← Chapters

တစ်စုံတစ်ယောက်အား သေအောင်ဒေါသထွက်ခြင်း *

Vol. 13 Ch. 251

တစ်စုံတစ်ယောက်အား သေအောင်ဒေါသထွက်ခြင်း *

Vol. 13 Ch. 251

“အရမ်းကောင်းတယ် ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကို အဆင့်မြင့်ကြယ်နတ်သားရဲ ခရမ်းရောင်မီးတောက်အတောင်ပံပါခြင်္သေ့ကပဲ ထုတ်နိုင်တာ… အဆင့်မြင့်နတ်သားရဲခုခံမှုအောက်မှာ မင်းတို့ မိသားစုကြီး လေးခုက စီရင်ချက်ဗိမာန်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့မျှော်လင့်ပါတယ်” ထိုသို့ပြောပြီးနောက် ချီချွင်းသည် သူ၏နှင်းဖြူရောင်ဝတ်ရုံကြီးကို ခါကာ လှည့်ထွက်လေသည်။

အကျိုးအမြတ်ရှေ့တွင် နတ်ဘုရားများသည်လည်း သေမျိုးများအဖြစ်သို့ ဆုတ်ယုတ်သွားသည်။ တဒင်္ဂအတွင်းတွင် အားလုံး၏ စိတ်များအေးစက်သွားခဲ့ သည်။

“ဟင်း သခင်ပေထင်းလင်း ဒီကိစ္စက ခင်ဗျားတို့မိသားစုရဲ့ အရှုပ်ထုပ် သခင်လေး ၉ ကြောင့်ဖြစ်သွားတာပဲ.. ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ထင်လဲ” နန်ကုန်းရှို့သည် ဒေါသတကြီးဖြင့် အံကြိတ်ထားလေသည်။ သူ၏တြိဂံပုံ မျက်လုံးများသည် လူသတ်နိုင်သည့်အလား ပေထင်းဟွမ်အား အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လှီးဖြတ်ချင်နေသည်။

ရေဖြင့်ဆေးထားသကဲ့သို့ ပေထင်းလင်း၏ လှပသောမျက်လုံးများသည် နန်ကုန်းရှို့အား အေးစက်စွာကြည့်လေသည်။ သူမသည် နှာမှုတ်ကာ ပြောလိုက် သည် “ဘယ်လိုထင်လဲ သခင်နန်ကုန်းရှို့.. မဟုတ်ရင် အပြစ်ပေးတဲ့အနေနဲ့ ပေထင်းမိသားစုက ဒီစစ်ဆင်ရေးကနေ နောက်ဆုတ်ပေးရမလား”

ဗျူဟာစစ်ဆင်‌ရေးကနေ နောက်ဆုတ်မလို့လား။ အကယ်၍ စီရင်ချက် ဗိမာန်သာ ရောက်မလာခဲ့လျှင် နန်ကုန်းရှို့သည် ဝမ်းမြောက်စွာပင် နောက်ဆုတ်ခိုင်းမည်ဖြစ်သည်။ သို့သော် ယခုအခါ မဖြစ်နိုင်တော့ပေ။ အကယ် ၍ ပေထင်းမိသားစုသာ ဆုတ်ခွာသွားမည် ဆိုပါက ပေထင်းလင်းကဲ့သို့ ကောင်းကင်အဆင့် ဝိညာဉ်သခင်မရှိလျှင် မိသားစုကြီးလေးခုသည် သုံးခုသာ ကျန်တော့မည်။ စီရင်ချက်ဗိမာန်၏ ကောင်းကင်အဆင့်ဝိညာဉ်သခင်များကို ယှဉ်ရန်မဆိုထားနှင့် ဝိညာဉ်ခွဲ တောင်တန်းအနက်ပိုင်းထဲသို့ သွားရမည်မှာပင် ပြဿနာဖြစ်လိမ့်မည်။

ခြင်္သေ့ဘုရင်တောင်တန်းသည် ဖြတ်သွားရန်လွယ်ကူသည့်နေရာမဟုတ် ပေ။ မဟုတ်လျှင် မိသားစုကြီးလေးခုသည် အဘယ့်ကြောင့် အဖွဲ့ဖွဲ့မည်နည်း။ သူတစ်ယောက်တည်း သွားလိုက်မည်ဖြစ်သည်။ တွဲဖက်ပိုပါလျှင် ရလာမည့် ပစ္စည်းများကို ခွဲဝေရမည်ဖြစ်သည်။ အကျိုးအမြတ်များကို မည်သူကများ ခွဲခြမ်းပေးချင်မည်နည်း။

ခြင်္သေ့ဘုရင်၏တောင်ရိုးသို့ သွားသည့်ခရီးသည် ဝိညာဉ်ခွဲတောင်တန်း၏ အနက်ပိုင်းနှင့် အလွန်နီးသည်။ ခြင်္သေ့တောင်ရိုးသည် ဝိညာဉ်ခွဲတောင်တန်း ၏အစွန်ဖျားပိုင်းတွင် တည်ရှိသည်။ အဆင့်မြင့်မှော်သားရဲများသည် ဘေးချင်း ကပ်လျက်နေကြရာ မွန်မြတ်သောသားရဲတစ်ကောင်နှစ်ကောင်ကို အလွယ် လေးတွေ့နိုင်သည်။ ရေသောက်ရန်လာသည့် နတ်သားရဲများကို တွေ့ရသည်မှာ ပုံမှန်ကိစ္စသာဖြစ်သည်။ ကောင်းကင်အဆင့် ဝိညာဉ်သခင်သေသည်မှာလည်း ဖြစ်နေကျကိစ္စပင်။ နတ်သားရဲတစ်ကောင် မွန်မြတ်သော သားရဲတစ်ကောင် ပိုင်ဆိုင်သည့် ကောင်းကင်အဆင့်ဝိညာဉ်သခင် တုန်ဖန်းကျောက်ပင်လျှင် ဝင်မသွားရဲပေ။

ခြင်္သေ့ဘုရင်တောင်ရိုးတွင် နတ်သားရဲတစ်ကောင်၏ တိုက်ခိုက်ရေး ခွန်အားသည် လူတစ်ယောက်၏ ဝိညာဉ်အဆင့်နှင့် ညီမျှသည်။ ခရမ်းရောင် မီးတောက်အတောင်ပံပါခြင်္သေ့ကဲ့သို့ သန္ဓေပြောင်း အဆင့်မြင့်ကြယ်နတ်သားရဲ သည် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် ဒဏ်ရာရထားခြင်း ကြောင့်သာမဟုတ်လျှင် မိသားစုကြီးလေးခုမှ ကောင်းကင်အဆင့်ဝိညာဉ်သခင် များသည် အဖွဲ့မဖွဲ့ဘဲ မလာရဲပေ။

နန်ကုန်းရှို့သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ အခြေအနေကို အကဲဖြတ်ရသည်မှာ ရှင်းလင်းနေသည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိ တော့ဘဲ ဒေါသကိုမျိုသိပ်ရတော့သည်။ သူသည် ငိုတော့မည့်မျက်နှာထက် ပိုဆွဲဆောင်မှုရှိသည့် အပြုံးဖြင့်ပြုံးလိုက်သည် “မိသားစုလေးခုက အတူ ရှေ့တက်ပြီး အတူနောက်ဆုတ်ရမယ်.. ဒါက နှစ်ပေါင်းတစ်သောင်းလောက်ရှိ လာတဲ့ ရိုးရာပဲ.. ပြီးတော့ ဒါက စစ်ဆင်ရေးအသေးလေးတစ်ခုပဲ.. ငါတို့တွေ အတူလုပ်သွားမယ်ဆိုရင် စီရင်ချက်ဗိမာန်က ပြဿနာ လာရှာရှင်တောင် ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ငါယုံတယ်”

“ရှေ့တိုးအတူ နောက်ဆုတ်အတူ ဆိုပြီး ဆုံးဖြတ်ထားပြီးမှတော့ သစ္စာဆို ကြတာပေါ့” ရှီမန်ဖန်းသည် ပြတင်းပေါက်ဘက်သို့ ဂရုမစိုက်သည့်အကြည့်ဖြင့် ကြည့်နေတုန်းပင်။ သူသည် ပင်လယ်နက်ရှိုင်းပြာကို ကိုင်ထားကာ အာဆွတ်ရုံ သောက်နေသည်။ သူ့အသံသည် ရေကဲ့သို့ကြည်လင်နေရာ အားလုံး၏ နှလုံး သားကို ဆေးကြောလိုက်သလိုပင်။ သူ စကားဆုံးသည်နှင့် သူ့အသံသည် ခန်းမထဲတွင် နူးညံ့စွာကျန်ခဲ့တုန်းပင်။

“ဘာသစ္စာဆိုမှာလဲ” နန်ကုန်းရှို့သည် အနည်းငယ်ရှုပ်ထွေးကာ ဒေါသ ထွက်သွားသည်။ သူ့လို ကောင်းကင်အဆင့် ဝိညာဉ်သခင်က လွယ်လွယ်ကူကူ သစ္စာဆိုရမှာလား။

“အင်း သခင်.. နောက် ၁၀ နှစ်အတွင်းမှာ မိသားစုသုံးခုအတွက် နှစ်တိုင်း မွန်မြတ်တဲ့ သားရဲသုံးကောင်ကို ထိန်းကျောင်းပေးရမယ်လေ” ပေထင်းဟွမ် သည် နန်ကုန်းရှို့အား အထင်သေးသော မျက်လုံးနက်နက်များဖြင့် ကြည့်လေ သည်။ လာမည့် ၁၀ နှစ်ကြာသည်အထိ သူ အသက်ရှင်နေဦးမလားဟု သူမသည် သူ့ကို ဆုံးဖြတ်နေသကဲ့သို့ ကြည့်နေသည်။ “ဒီလိုမျိုး မဖြစ်မနေ လုပ်ရမယ်လို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့ အခုအချိန်မှာ ဒီလိုသစ္စာဆိုလိုက်မယ် ဆိုရင် ခင်ဗျားရဲ့ရပ်တည်ချက်ကို ပြနိုင်မှာဖြစ်သလို မိသားစုသုံးခုရဲ့ အားကောင်းတဲ့ အကူအညီကို ယူလို့ရသွားမယ်လေ.. ပြီးတော့ ခရမ်းရောင် မီးတောက်သွေးသောက် အရင်းအမြစ်တစ်ဝက်ပဲကို ကျွတ် ကျွတ်”

သူ၏လေသံ၊ အကြည့်နှင့် စကားလုံးများ၏နောက်ကွယ်မှ အဓိပ္ပာယ် သည် လုပ်နိုင်မည်မဟုတ်ဟု ပြောနေသလိုပင်။ နန်ကုန်းရှို့ကို ၁၀ နှစ်ကြာသည် အထိ အသက်မရှင်နိုင်ဟု ကျိန်ဆဲနေသလိုပင်။ သူသည် သေချာပေါက် စောစီး စွာသေလိမ့်မည်။

ဘယ်လောက်တောင် ဒေါသထွကဖို့ကောင်းလိုက်တဲ့ကောင်လဲ။

***

All Chapters