းမိသားစုဝင် မဟုတ်တော့ဘူးတဲ့လား။ အဲဒါ ဘာဆိုလိုတာလဲ။

“ဘာပြောလိုက်တာလဲ” ထိတ်လန့်မှုကြောင့် ပေထင်းလင်း၏ခန္ဓာကိုယ် သည် ယိုင်သွားကာ သူမ၏ချောမွေ့သော မျက်နှာသည် ဖြူဖျော့သွားလေသည် “ရှောင်ကျို့ အဲဒါဘာအဓိပ္ပာယ်လဲ”

“ဘာအဓိပ္ပာယ်ရမှာလဲ” တုန်ဖန်းကျောက်သည် အတန်ကြာအောင် ဒေါသကို မျိုသိပ်ခဲ့ရသည်။ သူသည် အစ်ကိုကြီးဖြစ်သူ တုန်ဖန်းအောင်ကိုပင် မရှင်းပြနိုင် တော့ပေ။ သူလှည့်ပြီးမေးလေသည် “ခင်ဗျားတို့မိသားစုက ရှောင်ကျို့ကိုထုတ်လိုက်ပြီမဟုတ်ဘူးလား အခုကစပြီး ရှောင်ကျို့က ကျွန်တော်တို့ တုန်ဖန်း မိသားစုအဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီ”

“သခင်တုန်ဖန်းကျောက် သခင်လေးရှောင်ကျို့က မင်းတို့မိသားစုဝင်ဖြစ် ဖို့မဖြစ်ဖို့က မင်းဆုံးဖြတ်လို့မရပါဘူး.. ပြီးတော့ ဒီအမှိုက်တစ်စကို ကောက်ချင် တယ်ဆိုတာ သေချာလို့လား” နန်ကုန်းရှို့သည် သေတော့မလိုရယ်မောကာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တုန်ဖန်းအောင်အား လှောင်ပြောင် သလိုကြည့်လေသည်။

“ကျုပ်တို့ရှီမန်မိသားစုက သခင်လေးရှောင်ကျို့ကို အချိန်မရွေးကြိုဆို နေပါမယ်” ရှီမန်ဆုန်းသည် သူ့ဘာသာ သေရည်ငှဲ့လိုက်၏။ သူ၏ မိုးပြာရောင် မျက်လုံးများသည် ပြတင်းပေါက်ကို ကြည့်နေရာ ဘာမှထူးခြားပုံမပေါ်သော် လည်း သူ့စကားများ၏ ရိုးသားမှုကို မည်သူမှသံသယမဝင်ကြပေ။

ဘာတွေဖြစ်ကုန်တာလဲ။ တုန်ဖန်းမိသားစုနဲ့ ရှီမန်မိသားစုက ဒီအမှိုက်ကို ကောင်းကောင်းဆက်ဆံနေသလိုပဲ။ ခန်းမထဲမှ ယောက်ျားပျို၊ မိန်းမပျိုတို့သည် ထိတ်လန့်ကုန်ရာ သူတို့၏မျက်လုံးများသည် ကြေးခေါင်းလောင်းများကဲ့သို့ ကြီးထွက်လာသည်။

တုန်ဖန်းမျိုးနွယ်နဲ့ ရှီမန်မျိုးနွယ်တို့က ဒီအမှိုက်ကို ဖိတ်ကြားနေတာလား။ ဒါက စိတ်ထားကောင်းတဲ့ လက္ခဏာလား။

***

All Chapters