← Chapters

အရှင်က တပ်မှူးဖြစ်လာတယ်

Vol. 13 Ch. 259

အရှင်က တပ်မှူးဖြစ်လာတယ်

Vol. 13 Ch. 259

“ရှောင်ကျို့ ဒါက အရမ်းအဖိုးတန်လွန်းတယ်” ချူဖုန်း၏ နဂိုကတည်ငြိမ် နေသောမျက်လုံးများသည် မုန်တိုင်းကဲ့သို့ လှုပ်ခတ်လာသည်။ သူ၏အသက်ရှူ သံသည် အနည်းငယ်ပိုမြန်လာသည်။ ၎င်းသည် သူဝိညာဉ်သစ်သီးကိုမြင်လိုက် ရခြင်းကြောင့်မဟုတ်ဘဲ ပေထင်းဟွမ်ကြောင့်ဖြစ်သည်။ သူမသည် ဤကဲ့သို့ အဖိုးတန်သောအရာကို သူ့ကိုပေးရန် ဆန္ဒရှိသည်။ “မင်းက အခု ကြယ် ၉ ပွင့် သိုင်းပညာရှင်ပဲ.. အဲဒါကြောင့် မင်းသုံးတာ ပိုအကျိုးရှိမှာ”

ပေထင်းဟွမ်သည် အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ သို့သော် ချူဖုန်း ၏ မထိန်းချုပ်နိုင်သော မျက်နှာထားကိုကြည့်ပြီး ချူဖုန်း၏ ခံစားချက်ကို နားလည်သည်။ “ငါတစ်လုံးစားပြီးသွားပြီ နောက်တစ်လုံးထပ်စားရင် အသုံးဝင် မှာမဟုတ်ဘူး.. အစကတော့ ဒီတစ်လုံးကို သူငယ်ချင်းတစ်ယောက်ကို ပေးမလို့ ပဲ.. ဒါပေမဲ့ အခု မင်းကလိုနေတာဆိုတော့ မင်းပဲစားလိုက်ပါ.. လမ်းမှာ ကောင်းတာတစ်ခုတွေ့ရင် သူ့အတွက်ချန်ထားလိုက်တာပေါ့”

ချူဖုန်းသည် ခေါင်းငုံ့ကာ ဝိညာဉ်နဂါးမောက်သီးကို ကြည့်လိုက်သည်။ လူငယ်၏ နှင်းဖြူရောင်လက်သည် နီရဲနေသောအသီးကို ဆုပ်ကိုင်ထားသည်။ သူမသည် သူငယ်ချင်းတစ်ယောက်ကို ပေးမည်ဟု ပြောခဲ့သည်။ သူမသည် လူများအပေါ် သဘောထားကြီးသည်။ သူမသည် သူ့ကို သူငယ်ချင်း တစ်ယောက်လိုဆက်ဆံသည်။ သူသာ ငြင်းဆန်လိုက်လျှင် သူမကို စိတ်ပျက် စေမည်။

“ဟုတ်ပြီ ငါစားမယ်” ချူဖုန်းသည် ဝိညာဉ်နဂါးမောက်သီးကို သူမ လက်ထဲမှကောက်ယူလိုက်ရာ သူ၏လက်ချောင်းထိပ်များသည် သူမ၏ အေးစက်သောလက်ဖဝါးကို ထိမိသွား၏။ သူ့နှလုံးသားထဲတွင် လှိုင်းဂယက် များ ထ,သွားသည်။ သူသည် သူမနောက်လိုက်ကာ တစ်ဘဝလုံး သူမကို ကာကွယ်သွားမည်ဟု ဆုံးဖြတ်ပြီးသားပင်။ သူ၏ခွန်အား အဆက်မပြတ် တိုးတက်နေမှသာ သူမဘေးတွင်ရပ်ရန်နှင့် ကာကွယ်ရန် အရည်အချင်းပြည့်မှီ မည်ဖြစ်သည်။

ပေထင်းဟွမ်၏ပုံရိပ်သည် တဲကန့်လန့်ကာနောက်တွင် ပျောက်ကွယ် သွားလေသည်။ ဝမ်ဝေ့သည် သူမအရိပ်အမှောင်ထဲတွင် ပျောက်ကွယ်သွား သည်အထိစောင့်ပြီး ကန့်လန့်ကာကို ပြန်ချလိုက်သည်။

ချူဖုန်းသည် လက်ထဲတွင် ဝိညာဉ်နဂါးမောက်သီးကို ကိုင်ထားသည်။ မေရှိုးနှင့်မေလော့တို့သည် သူ့နားဝိုင်းလာကြသည်။ မေရှိုးသည် အလွန်ပင် စိတ်လှုပ်ရှားနေသည် “အရှင် မြန်မြန်စားလိုက်လေ.. ဒီအသီးက အနည်းဆုံး ကြယ် ၂ ဆင့်တက်စေပြီး ဝိညာဉ်သခင်ကြီးဖြစ်နိုင်တယ်လို့ ကြားဖူးတယ်… ပြီးခဲ့တဲ့တစ်ခေါက်က ကန့်ဂျီကျယ်က မီးဝိညာဉ်အသီးရခဲ့တာ.. အဲအသီးက ဝိညာဉ်နဂါးမောက်သီးကိုတောင်မမှီတာကို အရမ်းဂုဏ်ယူနေဲ့တာလေ.. အရှင် သာ ဒီဝိညာဉ်နဂါးမောက်သီးကိုစားပြီး ကြယ် ၂ ပွင့်တစ်ခါတည်းတက်သွားရင် နောက်တစ်ခါ သူ့ကိုတွေ့လိုက်ကတော့ မညှာတမ်းသာ နင်းခြေပစ်လိုက်တော့”

“ဟုတ်တယ် ဝိညာဉ်နဂါးမောက်သီးနဲ့ယှဉ်ရင် မီးဝိညာဉ်အသီးက သာမန် သစ်သီးပဲလေ.. လှည့်လည်သွားလာသူစခန်းမှာ ပတ္တမြား သန်း ၃၀ နဲ့တောင် ရောင်းနေတာ.. ဝိညာဉ်နဂါးမောက်သီးဆိုရင် ဘယ်လောက်နဲ့ရောင်းရမလဲမသိ ဘူး” မေလော့သည် မျက်နှာလေးရဲလာသည်အထိ ပျော်ရွှင်နေသည်။

ဝမ်ဝေ့အတွက် ချူဖုန်း၏ခွန်အား တိုးလာသည်ကိုကြည့်ရသည်ထက် ပျော်စရာမရှိတော့ပေ။ သည်တစ်ခါတွင် ပေထင်းဟွမ်ကြောင့် ချူဖုန်း လမ်းမှား ရောက်သွားမည်ကို သူမစိုးရိမ်နိုင်တော့ပေ။ “လွန်ခဲ့တဲ့ ၁၀ နှစ်က ရှန့်ကျီလေလံ အိမ်မှာ ဝိညာဉ်နဂါးမောက်သီးကို ပတ္တမြား ကုဋေငါးရာအမြင့်ဆုံးဈေးန့ ရောင်း ခဲ့တယ်”

“မိုးနတ်မင်းရေ ကုဋေငါးရာတောင်လား ကျွန်မတို့တွေ ဝိညာဉ်ခွဲတောင် တန်းမှာ နှစ်တွေအများကြီးသွားလာနေခဲ့တာ.. ဒီဝိညာဉ်နဂါးမောက်သီးဝယ်ဖို့ ဆယ်ပုံတစ်ပုံတောင်မရသေးဘူးပဲ.. ပြီးတော့ အဲဒါက လွန်ခဲ့တဲ့ ၁၀ နှစ်က ဈေးပဲရှိသေးတယ်” မေလော့သည် ထိတ်လန့်မှုကို ခံစားရသဖြင့် သူမ၏ ရင်ဘတ်သေးသေးလေးကို ပုတ်နေသည် “အရှင် ဒီသခင်ပေထင်းဟွမ်က တကယ်ရော ပေထင်းမိသားစုရဲ့ သခင်လေး ၉ ဟုတ်ရဲ့လား.. သူက ဘာလို့ အသုံးမကျဘူးလို့ ကောလဟလတွေထွက်တာလဲ”

“ဟုတ်တယ် အရှင် ဒီသခင်က အရမ်းကိုသဘောထားကြိးတာပဲ.. အရှင့် ကိုတောင် ဝိညာဉ်နဂါးမောက်သီးပေးသေးတယ်” မေရှိုးသည် ထခုန်မတတ်ပင် “ဒီသခင်နဲ့ ဝိညာဉ်ခွဲတောင်တန်းကို သွားဖို့မျှော်လင့်နေပြီ သူ ကျွန်တော့်ကို မွန်မြတ်တဲ့သားရဲပေးရင်ပေးမှာ”

“မွန်မြတ်တဲ့သားရဲဟုတ်လား အစ်ကိုကြီး အိပ်မက်မက်နေလိုက်” မေလော့သည် သူ့ကိုစနောက်နေသော်လည်း သူမလည်း မျှော်လင့်နေမိသည် “ကျွန်မအတွက်ကတော့ မွန်မြတ်တဲ့သားရဲထားလိုက်ပါ.. ဝိညာဉ်သားရဲ တစ်ကောင်လောက်ရရင်ကို ရယ်နိုင်ပြီ”

“အိပ်မက်မက်မနေနဲ့ ငါတို့တွေမှော်သားရဲဖမ်းမိုရင်တောင် သားရဲထိန်း သခင်မရှိရင် အသုံးမဝင်ဘူး” ဝမ်ဝေ့သည် ချူဖုန်းကို တိုက်တွန်းလိုက်သည် “အရှင် နောက်ကျနေပြီ ဝိညာဉ်နဂါးမောက်သီးကို ဖြစ်နိုင်သလောက်မြန်မြန် သန့်စင်တာကောင်းမယ်”

“အင်း” ချူဖုန်းသည် ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ မျက်လုံးမမှိတ်ခင်တွင် ညွှန်ကြားလိုက်၏ “နောက်ဆိုရင် အရှင်လို့မခေါ်နဲ့တော့ တပ်မှူးလို့ပဲခေါ်ပါ”

***

All Chapters