← Chapters

စီရင်ချက်ဗိမာန်ကလူတွေ ဒီရောက်နေတယ် *

Vol. 13 Ch. 249

စီရင်ချက်ဗိမာန်ကလူတွေ ဒီရောက်နေတယ် *

Vol. 13 Ch. 249

“ရှောင်ကျို့ ဒီလိုတွေဖြစ်ခဲ့မှန်း ငါမသိဘူး.. ဒီလိုဖြစ်ဖို့လည်း မမျှော်လင့်ခဲ့ ပါဘူး..” ပေထင်းလင်း၏မျက်လုံးထဲတွင် မျက်ရည်များရောင်လဲ့လာသည် “ဒေါ်လေး မင်းအတွက် သေချာပေါက် တရားမျှတမှုပြန်ယူပေးမှာပါ”

တုန်ဖန်းကျောက်၏ ရင်ပြင်သည် အလွန်အမင်းကျယ်ပြန့်ကာ နွေးထွေး သည်။ ပေထင်းလင်း၏ မျက်ရည်များသည် ပေထင်းဟွမ်၏ နှလုံးသားကို ထိုးဖောက်သွားသည်။ သူမ၏ နှလုံးသားသည် ထိုအနွေးဓာတ်ကြောင့် နူးညံ့သွားသလိုခံစားရသည်။ သူမ ပြုံးပြီး သူတို့နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်သည် “ဘာမှလည်းမဟုတ်ပါဘူး အကုန်လုံးကပြီးသွားပြီပဲ.. ဒေါ်လေး.. ဒေါ်လေးက ဒီကိုခရမ်းရောင်မီးတောက်သွေးသောက် အရင်းအမြစ်ကြောင့် ရောက်လာတာဆိုတော့ ဒီရတနာကို မိသားစုကြီးလေးခုက ဘယ်လိုခွဲမလဲဆို တာ သိချင်တယ်”

ထိုစကားပြောလာသည်နှင့် နန်ကုန်းရှို့၏ မျက်နှာအိုကြီးသည် ချမ်းမြေ့သော မျက်နှာထားဖြစ်သွား၏။ သူ ပြုံးပြီးပြောလိုက်သည် “ဘာလို့လဲ မင်းက ဝေစုလိုချင်လို့လား သခင်လေး ၉”

“ဟား ဟား..”

ခန်းမထဲမှ လူတစ်ယောက်သည် ခေါင်းခါယမ်းကာ ရယ်မောလေသည်။ သူသည် ဤမေးခွန်းမေးသည့် ပေထင်းဟွမ်ကို အထင်သေးစွာဖြင့် ရယ်မော ခြင်းဖြစ်ကြောင်းထင်ရှားသည်။ ထို့ကြောင့်ပင် နှစ်ကြိမ်ရယ်မောခြင်းဖြစ်သည်။ တုန်ဖန်းကျောက်၏ အေးစက်သောမျက်လုံးများသည် မြားသဖွယ် ထိုလူ၏ ရယ်သံကို သတ်လိုက်၏။

“နန်ကုန်းမိသားစုက မိသားစုကြီးလေးခုရဲ့ ဝေစုကို တစ်ဝက်ခွဲယူမယ်လို့ ပြောဖို့ကို ငါ စိတ်မဝင်စားဘူး.. ပေထင်းမိသားစုက မင်းရဲ့ ထိပ်တန်းအဆင့် ခန္ဓာကိုယ်ကို အဆင့်မြှင့်ဖို့ ဝေစုရဲ့ ရှစ်ပုံတစ်ပုံကို လက်လျှော့မယ်ဆိုရင် သခင်လေး ၉.. အဲဒါကိုတော့ ငါမထိန်းချုပ်နိုင်ဘူး” နန်ကုန်းရှို့ နှာရှုတ်လေ၏။ တခြားသူများသည် တုန်ဖန်းကျောက်ကို ကြောက်လျှင်ကြောက်လိမ့်မည်၊ သူတော့မကြောက်ပေ။

“အဲလိုလား နန်ကုန်းမိသားစုရဲ့ ခရမ်းရောင်မီးတောက်သွေးသောက် အရင်းအမြစ်မရှိတော့ရင် စီရင်ချက်ဗိမာန်ကလူတွေက ဘေးကနေ ရပ်ကြည့် ဦးမှာလားလို့ ကြည့်ချင်သေးရဲ့” ပေထင်းဟွမ်သည် ကျယ်လောင်စွာပြောလိုက် သည်။ သူမ၏ပြောစကားကို တခြားသူများ မကြားမည်ကို သူမကြောက်၏။ သူမ ပြောပြီးသည်နှင့် တံခါးကန့်လန့်ကာ ပွင့်ဟလာသည်။ ပုံရိပ်အနည်းငယ် သည် အားကောင်းသောဖိအားဖြင့် တစ်ယောက်ပြီးတစ်ယောက်ဝင်လာသည်။ သူတို့၏ မာနကြီးပြီး အေးစက်သောမျက်လုံးများသည် ခန်းမတစ်ခုလုံးကို ဝေ့ကြည့်နေ၏။

စီရင်ချက်ဗိမာန်ကလူတွေ ရောက်လာပြီ။

ဘုန်းတော်ကြီးလေးယောက် ရောက်လာသည်။ သူတို့သည် အဖြူရောင် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားကာ အသွင်အပြင်မှာလည်း ထူးခြားလှ သည်။ တစ်ယောက်သည် အရပ်ရှည်ကာ တစ်ယောက်မှာပုသည်။ နောက်တစ် ယောက်မှာ ဝပြီး တခြားတစ်ယောက်သည် ပိန်သည်။ သူတို့၏ခွန်အားနှင့် ဝတ်စုံများသည် ပေထင်းဟွမ် လော့ပေမြို့၏ နေဝင်တောတွင် တွေ့ခဲ့သည့် ဘုန်းတော်ကြီးဝတ်စုံနှင့် တူညီသည်။ သူတို့သည် ကြယ်ဓားသခင်များ ဖြစ်ကြကာ သူတို့၏အသွင်အပြင်များသည် ဘာသာရေးရ နည်းလမ်းတကျရှိလှသည်။ သူတို့သည် အေးစက်ပြီး အကျိုးအကြောင်းမသင့်ပေ။

ခေါင်းဆောင်သည် အသက် ၅၀ အရွယ်ရှိ ပိန်ပါးသော အဘိုးကြီးဖြစ်၏။ သူ၏ မုတ်ဆိတ်သည် ရင်ဘတ်ထိကျနေကာ လင်းယုန်ကဲ့သို့ မျက်လုံးတစ်စုံ သည် ပေထင်းဟွမ်ဆီသို့ ရောက်နေသည်။ “မင်းက ခုနက စကားပြောလိုက်တဲ့ တစ်ယောက်လား.. ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်လား… ခရမ်းရောင်မီးတောက် သွေးသောက် အရင်းအမြစ်က ဒီမှာပေါ်လာတာလား.. နေရာအတိအကျက ဘယ်မှာလဲ”

သူတို့လေးယောက်သည် မှော်သားရဲခံတပ်မှ ဝိညာဉ်ခွဲတောင်တန်းသို့ သွားနေခြင်းဖြစ်သည်။ အပြင်ဘက်စခန်းတွင် စုံစမ်းနေသည့်အချိန်တွင် ပေထင်းဟွမ် ပြောလိုက်သောစကားကို ကြားလိုက်ခြင်းဖြစ်သည်။ သူတို့လေး ယောက်သည် အနေရာတွင် နှင်းဖြူရောင်မျက်နှာဖုံးတပ်ကာ အနက်ရောင် ဝတ်ဆင်ထားပြီး မွန်မြတ်သောသားရဲနှစ်ကောင် ပိုင်ဆိုင်သည့် လူငယ်တစ် ယောက်ကို စုံစမ်းနေခြင်းဖြစ်သည်။

ထိုလူငယ်၏ နာမည်သည် ပေယဲ့ဖြစ်သည်။

သူတို့လေးယောက်သည် သန့်စင်သောသေားတော်ဂူဟောက်ကို သတ် သွားသည့် လူသတ်သမားကို ရှာရန် ရောက်လာခြင်းဖြစ်သည်။ ထိုလေးယောက် သည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်အကြောင်းကို မသိနိုင် သေးဟု ခန့်မှန်းမိသဖြင့် ပေထင်းဟွမ်သည် အသံကျယ်ကျယ်ဖြင့် သတိပေး လိုက်ခြင်းဖြစ်သည်။

နန်ကုန်းရှို့၏မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့လာသည်။ သူသည် ပေထင်းလင်းကို ကြည့်လိုက်သည်။ ဒီပေထင်းမိသားစုက သေချင်နေတာပဲ။ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်အကြောင်းကို ဘာလို့ ဒီလို အသံကျယ်ကျယ်နဲ့ပြောနိုင်ရတာလဲ။

“ဒီအဘိုးကြီးကို မေးလိုက်လေ.. အိုး သူနဲ့မိတ်ဆက်ပေးဖို့မေ့နေတာ.. ဒါက တိုက်ကြီးမှာ နာမည်ကြီး သားရဲထိန်းသခင်ကြီး သခင်နန်ကုန်းရှို့ပါ” ပေထင်းဟွမ်သည် ပြုံးပြီး နှစ်ဦးနှစ်ဖက်ကို မိတ်ဆက်ပေးလေသည် “သခင် နန်ကုန်းရှို့ ဒီလေးယောက်ကို ခင်ဗျားမသိပေမဲ့ ဘုန်းတော်ကြီးရဲ့ ဒီထူးခြားတဲ့ ဝတ်ရုံကိုမြင်ရင်တော့ စီရင်ချက်ဗိမာန်ဖြစ်ကြောင်းကို ခန့်မှန်းမိမှာပါ.. အလင်း နတ်ဘုရားက တိုက်ကြီးရဲ့ထောင့်တိုင်းမှာ တောက်ပနေတယ်.. ခရမ်းရောင် မီးတောက်ကို‌ တွေ့တဲ့သူတိုင်းက ဝေမျှရမယ်.. နန်ကုန်းမိသားစုရဲ့တစ်ဝက်ကို စီရင်ချက်ဗိမာန်ကိုပေးသင့်တာမဟုတ်ဘူးလား”

***

All Chapters