← Chapters

အဖွဲ့ *

Vol. 13 Ch. 258

အဖွဲ့ *

Vol. 13 Ch. 258

အနက်ဝတ်လူငယ်၏ စိတ်ဓာတ်မြင့်မားသောအသွင်အပြင်ကိုကြည့်ရာ သူမ၏အသံသည် အဆုံးမရှိသောစွမ်းအားဖြင့် ပြည့်နေ၏။ ဝမ်ဝေ့သည် နောက်ဆုံးမှပင် အမြဲတစေအေးစက်ပြီး မာနကြီးသည့်အရှင်သည် ဤလူငယ် ကို ဘာကြောင့် သူမတူစွာဆက်ဆံသည်ကို နားလည်သွားတော့သည်။ ဖြစ်နိုင် သည်မှာ ဤလူငယ်နောက်လိုက်ခြင်းသည် ကောင်းမွန်သောရွေးချယ်မှုဖြစ်တန် ရာသည်။

ပေထင်းဟွမ်သည် အစက ဝမ်ဝေ့ကို သူမ၏ခွန်အားဖြင့် စည်းရုံးချင်ခဲ့၏။ သူမသည် ဝမ်ဝေ့ သူမနောက်လိုက်သည်မလိုက်သည်ကို ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်မှာ ချူဖုန်း၏စိတ်နှလုံးကိုဖြစ်သည်။ သူမသည် သူမကိုသစ္စာရှိ သည့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပေ။

“ကျွန်တော်အရင်က သံမဏိသွေးလို့ခေါ်တဲ့ ကြေးစားအဖွဲ့ပိုင်ဖူးတယ်.. နောက်ဆိုရင် ခင်ဗျားတို့လည်း ကြေးစားအဖွဲ့ဝင်တွေဖြစ်သွားကြပြီ.. မှော်သားရဲတောထဲက ကြေးစားအဖွဲ့ကို ချူဖုန်းက ဦးဆောင်လိမ့်မယ်.. နောက် နှစ်ရက်နေရင် ချိုင့်ဝှမ်းအပြင်ဘက်က ရှေးသစ်ပင်ကောက်ကြီးရှေ့မှာတွေ့ပြီး ဝိညာဉ်ခွဲတောင်တန်းကို အတူသွားရအောင်” ပေထင်းဟွမ် ပြောလိုက်သည်။

“သခင် အရှင့်နာမည်အောက်မှာ အယောက် ၂၀ လောက်ပါတဲ့ အဖွဲ့တစ် ဖွဲ့ရှိပါတယ်.. သူတို့တွေအကုန်လုံးက အဆင့်မြင့်ကြယ် ၂ ပွင့်တွေချည်းပဲ.. ကျွန်တော်တို့အဖွဲ့က အရမ်းမသန်မာပေမဲ့ ဝိညာဉ်ခွဲတောင်တန်းကို ဝင်ရန် အန္တရာယ်များနိုင်တယ်.. ကျေးဇူးပြုပြီး မျိုးနွယ်ကြီးလေးခုကလူတွေကို တောင်းပန်ပြီး သူတို့နောက်ကနေ ဝိညာဉ်ခွဲတောင်တန်းကိုလိုက်ပါမယ်လို့ ပြောလိုက်ပါလား” ဝမ်ဝေ့သည် ဝိညာဉ်ခွဲတောင်တန်း၏အခြေအနေကို ပေထင်းဟွမ် နားမလည်မည်ကိုကြောက်သည်။ ဝိညာဉ်ခွဲတောင်တန်းတွင် အဆင့်မြင့်မှော်သားရဲများစွာရှိသည်။ အဆင့်မြင့်ကြယ်မွန်မြတ်သားရဲမှသာ သူတို့ကို ကိုင်တွယ်နိုင်လိမ့်မည်။ သူပင်လျှင် ထို့နက်ပိုနက်အောင် မသွားရဲပေ။

ယခုအခါ တချို့သောပြိုကွဲနေကြသည့် အင်အားစုများသည် နေရာတိုင်း တွင် အဆက်အသွယ်ရရန် ကြိုးစားနေကြသည်။ သူတို့အဖွဲ့သည် ဝိညာဉ်ခွဲ တောင်တန်းသို့ဝင်ရန် မျိုးနွယ်ကြီးလေးခုနှင့် ပူးပေါင်းချင်သည်။ ထို့အပြင် ပေထင်းဟွမ်သည် ပေထင်းမိသားစုဝင်ဖြစ်ရာ ခြွင်းချက်အဖြစ်ထားရန် လွယ်ကူ နိုင်သည်။

အယောက် ၂၀ ပါတဲ့အဖွဲ့လား။ ပေထင်းဟွမ်၏ တောက်ပသောမျက်လုံး များသည် အတွေးများပြည့်သွား၏။ သူမ၏ လှပသောနှုတ်ခမ်းများသည် လှပ သောအပြုံးအဖြစ်ပြောင်းသွားလေသည်။ “ကောင်းပါတယ် မိသားစုကြီးလေးခု က အခုလောလောဆယ် သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်သေးဘူး.. ကျွန်တော်တို့သာ သူတို့နောက်လိုက်ရင် ကျွန်တော်တို့ပါ အကုန်ရှုပ်ကုန်လိမ့် မယ်… ဦးလေးဝမ် စိတ်မပူပါနဲ့ ကျွန်တော့်မှာ ဓား ၃ လက်ကြယ်ဓားသခင် အဆင့်ရှိတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်.. အချိန်တန်ရင် ကျွန်တော်တို့ သုံးယောက်က အဖွဲ့ထဲဝင်လာမှာ အဲဒါကပြဿနာမဟုတ်ပါဘူး”

“ဟုတ်တယ် ဦးလေးဝမ်.. ရှောင်ကျို့သာ ဒီမှာရှိနေရင် စိတ်ပူဖို့မလိုဘူး” ချူဖုန်းသည် ပေထင်းဟွမ်ကို အထူးသဖြင့် ယုံကြည်သည်။ သူတို့၏ယုံကြည် ချက်သည် ခံစားချက်များနှင့် မသက်ဆိုင်ပေ။ ၎င်းသည် ဆင်ခြင်တုံတရားရှိ သည့် အကဲဖြတ်ချက်ပင်။ “ဒီတစ်ခါ ဝိညာဉ်ခွဲတောင်တန်းအနက်ထဲကိုသွားပြီး ကြည့်မယ်.. တောင်ကြားလေးထဲမှာ သဘာဝရတနာတွေ အများကြီးရှိတယ်လို့ ကြားတယ်.. ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်မရရင်တောင် ကျွန်တော်တို့ ခွန်အားတိုးဖို့ဆို ဝိညာဉ်သစ်သီးတချို့စုတာလည်းမဆိုးပါဘူး”

ဝိညာဉ်သစ်သီးများအကြောင်းပြောလျှင် ပေထင်းဟွမ်သည် သိုလှောင် လက်စွပ်ထဲမှ ဝိညာဉ်နဂါးမောက်သီးကို သတိရမိသွားသည်။ သူမ ဝိညာဉ်ခွဲ တောင်ကြားတွင်ရှိစဉ်က ဝိညာဉ်သစ်သီးသုံးလုံးစုခဲ့သည်။ တစ်လုံးကို သူမ ကိုယ်တိုင်ယူသည်။ နှင်းဝံပုလွေကြေးစားအဖွဲ့သည် တာဝန်ပြီးမြောက်ရန် အတွက် တစ်လုံးယူသည်။ အစက နောက်တစ်လုံးကို လက်ဆောင်အဖြစ် ပေးရန်စီစဉ်ထားသည်။ သို့သော် လမ်းတစ်လျှောက်တွင် ထပ်တွေ့နိုင်သေး သဖြင့် သိမ်းထားရန်မလိုတော့ပေ။

ပေထင်းဟွမ်သည် လက်ဖဝါးကိုလှန်လိုက်ရာ ချယ်ရီသီးနှင့်တူသော ဝိညာဉ်နဂါးမောက်သီးသည် သူမ၏လက်ပေါ်တွင်ပေါ်လာကာ မွှေးပျံ့သော ရနံ့များပြန့်သွား၏။ သူမသည် ထိုသစ်သီးကိုချူဖုန်းဆီသို့ ပေးကာ ပြောလိုက် သည် “ဒါအရင်ယူထားပြီး မင်းခွန်အားကို အရင်တိုးအောင်လုပ်ထားလိုက်.. ဒီသစ်သီးနဲ့ အဆင့်ကျော်ဖြတ်နိုင်ဖို့ဆိုတာ မလွယ်ပေမဲ့ ကြယ် ၂ ပွင့်လောက် အဆင့်တက်ဖို့တော့ ပြဿနာမဖြစ်နိုင်ဘူး”

ဝိညာဉ်နဂါးမောက်သီးလား။

ဝမ်ဝေ့၏မျက်လုံးများသည် ပြူးထွက်လာသည်။ ဝိညာဉ်နဂါးမောက်သီး သည် လူတစ်ယောက်၏ ကျင့်ကြံမှုကို တိုးရာတွင် တိုးစေသည့် ကောင်းကင် ရတနာတစ်ပါးဖြစ်သည်။ ဝိညာဉ်နဂါးမောက်သီးရှိသည့်နေရာတွင် မွန်မြတ် သောသားရဲများစွာ စောင့်ကြပ်ကြသည်။ လူသားဝိညာဉ်သခင်တစ်ယောက် သည် ကောင်းကင်အဆင့်သို့ တက်သည်ထက် ထိုအရာကိုရဖို့ကခက်သည်။ ဝိညာဉ်နဂါးမောက်သီး၏ စွမ်းအားသည် အထူးတလည်နူးညံ့ကာ စားသုံး ပြီးနောက် မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိပေ။ ထိုအရာကြောင့်ပင် လူ အများအပြားသည် သစ်သီးရပြီးသည်နှင့် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားကာ နောက်တစ်ဆင့်တက်ရန်အတွက်သာ စားသုံးကြသည်။

***

All Chapters