← Chapters

အရှင်က မင်းနောက်လိုက်ခိုင်းရအောင် မင်းကဘာမို့လို့လဲ *

Vol. 13 Ch. 253

အရှင်က မင်းနောက်လိုက်ခိုင်းရအောင် မင်းကဘာမို့လို့လဲ *

Vol. 13 Ch. 253

အတန်ကြာအောင်အနားယူပြီးနောက် မိသားစုကီးလေးခုသည် နေရာ ထိုင်ခင်းများကို စီစဉ်ကာ မှော်သားရဲများအမဲလိုက်ရန် ပတ်ပတ်လည် တောဆီ သို့ လူခွဲသွားကြသည်။ ဤနေရာတွင် သူတို့၏အဓိကတာဝန်မှာ ခရမ်းရောင် မီးတောက်သွေးသောက် အရင်းအမြစ်ကို ရရန်ဖြစ်သည်။ အဖွဲ့၏ခွန်အားသည် အထူးသဖြင့် အရေးကြီးသည်။ ထို့အပြင် သားရဲထိန်းသခင်ကြီးဖြစ်သည့် နန်ကုန်းရှို့ရှိလျှင် အဖွဲ့အတွက် ကောင်းမွန်သောဝိညာဉ်သားရဲတချို့ကို မွေးမြူရန်အခွင့်အရေးရနိုင်သည်။

ချူဖုန်းသည် ပေထင်းဟွမ်အား လူပြတ်သည့် စခန်းဆီသို့ခေါ်လာသည်။ တဲ၏ကန့်လန့်ကာ ပွင့်ဟသွားသည်နှင့် ပေထင်းဟွမ်သည် ချူဖုန်းနောက်မှ လိုက်ဝင်လာခဲ့သည်။ တဲထဲတွင် လူသုံးဦးသာရှိသည်။ သူတို့သည် ချူဖုန်း ဝင်လာသည်ကိုမြင်သောအခါ တညီတညာတည်း ဦးညွှတ်ကြလေသည် “နှုတ်ဆက်ပါတယ် မင်းသား ၇”

“နောက်ဆိုရင် ကျုပ်ကို အရိုအသေပေးဖို့မလိုတော့ဘူး” ချူဖုန်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပေထင်းဟွမ်အနောက်တွင် ရပ်လိုက်သည်။ သူသည် ပေထင်းဟွမ်အား အားလုံးရှေ့သို့ပို့ကာ မိတ်ဆက်ပေးလေသည် “ဒါက သခင်ပေထင်းဟွမ် ငါ့သခင်ဆိုလည်းဟုတ်တယ် အခုကစပြီး ငါက ငွေလ ရောင်အင်ပါယာရဲ့ မင်းသား ၇ မဟုတ်တော့ဘူး.. ငါ့နောက်ကို မင်းတို့လိုက်ချင် သေးတယ့်ဆိုရင် ငါ့သခင်ကို သစ္စာရှိပါမယ်လို့ ကျိန်ဆိုရမယ်.. မင်းတို့ မလုပ် ချင်ဘူးဆိုရင် ဖိအားမပေးဘူး”

“ဘာ..” သူတို့သုံးယောက်ထဲမှ အသက်နည်းနည်းကြီးသူသည် စစ်ဝတ်စုံ ကိုဝတ်ဆင်ထားသည်။ သူသည် အရပ်ပုပြီး ကြွက်သားများရှိသည်။ သူသည် ကျောပြင်တွင် လေးလံသော ဓားနက်ကြီးလွယ်ထားကာ ပေထင်းဟွမ်အား ရန်လိုစွာကြည့်လိုက်သည်။ “အရှင် အရှင်က ဂုဏ်ရှိတ့လူပါ.. ဘယ်လိုလုပ် တခြားလူကို သခင်အဖြစ် အသိအမှတ်ပြုရတာလဲ”

တော်ဝင်မိသားစုသည် တခြားသူများ၏ သစ္စာစောင့်သိမှုကို ခံယူရန် မွေးဖွားလာခြင်းဖြစ်သည်။ ယခုအခါ သူတို့သုံးယောက်သည် ဤလူငယ်၏ သရုပ်မှန်ကို သံသယဝင်နေသည်။

“ဦးလေးဝမ်.. ဦးလေးက တော်ဝင်တရားရုံးရဲ့ စောင့်ရှောက်သူစစ်သည်ပါ ကျွန်တော့်ဇနီး အသတ်ခံရပြီးတော့ ဒီလောက်နှစ်တွေအများကြီး ဦးလေးကပဲ ကျွန်တော်နဲ့အတူ မှော်သားရဲတောမှာ လှည့်လည်သွားလာခဲ့တာပါ.. ရာထူးမြင့် တဲ့ ကြယ်ဓားသခင်တစ်ယောက်အနေနဲ့ ကျွန်တော် စောင့်ကြည့်ခံရတဲ့အချိန် မှာတောင် ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော် ချူဖုန်းက လက်စားမချေချင်ဘူး.. ဒါပေမဲ့ ကျွန်တော့်ဘဝပန်းတိုင်ကို လက်စားချေလို့ လည်းမရဘူး.. ပေထင်းဟွမ်ကို ကျွန်တော့်သခင် အဖြစ် ရွေးခဲ့တယ်.. ကျွန်တော် သူ့နောက်ကို ဘာလို့လိုက်ချင်လဲဆိုတာလည်း အကြောင်းအရင်းရှိတယ်” ချူဖုန်းသည် အေးစက်သော လူဖြစ်သည်။ သူ အတိတ်အကြောင်းပြောသည်နှင့် မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လာသည်။ သူသည် ခံစားချက်များကို ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားသော်လည်း ထိုခံစားချက်များမှ ပူဆွေးမှု နှင့် ခံပြင်းမှုကို ပေထင်းဟွမ် ခံစားမိသည်။

“အရှင် ဘယ်လိုဖြစ်ပြီး.. ဘာမှမတွေးတတ်ရတာလဲ” ဝမ်ဝေ့၏မျက်နှာ တွင် မျက်ရည်များစီးကျလာသည်။ သူသည် အဖွဲ့ငယ်တစ်ခုကိုရွေးရမည်ဆို လျှင်တောင် အားကောင်းသည့်အဖွဲ့ကိုသာ ရွေးမည်။ သူ့ရှေ့က ဒီလူငယ်မှာ ဘာများအာဏာရှိလို့လဲ။

ဝမ်ဝေ့သည် ပေထင်းဟွမ်အား အထင်သေးသည်။ ချူဖုန်းသည် ဒေါသ ထွက်သွား၏။ ဝမ်ဝေ့၏ အပြုအမူသည် ပေထင်းဟွမ်အတွက် ဆိုးဝါးသော မှတ်ဉာဏ်များ ပြန်အမှတ်ရသွားမည်ကို သူ စိုးရိမ်သည်။ သူမ လော့ပေမြို့တွင် ရှိစဉ်က မိသားစု၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်ဟု ပြောခဲ့သည်။ ငယ်စဉ် ကတည်းကပင် သူမသည် အရိုက်ခံခဲ့ရသည်။ သူမသည် အမှိုက်ဟု အားလုံး ပြောခဲ့ကြသည်။ သူသည် ပေထင်းဟွမ်ကို ထပ်ပြီးဒဏ်ရာမရစေချင်တော့ပေ။

“ဦးလေးဝမ် ဒီလောက်နှစ်တွေအများကြီးမှာ ဦးလေးရဲ့ခင်တွယ်မှုကို မမေ့ပါဘူး.. ကျွန်တော်ချူဖုန်းက တစ်နေ့ကျ ဦးလေးကို ပြန်ပြီးကျေးဇူးဆပ်မှာ ပါ ဒါပေမဲ့ ကျွန်တော့်ရွေးချယ်မှုကိုတော့ ဝင်မနှောင့်ယှက်ပါနဲ့” ချူဖုန်းသည် ဖြောင့်မတ်စွာ ပြောလေသည်။

“အရှင် မိဖုရားက အရှင့်သားပေါ်မှာထားတဲ့ မျှော်လင့်ချက်ကို ဘယ်လို လုပ်မှာလဲ” ဝမ်ဝေ့သည် ပေထင်းဟွမ်၏ ရှေ့၌ပင် ဒူးထောက်လိုက်လေ‌၏ “အရှင် ဒီသခင့်ကို ကာကွယ်ချင်ရင် ကျုပ်အရှင့်နေရာမှာ အစားဝင်ပါမယ်”

“ဟွန့်” ပေထင်းဟွမ်သည် နှာရှုတ်လေသည်။ သူမသည် ရှည်လျားသော ဝတ်ရုံကိုခါကာ ဘေးသို့ တစ်လှမ်းလှမ်းလိုက်သည်။ သူမသည် ဤကဲ့သို့ အရိုအသေပြုခြင်းကို အသားမကျလှပေ “ဒီကမ္ဘာမှာ လူတွေက အဆင့်အတန်း ကို ဂရုမစိုက်ကြဘူး ခွန်အားကိုပဲ ဂရုစိုက်ကြတယ်.. လူသားတွေအပါအဝင် တိရစ္ဆာန်တွေကလည်း အလိုလိုအသိစိတ်နဲ့ သန်မာတဲ့လူတွေနောက်လိုက်ကြ တယ်.. ကျွန်တော့်နောက်လိုက်ဖို့ အရည်အချင်းမရှိဘူးလို့ ဘာလို့ထင်တာလဲ”

သူတို့သည် စကားများနေပြီဖြစ်သဖြင့် ဝမ်ဝေ့သည် မြေပေါ်မှ ထခုန်လိုက် သည် “မင်းဘယ်သူလဲဆိုတာ မသိဘူးလို့မထင်နဲ့.. မင်းက ပေထင်းမိသားစုက အမှိုက်ပဲ.. အရှင့်ကို မင်းနောက် လိုက်ခိုင်းရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ”

“ဦးလေးဝမ်” ရေခဲပြင်ကဲ့သို့ အေးစက်နေသည့် ချူဖုန်း၏ ချောမောလှ သော မျက်နှာတွင် ရှားပါးလှသော ဒေါသဟုခေါ်သည့် ခံစားချက်ပေါ်လာသည်။ “ဦးလေးဝမ် ကောလာဟလတွေ ပြောပြီး စကားနဲ့ သူများကို မထိခိုက်စေပါနဲ့.. ကျွန်တော့်သခင်ကို မယုံတာက ကျွန်တော့်ကိုမယုံတာလား”

သူသည် ‘အမှိုက်’ ဆိုသည့်စကားလုံးကို မည်သူ့ကိုမှ မကြားစေလိုတော့ ပေ။ ထိုအရာသည် သူ့နောက်ကို လူအများလိုက်သည်ထက်ပင် သူ့ရင်ကို ပိုနာကျင်စေသည်။

***

All Chapters