← Chapters

အနိုင်ယူပြီး အင်ပါယာမြို့ကို နင်းခြေလိုက်

Vol. 13 Ch. 257

အနိုင်ယူပြီး အင်ပါယာမြို့ကို နင်းခြေလိုက်

Vol. 13 Ch. 257

ပေထင်းဟွမ်သည် ဝမ်ဝေ့၏ ခံစားချက်များကို လိမ်မိသလို ခံစားလိုက်ရ သည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ပြန်ရုတ်သိမ်း၍မရတော့ သော်လည်း ပေထင်းဟွမ်သည် ကိစ္စများကိုရှင်းအောင်လုပ်ရမည်။

“သခင်ဝမ်ဝေ့ တကယ်တော့ ကျွန်တော်…”

ပေထင်းဟွမ် ပါးစပ်ဟသည်နှင့် ချူဖုန်းသည် ရှေ့တိုးလာသည်။ သူသည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည် “ရှောင်ကျို့ ဦးလေးဝမ် မင်းနောက်ကိုလိုက်စေချင်တာ ငါ့ဆန္ဒပါ”

ထားလိုက်ပါတော့…

ယခုအချိန်တွင် ဘာမှမပြောနိုင်သေးပေ။ ပေထင်းဟွမ် လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ပိုသန်မာအောင် လုပ်ပြီး သူမနောက်လိုက်သည့် လူများကို နောင်တမရစေရန်ဖြစ်သည်။ သူမ၏ခွန်အားသည် သူတို့အတွက် အားကောင်းသော လှုံ့ဆော်မှုပင်ဖြစ်သည်။ သူမသည် သူတို့ကို ကမ္ဘာ၏ ထိပ်ဆုံးသို့ရောက်အောင် ဦးဆောင်သွားကာ သက်ရှိသတ္တဝါများကို ငုံ့ကြည့်စေ ရမည်။

ထို့နောက် မေရှိုးနှင့်ညီမဖြစ်သူသည် သူ့နောက်လိုက်ရန် ကျိန်ဆိုလေ သည်။ သူတို့နှစ်ယောက်သည် ပေထင်းဟွမ်အား အရောင်တောက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ထိုအကြည့်တွင် လေးစားသမှု ကင်းမဲ့ခြင်းမရှိ ပေ။ ထို့အပြင် ၁၄ နှစ်အရွယ် ကြယ် ၉ ပွင့်ဝိညာဉ်သခင်သည် ဤတိုက်ကြီးတွင် မကြုံစဖူးဖြစ်သည်။

ထို့အပြင် သူတို့နှစ်ယောက်၏ ခွန်အားသည် ဝမ်ဝေ့ထက်နိမ့်သည်။ မေရှိုးသည် ကြယ် ၃ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်ကာ မေလော့သည် ကြယ် ၉ ပွင့် ဝိညာဉ်သခင်ဖြစ်သည်။ သို့သော် ထိုသို့ဆိုလျှင်တောင် သူတို့နှစ်ယောက်သည် လှည့်လည်သွားလာသူစခန်းတွင် ကျွမ်းကျင်သူများဟု သတ်မှတ်၍ရသည်။

“အရမ်းကောင်းတယ်” ပြောင်မြောက်သောအနက်ရောင်ဝတ်စုံဝတ်ဆင် ထားသည့် အေးစက်သောလူငယ်သည် တဲအလယ်တွင်ရပ်နေသည်။ သူ၏ မောက်မာသောရောင်ဝါသည် မာကြောသောနှလုံးသားကိုပင် လှုပ်ရှားသွားစေ နိုင်ကာ သူမ၏ အနည်းငယ်ပျော့ပျောင်းပြီး ပိန်လှီသောခန္ဓာကိုယ်တွင် အစွမ်း ထက်သောစွမ်းအင်များ ပါဝင်နေသည်မှာ သေချာသည်။ သူမအားစိုက်ကြည့် နေသည့် မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးလေးစုံကိုမြင်သောအခါ ပေထင်း ဟွမ်သည် မျက်ခုံးကိုပင့်တင်ကာ ပြတ်သားသောအမူအရာပေါ်လာသည် “အခုကစပြီး ခင်ဗျားတို့က ငါ့လူတွေဖြစ်သွားပြီဆိုတော့ ခင်ဗျားတို့ကိစ္စကို အနည်းနဲ့အများ နားလည်ရတော့မယ်.. ငွေလရောင်အင်ပါယာရဲ့ ဧကရာဇ်က ချူဖုန်းရဲ့အစ်ကိုကြီးပေါ့.. အဲတုန်းက ရာဇပုလ္လင်အတွက် နန်းလုတာတွေဖြစ်ခဲ့ မယ်ထင်တယ် ပြီးတော့ ဧကရာဇ်က ချူဖုန်းနောက်ကို လိုက်ခဲ့တယ်.. အင်ပါယာ တစ်ခုလေးပဲမဟုတ်ဘူးလား”

ပေထင်းဟွမ်သည် လက်မြှောက်ကာ ရုတ်တရက်ဝေ့ယမ်းလိုက်သည် “ချူဖုန်း ငါ မင်းကိုအရင်က ပြောဖူးပါတယ်.. မင်းရန်သူက ဘယ်သူပဲဖြစ်ဖြစ် သူ ဘယ်လောက်ပဲအားကောင်းပါစေ ငါ မင်းကိုကူညီမယ်.. ငွေလရောင်အင်ပါယာ ပဲမလား.. တစ်နေ့ ငါတို့အဲနယ်မြေကို အောင်နိုင်ပြီး ငွေလရောင်မြို့ကို နင်းခြေ ပစ်မယ်”

“အင်ပါယာတစ်ခုလုံးကို အောင်နိုင်ပြီး ငွေလရောင်မြို့ကို နင်းခြေမယ်” မေရှိုးနှင့် ညီမဖြစ်သူသည် လက်ချင်းတွဲကာ ထခုန်လေသည်။ သူတို့သည် အလွန်ပျော်ရွှင်မိသည်။ သူတို့ ငွေလရောင်မြို့မှ ခွေးပြေးဝက်ပြေးပြေးခဲ့ရသည့် နှစ်များကို မှတ်မိနေတုန်းပင်။ သူတို့ကိုကာကွယ်ရန် သူတို့၏မိဘများသည် အင်ပါယာဧကရာဇ်၏ သားသတ်သမားများလက်အောက်တွင် ဆုံးပါးခဲ့ရသည်။ သူတို့သည် မှော်သားရဲတောတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းကာ ဝိညာဉ်ခွဲ တောင်တန်းမှ တစ်ဖဝါးမှမခွာရဲပေ။ သူတို့သည် နှစ်ပေါင်းများစွာ နစ်နာခဲ့ရ သည်။ ယခုအခါ အင်ပါယာတစ်ခုပါဟု ပြောသည့်လူနှင့်တွေ့နေရသည်။ အင်ပါယာမြို့တော်ကို စီးနင်းပြီး နင်းခြေမည်ဟု ပြောရသည်မှာ ခံစားရအလွန် ကောင်းသည်။

သူတို့ရှေ့မှလူငယ်ကိုကြည့်ပြီး ဝမ်ဝေ့သည်လည်း ဆူပွက်လာသည်။ ဤလူငယ်သည် သူတို့ကိုသတ္တိများပေးစွမ်းသည်။ နှစ်ပေါင်းများစွာ ပြည်နှင်ဒဏ်ခံရပြီးနောက် ဆုံးရှုံးသွားခဲ့သည့် ပစ္စည်းများကို ကောက်ယူပြီး ပြန်ပေးရမည့်အရေးကို ကူညီပေးခဲ့သည်။ သူတို့သာ ဤသတ္တိအတိုင်း ဆက်ပြီး ထောက်ပံ့သွားမည်ဆိုပါက ရှေ့ဆက်လျှောက်နိုင်လိမ့်မည်။

“ရှောင်ကျို့ ကျေးဇူးအများကြီးတင်ပါတယ်” ချူဖုန်းသည် လျှောက်သွား ကာ ပေထင်းဟွမ်အား လက်ဖြင့်သိုင်းဖက်လိုက်သည်။ သူသည် သူ၏မျက်နှာ ကို သူမပခုံးပေါ်မှီရင်းနှင့် အပူလှိုင်းများကြွလာသည်။ သူသည် အသက်ပြင်းပြင်းရှူကာ တောင့်ခံနေသည်။

“ချူဖုန်း” ပေထင်းဟွမ်သည် သူ့ပခုံးကို ညင်သာစွာပုတ်လိုက်သည် “မင်း ငိုချင်ရင် ငိုချလိုက်ပါ သက်တောင့်သက်သာမဖြစ်ရင် ငါ့ကိုပြော”

“ရှောင်ကျို့.. အဲတုန်းက ခမည်းတော်က အိမ်ရှေ့စံအရာကို ငါ့ကိုပေးခဲ့ တာ..” ထိုသို့ပြောပြီးနောက် ချူဖုန်းသည် မငိုဘဲမနေနိုင်တော့ပေ။ သူ့မျက်ရည် များသည် ပေထင်းဟွမ်၏ပခုံးကို စိုစွတ်သွားစေ၏။ ထိုအချိန်တွင် သူသည် ၁၃ နှစ်သာရှိသေးရာ ငယ်ရွယ်သောကြောင့် အားနည်းခဲ့ရသည်။

“ချူဖုန်း ဒီအတိုင်းပုလ္လင်တစ်နေရာပဲမဟုတ်ဘူးလား ပြန်လုကြတာပေါ့” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည်။ သူမ၏လေသံသည် ဘာမှမဟုတ် သလိုဖြစ်နေရာ ထိုထီးနန်းသည် ခွေးလက်ထဲမှ လုယူရမည့် ပေါက်စီတစ်လုံးကို ပြောနေသလိုပင်။ သို့သော် သူမ၏လွှမ်းမိုးနိုင်သော အပြုအမူကြောင့် သူမကို မည်သူမှ သံသယမဝင်ပေ။ သူမသည် နောက်နေခြင်းမဟုတ်ပေ။

သူမ ပြန်လုမည်ဟုပြောလျှင် သူမသည် သေချာပေါက် ပြန်လုမည်။

***

All Chapters