မင်းက အင်္ကျီဝတ်ထားတဲ့သားရဲပဲ *
Vol. 13 Ch. 255
“နားလည်ပြီလား” ပေထင်းဟွမ်သည် သူတို့သုံးယောက်၏ မျက်နှာ အမူအရာများကို မြင်သည်။ သူမသည် မေရှိုးနှင့်မေလော့တို့ကို အလွန်ကျေနပ်မိသည်။ ဝမ်ဝေ့တစ်ယောက်သာ ချူဖုန်း၏အဆင့်အတန်းကြောင့် သူ၏ ရွေးချယ်မှုကို ကြားဝင်ရဲခြင်းဖြစ်သည်။ ဝမ်ဝေ့သည် နှစ်ပေါင်းများစွာ ချူဖုန်းကို သစ္စာစောင့်သိလာခြင်းနှင့် ချူဖုန်းသည် သူနှင့်လေးနက်သော ဆက်ဆံရေးရှိနေ ခြင်းကြောင့်သာမဟုတ်လျှင် သူမသည် သူ့ကိုအရေးလုပ်မည်မဟုတ်ပေ။
“နားလည်ပါပြီ” ဝမ်ဝေ့၏မျက်လုံးများသည် ပြောင်းလဲသွားပြီဖြစ်သည်။ သူ့မျက်လုံးများထဲတွင် လေးစားသမှုများပေါ်လာကာ ပေထင်းဟွမ်အား လက်အုပ်ချီလိုက်၏ “သခင်ပေထင်းဟွမ် ကျုပ်စိတ်ရင်းနဲ့တောင်းပန်တာကို လက်ခ့ပေးပါ.. ကျုပ်က အားကောင်းတဲ့စစ်သည်ကို စော်ကားမိပါတယ်.. အခု မင်းက ကောင်းကင်လောကကို ရောက်ဖို့ တစ်ဝက်လိုသေးတယ်ဆိုပေမဲ့ သစ္စာ စောင့်သိဖို့ ကတိပေးရုံလောက်နဲ့ မလုံလောက်ပါဘူး”
“အရမ်းကောင်းတယ်.. ဒါဆို ပြောပါဦး ဘယ်လိုလူမျိုးက အရည်အချင်း ပြည့်မှီတာလဲ” ပေထင်းဟွမ်၏ မာနကြီးသော မျက်လုံးများသည် ဝမ်ဝေ့အပေါ် သို့ကျရောက်လာသည်။ ကြီးမားသောဖိအားသည် သူ့အာခေါင်ကို ခြောက်စေ သည်။ ခေတ္တမျှ သူသည် ဘာလုပ်ရမည်ကို မစဉ်းစားတတ်တော့ပေ။ သူသည် ထစ်အအဖြင့် ပြောလေသည် “မင်း.. မင်း ငါ့ကိုနိုင်ရင်…”
“နိုင်ရမယ်ဟုတ်လား” ပေထင်းဟွမ်သည် ကျယ်လောင်စွာရယ်မိ၏။ သူမ၏ ကြည်လင်သောအသံသည် တဲကိုကျော်သွားကာ အားလုံး၏ နားစည်ကို ထိတ်လန့်စေ၏ “အဲဒါကိုဘာလို့ ကျွန်တော်ကိုယ်တိုင်လုပ်ရမှာလဲ”
ပေထင်းဟွမ်ဆီမှ သုံးကြိမ်တိုင်တိုင် အထက်စီးဆန်ဆန် အပြောခံရ ပြီးနောက် ဝမ်ဝေ့သည် ဒေါသထွက်နေပြီဖြစ်သည်။ ထိုအခိုက်တွင် ပေထင်းဟွမ်၏စကားများကို ကြားလိုက်ရချိန်၌ ဤကလေးသည် မည်မျှပင် သန်မာစေကာမူ မောက်မာလွန်းနေသည်ဟု ခံစားရသည်။ သူသာ သင်ခန်းစာ ကောင်းကောင်းမပေးလျှင် မည်သို့ဖြစ်မည်ကို သူမသိတော့ပေ။ သူသည် ဒေါသတကြီးပြောလေသည် “သခင်ပေထင်းဟွမ် သခင့်ကိုယ်စား အရှင့်ကို ပညာပေးစေချင်တာလား”
“ဘာလို့မရရမှာလဲ” ပေထင်းဟွမ်သည် ချူဖုန်းကို အဓိပ္ပာယ်ပါပါကြည့် လိုက်သည် “ခင်ဗျားက ထိပ်တန်းကြယ်ဝိညာဉ်သခင် ဖြစ်တာနဲ့ပဲ ချူဖုန်းက ခင်ဗျားကို နိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ မထင်လိုက်နဲ့”
“အရှင့်ရဲ့အစွမ်းအစက အရှင်ပိုင်တာပဲ.. မင်းကိုယ်စား ငါ့ကို ပညာပေးဖို့ အရှင့်ကိုပြောတာဆိုရင် လက်မခံနိုင်တာကို ခွင့်လွှတ်ပါ” ဝမ်တေ့သည် ပေထင်းဟွမ်ကို အရင်ကထက် လေးစားနေပြီဖြစ်သည်။ သို့သော် ချူဖုန်းကို ကာကွယ်လိုစိတ်ကြောင့် ပေထင်းဟွမ်ကို သစ္စာစောင့်သိရန်အတွက် သစ္စာမဆို နိုင်သေးပေ။
ပေထင်းဟွမ်လည်း ထိုအချက်ကို နားလည်သည်။ ဝမ်ဝေ့အပေါ် သူမ၏ ရန်လိုမှုလည်း များစွာပြေပျောက်သွားသည်။ သူမသည် ဝမ်ဝေ့အား သူမ၏ သွယ်လျသော လက်ချောင်းဖြင့် ညွှန်ပြကာ အညှာတာမဲ့စွာ ပြောလိုက်၏ “ခင်ဗျားကိုနိုင်ဖို့က ကျွန်တော့်အတွက် အရမ်းကိုရိုးရှင်းတဲ့တိုက်ပွဲပဲ ဝမ်ဝေ့ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး ကျွန်တော့်မှာ လုပ်စရာတွေရှိသေးတယ်.. ကျွန်တော် ခင်ဗျားနဲ့ လောင်းကြေးထပ်နိုင်တယ်.. ခင်ဗျားသာ ကျွန်တော်နဲ့ ဝိညာဉ်ခွဲတောင်တန်းကို လိုက်သရွေ့ အဲဒီကနေထွက်လာပြီးလို့မှ ကျွန်တော့်ကို မလေးစားသေးဘူးဆိုရင် ချူဖုန်း ကျွန်တော့်နောက်လိုက်တာကို တားပေးမယ်”
“ရှောင်ကျို့ မင်း…” ချူဖုန်း၏ နှင်းကြာပန်းကဲ့သို့ မျက်နှာတွင် ဒေါသ ထွက်သော အမူအရာဖြစ်ပေါ်လာရာ သူ၏အေးစက်သောမျက်နှာကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ပေထင်းဟွမ်သည် ငေးငိုင်သွားသည်။ အတန်ကြာပြီးနောက် သူသည် သတိပြန်ဝင်လာကာ ချူဖုန်း၏ ဝမ်းနည်းသော မျက်လုံးများကို မကြည့်နိုင်တော့ပေ။ သူမသည် ချူဖုန်း၏ပခုံးကို လက်ဖြင့် သိုင်းဖက်ကာ ကတိပေးလိုက်သည် “အာ.. အဲဒါက.. ချူဖုန်း မင်းကို ငါနဲ့ခေါ် သွားပါမယ်လို့ ကတိပေးပါတယ်.. ငါ သေချာပေါက်လုပ်မှာပါ.. ငါ ပေထင်းဟွမ် က ဘယ်တုန်းက ကတိမတည်ဖူးလို့လဲ”
ဤအရာသည် မိုးကြိုးပစ်ချလိုက်သလိုပင်။
မေရှိုးနှင့် သူ၏ညီမဖြစ်သူတို့သည် ပေထင်းဟွမ်ကိုကြည့်သည်။ ပြီးနောက် ချူဖုန်းအား ကြည့်လိုက်၏။ သူတို့နှစ်ယောက်သည် တစ်စုံတစ်ရာကို နားလည်သွားပုံပင်။ သို့သော် မယုံရဲကြသေးပေ။ တစ်ဖက်တွင် ဝမ်ဝေ့သည် ဒေါသထွက်လွန်းသဖြင့် သူ့မျက်လုံးမှ ရဲရဲနီသောအကြည့်များဖြင့် ကြည့်နေ သည်။ အရှင်က လူတစ်ယောက်ကို အကြောင်းအရင်းမရှိ သခင်အဖြစ် ဘာလို့ အသိအမှတ်ပြုလဲဆိုတာ သူသိချင်နေခဲ့တာ။ ဖြစ်ချင်တော့ ဒီကောင်က လှည့်စားသွားတာကိုး။
ဟုတ်သည်။ သူသည် အရင်က လှည့်လည်သွားလာသူစခန်းတွင် ပျံ့နေသည့် တုန်ဖန်းကျောက်နှင့် ဤကောင်လေး၏ ကောလဟလများကို သူ မယုံခဲ့ပေ။ ယခုအခါ သူရွေးချယ်စရာမရှိ ယုံရတော့မည်။
သူသည် တုန်ဖန်းကျောက်ကို ထိခိုက်စေရုံသာမက အရှင့်ကိုပါ ထိခိုက်စေခဲ့သည်။
ဝမ်ဝေ့သည် ပေထင်းဟွမ်အား မညှာမတာ ထိုးလိုက်သည်။ သူသည် ဒေါသထွက်လွန်းနေရာ အသံများပင် တုန်ယင်နေသည် “အရှင့်ကို မင်း ဘာလုပ် လိုက်တာလဲ.. မင်းက အင်္ကျီဝတ်ထားတဲ့မြေခွေးပဲ.. ဘယ်လိုလုပ် အရှင့်ကို ဒုက္ခ ပေးရတာလဲ.. ဒီနေ့ ငါ မင်းကို သေအောင်ရိုက်မယ်”
***