← Chapters

ဘာလို့လဲ ကိုယ့်ဘာသာမြင်အောင်ကြည့်

Vol. 13 Ch. 254

ဘာလို့လဲ ကိုယ့်ဘာသာမြင်အောင်ကြည့်

Vol. 13 Ch. 254

“ရှောင်ကျို့ အဲလိုဆိုမှတော့ သွားကြတာပေါ့” အစက ချူဖုန်းသည် သူ၏ နောက်လိုက်သုံးယောက်ဖြင့် ပေထင်းဟွမ်နောက် လိုက်ရန်ဖြစ်သည်။ ဝမ်ဝေ့မှ အရင်ဆုံးငြင်းဆန်လိုက်လိမ့်မည်ဟု ထင်မထားပေ။ ဤနေရာတွင်နေပြီး အရှက်ခွဲခံရမည့်အစား ထွက်သွားလိုက်သည်ကပိုကောင်းသည်။

“မဟုတ်ဘူး”

ပေထင်းဟွမ်သည် ချူဖုန်း၏လက်ကို ဆွဲထားသည်။ အေးစက်သော ခံစားချက်သည် သူ့လက်ဖဝါးဆီသို့ ရောက်လာသည်။ သူမ၏ လက်သေးသေး လေးသည် ချောမွတ်နေကာ ရနံ့သင်းသင်းလေး သယ်ဆောင်လာသည်။ ချူဖုန်း သည် ရုတ်တရက်ရင်ခုန်သွား၏။ ထိုခံစားချက်သည် သမီး၏လက်ကို ကိုင်နေရ သလိုပင်။

သို့သော် ပေထင်းဟွမ်သည် သတိမထားမိပေ။ သူမသည် ရှေ့တစ်လှမ်း တိုးကာ ဝမ်ဝေ့အား စိုက်ကြည့်လေသည်။ သူမ၏နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးတက်သွားသည် “သခင်ဝမ်ဝေ့.. ကျွန်တော်က အမှိုက်ပါလို့ ပြောလိုက်တယ်နော်.. ကျွန်တော် အသုံးမကျဘူးဆိုတာ မြင်ခဲ့လို့လား.. ကိုယ်တိုင်မျက်လုံးနဲ့ မြင်ရလို့လား.. ကိုယ့်မျက်လုံးနဲ့မြင်ရတာတောင် အမှန် မဟုတ်တာတွေရှိတယ်.. ကောလာဟလဆို ကြားတဲ့အတိုင်းပဲထားလိုက်ပါ”

ဝမ်ဝေ့သည် မှင်တက်သွားသည်။ ပေထင်းဟွမ်၏ ကြယ်တာရာနှင့် တူသောမျက်လုံးမှထွက်လာသည့် ဖိအားသည် သူကဲ့သို့ ဓား ၁ လက်ကြယ် ဓားသခင်ပင်လျှင် မခံနိုင်ပေ။ သူသည် အလိုလိုပင် နောက်တစ်လှမ်း ဆုတ်မိ၏။ သူသည် အမှိုက်ရှေ့တွင် ကြောက်နေသည်ကို တွေးမိသည်နှင့် ဝမ်ဝေ့သည် ချက်ချင်းပင် ဒေါသထွက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်သွား၏ “မင်းက အမှိုက်ဆို တဲ့သတင်းက မျိုးနွယ်ကြီးလေးခုမှာ ပျံ့နေတာ.. အခု ဒီစခန်းကလူတွေ အကုန် သိတယ်.. အဲဒါကဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ.. မင်းက အမှိုက်မဟုတ်ဘူး ဆိုပြီးပြောနေမှတော့ သက်သေပြလေ.. မင်းက အမှိုက်မဟုတ်ဘူးဆိုတာ ဘယ်လိုသက်သေပြနိုင်လဲ”

“ဟုတ်ပြီ အခုပဲသက်သေပြမယ်” ပေထင်းဟွမ်သည် သူ့ကို အထင်‌သေး သောမျက်နှာထားဖြင့် မထီမဲ့မြင် ကြည့်လေသည်။ သူမသည် ဟန်ပါပါဖြင့် လက်မြှောက်ကာ သူမ၏ခြေထောက်ကို ညွှန်ပြလိုက်သည် “ကိုယ့်ဘာသာ ကြည့်”

သူတို့သုံးယောက်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။ မြေပြင်ကို ကြည့်လိုက်သည်။ ဘာများကြည့်စရာရှိလို့လဲ။ ချူဖုန်း၏နောက်တွင်လိုက်နေသည်မှာ ဝမ်ဝေ့အပြင် မောင်နှမနှစ်ယောက်လည်းရှိသည်။ သူတို့ ရောက်လာ ကတည်းကပင် ချူဖုန်းသည် ငွေလရောင်အင်ပါယာ၏ သတ္တမမြောက်မင်းသား ဖြစ်ကြောင်းကို ပြောပြီးသားဖြစ်သည်။ သူ၏မိခင်သည် အရင်ဘုရင်၏ မိဖုရား ကြီးဖြစ်ကာ ဝမ်ဝေ့သည် မိခင်ဖြစ်သူမှ သူ့ကိုစီစဉ်ပေးခဲ့သည့် စောင့်ရှောက်သူ စစ်သည်ဖြစ်သည်။ မောင်နှမနှစ်ယောက်၏ နာမည်များမှာ မေရှိုးနှင့်မေလော့ တို့ဖြစ်ကြသည်။ သူတို့သည် သူ၏နို့တိုက်မိခင်၏ ကလေးများဖြစ်ကြကာ အတူ တကွကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် သူနှင့် ညီအစ်ကိုများသဖွယ်ပင်။

သူမ၏မျက်လုံးများထဲတွင် နဂါးငွေ့တန်းကဲ့သို့ လင်းလက်သွားသည်။ သူတို့သည် အညှို့ခံလိုက်ရသည့်အလား သုံးယောက်သား ပေထင်းဟွမ်၏ ခြေထောက်ကိုကြည့်ကြလေသည်။ ရုတ်တရက်ဆိုသလိုပင် သူတို့၏ မျက်လုံး များထွက်ကျမတတ် မျက်လုံးပြူးသွားလေသည်။

သူတို့ ဘာမြင်လိုက်တာလဲ။

ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ အပြာရောင်ဒြပ်စင်စွမ်းအင်ထွက်ပေါ်လာပြီး သူမ၏ ခြေထောက်အောက်တွင် ငွေရောင်အလင်းတန်းတောက်ပနေသည်။ ကောင်းကင်နှင့် မြေကြီးတို့၏ စည်းမျဉ်းမှဆွဲထားသည့် ထူးခြားသော ငွေရောင်ကြယ်ပုံစံ အစီအရင်သည် အလင်း၊ အရိပ်တို့နှင့်အတူ ပေါလောပေါ်နေ သည်။ အဆင့် ၃ ပညာရှင်ဖြစ်ကြောင်း ကိုယ်စားပြုသည့် ထောင့်လေးထောင့် ကြယ်အတွင်းတွင် ငွေရောင်ကြက်ခြေခတ်ဓား ကိုးချောင်းကို သပ်ရပ်စွာ စီခြယ်ထားသည်။ တောက်ပသောအလင်းအောက်တွင် အနက်ရောင်ဝတ်လူငယ်၏ အေးစက်သောမျက်နှာသည် စစ်နတ်ဘုရားကဲ့သို့ပင်။ သူ၏လှပသောနှုတ်ခမ်း များသည် မျဉ်းတစ်ကြောင်းသဖွယ် ကွေးတွန့်သွားကာ အေးစက်သောမျက်လုံး များသည် လှောင်နေသဖွယ် သူတို့ကို ကြည့်လေသည်။

“ကျွတ်”

တဲထဲတွင် ဝမ်ဝေ့သည် ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူသည် ပေထင်းဟွမ်အား မယုံကြည်စွာဖြင့် တအံ့တဩကြည့်လေသည်။ သူ့မျက်လုံး များ ကျယ်လာကာ မျက်နှာထားသည် တောင့်တင်းနေသည်။ မည်သို့ဖြစ်ပျက် နေသည်ကို မသိသဖြင့် သူ့ပါးစပ်သည်ပွင့်ဟနေ၏။

“ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးလား သူက တကယ်ကြီး ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီးပဲ” မေလော့သည် ကြက်ဥတစ်လုံးအရွယ်အစားရှိသည့် လက်သီးဆုပ်ဖြင့် ပါးစပ်ကိုအုပ်ထားကာ ပေထင်းဟွမ်အား ကြောက်လန့်သော မျက်နှာထားဖြင့် ကြည့်လေသည်။ ၁၄ နှစ်အရွယ် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီး သူမသည် ရှေးခေတ်ကပင် ထိုကဲ့သို့လူအကြောင်းကို မကြားဖူးခဲ့ပေ။ သူက လူရောဟုတ်သေးရဲ့လား။

“ငါမှားတာပဲဖြစ်မယ် ဘယ်လိုဖြစ်နိုင်မှာလဲ” အမြဲတစေတည်ငြိမ်တတ်သော မေရှိုးသည် မျက်လုံးများကို အားပါးတရပွတ်နေသည်။ ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေရတာလဲ။

မေရှိုးနှင့် မေလော့တို့သည် ကြယ်ဖွဲ့အစည်းပုံနှင့် မွန်မြတ်သောကြက်ခြေ ခတ်ဓားများ ဆက်သွားပုံကို ကြည့်နေကြသည်။ ကောင်းကင်အဆင့် ဓားသခင် အနေနှင့် ဝမ်ဝေ့သည် ဤအရာထက်ပိုသော အကြောင်းကိစ္စများကို မြင်ဖူး၏။ သူ ဘာမြင်လိုက်တာလဲ။ အပြာရောင်ဒြပ်စင်စွမ်းအင်… မြေကြီးအဆင့်ဝိညာဉ် သခင်က တကယ်ကြီး ကောင်းကင်အဆင့် ဒြပ်စင်စွမ်းအင်ကို ကျင့်နိုင်နေတာပဲ။ ဒါမျိုးက မကြားဖူးတဲ့ရာပဲ။ သူသည် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းကို ချိုးဖောက်သည့်အရာမျိုးကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရသည်။

***

All Chapters