ဆည်းဆာဓားသိုင်း
Vol. 6 Ch. 75
“အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်(၁၀)ယောက်တဲ့လား။ လခွီးတဲ့မှဘဲ"
ကောင်းဖန်က ပွဲကြည့် ပရိသတ်တွေ ကြားထဲမှာ မတ်တတ်ရပ်လျက် ရှိနေပါတယ်။ ယုံဝူးမြို့မှာတုန်းက သူက လီဖူချန်းကို အထင်ကြီးတဲ့လူ တစ်ယောက်မဟုတ်ပါဘူး။ သူက ပါရမီရှင်ပြိုင်ပွဲမှာ ရှုံးနိမ့် ခဲ့ပေမယ့်လည်း လီဖူချန်းကို ဘာမှဖြစ်လာမယ့်ကောင် မဟုတ်ဘူးလို့ တွက်ထား ခဲ့တာလေ။ သာမန်အရိုး တည်ဆောက်ပုံနဲ့ကောင်က ဘယ်လိုလုပ်ပြီး အစွမ်းထက်လာစရာ ရှိမှာလဲပေါ့။ အခုတော့ လီဖူချန်းက အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံးတပည့် (၁၀)ယောက် စာရင်း ထဲတောင် ဝင်သွားခဲ့ပါပြီ။ ကောင်းဖန်က အခု နေအနောက်ကနေ ထွက်လာသလိုတောင် ခံစားနေရ ပါတယ်။ လီဖူချန်းကို မော်ကြည့်ဖို့တောင် သူ အားမရှိတော့ပါဘူး။
“ဟင်း ... အခုတော့ ငါမင်းကို ခဏပျော်ခိုင်း လိုက်ဦးမယ်။ ငါ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက်ပြီး မင်းကို မီလာတဲ့ အခါမှ မင်းကိုရှာပြီး ဆုံးမပစ်မယ်"
ကောင်းဖန်က လက်သီးဆုပ်ပြီး ကြိမ်းဝါး နေပါတယ်။ ပွဲကြည့်စင်ရဲ့ ရှေ့ဆုံးတန်းမှာတော့ ကောင်းဟောင်နဲ့ ကောင်းယန်က အတူတူ ထိုင်ကြည့်နေကျ ပါတယ်။ ပါရမီရှင်ပြိုင်ပွဲ ပြီးသွားတာ တစ်နှစ်ကြာပြီးနောက်မှာတော့ ကောင်းဟောင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်နှစ်ကို ရောက်ခဲ့ပြီး ကောင်းယန်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်သုံးကို ရောက်နေခဲ့ပါပြီ။ ဒါပေမဲ့ တစ်နှစ်နဲ့ လအနည်းငယ်ကြာမှ အဆင့်တစ်ဆင့် တက်တယ် ဆိုတာက အတွင်းစည်း ဂိုဏ်းသားတွေ ထဲမှာတော့ သာမန်ပဲရှိပါတယ်။
“ဘာမှမဟုတ်တဲ့ လီကလန်က စောက်ကလေးက အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး (၁၀)ယောက် ထဲ ပါလာတယ်တဲ့။ ဘယ်လိုမှ လက်မခံနိုင်တဲ့ အရာဘဲ"
ကောင်းဟောင်က မျက်မှောင် ကြုတ်လိုက်ပြီး မကျေမနပ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ကောင်းယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
“ဒါက ခဏပါဘဲ။ သူ့ရဲ့ သာမန်အရိုး တည်ဆောက်ပုံနဲ့တော့ ဒီကောင်က အသက် (၁၈)နှစ် မပြည့်မီမှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်မှာမဟုတ်ဘူး"
အရိုးတည်ဆောက်ပုံ အရည်အချင်း နိမ့်လေလေ လူသားနယ်ပယ် အဆင့်ကိုးမှာ နေရတာ ကြာလေလေပါ။
တချို့ဆို လူသားနယ်ပယ် အဆင့်ကိုးကနေ နောက်တစ်ဆင့်ကို ချိုးဖောင် ဝင်ရောက်ဖို့အတွက် (၁၀)နှစ် နီးပါးတောင် အချိန်ယူရတာမျိုးလည်း ရှိပါတယ်။
***
ထိပ်ဆုံး(၁၀)ယောက်ကို ရွေးချယ်သတ်မှတ် အပြီးမှာတော့ ထိပ်ဆုံးငါးယောက်ကို ရွေးချယ် သတ်မှတ်ဖို့ အချိန်ကျရောက် လာပါပြီ။ ဒီအဆင့်ကိုလည်း ပထမ တစ်ခေါက်လိုဘဲ မဲနှိုက်ပြီး ရွေးချယ်ပါတယ်။ ဒီတစ်ခါတော့ လီဖူချန်းရဲ့ နံပါတ်က လေးပါ။
မဲနံပါတ်တစ်ကို နှိုက်မိတဲ့သူ နှစ်ယောက်ကတော့ ယုဝူရှန်းနဲ့ ဂေါင်ချန်းရှန်ပါဘဲ။ ဂေါင်ချန်းရှန်က ဘယ်လောက်ပဲ ကြိုးစားယှဉ်ပြိုင်ပါစေ။ ယုဝူရှန်းနဲ့ သူနဲ့ကြားက ကွာဟချက်က အရမ်းကြီးမား လွန်းပါတယ်။ သိုင်းကွက်နှစ်ကွက် မြောက်မှာဘဲ ဂေါင်ချန်းရှန်က ရှုံးနိမ့်သွားပါပြီ။
“ယုဝူရှန်းက အရမ်းကိုအစွမ်းထက်လွန်းနေတယ်”
ပွဲကြည့် ပရိသတ်တွေဆီကနေ အသံတိုးတိုးဖြင့် အာမေဍိတ် သံတွေတောင် ထွက်ပေါ် လာပါတယ်။ နံပါတ်နှစ် ပွဲစဉ်မှာတော့ ဇောင်မင်းယွီက အနိုင်ရသွား ပါတယ်။ နံပါတ်သုံး ပွဲစဉ်ကတော့ ကောင်းယုနဲ့ ရှန်ကောင်းဟောင်တို့ရဲ့ ပွဲစဉ်ပါဘဲ။
ရှန်ကောင်းဟောင်က အသက် (၁၇)နှစ် ရှိနေပြီဖြစ်ပြီး ကောင်းရှုထက် (၂)နှစ်စာ ပိုပြီးကျင့်ကြံ ထားသူ တစ်ယောက်ပါ။ အဲဒါက သူ့အတွက်တော့ ကောင်းရှုကို အနိုင်ရဖို့ လုံလောက်ပါတယ်။ ပွဲစဉ် လေးမှာတော့ လီဖူချန်းက ပြိုင်ဘက်ကို အနိုင်ရလိုက်ပါတယ်။
...
ငါးပွဲစလုံး အပြီးမှာတော့ အတော်ဆုံး ငါးယောက်စာရင်းက ထွက်ပေါ် လာခဲ့ပါပြီ။ ဒီငါးယောက်ကတော့ ယုဝူရှန်း၊ ဇောင်မင်းယွီ၊ ရှန်ကောင်းဟောင်၊ လီဖူချန်းနဲ့ ပြိုင်ဘက်ကင်း (၁၀)ယောက် စာရင်းထဲက တစ်ယောက်ဖြစ်တဲ့ ချောင်ယန်တို့ပါဘဲ။
ဒီအဆင့်မှာတော့ နှစ်တွဲဘဲ အရင် ယှဉ်ပြိုင်ရမှာပါ။ ပထမအတွဲကတော့ ယုဝူရှန်းနဲ့ ချောင်ယန် ဖြစ်ပါတယ်။ ဒုတိယ အတွဲကတော့ လီဖူချန်းနဲ့ ဇောင်မင်းယွီပါ။ ရှန်ကောင်းဟောင်ကတော့ ဒီအဆင့်ကို ယှဉ်ပြိုင်စရာ မလိုဘဲ နောက်တစ်ဆင့် တက်သွားပါပြီ။ ပထမပွဲမှာတော့ အားလုံး ထင်ထားသလိုပဲ ယုဝူရှန်းက သာသာယာယာပဲ နိုင်သွားပါတယ်။ ဒုတိယပွဲကတော့ တော်တော်လေး စိတ်ဝင်စားမှု မြင့်နေကျတဲ့ ပွဲပါဘဲ။ လီဖူချန်းနဲ့ ဇောင်မင်းယွီတို့ နှစ်ယောက်စလုံး ကလည်း စင်ပေါ်တက်လာ ကျပါပြီ။
ဇောင်မင်းယွီက ပရိသတ်တွေ ထင်ထားတာထက်တောင် ပိုအစွမ်းထက်တယ် ဆိုတာကို လီဖူချန်းက ပထမအကွက် ဖလှယ်လိုက်ကတည်းက ရိပ်မိ လိုက်ပါတယ်။ သူမရဲ့အခြေခံက ကြောက်စရာ ကောင်းလောက်အောင် စနစ်ကျလွန်းပါတယ်။ သူမရဲ့ တကယ့် စွမ်းရည်က ခန္ဓာကိုယ် ခွန်အားမဟုတ်ဘဲ အတွင်းအား ဖြစ်နေပါတယ်။
“တောက်ပဆန်းကြယ် ကျောက်စိမ်းအဆင့် ရှစ်လား''
ဒါက လီဖူချန်းတွေးမိတဲ့ တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်ရာပါ။
“တောက်ပဆန်းကြယ် ကျောက်စိမ်းကျင့်စဉ်” က မူလကျောက်စိမ်း ပညာရပ်ကို အဆင့်တစ်ဆင့် မြှင့်ထားတဲ့ ကျင့်စဉ်ပါ။ ဒီကျင့်စဉ်ရဲ့ အဆင့် (၇)ကတောင် မူလကျောက်စိမ်း ပညာရပ်ရဲ့ အဆင့်(၉)နဲ့ ညီမျှပါတယ်။ တောက်ပဆန်းကြယ် ကျောက်စိမ်း အဆင့်(၈) ဆိုရင်တော့ ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာ မေးနေစရာကို မလိုတော့ပါဘူး။
လီဖူချန်းကတော့ ဇောင်မင်းယွီ ဘာဖြစ်လို့ တောက်ပဆန်းကြယ် ကျောက်စိမ်းအဆင့် (၈)ကို ရောက်အောင် လေ့ကျင့်နိုင်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို သိမှာမဟုတ်ပါဘူး။ သူမက ဒီအဆင့်ကို ရောက်ဖို့ တောက်ပကျောက်စိမ်း ဆေးလုံးကို သောက်သုံးခဲ့တာပါ။ သူမလို အတွင်းစည်း အကြီးအကဲချုပ်ရဲ့ မြေးအနေနဲ့ကတော့ ဒီဆေးလုံးမျိုးကို လွယ်လွယ်ကူကူ ရနိုင်တာ ဖြစ်တယ်လေ။ လီဖူချန်းနဲ့ တိုက်ရတာက ဇောင်မင်းယွီအတွက် အတော်လေး ခက်ခဲတဲ့ ပွဲတစ်ပွဲပါဘဲ။ သူမ အားကုန် တိုက်နေတာတောင် လီဖူချန်းကို ဖိအား မပေးနိုင်သေးပါဘူး။ ပြီးတော့သူမက တိုက်စစ်ဆင်ရမယ့် အစား လီဖူချန်းရဲ့ ဓားချက်တွေကို မနားမနေ ကာကွယ် နေရပါတယ်။
“သတိထားပေတော့"
လီဖူချန်းက တစ်ဖက်လူရဲ့ အတွင်းအား ကျင့်စဉ်ကို မီဖို့ အပြင်အားသုံးပြီး တိုက်ခိုက် လိုက်ပါပြီ။
“လီဖူချန်း မင်းက အစွမ်းထက်တယ်လို့ ဆိုလို့ရတဲ့ သူတစ်ယောက်။ ဒါပေမဲ့ ငါနဲ့ယှဉ်ရင်တော့ လိုပါသေးတယ်"
ဇောင်မင်းယွီရဲ့ ဓားရိပ်ဓားယောင်တွေက တစ်မျိုး ပြောင်းသွားပြီး အရင်ကထက် ပိုမိုသွက်လက် လာပါတယ်။ သူမရဲ့ သစ်သားဓားမှာလည်း စွမ်းအင် တချို့က ရစ်သိုင်းလျက် ပေါ်လာပါပြီ။ စွမ်းအင်အရောင်က နေရောင်နဲ့ အထိမှာ ညနေခင်း ဆည်းဆာရောင် ကဲ့သို့ ပြောင်းလဲသွားပါတယ်။ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်း ဆည်းဆာဓားသိုင်း။ လီဖူချန်းက သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ ဆည်းဆာဓားသိုင်း ဆိုတာ သေချာ သွားခဲ့ပါပြီ။
“လီဖူချန်း မင်းက ဆည်းဆာ ဓားသိုင်းကိုတော့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ အရှုံးကို အမြန်ဝန်ခံလိုက်"
ဆည်းဆာဓားသိုင်းကို ထုတ်သုံးလိုက်တာနဲ့ ဇောင်မင်းယွီက ခံစစ်ကနေ တိုက်စစ်ကို ပထမဆုံး အကြိမ်အဖြစ် ပြောင်းလဲတိုက်ခိုက် နိုင်လိုက်ပါတယ်။
“အဲဒါက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ဆည်းဆာဓားသိုင်း မဟုတ်ဘူးလား။ ညီမလေး မင်းယွီက ဘယ်လိုလုပ် ဒီဓားသိုင်းကို လေ့ကျင့်နိုင်တာလဲ။ လူသားနယ်ပယ် အဆင့်က လူတွေက ဒီဓားသိုင်းကို ထုတ်သုံးဖို့ အတွင်းအား မလောက်ဘူးလေ။
“လူသားနယ်ပယ် အဆင့်ကလူတွေက ဒီဓားသိုင်းကို ထုတ်သုံးဖို့အတွက် အတွင်းအား မလုံလောက်ဘူး ဆိုတာမှန်တယ်။ ဒါပေမဲ့ ညီမလေး မင်းယွီက သူများနဲ့ မတူဘူး”
“သူမက ဘယ်လို မတူတာလဲ"
“ညီမလေး မင်းယွီက ဆန်းကြယ်တောက်ပ ကျောက်စိမ်း ပညာရပ်ရဲ့ အဆင့်(၈)ကို ရောက်သွား ပြီကွ။ သူမရဲ့ အတွင်းအားတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်(၁)က လူတွေနဲ့တောင် ယှဉ်လို့ ရနေပြီ"
“မင်းပြောတာက ဖြစ်နိုင်လောက်တယ်"
“နောက်ဆုံးတစ်ခေါက် ပြိုင်ပွဲက ဧကရာဇာ ဓားသမားရယ် အဲဒီအရှေ့က ပြိုင်ပွဲက ဓားအရူး သူတော်ရယ်၊ ကျားဓားရှင်ရယ်၊ မေတ္တာမဲ့ ဓားသမားရယ် တို့တောင် လူသားနယ်ပယ် အဆင့်နဲ့ ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းကို ကျင့်နိုင်ခဲ့တယ်ကွ။ အဲဒါကို မင်းတစ်ခါမှ မကြားဖူးဘူးလား"
အတွင်းစည်း တပည့်တွေ ထိုင်နေကျတဲ့ ရှေ့ဆုံးတန်းမှာတော့ တီးတိုးတီးတိုးနဲ့ ပြောဆို နေကျပါတယ်။
စင်မြင့်ရဲ့ အောက်နားမှာတော့ ယုဝူရှန်းက ဇောင်မင်းယွီရဲ့ ဆည်းဆာဓားသိုင်းကို မြင်လိုက်ရတဲ့ အခါမှာ မအံ့သြဘဲ ရယ်တောင် ရယ်နေပါသေးတယ်။
ယုဝူရှန်းက မခိုးမခန့်ဖြင့်
“ဒါက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းတဲ့လား။ ကြည့်ရတာ အဲဒီလောက်ကြီးလည်း မဟုတ် ပါလား"
လီဖူချန်းကလည်း ဓားကွက်ပြောင်းလိုက်ပါပြီ။
သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် အဝါရောင် အထွတ်အထိပ် ဓားသိုင်းဖြစ်တဲ့ ကြက်သွေးရောင် မီးဓားသိုင်းကို အသုံးပြုလိုက်ပါတယ်။
“လောင်ကျွမ်းစမ်း"
အဲဒါက ပေါက်ကွဲခါနီး ဖြစ်နေတဲ့ မီးတောင် တစ်လုံးထဲမှာ မီးမုန်တိုင်းတစ်ခု ဖြစ်လာသလိုပါဘဲ။ လီဖူချန်းရဲ့ ဓားသိုင်းက တစ်ခါမှ ဒီလောက် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အပူဓာတ်တွေကို မထုတ်လွှတ် ဖူးပါဘူး။ တကယ်လို့ ဇောင်မင်းယွီရဲ့ ဓားသိုင်းက ဆည်းဆာရောင် ညနေခင်းမှာ တောက်ပနေတဲ့ နေအလင်းရောင် ဆိုရင် လီဖူချန်းရဲ့ ကြက်သွေးရောင် မီးဓားသိုင်းက သူ့ရဲ့ လမ်းတစ်လျှောက်မှာ ရှိသမျှ အရာတွေကို လောင်ကျွမ်း သွားစေမယ့် မီးမုန်တိုင်းပါဘဲ။
ဇောင်မင်းယီရဲ့ ဓားကွက်က လီဖူချန်းရဲ့ ကြက်သွေးရောင် မီးဓားသိုင်းနဲ့ အတွေ့မှာ လုံးဝ နှေးကွေးသွားပါပြီ။ ဆောင်းတွင်းမှာ ကျနေတဲ့ နှင်းတွေက နေထွက်ပေါ်လာရင် အရည်ပျော်ကျ သွားသလိုပေါ့။ (နေလာနှင်းပျောက်) ပြန်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးတောင် မရတော့ပါဘူး။
“မဖြစ်နိုင်လိုက်တာ ... ဒီကြက်သွေးရောင် မီးဓားသိုင်းက အဝါရောင် အထွတ်အထိပ်အဆင့်ဘဲ ရှိတာ မဟုတ်ဘူးလား"
ဇောင်မင်ယွီက အလိုမကျသည့် ပုံဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပါတယ်။
“ဒီကလေးက ဓားပညာအပေါ်မှာ ကြောက်စရာ ကောင်းလောက်အောင် ပါရမီ ပါလာတာဘဲ။
သူက ခရမ်းရောင် မီးဓားသိုင်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ အဆင့်အထိ ရောက်သွားပြီ။ သူကလုံးဝ ဒုတိယမြောက် ဓားအရူး သူတော်ဘဲ”
အဓိက စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ အကြီးအကဲက လီဖူချန်းကို ချီးကျူးလိုက်ပါတယ်။
“ဒါကတကယ်ကြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင် အဆင့်ပဲဟ။ ဒီလိုဖြစ်အောင် သူဘယ်လို လေ့ကျင့် ခဲ့ပါလိမ့်"
“အဓိက ကတော့ သိုင်းပညာအပေါ်မှာ နားလည် သဘောပေါက်မှု ပေါ့ကွာ။ ဒါက အရိုး တည်ဆောက်ပုံတွေနဲ့ မသက်ဆိုင်တဲ့ အရာပဲ။ ပြီးခဲ့တဲ့ တစ်ခါတုန်းကတောင် ကြယ်လေးပွင့် အဆင့်ပဲ ရှိတဲ့ ဓားအရူး သူတော်က ကြယ်ငါးပွင့်အရိုး တည်ဆောက်ပုံတွေရှိတဲ့ ကျားဓားရှင်နဲ့ မေတ္တာမဲ့ဓားကို အနိုင်တိုက်ခဲ့ သေးတာပဲ မဟုတ်ဘူးလား"
အပြင်စည်း တပည့်တွေနဲ့ အတွင်းစည်း တပည့်တွေကတော့ လီဖူချန်းသုံးသွားတဲ့ ဓားသိုင်းက အရမ်းကောင်းတယ် ဆိုတာကိုပဲ သိပါတယ်။ လီဖူချန်းက ဘယ်အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားပြီလဲ ဆိုတာကိုတော့ မကြည့်မြင် နိုင်ကျပါဘူး။ ဒါပေမဲ့ မိုးပြာရောင် ဂိုဏ်းအကြီးအကဲ တွေကတော့ တစ်ချက် ကြည့်လိုက်တာနဲ့ လီဖူချန်း ဘယ်အဆင့်အထိ ရောက်နေပြီ ဆိုတာကို တန်းသိကျပါတယ်။
ပုံမှန်အားဖြင့် အဝါရောင် အထွတ်အထိပ် ဓားသိုင်းတွေကို အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်တဲ့ အပြင်စည်း တပည့်တွေကိုတောင် ပါရမီရှင်လို့ သတ်မှတ်လို့ရတဲ့ အနေအထားပါ။ တကယ့် ထိတ်ထိတ်ကြဲ ပါရမီရှင်တွေမှသာ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့် နိုင်တာပါ။ ရှားမှရှားဆိုတဲ့ ပါရမီရှင်တွေတောင် အမြင့်ဆုံး အနေနဲ့ တတ်သိ နားလည်ခြင်း အဆင့် အထိကိုပဲ ရောက်အောင် လေ့ကျင့်နိုင်တာ ဖြစ်တယ်။ တစ်ဖက်ကမ်းခတ် အဆင့် ဆိုတာကိုတော့ ပြောဖို့တောင် မလိုတော့ပါဘူး။
ဇောင်မင်းယွီရဲ့ ဆည်းဆာ ဓားသိုင်းက အကြို ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် မရောက် သေးပါဘူးလေ။ ဒါကြောင့်သူမက လီဖူချန်းကို လုံးဝ မယှဉ်နိုင်ခဲ့ တာပါ။ လီဖူချန်းက ဓားကွက်သုံးကွက် အတွင်းမှာဘဲ ဇောင်မင်းယွီကို ချောင်ပိတ် လိုက်နိုင်ပါတယ်။
“ရှင် ဒီတစ်ခါတော့ နိုင်တယ်ပဲ ထားလိုက်ပါတော့။ နောက်တစ်ခါ ကျရင်တော့ ဒီလိုလွယ်လွယ်နဲ့ နိုင်မယ် မထင်နဲ့"
ဇောင်မင်းယွီက စိတ်ဆိုးပြီး စင်ပေါ်က ဆင်းသွားပါတယ်။ လီဖူချန်းကတော့ ဘာကိုမှ မမှုသည့်ပုံဖြင့် ရပ်ပြီး ကျန်ခဲ့ပါတယ်။ ဇောင်မင်းယွီကို နိုင်လိုက်တာက သူ့အတွက် အရမ်း ကြိုးကြိုးစားစားနဲ့ နိုင်ခဲ့တာ မဟုတ်ဘူးလေ။ သူက သူ့အစွမ်းရဲ့ (၅၀)ရာခိုင်နှုန်းတောင် ထုတ်ပြီး မတိုက်ခဲ့ပါဘူး။
***