← Chapters

သစ္စာမဲ့လိုက်တာ အရမ်းကိုသစ္စာမဲ့တာပဲ *

Vol. 13 Ch. 250

သစ္စာမဲ့လိုက်တာ အရမ်းကိုသစ္စာမဲ့တာပဲ *

Vol. 13 Ch. 250

သစ္စာမဲ့လိုက်တာ အရမ်းကို သစ္စာမဲ့တာပဲ..

ပေထင်းဟွမ်၏လက်ထဲတွင် ဆုံးရှုံးမှုကြီးခံစားခဲ့ရသည့် တုန်ဖန်းကျောက် သည် ရုတ်တရက် မျက်လုံးထောင့်မှာ တက်သွားသည်။ ပေထင်းဟွမ်၏ မြေခွေး နှင့်တူသော မျက်နှာထားကိုကြည့်ပြီး ထိုစဉ်က သူမ သူ့ကို တိုက်ခိုက်ခဲ့ပုံကို ပြန်တွေးမိသည်။ ပေထင်းဟွမ်သည် အနည်းဆုံးတော့ နန်ကုန်းမိသားစုကို နောက်မှပြဿနာရှာရန် စောင့်ဦးမည်ဟု သူ ထင်ထားခဲ့သည်။ ဤလူသည် နေ့ကူးသည်အထိပင် မစောင့်ဘဲ ချက်ချင်း လက်တုံ့ပြန်လိမ့်မည်ဟု ထင်မထား မိပေ။

ဤလူသည် လက်စားချေချင်ရုံသာမကဘဲ သူကိုယ်တိုင်လုပ်ရန်လည်း ဆန္ဒမရှိပေ။ သူက နန်ကုန်းမိသားစုနဲ့ စီရင်ချက်ဗိမာန်ကို ရန်ဖြစ်အောင် ဆွဲခေါ် နေတာများလား။

ပေထင်းဟွမ်သည် ငယ်ရွယ်လွန်းသည်။ သူ၏မျက်နှာသည် ချောမွတ်နေကာ မိန်းမငယ်လေးများထက်ပင် လှပသည်။ သူ၏ခွန်အားသည် မပြောပလောက်ပေ။ သူသည် စီရင်ချက်နတ်ဗိမာန်အား ကျေးဇူးပြုလိုသော ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားနေပုံရသည်။ ၎င်းသည် စီရင်ချက်ဗိမာန်ကို ရွံရှာ သွားစေခြင်း သို့မဟုတ် သတိပြုစေခြင်းကို မဖြစ်စေပေ။

တစ်ဖက်တွင် နန်ကုန်းရှို့၏နာမည်သည် တိုက်ကြီးတွင် ပျံ့နှံ့ပြီးသားဖြစ် သည်။ သူ့ကို မည်သူမှ စော်ကားခြင်းမပြုဝံ့ကာ သားရဲထိန်းသခင်ကြီးဖြစ်နေ သည့်အတွက် သူ့အကြိုက်လိုက်ချင်သူများရှိကြသော်လည်း ထိုအရာသည် သူ့ကို မုန်းသူမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။

စီရင်ချက်ဗိမာန်ထဲတွင် သားရဲထိန်းသခင်ကြီးလည်းရှိနေသည်။ ထို့ကြောင့် သူတို့သည် နန်ကုန်းရှို့အား အကူအညီမတောင်းခဲ့ပေ။ သဘာဝကျ ကျပင် ဘုန်းတော်ကြီးလေးယောက်သည် နန်ကုန်းရှို့ကို ခယရန် ရည်ရွယ်ချက် မရှိပေ။ ထို့အပြင် ဘုန်းတော်ကြီးလေးယောက်သည် လှည့်ပတ်ကြည့်လိုက် သည်နှင့် သည်တစ်ခေါက် မျိုးနွယ်ကြီးလေးခု၏ အင်အားစုကို ဦးဆောင်လာ သည့် နည်းပြများကို ပြောနိုင်သည်။ တုန်ဖန်းကျောက်သည် တုန်ဖန်းမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း တုန်ဖန်းမျိုးနွယ်၏ အစိမ်းရောင်တူညီဝတ်စုံကို ဝင်ဆင်ထားခြင်းမရှိပေ။ ထို့ကြောင့် ဘုန်းတော်ကြီးလေးဦးသည် သူ့ကို ထည့်မတွက်ပေ။

ဘုန်းတော်ကြီးလေးဦးသည် နည်းပြလေးယောက်နှင့် ယှဉ်ပြိုင်နိုင်သည်။

မိသားစုကြီးမှလူများသည် တစ်ရာကျော်သည်။ သူတို့ တိုက်ခိုက်လျှင် ထို ကောင်လေး ကောင်မလေးများသည် အကူအညီဖြစ်မည်မဟုတ်ပေ။ ထိုအစား သူတို့ကို အမြောက်စာအဖြစ်အသုံးပြုပြီး နည်းပြလေးဦး၏ အားနည်းချက် ဖြစ်လာနိုင်သည်။

နှစ်ဦးနှစ်ဖက်လုံးသည် ငတုံးများမဟုတ်ကြပေ။ ထိုအခိုက်အတန့်တွင် ပေထင်းလင်းပင် ခေါင်းကိုက်လာသည်။ ဒီကောင်လေးကလည်း နန်ကုန်း မိသားစုကို ရှင်းချင်ရင်တောင် သူ့ကိုယ်သူ မစတေးသင့်ဘူး။ အခု သူက စီရင်ချက်နတ်ဗိမာန်ကိုတောင် သွားရင်ဆိုင်နေသေးတယ်။

“နန်ကုန်းရှို့.. ကြည့်ရတာ ခင်ဗျားက ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ထင် တယ်.. နန်ကုန်းမိသားစုက အမြဲတမ်း မိသားစုကြီးလေးခုထဲမှာ ပထမအဆင့် နေရာကနေ ရပ်တည်ခဲ့တာပဲ.. အဲလိုဆိုရင် မိသားစုကြီးလေးခုရဲ့ ကိုယ်စား စီရင်ချက်နတ်ဗိမာန်ကို ဒီစစ်ဆင်ရေးမှာ ပါဝင်ခွင့်ပြုနိုင်မလား” စီရင်ချက် နတ်ဗိမာန်၏ခေါင်းဆောင်ဖြစ်သော ပိန်ပါးသည့် ဘုန်းတော်ကြီးချီချွင်းသည် မေးငေါ့ကာ မျက်လုံးများကို ကျဉ်းမြောင်းထားလေသည်။ သူ၏ ဖုတ်ကောင်ကဲ့ သို့မျက်နှာသည် အမူအရာမဲ့နေသည်။

“ဘုန်းတော်ကြီးချီချွင်း.. မျိုးနွယ်ကြီးလေးခုက အမြဲတမ်း အတူရှေ့တက် အတူနောက်ဆုတ်ကြတာပါ.. ကျုပ်တို့ ဒီတစ်ခါ တောထဲမဝင်ခင်က မဟာမိတ် ဖွဲ့ပြီး သစ္စာဆိုခဲ့ပါတယ်.. ဒီစစ်ဆင်ရေးအပြင် နန်ကုန်းမိသားစုက လျော်ကြေး အနေနဲ့ တခြားမိသားစုသုံးခုကို ၁၀ နှစ်ကြာအောင် နှစ်တိုင်း မွန်မြတ်တဲ့သားရဲ ထိန်းကျောင်းပေးရမှာ.. ကျုပ်တို့သစ္စာက သက်ရောက်မှုရှိနေပြီ.. စီရင်ချက် ဗိမာန်က တခြားမျိုးနွယ်သုံးခု သစ္စာကိုဖောက်ဖျက်တာကို မြင်ချင်လို့လား” နန်ကုန်းရှို့၏မျက်လုံးများသည် မျိုးနွယ်သုံးခုကို ဦးဆောင်လာသော ဆရာများ ကိုကြည့်ပြီး မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။

ပေထင်းဟွမ်သည် စိတ်ထဲမှ နှာရှုပ်မိသည်။ ပြီးခဲ့သည့်အခြေအနေနှင့် ယှဉ်လျှင် ဤကောက်ကျစ်သောအဘိုးကြီး နန်ကုန်းရှို့သည် လောင်းကြေးကို တိုးမြှင့်ခဲ့သည်။ နောက် ၁၀ နှစ်အတွင်းတွင် သူသည် မျိုးနွယ်ကြီးသုံးခုအတွက် နှစ်စဉ်နှစ်တိုင်း မွန်မြတ်သောသားရဲသုံးကောင်ကို ထိန်းကျောင်းပေးရမည်။ ဤသည်မှာ အလွန်ဆွဲဆောင်မှုရှိသော အခြေအနေဖြစ်သည်။

မိသားစုကြီးသုံးခုမှ နည်းပြများသည် သူ၏ကမ်းလှမ်းမှုကို ငြင်းနိုင်မည် မဟုတ်ပေ။ သူတို့သည် ထိုအပေးအယူကို နှုတ်ဆိတ်မှုနှင့် သဘောတူလိုက်ကြ သည်။ မိသားစုအကျိုးစီးပွားကို ထည့်တွေးလျှင် သူတို့သည် လက်မလျှော့နိုင် ပေ။ သူတို့သာ မစည်းလုံးလျှင် စီရင်ချက်ဗိမာန်သာ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကို ရသွားချိန်တွင် သူတို့မှာ တစ်ပိုင်းပင်ရလိုက်မည် မဟုတ်ပေ။

သို့သော် နန်ကုန်းရှို့မှလွဲပြီး တခြားမိသားစုသုံးခုမှ ဝိညာဉ်သခင်များသည် ပေထင်းဟွမ်ကို မည်သူမှ အပြစ်မဖို့ကြပေ။ စီရင်ချက်ဗိမာန်ရောက်လာရာ ဤကိစ္စသည် အနှေးနှင့်အမြန် ဖြစ်လာမည့် ကိစ္စသာဖြစ်သည်။

ပေထင်းဟွမ်၏ ဒေါသကြောင့်သာ ဤပဋိပက္ခမှာ ကြိုဖြစ်သွားပြီး ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို ပိုအားကောင်းစေခြင်းဖြစ်သည်။

***

All Chapters