← Chapters

သူဘယ်လို လုပ်လိုက်တာလဲ *

Vol. 13 Ch. 256

သူဘယ်လို လုပ်လိုက်တာလဲ *

Vol. 13 Ch. 256

ပေထင်းဟွမ်နှင့် ချူဖုန်းတို့နှစ်ယောက်လုံး မှင်တက်သွားကြ၏။ ဝမ်ဝေ့၏ တဟုန်ထိုးရောက်လာသော လက်သီးသည် ပေထင်းဟွမ်အား လွင့်ပျံသွားစေ လောက်သည်။ ပေထင်းဟွမ်သည် ခြေချော်သဖြင့် ချူဖုန်းကို ရှေ့သို့တွန်းပို့မိ လျက်သား ဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်သည် ငါးကဲ့သို့ချော်ထွက်နေသည်။ ဝမ်ဝေ့သည် အမြင်ဝေဝါးသွားကာ ပေထင်းဟွမ်၏ပုံရိပ်သည် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

မြန်လိုက်တာ။

သူမသည် အားလုံးကို ထိုခံစားချက်ပေးစွမ်းနိုင်သည်။ ဝမ်ဝေ့သည် ကျောရိုးတစ်လျှောက် ကြက်သီးများထသွားသည်။ ကြယ်ဝိညာဉ်သခင်တစ်ဦး အနေနှင့် သူသည် အနီးကပ်ရှိနေသော မြေကြီးအဆင့်ဝိညာဉ်သခင်၏ ပုံရိပ်ကို ပင် မိအောင်မဖမ်းနိုင်ပေ။ ထိုခံစားချက်သည် ငရဲကျနေသလိုပင်။

ဝမ်ဝေ့၏ ထိုးချက်သည်လွဲသွားကာ ရုတ်တရက် သူလည်ထွက်သွား၏။ အပြာရောင်ဓားစွမ်းအားသည် သူ့ခန္ဓာကိုယ်မှထွက်လာကာ တစ်ကိုယ်လုံးကို ရစ်ပတ်ကာ အကာအကွယ်အတားအဆီးအဖြစ် ဖန်တီးလေသည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ကောင်းကင်အဆင့်ဓားသခင်ဖြစ်သည်။ ဝမ်ဝေ့တွင် အစွမ်းအစတချို့ရှိတုန်းပင်။ သူသည် အော်ဟစ်ကာ မြေပေါ်မှခုန်ပြီး ခြေသုံးလှမ်း အကွာအဝေးတွင်ရှိသော ပေထင်းဟွမ်အား ခုန်အုပ်လိုက်သည်။

မရေမတွက်နိုင်သော အရိပ်များ သူ့ရှေ့တွင် ဝင်းလက်လာသည်။ ပေထင်းဟွမ် မည်သည့်အကွက်ကို သုံးလိုက်သည်ကို မည်သူမှမသိပေ။ သို့သော် ဝမ်ဝေ့၏ ထိုးချက်မှာ လွဲသွားပြန်သည်။ သူ၏နောက်ကျောမှ လည်ပင်းအထိ အေးစိမ့်မှုထွက်ပေါ်လာပြီး ကျောပြင်တစ်ခုလုံး အေးစက်သွား ၏။ တစ်ကွက်တည်း.. တစ်ကွက်တည်းပင်.. သူကဲ့သို့ ကောင်းကင်အဆင့် ဓားသခင်ကို ကြယ် ၉ ပွင့် ကြယ်ဝိညာဉ်သခင်က အနိုင်ယူသွားလေပြီ။

ဝမ်ဝေ့၏ခြေထောက်များသည် အားနည်းသွားပြီး‌ မြေပေါ်သို့ ဒူးထောက် မတတ်ဖြစ်သွားသည်။ သူသည် ပေထင်းဟွမ်အား ဘေးတိုက်ကြည့်လိုက်သည်။ သူက ၁၄ နှစ်နဲ့ ဒီလိုအရည်အချင်းရှိနေတာပဲ။ ဘယ်လိုလုပ်လိုက်တာလဲ။

မေရှိုးနှင့် မေလော့တို့သည် အံ့အားသင့်နေကာ ပါးစပ်ပင်မပိတ်နိုင်တော့ ပေ။ သူတို့သည် ပေထင်းဟွမ်အား လေးစားသောအကြည့်များဖြင့် ကြည့်ကြ လေသည်။ ဤလူငယ်သည် အလွန်အားကောင်းသည်။ ထို့ကြောင့်ပင် အရှင် သည်သူ့နောက်လိုက်ချင်နေခြင်းဖြစ်သည်။ သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။ ပြီးနောက် သူသည် အလွန်ကြည့်ကောင်းနေသည်။ သူတို့သည် သူ့ကို သဘော ကျကြသည်။

မောင်နှမနှစ်ယောက်သည် ဦးလေးဝမ်အနိုင်ကျင့်ခံနေရသည်ဟု မခံစားရ တော့ပေ။ ထိုအစား သူတို့သည် ပေထင်းဟွမ်အား အရောင်လက်သော မျက်လုံး များဖြင့် ကြည့်နေသည်။

ပေထင်းဟွမ်၏ဓားတိုသည် ဝမ်ဝေ့၏လည်ပင်းပေါ်သို့ ကျရောက်နေ သော်လည်း ချူဖုန်းသည် စိုးရိမ်ခြင်းမရှိပေ။ သူသည် ပေထင်းဟွမ်အပေါ်တွင် ဖော်မပြနိုင်သော ရင်းနှီးမှုနှင့် ယုံကြည်မှုထားရှိသည်။ သူမသည် ဤကဲ့သို့ ဂုဏ်ယူလောက်စရာလူဖြစ်သည်။ ဦးလေးဝမ်မှ သူမကို မည်မျှပင် မယုံကြည် စေကာမူ သူ့အတွက် အရေးကြီးသည့်လူတစ်ယောက်ကို သူမသည် ဘယ်သောအခါမှ ထိခိုက်အောင်လုပ်မည်မဟုတ်ပေ။

“ဟင်း” ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လိုက်သည်။ သူမသည် လက်မြှောက်ကာ ဝမ်ဝေ့၏လည်ပင်းမှ ဓားတိုကို ပြန်ရုတ်လိုက်သည်။ “ဒါတောင်မှ သေချင်သေးတယ်ဆိုရင် ခင်ဗျားဆန္ဒကို ဖြည့်ဆည်းဖို့ ဝန်မလေး ဘူး.. ဒါပေမဲ့ ကျွန်တော်က ချူဖုန်းကို ထိခိုက်စေမှာမဟုတ်သလို မြေခွေး မဟုတ်ဘူးဆိုတာကိုလည်း နားလည်စေချင်တယ်.. ဘယ်လိုလုပ် ဒီလိုတွေးမိ သွားတာလဲ”

ချူဖုန်း၏ မျက်နှာသည် မသိမသာ ရှက်သွေးဖြာသွားသည်။ သူသည် ပေထင်းဟွမ်အား တိတ်တိတ်လေး ခိုးကြည့်မိသည်။ သူမက သူများတွေ အတင်းပြောမှာကို ကြောက်နေတာလား။ သူနဲ့ ပတ်သက်ရမှာကို ကြောက်နေ တာလား။ သူမ အထင်လွဲခံရပုံကို တွေးပြီး ချူဖုန်းသည် စိတ်ထဲတွင် ချိုမြိန်မှု များကိုခံစားလိုက်ရ၏။ သို့သော် ပေထင်းဟွမ်သည် အရာအားလုံးကို ရှင်းလင်း လိုက်သည့်နောက်တွင် သူ အနည်းငယ်စိတ်ပျက်သလို ခံစားရသည်။

ဘုရားရေ သူဘာတွေတွေးနေမိတာလဲ။ ချူဖုန်းသည် သူ့အတွေးကိုပင် ပြန်လန့်မိသည်။ သူသည် ရုတ်တရက် ခေါင်းမော့ကာ ပေထင်းဟွမ်အား ကြောက်လန့်တကြား ကြည့်မိသည်။ ခုနက ခုနက… သူသည် သူနှင့် ပေထင်းဟွမ်ကို လူအများအထင်လွဲသည်ကို လိုချင်နေသည်။ သူ့စိတ်ထဲမှာ အဲလို ညစ်ပတ်တဲ့အတွေးတွေ ကိန်းအောင်းနေတာပဲ။

“ဦးလေးဝမ် အထင်လွဲနေပြီ ရှောင်ကျို့နဲ့ ကျွန်တော်က…. သခင်နဲ့ အစေခံပါပဲ” ချူဖုန်းသည် ပေထင်းဟွမ်ထက်ဦးအောင် ရှင်းပြလိုက်သည်။

ထိုအရာကပင် ပိုဆိုးသွားစေသည်။

အထူးသဖြင့် တစ်နှစ်ပတ်လုံး ရေခဲပြင်ကဲ့သို့ အေးစက်နေသည့် ကျောက်စိမ်းလိုဖြူစွတ်သော ချူဖုန်း၏မျက်နှာမှာ နီရဲလာသည်။ သူ့မျက်လုံး များသည် အနည်းငယ်ဂနာမငြိမ်ဖြစ်ကာ လက်ချောင်းများကို အလိုလို ဆုပ်နယ် မိနေသည်။ ၎င်းသည် သူ့လက်ရှိခံစားချက်မှာ မတည်မငြိမ်ဖြစ်နေသည်ကို ပြသနေသည်။ ချူဖုန်းနဲ့ ပေထင်းဟွမ်ကြားက ဆက်ဆံရေးက အပြစ်ကင်းပါ တယ်လို့ ဘယ်သူကများ ယုံတော့မှာလဲ။

တဲတစ်ခုလုံးသည် တိတ်ဆိတ်သွား၏။ ပေထင်းဟွမ်သည် သဘောမပေါက်သေးပေ။ ဝမ်ဝေ့၏မျက်နှာသည် နီရဲနေရာမှ ဖြူဖျော့သွားကာ သေတော့မည့်လူကဲ့သို့ ပြောင်းသွားသည်ကိုပင် သူမ မြင်နေရသည်။ သူမသည် သိချင်နေတုန်းပင်။ ဒီဦးလေးကြီးက ဘာဖြစ်နေတာလဲ။ ပုံမှန်မဟုတ်သလိုပဲ။

မေ မောင်နှမမှာတော့ ပုံမှန်မဟုတ်သော ဆက်ဆံရေးကို အတည်ပြုသလိုဖြစ်သွားသော အပြုအမူကြောင့် သိသိသာသာပင်တုန်လှုပ် သွားသည်။ သို့သော် သူတို့မျက်လုံးထဲတွင် တောက်ပသွားသည့် အလင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။

မေလော့၏မျက်နှာသည် စိတ်လှုပ်ရှားသဖြင့် နီရဲနေသည်။ အရမ်း ပျော်ဖို့ကောင်းတာပဲ။ အရှင်နဲ့ သူ့သခင်.. အရှင်က ချစ်မြတ်နိုးလွန်းလို့ အချစ် အတွက် လွတ်လပ်မှုကို လက်လျော့လိုက်တာပဲ။

အတန်ကြာပြီးနောက် သူ သက်ပြင်းရှည်ကြီးချလိုက်သည်။ ဝမ်ဝေ့သည် ရုတ်တရက် မျက်ရည်များကျလာသည်။ သူ့မျက်ရည်များသည် မိုးရွာသလို ကျလာသည်။ အတန်ကြာအောင် ငိုပြီးနောက် ရယ်ကာ ကျယ်လောင်စွာ အော်မြည်လေသည် “ထားလိုက်တော့ ထားလိုက်တော့”

ရုတ်တရက်နှင့် မထင်မှတ်စွာပင် သူသည် လက်မြှောက်ကာ မိုးပေါ်သို့ သစ္စာဆိုလေသည် “ကျွန်ုပ်ဝမ်ဝေ့သည် သခင်ပေထင်းဟွမ်ရဲ့ စောင့်ရှောက်သူ စစ်သည်ဖြစ်လာပြီး ကျွန်ုပ်ဘဝတစ်လျှောက်လုံး သူ့နောက်လိုက်ပါမယ်လို့ သစ္စာပြုပါတယ်.. ကျွန်ုပ်စကား ဖောက်ဖျက်မိပါက လူသားလောကမှာ ပျက်စီး ရပါစေသား”

ပေထင်းဟွမ် မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်း သည် ကောင်းကင်ပေါ်မှကျလာကာ သူတို့နှစ်ယောက်ကို လွှမ်းခြုံလိုက်သည်။ ငွေအလင်းတန်း ပျောက်ကွယ်သွားသည်နှင့် စာချုပ်ပြီးဆုံးသွားသည်။

ပေထင်းဟွမ်သည် ဝမ်ဝေ့အား ငေးငိုင်စွာကြည့်နေသည်။ အစောက သူမ ရင်ထဲမထိသွားဘူးဟု ပြောလိုက်လျှင် လိမ်ရာကျမည်။ သူ၏သစ္စာစောင့်သိမှု သည် အစောကပင်မရှိသေးပေ။ သူမ ရင်ထဲမထိဘဲဘယ်နေမလဲ။ ဝမ်ဝေ့သည် ချူဖုန်းနှင့် သူမအကြားမှ ဆက်ဆံရေးကိုအထင်လွဲကာ သူမကို သေလောက် အောင်မုန်းတီးနေသည်။ သို့သော် ချူဖုန်း၏ ခံစားချက်ကို အထင်လွဲသဖြင့် သူမကို တစ်ဘဝလုံးကာကွယ်ပေးချင်စိတ်ဖြစ်ကာ သူမကြောင့်နှင့် ချူဖုန်းကို ဝမ်းနည်းအောင်မလုပ်ချင်နေခြင်းပင်။

***

All Chapters