အခန်း ၇၇
Vol. 6 Ch. 77
' ဖုန်း … ... ဘုန်း ... …'
ဒီနှစ်ယောက်ကတော့ လက်နက်မဲ့ တိုက်ခိုက်လိုက်မှဘဲ ဓားသိုင်းနဲ့ တိုက်ခိုက် တုန်းကထက် ပိုကြမ်း နေပါပြီ။ သူတို့ရဲ့ လက်သီးချက်တွေ ခြေကန်ချက်တွေက တစ်ဖက်လူကို တိုက်ရိုက် ထိမှန်နေပါတယ်။
“ချွမ် ... ကလန် ... "
ဓားနှစ်လက် စလုံးကိုတော့ ဘယ်သူမှ မဖမ်းလိုက်နိုင်ပါဘူး။
“မဖြစ်နိုင်ဘူး။
ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားက (၁၀၀၀၀) ကီလိုဂရမ်အား ရှိတာလေ။ ငါဘာလို့ သူ့ကို အထက်စည်းကနေ မတိုက်နိုင်တာလဲ”
ပြိုင်ပွဲက အချိန်ကြာလာတာနဲ့ အမျှ ယုဝူရှန်းက ပိုပိုပြီး ဒေါသထွက်လာပါတယ်။ သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ် တစ်ကောင်လို့ သတ်မှတ်ထားတဲ့ လီဖူချန်းကို ဒီလောက်ကြာအောင် တိုက်ခိုက်တဲ့ အထိ မနိုင်သေးဘူး ဆိုတာက ယုဝူရှန်းရဲ့ ကြယ်ငါးပွင့်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့ ဂုဏ်ကို ထိခိုက်လာပါပြီ။ ယုဝူရှန်းက သွေးရူးသွေးတန်းဖြင့် လီဖူချန်းကို တရစပ် တိုက်ခိုက် လိုက်ပါတယ်။
လီဖူချန်းကလည်း စိတ်လွတ်လက်လွတ် တိုက်ခိုက် နေပါပြီ။ ယုဝူရှန်းက လီဖူချန်းနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အတွင်းအားပိုင်း မှာသာမက လက်တွေ့ တိုက်ခိုက်မှု အပိုင်းမှာပါ မတိမ်းမယိမ်းပါဘဲ။
“ကျေနပ်စရာဘဲ"
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သထက် တောက်လာပါတယ်။ သူ့ဘဝမှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ တစ်ခါမှ ဒီလို အားရပါးရ မတိုက်ခိုက်ခဲ့ဖူးပါဘူး။ လီဖူချန်းရဲ့ တွေ့ခဲ့တဲ့ ပြိုင်ဘက်တွေက လီဖူချန်းနဲ့ လက်ရည် မညီတဲ့သူတွေ ချည်းပါဘဲ။
အခု ယုဝူရှန်းကတော့ သူအရင်က လက်တွေ့ တိုက်ခိုက်မှု အပိုင်းမှာ လစ်ဟာခဲ့တဲ့ အမှားတွေကို ရှာတွေ့ပြီး သူ့ကို ပြန်လည်တုံ့ပြန် နိုင်တယ်လေ။ ပြောရရင် ယုဝူရှန်းက သူ့ကို တောက်ပြောင် လာစေမယ့် ပြိုင်ဘက် တစ်ယောက်ပါ။ ဓားသွေးကျောက်နဲ့ ဓားလိုပေါ့။
ဂျလွတ် ... ဂျလွတ် ...
ဒီပြိုင်ပွဲ စင်မြင့်ကို အမာကျောဆုံး စကျင်ကျောက်တွေနဲ့ ဆောက်ထားတာပါ။ ဒါပေမဲ့ ဒီနှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေက ပြင်းထန်လွန်းတဲ့ အတွက် စင်မြင့်ကြီးဟာ အက်ကွဲရာများ ပေါ်လာပြီး ပြိုကျတော့မည့် အရိပ်အယောင်များ ပြလာပါပြီ။
“ဒီနှစ်ယောက်စလုံးက လူတွေကော ဟုတ်သေးရဲ့လား"
“နတ်ဆိုးသားရဲတွေတောင် ဒီကောင်လေး နှစ်ယောက်လောက် အကြမ်းခံနိုင်မယ် မထင်ဘူးဟေ့"
“ဒီနှစ်ယောက်ကို ကြည့်ရတာ အသူရာ နတ်ဆိုးတွေ ကျနေတာဘဲ"
ပွဲကြည့် ပရိသတ်တွေကတော့ အသက် ရှူရမှာကိုတောင် မေ့ပြီး မျက်တောင်မခတ်စတမ်း ကြည့်ရှု နေကျပါတယ်။ ယုဝူရှန်းကတော့ သိုင်းပညာ ရပ်ပိုင်းမှာ လီဖူချန်းထက် ပိုပြီးပြည့်စုံပါတယ်။
ယုဝူရှန်းရဲ့ အဝါရောင် အထွတ်အထိပ်အဆင့် ခြေသိုင်းကို လီဖူချန်းက လွတ်အောင် ရှောင်လိုက် တဲ့ အတွက် သူ့ရဲ့ ခြေကန်ချက်က စင်မြင့်ကိုပဲ ထိသွားပြီး အက်ကွဲရာကြီး တစ်ခုက ထပ်ပြီး ပေါ်လာ ပြန်ပါတယ်။
"မိုးကြိုးမုန်တိုင်း"
လီဖူချန်းက အားကျမခံဘဲ သူ့ရဲ့ လေပွေမုန်တိုင်း ကန်ချက်ထဲက တစ်ကွက်ကို အသုံးပြုလိုက် ပါတယ်။ ဒီခြေသိုင်းက လီဖူချန်းမှာ ရှိတဲ့ တစ်ခုတည်းသော ခြေသိုင်းပါ။ ဒါပေမဲ့ အမြဲတမ်း လေ့ကျင့်နေခဲ့တဲ့ အတွက် ဒီခြေသိုင်းက သူနဲ့ တစ်သားတည်း ကျနေခဲ့ပါပြီ။
ဟူး ... …ဟူး ... …
လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်တဲ့ အခါမှာတော့ လေထုတစ်ခုလုံး တုန်ခါ သွားခဲ့ပါပြီ။ ယုဝူရှန်းရဲ့ မျက်လုံးထဲမှာတောင် လီဖူချန်းက ဖမ်းလို့ မမိအောင် အရမ်းကို မြန်နေပါတယ်။ လီဖူချန်းက တိုက်စစ်ဖွင့်လေပြီ။ အနက်ရောင် အရိပ်ကနေ ထွက်လာတဲ့ ကန်ချက်တွေက ယုဝူရှန်းရဲ့ ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့ လိုက်ပါတယ်။
ယုဝူရှန်းလို ခံစစ်ကော တိုက်စစ်ကော အဆင့်မီတဲ့ သူတောင်မှ လီဖူချန်းရဲ့ ဒီကန်ချက်ကို မခုခံ နိုင်ပါဘူး။ မျက်စိတစ်မှိတ် အတွင်းမှာဘဲ ကန်ချက် သုံးလေးချက်လောက် မိပြီး အနောက်ကို လွင့်ထွက် သွားပါတော့တယ်။
ဒီနေရာမှာတော့ ယုဝူရှန်းက ကံလေးနည်းနည်း ကောင်းသွားပုံ ရပါတယ်။ သူပြန်ကျတဲ့ နေရာ မှာတော့ ဓားတစ်လက်က အဆင်သင့် ရှိနေတယ်လေ။
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ဓားကို ကောက်ယူလိုက်ပြီးတဲ့ နောက်မှာတော့ ယုဝူရှန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ထူးဆန်းတဲ့ ကိုယ်နေဟန်ထားနဲ့ ဓားကွက် ခင်းလိုက်ပါတယ်။
“ဒီဓားချက်ကို ခံနိုင်ရင် ခံစမ်း"
လက်ထဲကို ဓားရောက်သွားတဲ့ အတွက် ယုဝူရှန်းရဲ့ စွမ်းရည်တွေက နှစ်ဆလောက် တိုးသွား ပါပြီ။
“ရောင်ခြည်တစ်ထောင် အလင်းဆောင်"
ယုဝူရှန်းက ယုံကြည်မှု အပြည့်ဖြင့် လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။ လီဖူချန်းက ဒီတိုက်ကွက်ကို ထိပ်တိုက် ရင်မဆိုင်ဘဲ အနောက်ကို ဆုတ်ပြီး ရှောင်တိမ်း လိုက်ပါတယ်။
အနောက်ကို ဆုတ်သွားရင်းနဲ့ ခြေထောက်ကလည်း စင်မြင့်ပေါ်မှာ ရှိနေတဲ့ ကျောက် အပိုင်းအစ လေးတွေကို လက်နက်ပုန်း အနေနဲ့ ယုဝူချန်းဆီကို တရစပ် ကန်ထည့် သွားခဲ့ပါသေးတယ်။
(သူတို့ နှစ်ယောက်ကြောင့် ဆောက်ထားတဲ့ စင်က ပြိုကျခါနီး ဖြစ်တာလို့ အစောပိုင်းက ရေးထားတော့ ကြည့်ရတာ စင်မျက်နှာပြင် ကလည်း စုတ်ပြတ် သတ်ပြီး စကျင်ကျောက်တွေ ပဲ့ထွက် လာပုံရတယ်)
“လီဖူချန်း ... မင်းက နောက်ဆုတ်ဖို့ပဲ သိတာလား။ ထိပ်တိုက် ရင်မဆိုင် ရဲဘူးလားကွ”
ယုဝူရှန်းက လီဖူချန်းကို ထိအောင် မတိုက်နိုင်တဲ့အတွက် ဒေါသတွေ မီးပုံယမ်းကျ ဖြစ်နေပါပြီ။
အဲဒီကြားထဲမှာ လီဖူချန်း ကန်လိုက်တဲ့ ကျောက်အပိုင်းစ လေးတွေကလည်း သူ့ကိုလာထိမှန် နေသေးပါတယ်။
ဖတ် ...
လီဖူချန်းက သူ့ ခြေထောက်နားက သံမဏိဓားကို လှမ်းကောက်လိုက်ရင်းနဲ့
“နောက်ဆုတ်တယ် ဟုတ်လား ... မင်းအရမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာဘဲ"
“ငါဒီနေ့ မင်းကို မနိုင်မချင်း ငါလုံးဝ မရပ်ဘူးဟေ့"
ယုဝူရှန်းက မာန်သွင်း အော်ဟစ်လိုက်ပြီး လီဖူချန်းကို ခုတ်ပိုင်း လိုက်ပါတယ်။ အစောပိုင်းက ရွှေရောင် မှိန်ဖျော့ဖျော့ အလင်းရောင်တွေ ထွက်ပေါ်နေ့တဲ့ သူ့ဓားက အခုတော့ ရွှေရောင် တစ်ဖိတ်ဖိတ် တောက်ပ နေပါပြီ။ ကြည့်ရတာ ယုဝူရှန်းက သူ့ရဲ့ သက်စောင့် အားကိုတောင် မချန်ထားတော့တဲ့ ပုံပါဘဲ။
“ငါကြောက်တာ တစ်ခုက ငါ့ကို မင်းရှုံးသွားရင် ချောင်ထဲမှာ ကျိတ်ငို နေမှာကိုဘဲ"
လီဖူချန်းက ဒီတစ်ခါ နောက်မဆုတ်တော့ပါဘူး။ သူ့ဓားထဲကို ကြက်သွေးရောင် မီးအတွင်းအားတွေ အကုန် ပို့လိုက်ပြီး ယုဝူရှန်းကို ထိပ်တိုက် ရင်ဆိုင် လိုက်ပါတော့တယ်။
“ဝုန်း ... …"
ဒီတစ်ကြိမ်မှာတော့ သစ်သားဓားတွေ မဟုတ်ဘဲ သံမဏိဓားတွေ ဖြစ်နေတဲ့ အတွက် ဓားတွေက အကောင်း ပကတိပါဘဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အတွင်းအားလှိုင်းကြီးက စင်တစ်ဝက်ကို ပြိုကျ သွားစေခဲ့ပါပြီ။ ဖုန်လုံးကြီးတွေကလည်း တစ်ထောင်းထောင်းထလျက် ရှိနေတာကြောင့် ဘယ်သူက အသာစီး ရသွားလဲ ဆိုတာကို မသိနိုင် သေးပါဘူး။
"ဒီနှစ်ယောက်ရဲ့ အတွင်းအားတွေက ဘာလို့ ဒီလောက်သိပ်သည်း နေရတာလဲ"
နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ အပြင်စည်း တပည့်တွေရဲ့ မျက်နှာတွေ ပေါ်မှာတော့ ကြောက်ရွံ့ ထိတ်လန့်မှုတွေ အပြည့်ပါဘဲ။
'ကြယ်ငါးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့ အတိုင်းဘဲ အစွမ်း ထက်သားဘဲ'
လီဖူချန်းက ယုဝူရှန်းကို လေးစားတဲ့ ပုံဖြင့် အသိအမှတ် ပြုလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေ ကတော့ တိုက်ပွဲကို ပိုပိုပြီး ဆာလောင် လာနေတဲ့အတိုင်း တဖိတ်ဖိတ် တောက်လျက်နဲ့ပေါ့။ သိုင်းကွက် (၃၀၀)အထိ တိုက်ခိုက်ပြီးတာတောင် ဘယ်သူမှ မောပန်း နွမ်းနယ်နေပုံ မရသေးပါဘူး။ ဒါပေမဲ့ အားလုံးရဲ့ အမြင်မှာတော့ လီဖူချန်းက အနည်းငယ် အသာစီး ရနေပါတယ်။
ယုဝူရှန်းရဲ့ ဓားသိုင်းက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ သူ့ဓားကွက်တွေက ကန့်သတ်ချက်ကို ရောက်လာတဲ့ ပုံပါဘဲ။ လီဖူချန်းကတော့ ယုဝူရှန်းနဲ့ ပြောင်းပြန်ပါဘဲ။ သူ့ဓားကွက် တွေက ပိုပြီး လွတ်လပ်လာတဲ့ အပြင် မာယာလည်း အလွန်များလာ နေပါပြီ။ မသိရင် မွေးကတည်းက ဓားကိုင်ပြီး မွေးလာသလိုပါဘဲ။ ဒါက ဓားပညာအပေါ်မှာ ထိုးထွင်းသိမြင်မှု ကွာသွားတဲ့ အချက် ကြောင့်ပါ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က သူ့ရဲ့ ဓားကွက်တွေကို ကန့်သက်ချက် ကျော်သွားအောင် အထောက်အကူ ပြုနေတယ်လေ။
“လောင်မီး ဓားကွက်"
သိုင်းကွက် (၃၉၈)ကွက် အရောက်မှာတော့ လီဖူချန်းက ရုတ်တရက် ကြက်သွေးရောင် မီးဓားသိုင်းရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ကို သုံးလိုက်ပါတယ်။ သူ့ရဲ့ ဓားပေါ်မှာ မီးလျှံတွေ ပေါ်လာပြီး ယုဝူရှန်းရဲ့ ဓားကို ပူးကပ်သွားပါတယ်။ ဒီမီးလျှံတွေရဲ့ အပူချိန်က ယုဝူရှန်းရဲ့ အင်္ကျီကိုတောင် အပေါက်အပေါက်တွေ ဖြစ်စေတယ်လေ။ ယုဝူရှန်းက မီး အပူချိန်ကြောင့် အနောက်ကို အနည်းငယ် ဆုတ်လိုက်တဲ့ အခါမှာတော့ ဟန်ချက် အနည်းငယ် ပျက်သွားပါတယ်။
“ဒီအချိန်ပဲ"
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွား ခဲ့ပြီလေ။ သူ့ရဲ့ ဓားလားရာကို ဘယ်ကနေ ညာကို ပြောင်းလိုက်ပြီး စလွယ်သိုင်း သကဲ့သို့ ယူဝူရှန်းကို ပိုင်းချ လိုက်ပါတယ်။
"အစွန်းရောက် ဓားကွက်"
ဘာမာယာမှ မပါတဲ့ အစွန်းရောက် ဓားသိုင်းက ရိုးစင်းစွာဘဲ ယုဝူရှန်းရဲ့ ဟာကွက်ထဲကို ဝင်ရောက် သွားပါပြီ။ ယုဝူရှန်းက အသည်းအသန် ကာကွယ်လိုက်ပေမယ့် နောက်ကျ သွားခဲ့ပါပြီ။
ချွမ် ... ကလန်လန် ...
ယုဝူရှန်းရဲ့ ဓားက လက်ထဲက ပြုတ်ကျ သွားရုံသာမက လူကလည်း စင်ပေါ်ကနေ ပြုတ်ကျ သွားပါတယ်။
ယုဝူရှန်းက ချက်ချင်း ပြန်ထလာပေမဲ့လည်း လီဖူချန်းကို ထပ်မတိုက်တော့ပါဘူး။
“အောက်တန်း ကျလိုက်တဲ့ကောင်"
အသံတိုးတိုးနဲ့ လီဖူချန်းကို ဆဲလိုက်ပါတယ်။
“ငါကမင်းကို မျှမျှတတ အနိုင်ယူခဲ့ တာလေ။ ဘယ်နားက အောက်တန်းကျသွားလို့လဲ"
လီဖူချန်းကလည်း သိုင်းကွက်တွေ ပြန်ရုတ်သိမ်း လိုက်ပါပြီ။ လက်နက်မဲ့တဲ့ သူတစ်ယောက်ကို ဓားနဲ့ တိုက်ရမှာက လိပ်ပြာမသန့်စရာ ဘဲလေ။
“ငါ့လက်ထဲမှာ ဓားရှိနေသေး သရွေ့တော့ မင်းငါ့ကို အနိုင်မတိုက်နိုင်ဘူး ဆိုတာသိလို့ ဓားပြုတ်ကျအောင် လုပ်လိုက်တာ မလား"
ယုဝူရှန်းက လီဖူချန်းကို ကြည့်ပြီး အေးစက်စက်နဲ့ မေးလိုက်ပါတယ်။
“တောင်းပန်ပါတယ်။ မင်းနောက်ဓားတစ်ချောင်း ရှိရင်တောင် မင်းဒီနေ့ ငါ့ကို နိုင်မယ် မထင်ဘူး”
“ဟက်ဟက် ... ထားပါတော့။ မင်းက အနိုင်ရသူပါဘဲ”
ယုဝူရှန်းက သူဝတ်စုံကို ဖုတ်ဖတ် ခါလိုက်ပြီး ထွက်သွား ပါတော့တယ်။
“ဒီကောင်တကယ်ကြီး နိုင်သွားတာလားဟ။ ဒါကြီးက ဘယ်လိုကြီးတုန်း"
ကောင်းဖန်က ရင်ထဲမှာ မီးတွေ တောက်နေပါပြီ။ ကောင်းဟောင်နဲ့ ကောင်းယန်ကလည်း ဒယ်အိုးထဲက ပုရွက်ဆိတ်တွေ လိုပါဘဲ။ ခုံပေါ်မှာတောင် ထိုင်မနေ နိုင်တော့ပါဘူး။ ဒီရလဒ်ကို လုံးဝ လက်မခံ နိုင်သေးတဲ့ သူတွေလည်း ရှိနေပါသေးတယ်။
သူတို့တွေကတော့ ရှန်ကောင်းဟောင် ဖန်လီဟိုင်နဲ့ ကျင်းရှောင်ယုတို့ပါဘဲ။
“သူတကယ်ကို အားလုံးကို အနိုင်ရသွားတာပဲ"
ဝူကျင်မိန်ကတော့ အိပ်မက် မက်နေသလိုပဲ ခံစား လိုက်ရပါတယ်။ သူမလီဖူချန်းကို စတွေ့တုန်းက လီဖူချန်းက သာမန်ကောင်လေး တစ်ယောက်ပါဘဲ။ သူမက သူ့ကို မျက်လုံးထဲမှာတောင် မထည့်ထားခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သာမန်ကောင်လေးက ယုဝူရှန်းကို အနိုင်ယူ သွားခဲ့ပြီလေ။
“ထားလိုက်ပါတော့။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့ အခါကျရင် ဒါတွေက အလကားဘဲ"
ဝူကျင်မိန်က သိပ်ပြီး စဉ်းစား မနေတော့ပါဘူး။
“စိတ်ဝင်စားစရာဘဲ"
ဇောင်မင်းယွီကတော့ စိတ်ဝင်စားတဲ့ မျက်လုံးအစုံနဲ့ လီဖူချန်းကို စိုက်ကြည့်နေပါတယ်။ အကြီးအကဲတွေရှိတဲ့ စင်မြင့်ပေါ်မှာတော့ အကြီးအကဲတွေက အကြီးအကျယ် ဆွေးနွေးခန်း ဖွင့်နေကျပါပြီ။
"ဒီတစ်ခေါက် ပြိုင်ပွဲဝင်တွေကို ခြုံကြည့်လိုက်ရင်တော့ ဓားအရူး သူတော်တို့ အဖွဲ့နဲ့တောင် ယှဉ်လို့ ရတာဘဲ။
“မှန်တယ်။
ယုဝူရှန်းက ကျားဓားရှင်နဲ့လက်ရည် အတူတူလောက်ဘဲ။ လီဖူချန်းရဲ့ သိုင်းပညာ ထိုးထွင်းသိမြင်မှု ကတော့ ဓားအရူး သူတော် အတိုင်းဘဲ။
“ငါတို့ လီဖူချန်း အတွင်းစည်းဂိုဏ်းထဲ ရောက်တဲ့အထိ စောင့်ကြည့် ကျတာပေါ့။ အဲဒီအထိ ရောက်မှ အခုလို စွမ်းဆောင်နိုင်သေးတယ် ဆိုရင် သူ့ကို အတွင်းစည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် စာရင်းထဲ ထည့်ပေးရမယ်။
***
ပြိုင်ပွဲကွင်း တစ်ခုလုံး တီးတီုးတီးတိုး ပြောဆို နေချိန်မှာတော့ လူရိပ်တစ်ရိပ်က စင်ပေါ်ကို တက်လာပါတယ်။
အဲဒါကတော့ ရှောင်ချန်းဖန်ပါဘဲ။
(စင်မြင့်တာ ပြောတာပါ။ ဟိုနှစ်ကောင် လက်စွမ်းပြလို့ စင်တစ်ဝက်က ပြိုနေပြီး ကောင်းတဲ့ နေရာကို မရှိသလောက်ပဲ။)
***