← Chapters

ဒေါ်လေး...ကျွန်တော်လည်း ဒေါ်လေးကို လွမ်းတယ်

Vol. 13 Ch. 260

ဒေါ်လေး...ကျွန်တော်လည်း ဒေါ်လေးကို လွမ်းတယ်

Vol. 13 Ch. 260

ညဘက်တွင် ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ပိုင်ဆိုင်သည့် သူမ၏ တဲဆီသို့ပြန်လာသည်။ အထဲတွင်အိပ်နေရမည့်ထိုလူမရှိသော်လည်း ပေထင်းလင်းသည် အထဲတွင်စောင့်နေသည်။

“ဒေါ်လေးလား”

ပေထင်းဟွမ်သည် တဲကိုဖွင့်ကာ အလွန်အံ့ဩသွားသည်။ လသည် ကောင်းကင်ထက်တွင် ထွန်းလင်းနေပြီဖြစ်သည် “ဒီကိုဘာလို့ရောက်လာတာ လဲ”

ပေထင်းလင်းသည် သူမကို စောင့်နေသည်မှာ အတော်ကြာပြီဖြစ် သော်လည်း စိတ်မရှည်ခြင်းမဖြစ်ပေ။ “တုန်ဖန်းကျောက်ကို သူ့အစ်ကိုနဲ့ သွားနေခိုင်းလိုက်တာ.. ဒေါ်လေးက မင်းကိုအဖော်ပြုပေးဖို့ လာတာ”

ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ ပေထင်းလင်းသည် သူမ၏ လိင်ကို သိသည်မသိသည်ကို သူမ မသိသော်လည်း သူမတွင်လည်း မေးစရာမေးခွန်း များစွာရှိနေသည်။ ပေထင်းလင်းမလာလျှင်တောင် မနက်ဖြန်မနက်တွင် သူမကို သွားရှာရန်ဖြစ်သည်။ သူမသည် အမြန်ပင်လျှောက်လာပြီး ပေထင်းလင်းကို သစ်သားအိပ်ရာပေါ်ဆွဲထိုင်ခိုင်းလိုက်သည် “ဒေါ်လေး အစ်ကိုကြီးဘယ်လိုနေလဲ.. ဦးလေးရော ဘယ်လိုနေလဲ”

ပေထင်းဟွမ်သည် အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။ ဤခန္ဓာကိုယ်ထဲမှ မချုပ်တည်းနိုင်သော နွေးထွေးသည့် မှတ်ဉာဏ်များသည် ကျန်ရှိနေတုန်းပင်။

“အစ်ကိုကြီးအတွက်တော့ စိတ်မပူပါနဲ့.. သူအဆင်ပြေတယ်.. ဒီတစ်ခါ မင်း လော့ပေမြို့ကနေ ထွက်သွားပြီးတော့ မင်းဦးလေးနဲ့ အစ်ကိုကြီးလည်း မင်းကိုပဲတွေးနေတာ.. ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်နှစ်မှာ မိသားစုတွင်းမှာ အများကြီး ဖြစ်ပျက်ခဲ့တယ်.. မင်းဦးလေးလည်း ထွက်မရဘူး.. မင်းရဲ့အစ်ကိုကြီးလည်း အဘိုးရဲ့စည်းမျဉ်းတွေကြောင့် ဝိညာဉ်ဂိုဏ်းကိုမဖြတ်နိုင်သရွေ့ အပြင်ထွက်ခွင့် မရှိဘူး.. မင်းအစ်ကိုကြီးက ကျင့်ကြံခြင်းကို ရူးသွပ်ပြီး တစ်နေကုန်ကို ကျင့်ကြံ နေတော့တာပဲ” ပေထင်းလင်းသည် စိတ်မကောင်းစွာဖြင့် ပြောလေသည်။

“အစ်ကိုကြီး..” ပေထင်းဟွမ်သည် သူမ၏ရှုပ်ထွေးသော ခံစားချက်များကို မဖော်ပြနိုင်တော့ပေ။ သူမ၏ မှတ်ဉာဏ်အတွင်းထဲတွင် ၁၆ နှစ်အရွယ် ကောင်လေးသည် ၇ နှစ်အရွယ်ကလေးကို ကတိပေးခဲ့သည့် မြင်ကွင်းကို ထင်ထင်ရှားရှားမှတ်မိနေတုန်းပင်။ “ရှောင်ကျို့ အစ်ကိုကြီးက မင်းကို ပြန်လာ ခေါ်မယ်လို့ ကတိပေးတယ်.. အဲနေ့မြန်မြန်ရောက်အောင် ငါ သေချာပေါက် ကြိုးစားမယ်”

ထိုနှစ်များတွင် အစ်ကိုကြီးသည် သူမကိုလော့ပေမြို့မှလာခေါ်ရန် အတွက် ဝိညာဉ်ဂိုဏ်းကိုကျော်ဖြတ်နိုင်ရန် ကြိုးစားနေခဲ့သည်။

“ကျွန်တော်လည်း အစ်ကိုကြီးကိုလွမ်းတယ်” ပေထင်းဟွမ်၏ နှလုံးသား မှာနွေးထွေးသွားသည်။ သူမသည် ပေထင်းလင်း၏ ပခုံးကို ခေါင်းမှီလိုက်သည် “ဒေါ်လေး.. ဒေါ်လေးကိုလည်းလွမ်းနေခဲ့တာ”

“လိမ္မာလိုက်တဲ့ကလေး” ပေထင်းလင်းသည် သူမကို ရင်ခွင်ထဲတွင် ပွေ့ဖက်ကာ မျက်ရည်များသည် မျက်နှာမှစီးကျလာလေသည်။ သူမသည် ပေထင်းဟွမ်၏လက်ထဲသို့ ဆေးပုလင်းတစ်လုံးထည့်လိုက်သည် “ဒါက မင်း ဦးလေးသန့်စင်ထားတဲ့ အသက်ပြန်ရှင်ဆေးပဲ.. မင်းကိုယ်မင်း ကောင်းကောင်း ကာကွယ်ရမယ်”

ပေထင်းဟွမ် ငယ်စဉ်က သူမ၏ဦးလေးသည် လော့ပေမြို့တွင် သူမ၊ အစ်ကိုကြီးတို့နှင့်အတူ အဖော်ပြုပေးခဲ့သည်။ သူမ၏အစ်ကိုကြီးကို မိသားစုမှ ဆင့်ခေါ်ပြီးနောက်တွင် ဦးလေးဖြစ်သူသည် လော့ပေမြို့သို့ တစ်နှစ်တစ်ခါ တော့ပြန်လာတတ်သည်။ သူသည် သူမကို ဂရုစိုက်သည်။ သူသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန်ကူညီပေးခဲ့သည်။ သူမ ကျင့်ကြံနိုင်ရန်အတွက် နည်းလမ်းကို ရှာပေးချင်ခဲ့သည်။

သူမ၏လက်ထဲတွင် အလွန်ကောင်းမွန်သည့် ကျောက်စိမ်းဝိညာဉ်ဆေးရှိ သော်လည်း ဦးလေးဖြစ်သူမှ သန့်စင်ထားသည်ဟု ကြားသည်နှင့် ယူလိုက်၏။ သူမသည် လက်ထဲတွင်ဆေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ခေါင်းညိတ်လေသည် “ဒေါ်လေး ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်း ဂရုစိုက်မှာပါ.. စိတ်မပူပါနဲ့ သူများတွေ ကျွန်တော့်ကိုအထင်သေးလေလေ ကျွန်တော့်ဘဝက ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလေလေပဲ”

သူမသည် ကောင်းကင်အဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာလို တော့သည်။ ဝိညာဉ်ခွဲတောင်တန်းသို့ မဝင်ခင်ပင် ကောင်းကင်အဆင့်သို့ ရောက်ချင်လည်းရောက်သွားနိုင်သည်။ ထို့အပြင် ခွန်အားပိုများလျှင် ပိုလုံခြုံ လေဖြစ်သည်။

ပေထင်းလင်းထွက်သွားပြီးနောက် ပေထင်းဟွမ်သည် တဲမှထွက်လာခဲ့ လိုက်သည်။

ဝိညာဉ်ခွဲတောင်တန်း၏ ညမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်း၏။ ဤအချိန်ဆိုလျှင် မှော်သားရဲအများအပြားသည် အစာရှာထွက်တတ်ကြသည်။ အားကောင်းသောကောင်းကင်အဆင့် ဝိညာဉ်သခင်သည် ဤအချိန်တွင် မည်မျှ ပင် သတိရှိစေကာမူ အပြင်မထွက်ရဲကြပေ။ သို့သော် ပေထင်းဟွမ်သည် မကြောက်ပေ။ သူမသည် နဂိုကတည်းကပင် ည၌လှုပ်ရှားရာတွင် လိုက်ဖက် သည့် သတ္တဝါပင်။ ထို့အပြင် သူမသည် မှော်သားရဲတောတွင် သုံးလကြာ တစ်ယောက်တည်းလှည့်လည်နေခဲ့သည်။ ပေထင်းဟွမ်တွင် အတွေးရှိပြီးသား ဖြစ်သည်။ သူမ၏ခွန်အားသည် လွန်ခဲ့သည့် သုံးလကထက်ပင် ပိုသန်မာလာခဲ့ သည်။ သူမသည် အဆင့်မြင့်မွန်မြတ်သောသားရဲနှင့်တွေ့လျှင်တောင် တိုက်ခိုက်နိုင်သည့် ခွန်အားရှိသည်။ နတ်သားရဲနှင့်မတွေ့သရွေ့ ဘာကိုမှ ကြောက်ရန်မလိုပေ။

***

All Chapters