ပေထင်းဟွမ်က ကျွန်တော့်ညီလေးပဲ
Vol. 13 Ch. 248
“ဟားဟား ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတုန်ဖန်း ကျောက်နဲ့ အစ်ကိုကြီးရှီမန်ဆုန်း.. ကျွန်တော်ပေထင်းဟွမ်က ဒီကမ္ဘာမှာ မွေးဖွားလာခဲ့တာပါ.. ကျွန်တော်က အမှိုက်ဖြစ်နေရင်တောင် အရှုံးမပေးပါဘူး.. ကျွန်တော်က ဘယ်အင်အားစုပေါ်ကိုမှ မှီခိုဖို့မလိုပါဘူး.. ကျွန်တော် ပေထင်းဟွမ်မှာ အကြီးဆုံးနောက်ခံရှိပါတယ်” ပေထင်းဟွမ်၏ သူရဲကောင်း ဆန်သောအသံသည် ခန်းမထဲတွင် လွင့်ပျံသွားရာ အားလုံး၏နားများကို အူသွား စေသည်။
သူမသည် ပေထင်းလင်း၏ ရှုပ်ထွေးနေသော မျက်လုံးများကိုကြည့်ကာ ပြောလိုက်သည် “ဒေါ်လေး ကျွန်တော် လော့ပေမြို့မှာ ကောင်းကောင်းမနေခဲ့ရ ဘူး.. သူတို့တွေက ကျွန်တော့်ကို အနိုင်ကျင့်ကြတယ်.. ငယ်တုန်းက အစ်ကို ပေထင်းဟန်နဲ့သူ့လူတွေ ရိုက်ခံရတယ်.. နောက်ဆုံးတစ်ခေါက်က ကျွန်တော် နိုးမလာနိုင်လောက်အောင်ဖြစ်ခဲ့တာ.. ပေထင်းမိသားစုရဲ့ တိုက်ရိုက်အမွေ ဆက်ခံသူအနေနဲ့ ကျွန်တော်က မကျင့်ကြံနိုင်တာနဲ့ ကျွန်တော့်အဘိုးက နှင်ထုတ်ပြီး လော့ပေမြို့မှာရှိနေတုန်းကို ကျွန်တော့်အသက်ကို ဂရုမစိုက်ခဲ့ဘူး ကျွန်တော်က ဘယ်လိုလုပ် ဒီမိသားစုထဲမှာ ဆက်နေရမှာလဲ”
“ရှောင်ကျို့ အဘိုး..”
ပေထင်းလင်းသည် တစ်စုံတစ်ရာကို ရှင်းပြချင်သော်လည်း ပေထင်းဟွမ် သည် လက်မြှောက်ကာတားလိုက်သည်။ ရဲရဲတောက်ပုံစံဖြင့် သူမ ပြုံးလိုက် သည် “ဒေါ်လေး ပြောရရင် ကျွန်တော့်ကို သေတဲ့အထိ ဖိအားပေးခဲ့တဲ့သူတွေ ကို ကျေးဇူးတင်တယ်.. သူတို့သာမရှိရင် ဒီနေ့ ကျွန်တော်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး” သူမသည် အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ “ကျွန်တော် လော့ပေမြို့ကနေ ထွက်လာရတဲ့အကြောင်းကလည်း သူတို့တွေက ကျွန်တော့်ကို အဲဒီမှာ ဆက်ထားဖို့မဖြစ်နိုင်တော့လို့ပဲ.. ကျွန်တော် အစ်ကိုကြီး၊ ဒေါ်လေးနဲ့ဦးလေးကို လွမ်းတယ်”
“ရှောင်ကျို့ မင်းအများကြီး ပြောင်းလဲသွားတယ်.. မင်း ကျင့်ကြံနိုင်သည် ဖြစ်စေ မကျင့်ကြံနိုင်သည်ဖြစ်စေ ငါ့မျက်လုံးထဲမှာတော့ မင်းက အကောင်းဆုံး ပါပဲ.. မင်းက လိမ္မာတဲ့ကလေးပါ.. လမ်းတစ်လျှောက် အများကြီးခံစားခဲ့ရမှာပဲ” နှစ်ပေါင်းများစွာအတွင်းတွင် ပေထင်းလင်းသည် ပေထင်းဟွမ်အား လွမ်းဆွတ်ခဲ့သည်။ မဟုတ်လျှင် သူမသည် ပေထင်းဟွမ်ကို ကြည့်လိုက်သည်နှင့် မမှတ်မိ စရာအကြောင်းမရှိပေ။ သူမ၏ မှတ်ဉာဏ်ထဲတွင် ပေထင်းဟွမ်သည် လွန်ခဲ့သည့် ၁၀ နှစ်က သူမ၏အင်္ကျီကိုဆွဲပြီး သူမအား ‘ဒေါ်လေး’ ဟုခေါ်သည့် ကလေးဖြစ်နေတုန်းပင်။ ယခုအချိန်တွင် သူမ၏ မျက်နှာကျသည် အမေဖြစ်သူ ၏ မျက်နှာကျအတိုင်း တူညီနေတုန်းပင်။
သူမသည် မှော်သားရဲတောကို ဖြတ်ပြီး လော့ပေမြို့မှ ဤနေရာအထိ လာခဲ့သည်။ ၎င်းသည် အလွန်အမင်း အန္တရာယ်များသည်။ ပေထင်းဟွမ်သည် ဝိညာဉ်စွမ်းအင် မရှိသည့် လူဖြစ်လိမ့်မည်ဟု ပေထင်းလင်းသည် တွေးကြည့်၍ ပင်မရပေ။ အဆင့်အနိမ့်ဆုံး မှော်သားရဲ ကြယ် ၁ ပွင့်ရေခဲယုန်ပင်လျှင် ပေထင်းဟွမ်ကို အသက်ရှူကြပ်သေအောင်လုပ်နိုင်သည်။ သူမ ဘယ်လို ထွက်လာနိုင်တာလဲ။
“ဒေါ်လေး ကျွန်တော်လည်း လွမ်းတာပါပဲ” ပေထင်းဟွမ်သည် ပေထင်းလင်း၏လက်ဖြင့် သူ့ခေါင်းကိုပွတ်လိုက်သည် “စိတ်မပူပါနဲ့ လမ်းတစ်လျှောက်မှာ ကြင်နာတတ်တဲ့လူတွေက ကျွန်တော့်ကို ကူညီကြပါ တယ်.. အခုကျွန်တော် ဒီရောက်နေတာက ကျွန်တော် အစ်ကိုကြီးတုန်ဖန်း ကျောက်နဲ့တွေ့ခဲ့လို့လေ.. ကျွန်တော် ဝိညာဉ်ခွဲတောင်တန်းမှာ ရှိနေသရွေ့ သူ ကာကွယ်ပါ့မယ်လို့ ကတိပေးခဲ့တယ်”
သူမသည် မိသားစုနောက်လိုက်ရမည်ထက် တုန်ဖန်းကျောက်၏ ကာကွယ်မှုကိုသာ လိုလားသည်။ သူမ၏မိသားစုသည် ဤကလေး၏ စိတ်ကို ထိခိုက်စေခဲ့သည်ကို ပေထင်းလင်းသိသည်။
တုန်ဖန်းကျောက်သည် လက်ရှိပေထင်းဟွမ်ကို ကြည့်လိုက်သည်။ သူသည် သူမ၏မျက်လုံးထဲမှ နာကျင်မှုကိုတစ်ခုမှ အလွတ်မပေးပေ။ သူမ၏ ကြယ်နှင့်တူသော မျက်လုံးများသည် အမှောင်နှင့် အေးစက်သည့်အလင်း လက် နေရာ မည်သည့်အရာကမှ သူမကို အနွေးဓာတ်ပေးပုံမပေါ်ပေ။ သူ၏ရင်များ နာကျင်မိသည်။ ငယ်ငယ်ကတုန်းက အရိုက်ခံရချိန်မှာ ဒီလိုခံစားချက်မျိုး ကြုံတွေ့ဖူးတဲ့လူများ ဒီကမ္ဘာမှာ ဘယ်လောက်များမလဲ။ ထို့အပြင် သူတို့သည် တိုက်ရိုက်ဆက်ခံသူဖြစ်ခြင်းကြောင့် ယခုလိုလုပ်ခြင်းပင်။
ပေထင်းမိသားစုသည် အမှန်တကယ်ပင် စက်ဆုပ်ဖို့ကောင်းသည်။ ဤကဲ့သို့မိသားစုမရှိမှ ပိုကောင်းမည်။
သူသည် ချက်ချင်းပင် ပေထင်းဟွမ်ကို ရင်ခွင်ထဲဆွဲထည့်ကာ ပေထင်းလင်းအပါအမဝင် ခန်းမထဲမှ လူများအားလုံးကို ကြည့်လိုက်သည်။ သူ၏မြင့်မားသောပုံရိပ်သည် ပေထင်းဟွမ်၏ ပိန်ပါးပြီးသေးသွယ်သော ခန္ဓာ ကိုယ်ကို သိုင်းဖက်လိုက်သည်။ “ဟင်း မင်းတို့အားလုံးက ဝိညာဉ်သခင်ဖြစ်တာ နဲ့ပဲ ဟုတ်လှပြီထင်နေတာလား.. ငါ့မျက်လုံးထဲမှာ မင်းတို့ကမှ အသုံးမကျကြ တာမဟုတ်ဘူးလား.. ပေထင်းဟွမ်က ငါ့ညီလေးပဲ.. အခုကစပြီး ငါ သူ့ကို ကာကွယ်မယ်.. သူ့ကိုအနိုင်ကျင့်ရဲတာတို့ အထင်သေးတာတို့ဆို ငါ ကောင်းကောင်းကြီး ပညာပြန်ပေးမယ်”
***