← Chapters

ဆေးစွမ်းအား

Vol. 16 Ch. 216

ဆေးစွမ်းအား

Vol. 16 Ch. 216

ရုပ်စိုးစိုးနှင့်လူက သူ့အပေါ် အရေးတစိုက် ရှိနေသည်ကို မြင်ရသည့်အခါ ဟန်လိက ထိုသူ့ထံမှ အခွင့်အရေးတစ်ခု ရှာဖို့ ကြိုးစားသည့်အပေါ် ရှက်ရွှံ့သွားမိ၏။ အစတုန်းက သူသည် ထိုသူ့ကို သင်ခန်းစာတစ်ခု ပေးမည်ဟု စိတ်ကူးထားတာကိုလည်း စွန့်လွှတ်လိုက်၏။ တကယ်တော့ သည်ရုပ်စိုးစိုးနှင့်လူက အတိတ်တုန်းက သူ့အပေါ် ရိုင်းပြခဲ့သည်ကလွဲ၍ သူ့ကို တခြား ကြီးကြီးမားမား စော်ကားရန်စခဲ့တာ မရှိပေ။

ထိုသို့တွေးကာ ဟန်လိ၏ အမူအရာသည် ပြေလျော့သွားပြီး သူက ဆိုသည်။ “တခြား ကိစ္စမရှိတော့ရင် ကျုပ် သွားတော့မယ်…”

ယင်းသို့ ပြောကာ သူ ထွက်သွား၏။ သူ ပေါ့ပါးလွတ်လပ်နေပါ၏။

ရုပ်စိုးစိုးနှင့်လူက ထွက်ခွာသွားသော ဟန်လိကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချမိသည်။ ထို့နောက် သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒါက တကယ်ပဲ အကျိုးအကြောင်း မသင့်လှဘူး။ သူက သူ့ကိုယ်သူ မြေကမ္ဘာမီးအခန်းထဲမှာ ပုန်းနေခဲ့ပြီး တံခါးပိတ်ကျင့်ကြံပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားခဲ့တယ်တဲ့။ ငါကျတော့ တိတ်ဆိတ်တဲ့ အခန်းထဲမှာ ရှိတဲ့အပြင် အထောက်အပံ့ ဆေးလုံးတွေ အများကြီးလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒါတောင် မအောင်မြင်သေးဘူးပဲ။ အံ့ဩစရာ မရှိတော့ဘူး။ အဲ့လူကို ဘိုးဘေးလီက တပည့်အဖြစ် လက်ခံမှတော့ သူ့ပါရမီက ပုံမှန်ထက် သာလွန်မှာ သေချာတယ်…”

ရုပ်စိုးစိုးနှင့်လူက ဟန်လိ၏ အောင်မြင်မှုက မိုးထိမြင့်သော ပါရမီအပေါ် မှီနေသည်ဟု အပြစ်တင်ခဲ့၏။ ဟန်လိသာ သူ့စကားကို ကြားပါက ခါးသီးစွာ ရယ်၍ ဆုံးတော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဟန်လိသည် ယွဲ့လုခန်းမကနေ ထွက်လာခဲ့ပြီ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စောင့်နေသော နှစ်ယောက်မှာလည်း လူလဲ သွားခဲ့ပြီ ဖြစ်၏။ မဟုတ်ပါက သူတို့သာ ဟန်လိက ချီစုဆောင်းခြင်းအဆင့်ကနေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရုတ်တရက် တက်လှမ်းနိုင်ခဲ့သည်ကို မြင်ပါက အံ့အားသင့်ကုန်မည်သာ ဖြစ်သည်။

ဟန်လိက ပူပန်မှု တစ်စက်မျှ မရှိဘဲ ကောင်းကင်ထက်မှာ မှော်ပစ္စည်းသုံး၍ ဖြည်းဖြည်းချင်း ပျံသန်းလာ၏။ ပျံသန်းလာရင်း သူက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ရသော သူ့အတွေ့အကြုံကို ပြန်တွေးနေသည်။

ဟန်လိသည် လွန်ခဲ့သော ငါးလက အခြေခံတည်ဆောက်ခြင်း ဆေးလုံးများကို သန့်စင်နိုင်ခဲ့ချိန်တွင် မြေကမ္ဘာမီးအခန်းထဲ၌ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခြင်းက သိပ်မဆိုးလှဟု ခံစားမိခဲ့သည်။ အနည်းဆုံးတော့ တခြားသူများက သူ့ကို နှောက်ယှက်နိုင်မည် မဟုတ်ပေ။

ထိုအတွေးဖြင့် ဟန်လိက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ မူလ ရှိနှင့်ပြီးသော အခြေခံတည်ဆောက်ခြင်း ဆေးလုံးသုံးလုံးထဲမှ တစ်လုံးကို သောက်သုံး၏။ ထို့နောက် ဆေးလုံးအာနိသင်က သူ့ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သည်။

အခြေခံတည်ဆောက်ခြင်းဆေးလုံး၏ စွမ်းအားက အလွန်မြန်၏။ နာရီအနည်းငယ် ကြာပြီးနောက် ဟန်လိက သူ့ဒျန်တျန်ထဲ၌ ငရဲမီးတောက်ငယ်တစ်ခုက အော်မြည်ရုန်းကြွကာ အရှိန်မှန်မှန် တိုးပွားလာသည်ကို ခံစားမိသည်။ သူ၏ခန္ဓာကိုယ် တခြားအစိတ်အပိုင်းအားလုံးက ရေခဲထက် သာ၍ အေးသွားမှုကို ခံစားရသည်။ သူက ရေခဲနှင့်မီး၏ ကွဲပြားလှသော အပူ၊အအေးတို့ကို တပြိုင်တည်း ခံစားခဲ့ရ၏။

သို့သော် ထိုခံစားချက်က သူ့ဒျန်တျန်ထဲရှိ ငရဲမီးတောက်ငယ် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီးနောက်မှ အချိန်ခဏထိသာ ဆက်ရှိခဲ့သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က ပုံမှန်အပူချိန်တိုင်း ပြန်ရောက်သွား၏။ ဟန်လိက နည်းနည်းတော့ မင်သက်သွားမိခဲ့သည်။

ထို့နောက်တွင် သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့လက်နှစ်ဖက်ကို ဒျန်တျန်ပေါ်သို့ ဖိနှိပ်သည်။

အကြောင်းမှာ ဓားမြှောင့်ရှစ်လက် လောက်ဖြင့် ထိုးစိုက်ခြင်း ခံရသည့်နှယ် ပြင်းထန်သော နာကျင်မှုက သူ့ကို ဆုတ်ဖြဲနေသည်အား တွေ့လိုက်ရသောကြောင့်ပင်။ ထိုအခါမှာ ဟန်လိသည် ဖြူရောသွားခဲ့၏။ မေးများပါ မခိုင် ဖြစ်ကာ ချွေးသီးချွေးပေါက်များ ရွှဲနစ်သွားသည်။

သူသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် ခွေခေါက်လှိမ့်နေခဲ့ရစဉ် စိတ်ထဲကနေ အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။ သည်အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်ပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်ဟု သူ့အား သည်ဆေးလုံး ပေးခဲ့သူများက အဘယ်ကြောင့် မပြောခဲ့ရသနည်း။

သို့သော် သူ ကျိန်ဆဲနေ၍ မပြီးခင်မှာ သူ့ဒျန်တျန်ထဲရှိ စူးရှသော နာကျင်မှုက ရုတ်တရက် ပေါက်ကွဲသွား၏။ ထိုပေါက်ကွဲမှုက မရေမတွက်နိုင်သော နွေးထွေးမှု အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ သူ၏ သွေးကြောများ တလျှောက် ချက်ခြင်း စီးဆင်းသည်။ ယင်းအနွေးဓာတ်က သူ၏ ရိုးတွင်းခြင်စီထဲထိပါ ရောက်၏။ သို့သော် ထိုနွေးထွေးမှုက ထူးခြားသော နာကျင်မှု တမျိုးအဖြစ်သို့ ပြောင်းသွားပြန်သည်။ ပုရွတ်ဆိတ်များစွာက သူ့ခန္ဓာကိုယ်ပေါ် တက်ရောက်နေသည့်အလား။ သို့ဖြစ်၍ ဟန်လိသည် နံရံကို မှီကာ သည်နာကျင်မှုကို တောင့်ခံနေရ၏။

ထိုသို့သော နှိပ်စက်မှုက သူ့ကို ရူးမတတ် ဖြစ်သွားစေ၏။ ထို့နောက်တွင် ဟန်လိက နံရံကို မှီ၍ ခက်ခက်ခဲခဲ ထရပ်သည်။ ချွေးများ သီးနေအောင် ကျနေလျက် သူ့ကို ဖော်ပြ၍မရသော မီးခိုးရောင်အမျိုးအမည် အလွှာတစ်ခုက ခြုံလွှမ်းသွား၏။

သို့ပေမည့် ဟန်လိက ထိုသည်ကို အရေးမစိုက်ပေ။ သူ့စိတ်ထဲ၌ ရှိနေသည်မှာ အဆင့်ဆယ့်နှစ်သို့ တိုးတက်သွားသော သူ၏ ကျင့်ကြံမှုအဆင့်သာ။ ထို့အပြင် ခေါင်းအစခြေအဆုံး သူသည် နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်နေ၏။

အခြေခံတည်ဆောက်ခြင်းဆေးလုံးက သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို တိုးတက်စေခဲ့တာ သိသာ၏။ သူ့ရိုးတွင်းခြင်ဆီကို သန့်စင်စေသည်။ သူ့အရွတ်များကို အစားထိုးသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ နွေးထွေးမှုကမူ အခြေခံတည်ဆောက်ခြင်းဆေးလုံး၏ အကြွင်းအကျန်စွမ်းအားကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း တပည့်များက သည်ဆေးလုံးကို သောက်ပြီးနောက် သုံးလတာ တံခါးပိတ်ကျင့်ကြံရတာ ဖြစ်၏။ မဟုတ်ပါက သည်စွမ်းအားမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားပေလိမ့်မည်။

ဟန်လိကလည်း ရှေးလူများ၏ နည်းလမ်းအတိုင်း ခြေချိတ်ထိုင်ကာ အကြွင်းအကျန်ဆေးစွမ်းအားကို စုပ်ယူလေ၏။

သို့သော် သူ့ခန္ဓာကိုယ်ထဲ၌ ကြွင်းကျန်နေသော ဆေးစွမ်းအားက သူ၏ မှော်စွမ်းအားကို အနည်းငယ်မျှသာ ပိုနက်နဲစေပြီး သူ၏ ရုပ်ပိုင်းခန္ဓာ တိုးတက်မှုကို မဖြစ်စေနိုင်တော့တာကို ခပ်မြန်မြန် သိလိုက်ရသည်။

အခြေခံတည်ဆောက်ခြင်း ဆေးလုံးတစ်လုံးသာ ရှိသည် ဆိုပါက ရိုးတွင်းခြင်ဆီနှင့် အရွတ်များကို သန့်စင်စေပြီးနောက် မည်သူကမျှ မှော်စွမ်းအားကို တိုးတက်စေမည့် အခွင့်အရေးကောင်းကို လက်လွှတ်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က သုံးလလုံး မှော်စွမ်းအားကို စုပ်ယူဖို့ တံခါးပိတ်ကျင့်ကြံတာ ဖြစ်၏။ သူတို့က ဒီဆေးစွမ်းအား အကြွင်းအကျန်ကို အလကားဟသ အလွယ်တကူ ကုန်ခမ်းသွားစေမည် မဟုတ်ပါ။

သို့ပေမည့် ဟန်လိက သူတို့နှင်မတူ။ သူ့လက်ထဲ၌ အခြေခံတည်ဆောက်ခြင်းဆေးလုံးများစွာကို ဆုပ်ကိုင်ထား၏။ အကြွင်းအကျန်စွမ်းအားလောက်က သူ့မျက်စိတွင် မတိုးပေ။ သူ စိတ်ပူသည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက တဖြည်းဖြည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်၊မဝင်ရောက်နိုင်ကိုသာ။

ဆယ်ရက်လောက် တရားထိုင် ကျင့်ကြံနေပြီးနောက် ဟန်လိက ဤအချက်ကို ကောင်းကောင်း သဘောပေါက်နေပြီ။ သူက ဒုတိယမြောက်ဆေးလုံး သောက်ဖို့ လပေါင်းများစွာ အချိန်ယူ၍ စိတ်ရှည်စွာ စောင့်နေမည် မဟုတ်မှာ သဘာဝပင်။

သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးများကို ဆက်တိုက် သောက်ခြင်းက ပြဿနာ မဖြစ်နိုင်လောက်ဟု ကောက်ချက် ချမိသည်။ အများဆုံးမှ ဆေးစွမ်းအားများ ကြွင်းကျန်ရုံသာ ရှိလိမ့်မည်။ သို့သော် ဤသည်က ပြဿနာ မဟုတ်ပေ။ သူက အကြိမ်ကြိမ် စဉ်းစားပြီးနောက် နောက်ထပ် ထပ်စောင့်မနေတော့ဘဲ ဒုတိယမြောက်ဆေးလုံးကို သောက်ချသည်။

အလားတူ နာကျင်မှု၊ ကိုက်ခဲမှုများကို ကြုံရ၏။ ဟန်လိသည် ကြိုပြင်ဆင်ထားတာတောင် အတော်လေး ခံစားရတုန်းပင်။ သို့ပေမည့် ဟန်လိသည် သည့်အရင်တစ်ခါက ထိုသို့သော နာကျင်မှုကို ခံစားဖူးပြီး ဖြစ်၍ နောက်တခါတွင် နည်းနည်းတော့ ပိုသက်သာသလို ခံစားမိသည်။ သို့ပေမည့် သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသော အညစ်အကြေးများကတော့ မနည်းမနော မဟုတ်ပါ။ ကြည့်ရတာ သူ၏ ပါရမီက အတော့်ကို ဆိုးဝါးလွန်းတာ အမှန်ပင်။

ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်ပြီးနောက် ဟန်လိသည် သူ့ခန္ဓာကိုယ်ထဲ၌ အကြွင်းအကျန်မှော်စွမ်းအားနှင့် ပတ်သတ်၍ ထူးခြားသည်ဟု ဘာမျှ မခံစားရပေ။ သူ့အရိုးများထဲရှိ နွေးထွေးမှုက အနည်းငယ် ပိုအားကောင်းလာသည်ဟု ခံစားရသည်။ မည်သည့်ပြဿနာမျှ မရှိပေ။ ထို့အပြင် သူ၏ မှော်စွမ်းအားက ချီစုဆောင်းခြင်း အထွတ်အထိပ် အဆင့်ဆယ့်သုံးသို့ ခုန်ပေါက်တက်သွား၏။

ဟန်လိက သူ့အတွေးများကို စ၍ စုစည်းနေ၏။ သူသည် အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးပြီး တစ်လုံး ချက်ခြင်း မသောက်သင့်ပေ။ ဆေးလုံးတိုင်းက သူ၏ ရိုးတွင်းခြင်ဆီအပေါ် သန့်စင်ပေးနိုင်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို အလားတူ ထုတ်ပစ်သည်။

သို့သော် သူက တတိယမြောက်ဆေးလုံးကို သောက်သည့်အခါ၌ အခြေခံတည်ဆောက်ခြင်းဆေးလုံး၏ ရိုးတွင်းခြင်ဆီပေါ် သက်ရောက်မှုက သိသိသာသာ လျော့နည်းသွားသည်ဟု ခံစားမိသည်။ သို့ပေမည့် တချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအားနှင့် အစစ်အမှန်အနှစ်သာရတို့မှာလည်း ပြောင်းလဲမှု ဖြစ်နေသည်။

အခဲအထည် အနေထားတွင် ရှိနေသော သူ၏ အစစ်အမှန်အနှစ်သာရ မူလအခြေအနေက အခြေခံတည်ဆောက်ခြင်းဆေးလုံး သောက်ပြီးနောက် ပို၍ အရည်ပျော်လာ၏။ ခုနစ်ခုမြောက် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်ပြီးသည့်အခါ သူ့ဒျန်တျန်၏ အမြုတေနေရာ၌ သေးငယ်သော နေရာလေးကလွဲ၍ သူ၏ အစစ်အမှန်အနှစ်သာရ လုံးလုံး အရည် ဖြစ်သွားခဲ့လေပြီ။

သို့ပေမည့် ခုနစ်ခုမြောက်ဆေးလုံးကို သောက်ပြီးနောက် ဟန်လိ၏ ခန္ဓာကိုယ်ထဲရှိ အကြွင်းအကျန် ဆေးစွမ်းအားက ပြည့်ကြပ်လာ၏။ မူလတုန်းက နွေးထွေးစွာ ခံစားမှုက ပူပြင်းမှုသို့ ပြောင်းသွားကာ ဟန်လိကို ချီတုံချတုံ ဖြစ်သွားစေသည်။

သူသာ ရှစ်လုံးမြောက်ဆေးလုံးကို သောက်ပြီးပါက ဆေးစွမ်းအား ပမာဏများစွာ ထုတ်လွှတ်မှုကြောင့် ပြဿနာ တက်မလား၊ မတက်လားကို အမှန်တကယ် မသိတော့ပေ။ သို့သော် ဟန်လိက သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အမှန်တကယ် နီးကပ်နေပြီဟု ခံစားရသည်။ ဆေးလုံးတစ်လုံး၊ နှစ်လုံးလောက်သာ ထပ်သောက်ရန် လိုနိုင်တော့မည့် ပုံပင်။

တွေဝေနေပြီးနောက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ချင်သော ဟန်လိ၏ စိတ်အာသိသာက အနိုင်ရသွား၏။ သူက ရှစ်လုံးမြောက်ကို သောက်ချလိုက်တော့သည်။

သို့ပေမည့် ထိုဆေးလုံးက သူ့ဝမ်းဗိုက်ထဲ ရောက်သွားချိန်တွင် ကြွင်းကျန်သော ဆေးစွမ်းအားများက ရုတ်တရက်‌ ပေါက်ကွဲသွား၏။ ထိုအခါ ဟန်လိ၏ သွေးကြောများက ပူပြင်းလာ၏။ သူသည် သတိလစ်မတတ် ဖြစ်လာသည်။ သူ့အသိစိတ်မှာ မပြတ်သားတော့ပေ။

သို့သော် ဟန်လိက ထိုအခြေအနေက နိုးထလာသည့်အခါ ကျေနပ်ဖွယ်ကောင်းသော ရလဒ်ကို သူ အသိစိတ်လွတ်နေစဉ် သူသည် အမှန်တကယ် အဆင့်ချိုးဖျက်နိုင်ခဲ့ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သွားခဲ့လေသည်။

ပျော်ရွှင်လွန်း၍ ဟန်လိက လေထဲသို့ ချက်ခြင်း ထကုန်၏။ သို့သော် သူ့ကျောမှာ ဆန့်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းကာ သူ ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျသည်။ ထိုအခါ သူ အကြီးအကျယ် လန့်သွား၏။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ရှစ်လုံးမြောက်၏ အကြွင်းအကျန် ဆေးစွမ်းအားများက အနည်းငယ်မျှပင် မပပျောက်သေးဘဲ သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေတုန်းဖြစ်သည်။ ထိုသည်က အန္တရာယ် အလွန်များသော အခြေအနေပင်။

ခုလက်ရှိ အခြေအနေအောက်မှာ သူက ချက်ခြင်း ကျင့်ကြံပြီး သူ၏ ဆေးစွမ်းအားကို စုပ်ယူသည်။ မဟုတ်ပါက ၎င်းအကြွင်းအကျန် ဆေးစွမ်းအားက အချိန်မရွေး ထပ်ပေါက်ကွဲသွားနိုင်သည်။

ဟန်လိသည် သူ၏ ဒီနည်းလမ်းက အနှီပြဿနာကြီးကို ဖြေရှင်းနိုင်တာ သိသော်လည်း သူ့စိတ်ထဲ၌ ပူပန်သောကတို့ ပြည့်လာ၏။ သူက နည်းနည်းလေးမျှ မပျော်နိုင်သေးပေ။

ဟန်လိထံ၌ မိုးပြာအနှစ်သာရဓားပညာရပ်ကလွဲ၍ တခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်း ပညာရပ်များကို မပိုင်ဆိုင်ထားခဲ့ပေ။ သူ၏ ဆရာအသစ်ဖြစ်လာသည့် ဘိုးဘေးလီက ဒီပညာရပ် စာအုပ်ကို အလွယ်တကူ သူ့အား ပေးခဲ့ပေ၏။ သို့ဖြစ်၍ သည်ကျင့်ကြံခြင်းပညာရပ်မှာ သိပ်မစွံလောက်ဟု ပြောနိုင်သည်။

ထို့အပြင် ဟန်လိသည် သည်စာအုပ်ကို လှန်လှောကြည့်ခဲ့ဖူးသလို တခြားသူများကိုလည်း စာအုပ်နှင့် ပတ်သတ်ပြီး မေးမြန်းကြည့်ဖူးသည်။

သည်ဓားပညာရပ်က အမှန်တကယ် ထူးခြားမနေခဲ့ပေ။ အဝါရောင်မေပယ်တောင်ကြား၏ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအားလုံး နီးပါးက သည်ပညာရပ်ကို အဆင့်နှစ် သို့မဟုတ် အဆင့်သုံးထိ ကျင့်ကြံခဲ့ဖူးပြီးသား ဖြစ်၏။ သို့သော် မည်သူကမျှ အဆင့်သုံးထက် ကျော်လွန်၍ မကျင့်ကြပေ။ ဟန်လိသည် အသေးစိတ်အကြောင်းရင်းကိုတော့ သေချာ မမေးမြန်းခဲ့ဖူးပေ။ သို့ပေမည့် သည်ဓားပညာရပ်၏ အသုံးမတည့်မှုကို ကောင်းကောင်း မြင်နေရပြီ မဟုတ်လား။

အခုလို အခြေအနေတွင်တော့ ဟန်လိက ၎င်းပညာရပ်ကို မကျင့်ကြံချင်သော်လည်း သူ့ကိုယ်သူ တွန်းအား ပေးရတော့၏။ သူ့ထံ၌ ရွေးချယ်စရာမှ မရှိလေတာ။ သူက အဇူရာအနှစ်သာရဓားပညာရပ် စာအုပ်ကို ထုတ်ကာ သူ့ရှေ့၌ ဖြန့်၏။ ထို့နောက် သူ တင်ပလ္လင်ခွေ ထိုင်ချကာ စာအုပ်ပါ လမ်းညွှန်မှုအတိုင်း စကျင့်ကြံသည်။

ထိုပညာရပ်တွင် အဆင့်ကိုးဆင့် ရှိ၏။ ချီစုဆောင်းခြင်းတပည့်များက ပထမဆုံးသုံးဆင့်ကိုသာ ကျင့်ကြံနိုင်၏။ အလယ်သုံးဆင့်နှင့် နောက်ဆုံးသုံးဆင့်တို့ကို အခြေခံတည်ဆောက်ခြင်းနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကသာ ကျင့်ကြံနိုင်သည်။ သည့်အပြင် အလွှာသုံးခု ကျင့်ကြံပြီးတိုင်း လူတစ်ယောက်က ဒီဓားပညာရပ်၌ အထူးပြုသော နတ်စွမ်းရည်တစ်ခုကို အသုံးပြုနိုင်မည် ဖြစ်သည်။

ပထမသုံးဆင့် ကျင့်ကြံပြီးပါက မှော်ပစ္စည်း မသုံးဘဲ လူတစ်ယောက်က လက်ဝါးသပ်သပ်ဖြင့် သုံးမီတာလောက် ရှည်လျားသော ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်နိုင်မည် ဖြစ်၏။ ၎င်း၏စွမ်းအားက မဆိုးလှ၊ ထိပ်တန်းမှော်ပစ္စည်းများနှင့် ယှဉ်နိုင်သည်။

အလယ်အဆင့်သုံးဆင့် ကျင့်ကြံပြီးပါက လူတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ပေါ်၌ အကာအကွယ်ဓားဒိုင်းတစ်ခုကို ချက်ခြင်းလက်ငင်း ထုတ်ဖော်နိုင်မည်။ ၎င်း၏ ကာကွယ်မှုစွမ်းအားက စဦးအလယ်အဆင့် မှော်ပစ္စည်းလောက်သာ ရှိသော်လည်း ၎င်းဒိုင်းက ဓားအလင်းတန်းနှင့် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်နိုင်သည်။ ဓားဒိုင်းက တိုက်ခိုက်မှုတစ်ခု ခံရသည်နှင့် ဓားအလင်းတန်းတစ်ခုကို အလိုလို ထုတ်လွှတ်ပေးကာ တန်ပြန်တိုက်ခိုက်မည် ဖြစ်၏။

နောက်ဆုံးအဆင့် သုံးဆင့်ကမူ…။

All Chapters