← Chapters

အခန်း (၃၃၁)

Vol. 23 Ch. 331

အခန်း (၃၃၁)

Vol. 23 Ch. 331

"မစ္စတာလင်း..အဲ့လိုဆိုရင်တော့ ကျုပ်ခင်များကို စကားနည်းနည်းလောက်တော့ ပြောမှ ဖြစ်တော့မယ်."

လျှိုရီတ စားပွဲ‌ခုံပေါ်တွင် လက်ကို ချထားလိုက်ပြီး အကြံပေးနေသည့် အသွင်ဖြင့် "တကယ်လို့ ချင်းရန်ကသာ ဒီလိုစကားမျိုး ပြောလာတယ်ဆိုရင်တော့ ကျုပ်ဘာမှ ပြောမှာမဟုတ်ဘူး...ဘာပဲဆိုဆို သူမက မိန်းကလေးလေ...ရည်းမှန်းချက် အကြီးစားချည်းတွေ မရှိလည်း အဆင်ပြေတယ်...ဒါပေမယ့်မစ္စတာလင်း..ခင်များကျတော့ ယောက်ျားတစ်ယောက်လေ...ဒီလို ရည်မှန်းချက်မရှိတဲ့ စကားလုံးတွေ ပြောတာက ယောက်ျားမဆန်လွန်းရာ ကျတယ်.."

"ငါက ဒီတိုင်း အလိုနည်းတာလေးကိုကွာ...ဘယ်လိုလုပ်ပြီး ရည်မှန်းချက်မရှိတဲ့ယောက်ျားတစ်ယောက် ဖြစ်‌သွားတာတုန်းဟ..."

"ကျုပ်အမြင်အရဆိုရင်တော့ ယောက်ျားတစ်ယောက်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ပထိ ရည်ရွယ်ချက် ကြီးမားသင့်တယ်...ကျုပ်ရဲ့ ကုမ္ပဏီကိုပဲ အတုယူလိုက်...ဒီနေ့လို ဈေးကွက်တန်ဖိုး သန်း ၈၀၀၀ ကျော်အောင် ကြိုးစားခဲ့တာ နှစ်နှစ်‌တည်းပဲ..နောင်ဆယ်နှစ်နေရင် အင်တာနက် နယ်ပယ်မှာ အသိမှတ်ပြုလောက်တဲ့ နေရာတစ်နေရာ ရလာမယ်လို့ ကျုပ် သေချာပေါက် ယုံကြည့်တယ်...ဒါပေမယ့် ခင်များကျတော့ ရည်မှန်းချက်ကလည်း မရှိ ..အဲ့ဒီ အလိုနည်းတဲ့ စိတ်ကပဲ ခင်များကို လုံးပါးပါးအောင် ပြုလုပ်သွားမှာ..."လျှိုရီတ ပြောလိုက်ပြီး "ခု ခင်များ ချင်းရန်ကို ချစ်သူအဖြစ် ခေါ်ထားတယ်ဆိုတာကလည်း အာမခံ အဖြစ် သုံးဖို့ ထားထားတာမလား..အနာဂတ်မှာ ဒေဝါလီခံလိုက်ရရင် ဈေးဆစ်ဖို့ ချစ်ပ်တစ်ခု အနေဲ့ သုံးဖို့ ကြံနေတယ် ဟုတ်တယ်ဟုတ်..."

"မင်းအဲ့ကတော့ နည်းနည်း များသွားပြီ.."လင်းရီ မျက်မှောင်ကြုတ်၍ ပြောလိုက်ပြီး "ငါ့ကုမ္ပဏီက သိပ်မကြီးဘူးဆိုပေမယ့် ကိုယ့်ကိုယ့်ကို မရပ်တည်နိုင်လောက်တဲ့အထိတော့ မသေးဘူး..."

"ဒါပေမယ့် ခင်များမှာက ရည်ရွယ်ချက်တွေ ပျောက်ဆုံးနေတယ်လေ..ကျုပ်နယ်ပယ်က နားလည်မှုတွေ အရဆိုရင် ဒါက နောက်ပြန်ဆုတ်နေတာပဲ.."

လျှိုရီတ စကားပြောလေ ပို၍ ကျေနပ်လေလေဖြစ်နေပြီး စကားလမ်းတစ်၀က်တွင် ခဏရပ်၍ စီးကရက်ပင် မီးညှိလိုက်သေး၏။

"ကျုပ်ရင်းနှီးမြုပ်နှံတာကို လက်ခံဖို့ ရှက်ရွံ့နေတယ်ဆိုတာ ကျုပ်နားလည်တယ်.ဒါပေမယ့် အားလုံးက စီးပွားရေးသမားတွေလေ...ဘာမှ ရှက်နေစရာမလိုဘူး..ကျုပ်လိုပေါ့..ဟော်ယွမ်ယွမ်က လင်းယွမ်အုပ်စုရဲ့ CFO ဆိုတာလည်း သိရော ရင်းနှီးမြုပ်နှံဖို့ ကျုပ်ဘက်ကပဲ သွားတောင်းဆိုခဲ့တာ..."

"စကားမစပ် အစ်ကိုလျှို...ကျွန်တော်မေးချင်နေတာကြာပြီ...လင်းယွမ်အုပ်စုရဲ့ နောက်ခံအမှန်က ဘာများလဲ...အဲ့ဒီ အုပ်စုက အစ်ကိုလျှိုရဲ့ အမြင်အာရုံကို ဘယ်လိုလုပ်ပြီး ဖမ်းစားသွားခဲ့တာလဲဗျ...ကျွန်တော် အင်တာနက်ပေါ်မှာ ရှာတွေ့ရသလောက်ကတော့ ဒီတိုင်း နောက်ခံသေးသေးလေးနဲ့ ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီလေးပဲ မဟုတ်ဘူးလား..ဟိုလို ကြီးကြီးမားမားကြီးတွေလည်း မရှိပါဘူး..."

ကျန်းရှုမင်တွင်လည်း အလားတူမေးခွန်းမျိုး ရှိနေလေသည်။

"ဆရာမလည်း အဲ့ဒီအုပ်စုအကြောင်း ခုတလော ကြားဖူးတာ..ဒါပေမယ့် အာရုံစိုက်လောက်စရာ အကြောင်းပြချက်တော့ ရှာမတွေ့ဘူးဖြစ်နေတာ..."

"ဆရာမကျန်း မသိလို့ပါ..ဒီရဲ့ လင်းယွမ်အုပ်စု ဖော်ပြထားတာက ရေခဲတောင် ထိပ်ဖျားလေးပဲ ရှိသေးတယ်..."လျှိုရီတ အာပေါင်အာရင်း သန်သန်ဖြင့် ပြောလိုက်ပြီး "ကျွန်တော်လည်း အသေးစိတ်တော့ သေချာမသိပေမယ့် တစ်ခုတော့ ပြောပြလိုက်လို့ရတယ်..."

"လင်းယွမ်အုပ်စုက ရုံးစိုက်ထားတဲ့ လင်းယွမ် အဆောက်အအုံဆိုတာက သူတို့ ငှားထားတာ မဟုတ်ဘူး...အဆောက်အဦး တစ်ခုလုံးကို ၀ယ်ထားတာ..."

"တစ်ခုလုံးကို ၀ယ်ထားတယ်..."

ကျီချင်းရန်မှလွဲ၍ ရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားကြသည်။ လင်းယွမ်အုပ်စုမှာ ထိုမျှ ကြီးမားသည့် ကော်ပိုရေးရှင်းလုပ်ငန်းကြီး ဖြစ်‌လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"အမှန်ပဲ...အဆောက်အအုံနှစ်ခုလုံးက လင်းယွမ်အုပ်စုရဲ့ အပိုင်...အရင်တုန်းကကျတော့ အမြွှာမျှော်စင်လို့ ခေါ်တယ်....ဒါပေမယ့် ကျွန်တော်ကြားတာတော့ လင်းယွမ်အုပ်စုရဲ့ နောက်ကွယ်က သူ‌ဌေးကြီးက ယွမ် ဆယ်ရှစ်ဘီလီယမ် သုံးပြီး အအဆောက်အအုံနှစ်ခုလုံးကို ၀ယ်လိုက်တယ်...အဲ့လို ၀ယ်ရဲတဲ့ သတ္တိမျိုးက သာမန်လူတွေ စွမ်းသာတဲ့ အရာမဟုတ်ဘူး..."

ကျန်းရှုမင် ခေါင်းညိမ့်လိုက်သည်။

"အဲ့လောက် သတ္တိရှိဖို့ဆိုရင် လင်းယွမ်အုပ်စုရဲ့ နောက်ကွယ်က သူဌေးကြီးက တကယ်ကို မရိုးရှင်းဘူးပဲ..."

ကျန်းရှုမင်မှ ချီးမွမ်းလိုက်သည်။

"ကျွန်တော်တွေးနေတာလည်း အဲ့တာပဲလေ..ဒါကြောင့်မို့ ကျွန်တော် ဒီကိစ္စမှာ ဟော်ယွမ်ယွမ်ဆီက အတွေးအမြင်တွေကို နားစွင့်နေတာ..ရင်းနှီးမြုပ်နှံတဲ့ ကိစ္စအောင်မြင်ပြီ ဆိုတာနဲ့ သူတို့နောက်ကွယ်က သူဌေးကြီးကို ထမင်းစားဖိတ်လိုက်မယ်...အဲ့လိုဆို ပိုပြီးရင်းနှီးတဲ့ ပတ်သက်မှုကောင်းလေးတွေ တည်ဆောက်လို့ရပြီလေ..."

"အင်း..အဲ့လိုလုပ်နိုင်ရင်တော့ ကောင်းတာပေါ့ကွယ်...."ကျန်းရှာမင် အပြုံးလေးဖြင့် ပြောလ်ုကပြီး "ခု မင်းမှာက အရမ်းကောင်းတဲ့ အခွင့်ရေး ရှိနေပြီဆို‌ တော့ ကြိုးစားမှရမယ်နော..မဖြုန်းတီးပစ်ရဘူး ကြားလား...."

"ဟုတ်ကဲ့ပါဗျ..."

"အစ်ကိုလျှို..ရှင်ပြောပုံအရဆိုရင် ကျွန်မလည်း အနာဂတ်ကျ ဟော်ယွမ်ယွမ်နဲ့ ဆက်သွယ်ရမယ့်ပုံပဲနော်...ကျွန်မတို့ ကုမ္ပဏီလည်း ရင်းနှီးမြုပ်နှံဖို့ လူလိုရင် စဉ်းစားပေးမယ်လို့ ထင်လားဟင်..."

"သေချာတာပေါ့..ငါတို့အားလုံးက ဆရာမကျန်း တပည့်တွေလေ..အချင်းချင်း မကူညီပေးဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

လျှိုရီတမှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့်ခု လင်းယွမ်ကုမ္ပဏီက တရှိန်ထိုး တိုးတက်နေတာနော်..ပြီးတော့ ယွမ်ယွမ်ကလည်း လုံး၀ ကို အရေးပါတဲ့ ရာထူးကို ဆုပ်ကိုင်ထားတာ ..နောင်ကျရင် သူနဲ့ တွေ့ချင်တဲ့သူတွေက မရေမတွက်နိုင်အောင် ရှိလာလောက်တယ်..ဒီတော့ မင်းမြန်မြန်လက်ဦးထားမှ ဖြစ်မယ်..."

"အင်း..အစ်ကိုလျှိုပြော‌တာ ဟုတ်တယ်..."၀မ်ကျစ်ဟွေ့မှ ပြောလိုက်ပြီး "အရင်ကဆို ကျွန်တော်တို့တွေ ဆရာမကျန်းဆီလာရင် သူကပဲ စိတ်အလှုပ်ရှားဆုံး..ခုတော့ ကျွန်တော်တို့တွေ စားလို့တောင် ပြီးတော့မယ်...ခုထိ ပေါ်ကို မလာသေးဘူး..အတော်လေး အလုပ်များနေလို့ နေမှာ..."

"ယွမ်ယွမ်က ခု အရင်ကနဲ့ မတူတော့ဘူး..သူနဲ့ သေချာလေး ရင်းနှီးအောင် လုပ်ထားမှရမှာ..အဲ့လိုဆို သူမကို ရင်းနှီးခိုင်းဖို့ဆိုတာက ကိတ်မုန့်လေး လှီးစားသလို အီးဇီးဖြစ်သွားပြီ..."

"သူမက ဒီတိုင်း CFO လေးကိုကွာ..မင်းတို့ကောင်တွေက ဘာလို့ နောက်ကွယ်က သူဌေးကြီးလိုလိုနဲ့ ပြောနေကြတာ..."လင်းရီ မေးလိုက်၏။

"ခင်များမသိတာရှိသေးတယ်..ကျုပ်ရှင်းပြမယ်..."လျှိုရီတမှ ပြောလိုက်ပြီး "လင်းယွမ်အုပ်စုရဲ့ နောက်ကွယ်က သူဌေးကြီးမှာက အလုပ်တွေ အများကြီးရှိမှာပဲလေ..တစ်ခုတည်းကို သူလည်းမကြီးကြပ်နိုင်ဘူး..ဆိုတော့ ယွမ်ယွမ်ရဲ့ လက်ထဲကိုပဲ လုပ်ပိုင်ခွင့် အလုံးစုံက ကျရောက်သွားမှာ...သန်းတစ်ရာ မကျော်တဲ့ ရင်းနှီးမြုပ်နှံမှုဆိုရင် ဘော့စ်ကိုတောင် အစီရင်ခံစရာမလိုပဲ ကြည့်လုပ်လိုက်လို့ရတယ်..."လျှိုရီတမှ ပြောလိုက်ပြီး

"နောက်ပြီး ကျုပ်ဂျူနီယာညီမလေးရဲ့ ရုပ်ရည်နဲ့ဆိုရင် သူတို့ ဘော့စ်နဲ့ ဘာညယဘာညာတွေင ရှိလာဦးမှာပဲ...ကျန်တာကိုတော့ ဆက်ပြောပြဖို့ မလိုဘူးထင်တာပဲ..."

"ဖူး...."

လင်းရီ သောက်နေသည့်ရေ သီးမလို ဖြစ်သွားခဲ့၏။ သူ လျှိုရီတကိုပင် ဆောင့်ကန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

မင်း ယီးစကားတွေ လာပြောနေတာလားကွ...

ကျီချင်းရန်ကတော့ ခေါင်းလေးတစ်ခြမ်းစောင်း၍ လင်းရီ မျက်နှာက်ု စေ့စေ့ကြည့်ရင်း ပါးစပ်အုပ်၍ ရယ်မောနေလေသည်။

"ငါ သူ့ရဲ့ ဟိုင်းဝေးလမ်းကြီးကို စိတ်မ၀င်စားဘူး...ဒီတော့ ချင်းရန် မင်းကိုယ်မင်း ယုံကြည်ထားလိုက်တော့..." လင်းရီ ကျီချင်းရန် နားထဲသိူ့ တီးတိုးလေး ပြောပြလိုက်သည်။

"ကျွတ်..နင်နဲ့ စကားပြောရမှာ ပျင်းတယ်..."

လျှိုရီတ၏ စကားလုံးများကို ကျီချင်းရန် စိတ်ထဲမထားချေ။

လင်းရီနှင့် ယွမ်ယွမ်တို့မှာ ငှက်နှင့် ငှက်မွှေးကဲ့သို့ ဖြစ်နေလေသည်။

နှစ်ယောက်မှာ ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်လာနိုင်သော်လည်း ထို့ထက် တစ်ဆင့် တက်ဖို့ရာတော့ လုံး၀ မဖြစ်နိုင်ချေ။

ဒေါက် ဒေါက် ဒေါက်

သူတိူ့ စကားပြောနေစဉ် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

လုထျန်း မတ်တပ်ရပ်လိုက်ပြီး "ကြည့်ရတာ ယွမ်ယွမ် ရောက်လာပြီနဲ့ တူတယ်..ငါတံခါး သွားဖွင့်ပေးလိုက်မယ်..."

မျှော်လင့်ထားသည့် အတိုင်း တံခါးအပြင်တွင် ရပ်နေသူမှာတော့ ဟော်ယွမ်ယွမ်ပင်။

သူမ လက်ထဲတွင် လက်ဆောင်ပုံးလေးကို ကိုင်ထားပြီး ကျန်းရှုမင်ကို ပေးရန် အသင့်ဖြစ်နေလေသည်။

"ဆရာမကျန်း တောင်းပန်ပါတယ်နော်..သမီး ကုမ္ပဏီမှာ အလုပ်တွေ များနေတာနဲ့ နောက်ကျသွားတယ်..."ဟော်ယွမ်ယွမ်မှ တောင်းပန်လိုက်၏။

"ဘာတွေ ပြောနေတာလဲ ယွမ်ယွမ်ရဲ့..ဒီလို တကူးတက လာပေးတာကိုတောင်မှ ဆရာမက ၀မ်းသာလှပြီ...‌ နောက်ခါလာရင် ဘာမှ ၀ယ်မလာခဲ့နဲ့ ..မဟုတ်ရင် ပေးမ၀င်တော့ဘူး သိလား..."

"သမီးရဲ့ သဘောထားကိုဖော်ပြချင်လို့ ၀ယ်ခဲ့ပေးတာလေ..တခြား ဘာအဓိပ္ပာယ်မှ မပါဘူး..တကယ်လို့ ဆရာမကျန်းရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကြောင့်သာ မဟုတ်ရင် သမီးဒီနေ့လို ရလဒ်မျိုးတွေ ရနိုင်မှာ မဟုတ်ဘူး..အနည်းဆုံးတော့ သမီးက ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်လေးတော့ ပေးသင့်တယ်လေ..."

"ကလေးဆိုး‌ လေး..နင်ကတော့ ကျောင်းတုန်းကတိုင်း စကားတွေ တတ်တုန်းပဲပေါ့..."

ဟော်ယွမ်ယွမ် ရယ်မောလိုက်ပြီး အိမ်တွင်းစီး ညှပ်ဖိနက်ကို လံလှယ်ကာ အထဲသို့ ၀င်လာခဲ့လိုက်၏။

"ယွမ်ယွမ် လာ....ငါ့ဘေးနားလာထိုင်ချည်..."လျှိုရီတ စီးကရက် ပစ်ချ၍ အားပါးတရကြီး ဖိတ်ခေါ်လိုက်၏။

"မင်းက အလုပ်များတဲ့လူဆိုတော့ တွေ့ရဖို့ကို တကယ်မလွယ်ဘူး.."

"အစ်ကိုလျှိုက မြှောက်ပင့်လွန်းနေပါပြီ..ညီမက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး..."ဟော်ယွမ်ယွမ် ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။

"ကောင်းပြီ တံခါး၀မှာပဲ ရပ်မနေနဲ့ ..လာ မင်းအတွက် တူ‌နဲ့ ပန်းကန်လုံးယူပေးထားတယ်...အရင်ဆုံး လာစားလှည့်.."

ဟော်ယွမ်ယွမ် ခေါင်းညိမ့်လိုက်ပြီး သူမ၏ ပစ္သည်းများကို ချကာ အိမ်ထဲသို့ လမ်းလျှောက်လာခဲ့သည်။

သူမ အစတုန်းကတော့ ကျီချင်းရန် ဘေးတွင် ထိုင်မလို့ပင်။ သို့သော်လည်း လျှိုရီတမှ သူ့ဘေးတွင် ထိုင်ရန် ဖိတ်ခေါ်လာသောကြောင့် မျက်နှာ‌သာပေးရန် ဆုံးဖြတ်လိုက်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဟော်ယွမ်ယွမ် ရုတ်တရပ် သူမခြေလှမ်းများ အေးခဲသွားခဲ့သည်။

လင်းရီ သူမ၏စီနီယာအစ်မဘေး၌ ထိုင်နေသည်ကို မြင်လိုက်ရ၏။

"ဘော့စ်..ရှင်ဒီမှာ ဘာလာလုပ်တာ"

All Chapters