နန်ကုန်းရှို့၊ သစ္စာဆိုတာပိုကောင်းမယ် *
Vol. 13 Ch. 252
“မင်း” နန်ကုန်းရှို့သည် ဒေါသထွက်လွန်းသဖြင့် သွေးများပင် အန်ချင်လာ သည်။ ပေထင်းဟွမ်သည် ဤမျှလောက် စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု ထင် မထားပေ။ သူသည် ရှီမန်ဆုန်းနှင့် တုန်ဖန်းအောင်ကဲ့သို့ သဘောထားမကြီးနိုင် ပေ။ သူသည် ပေထင်းဟွမ်အား ဆူးပင်ကဲ့သို့ ထင်မြင်သည်။ ပေထင်းဟွမ်သာ အသားကုန်မအော်ခဲ့လျှင် စီရင်ချက်ဗိမာန်သည် ဝင်ပါလာမည်မဟုတ်ပေ။ “ကောင်လေး ငါ ကျိန်တာမကျိန်တာက မင်းအလုပ်မဟုတ်ဘူး”
“သခင်နန်ကုန်းရှို့ သစ္စာဆိုတာကောင်းမယ်နော် ကျုပ်စောင့်နေတယ်” ရှီမန်ဆုန်း၏ တစ်ကိုယ်လုံးသည် လရောင်အောက်ရှိ ထင်းရှူးပင်တစ်ပင်နှင့် တူနေသည်။ သူသည် လှည့်လည်သွားလာသူ၏ စခန်းကဲ့သို့ နေရာမျိုးတွင် ထိုင်နေသော်လည်း ပြတင်းပေါက်ရှိ လှိုင်းထနေသည့် ဝိညာဉ်ခွဲတောင်တန်းကို မြင်နိုင်သည်။ သို့သော် သူ နန်ကုန်းရှို့ကိုမြင်သောအခါ ထိုမြင်ကွင်းကို သတိရမိ သည်။ ကြည်လင်သောလရောင်သည် ဖြာကျကာ ပန်းပွင့်သည့်အသံများကိုပင် ကြားနေရသည်။ ပြတင်းပေါက်မှ တိုးဝင်လာသည့် ညမွှေးနံ့သာသည် မွှေးပျံ့နေရာ အရာအားလုံးသည် မှုန်ဝါးပြီးလှပနေသည်။
ထိုလူသည် နတ်ဘုရားတစ်ယောက်မဟုတ်သော်လည်း မသေမျိုး အဆင့်အတန်းသို့ ရောက်နေပြီဖြစ်သည်။
ရှီမန်ဆုန်း ပြောပြီးသည်နှင့် တုန်ဖန်းအောင်နှင့် ပေထင်းလင်းတို့သည် နန်ကုန်းရှို့အား စူးရှသောမျက်လုံးများဖြင့် ကြည့်လေသည်။ ဒီကိစ္စက သူတို့ မိသားစုအစီအစဉ်နဲ့ ဆိုင်နေတာ။ ဒီလိုကောင်းတဲ့အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ။
အကျိုးအမြတ်မရဘဲနှင့်တော့ စီရင်ချက်နတ်ဗိမာန်ကို မည်သူမှ ဆန့်ကျင်ချင်မည် မဟုတ်ပေ။
“ဟုတ်ပြီ ငါ ကျိန်မယ်” ကိစ္စများသည် ယခုလိုဖြစ်လာရန် နန်ကုန်းရှို့ သည် သွားစရာနေရာမရှိတော့ပေ။ သည်တစ်ခေါက်တွင် နန်ကုန်းမိသားစုသည် ခရမ်းရောင်မီးတောက်သွေးသောက် အရင်းအမြစ်ကို ရမှဖြစ်တော့မည်။ နန်ကုန်းမိသားစုတွင် သူကဲ့သို့ အကူအညီဖြစ်သည့် သားရဲထိန်းသခင်ကြီးရှိ သော်လည်း မိသားစုတစ်ခုလုံး၏ ကျင့်ကြံမှု အရည်အချင်းသည် တခြားမိသားစု ကြီးသုံးခုလောက် မကောင်းပေ။ မိသားစုအဆင့်ပြိုင်ပွဲသည် မကြာခင် စတော့ မည်ဖြစ်သည်။ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ရမှသာ လာမည့်အဆင့်ပြိုင်ပွဲတွင် သူတို့မိသားစုသည် ပထမရနိုင်မည်ဖြစ်သည်။
မိသားစု၏ နှစ်တစ်ရာဂုဏ်သရေသည် လက်ဆင့် ကမ်းလာကြခြင်းဖြစ် ၏။
နန်ကုန်းရှို့ကိုယ်တိုင် အတွက်ကတော့ သူသည် ဝိညာဉ်တစ်ဆင့်တက်နိုင် ရန် ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်၏ စွမ်းအားကို သုံးချင်နေသည်။
“ကျွန်ုပ် နန်ကုန်းရှို့သည် တုန်ဖန်း၊ ရှီမန်နဲ့ ပေထင်းမိသားစုတို့သာ နန်ကုန်းမိသားစုကို ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ် ရဖို့ ကူညီမယ်ဆိုရင် အရင်စာချုပ်အတိုင်း ရလာတဲ့ပစ္စည်းတွေကိုခွဲဝေပေးမယ့် အပြင် နောက် ၁၀ နှစ်အတွင်းမှာ နှစ်တိုင်း မွန်မြတ်တဲ့သားရဲသုံးကောင်ကို ထိန်းကျောင်းပေးပါမယ်လို့ သစ္စာပြုပါတယ်”
နန်ကုန်းရှို့ စကားဆုံးသည်နှင့် ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် မိုးပေါ်မှကျလာကာ သူ့ကိုလွှမ်းခြုံလိုက်လေသည်။ ငွေရောင်အလင်းတန်း ပျောက်သွားသည်နှင့် သစ္စာဆိုခြင်း သက်ရောက်မှုရှိသွားပြီဖြစ်သည်။ နန်ကုန်းရှို့သည် ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်ချင်လာသည်။ သစ္စာဆိုရန် လမ်းကြောင်းပေးသည်မှာ သူကိုယ်တိုင်ဖြစ်သော်လည်း အတင်းအကြပ် သစ္စာဆိုခိုင်းသည်မှာ တခြားကိစ္စဖြစ်သည်။ ထို့အပြင် သူသည် ပေထင်းဟွမ် ကဲ့သို့ အမှိုက်၏ ဖိအားပေးခြင်းကိုခံခဲ့ရသည်။
နန်ကုန်းရှို့သည် အံကြိတ်ထားကာ ပေထင်းဟွမ်အား ကြည့်လေသည်။ ကောင်လေး မင်း စောင့်နေလိုက်.. ဝိညာဉ်ခွဲတောင်တန်းကို ဝင်ပြီးရင် မင်း ပြန်ထွက်မလာနိုင်အောင် လုပ်ပေးလိုက်မယ်။
ပေထင်းဟွမ်သည် ခံစားချက်ကောင်းနေသည်။ သူမသည် ရယ်မောပြီး တုန်ဖန်းကျောက်၏ ပခုံးကို ပုတ်လိုက်သည် “အစ်ကိုကြီးတုန်ဖန်း သွားသောက် ရအောင်.. သောက်ပြီးရင် ပစ္စည်းတွေသွားဝယ်ကြတာပေါ့ အကုန်လုံးကို ရှင်း ပေးမယ်လို့ ကတိပေးထားပြီးသားနော်”
“ပြဿနာမရှိဘူး အကုန်လုံး ငါ့တာဝန်ထား.. ငါဘာမှမပြောဘူး” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်ကို သူ၏ခံစားချက်များကို ရှင်းပြမနေ တော့ပေ။ သူသည် သူမကို အကောင်းဆုံးအရာများကိုပေးချင်ပြီး သူ့တွင်ရှိသမျှ ကို ပေးချင်မိသည်။ သူမ ပျော်လျှင် ရပြီ။ “ငါ့ပိုက်ဆံတွေအကုန်သုံးရင်တောင် ပြဿနာမရှိဘူး မင်းလိုချင်တာဝယ်လို့ရတယ်.. အစ်ကိုကြီးရှိနေရင် မင်းကို ဘယ်လိုလုပ် ခံစားခွင့်ပေးနိုင်မလဲ”
ယီနာသည် အချိန်ကိုက်ပင် သေရည်နှင့် ပေါင်မုန့်များကို ယူလာသည်။ သူမသည် ပေထင်းဟွမ်အတွက် ပေါင်မုန့်နှင့် အရသာအသစ်ဖျော်ရည်ကိုပါ ယူ လာသည်။ “သခင်ပေထင်းဟွမ် ရှင်ရွေးပြီးသွားရင် ဒါတွေထုပ်ပိုးပြီးယူလာပေး ပါမယ်.. ဒါက လတ်ဆတ်မှုကို ထိန်းထားနိုင်တဲ့ သိုလှောင်လက်စွပ်ပါ ကျေးဇူး ပြုပြီး အရသာရွေးပေးပါ”
ခန်းမထဲတွင် မိသားစုကြီးလေးခုမှ လူများသည် ဆွံ့အသွားကြ၏။ ဒီအသုံးမကျတဲ့ ပေထင်းဟွမ်က ဘယ်လိုတောင် ကံကောင်းနေတာလဲ။ တုန်ဖန်းကျောက်သည် သူမကို ကာကွယ်ပေးနေသည်။ အထူးသဖြင့် နန်ကုန်းချွင်းသည် အံကြိတ်ထားသည်မှာ သွားများကြွေကျမတတ်ပင်။ သူတို့သည် ပေထင်းဟွမ်အား စိတ်ထဲမှ အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေကြ သည်။ ဒီအသုံးမကျတဲ့ကောင်က တုန်ဖန်းကျောက်ကို လမ်းမှားရောက်အောင် ပို့နေတာပဲ။
***