← Chapters

အခန်း (၃၃၂)

Vol. 23 Ch. 332

အခန်း (၃၃၂)

Vol. 23 Ch. 332

"ဘာကိုလာလုပ်ရမှာ..မင်းရဲ့ အစ်မချင်းရန်နဲ့ ထမင်းလာစားတာလေ."

ဟော်ယွမ်ယွမ် လင်းရီတို့ နှစ်ဦးကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်ပြီး "အိမ်က ဆွေမျိုးတွေအပြင် ဆရာမကျန်းကလည်း အစ်မကျီ လေးစားရတဲ့ အကြီးအကဲပဲ ...ရှင့်ကို ဆရာမကျန်းဆီ ခေါ်လာခဲ့တယ်ဆိုတော့...ကျွတ်ကျွတ် ရှင့်ရဲ့ အဆင့်တိုးသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်နော်..."

"မပူနဲ့..ငါက အဆင့်တိုးသွားရင်တောင်မှ မင်းကတော့ ရာထူးတိုးမှာ မဟုတ်ဘူး..."

"နေဦး ယွမ်ယွမ် နင်သူ့ကို ဘယ်လိုခေါ်လိုက်တယ်..."လျှိူရီတ အထိတ်တလန့်ဖြစ်သွားခဲ့သည်။

"ဘော့စ်လေ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "သူက အစ်ကိုလျှိုကို မိတ်မဆက်ပေးဘူးလား..."

"သူ...သူက တကယ်ကြီး မင်းရဲ့ဘော့စ်..."လျှိုရီတ မျက်လုံးများ ပြူးကျယ်လာခဲ့ပြီး "ဒါဆို သူက လင်းယွမ်အုပ်စုရဲ့ နောက်ကွယ်က သူဌေးကြီးပေါ့..."

"အမှန်ပဲလေ...မထင်ရဘူးမလား..ဟီးဟီ.."ဟော်ယွမ်ယွမ် ရယ်မောလျက် ပြောလိုက်၏။

"တကယ့်ကို မထင်ရတာ..."

ဟော်ယွမ်ယွမ် တူပန်းကန်လုံးယူပြီး ထမင်းဖြည့်လိုက်၏။ ထို့နောက် ဟင်းများကို နှိုက်မြည်းရင်း "သာမန်ပါပဲ...ညီမလည်း အစက မယုံကြည်ခဲ့ဘူး...ဒါပေမယ့် ဘော့စ်က တကယ့်ကို ကျိကျိတက်ချမ်းသာတာနော်..အမြွှာမျှော်စင်ကို ၁၈ ဘီလီယမ် ပေးပြီး ၀ယ်လိုက်ရုံတင် မကသေးဘူး..ကျိုကျုံးအဆောက်အအုံက ဗီလာအကုန်လုံးကို တစ်ပြိုင်တည်း ၀ယ်ထားတာ...ပြီးတော့ သူစီးတဲ့ ကားဆိုရင်လည်း အနည်းဆုံး သန်း ၆၀ကျော်တယ်..ကျွန်မတို့ ရင်းနှီးမြုပ်နှံဖို့ ဆွေးနွေးခဲ့တဲ့ ပမာဏတောင်မှ ဘော့စ်ရဲ့ ကားတစ်စီးစာလောက်ပဲရှိတာ...."

"သူ...သူက သန်း၆၀ ကျော်တန်ကြေးရှိတဲ့ ကားကြီးကို မောင်းတယ်..."

လျှိုရီတ၏ မျက်လုံးများမှာ တူပန်းလုံးလောက်ကြီး ပြူးကျယ်လာခဲ့၏။

သူ စောနကလေးတင် လင်းရီ၏ ကုမ္ပဏီကို သေးတယ်ဆိုပြီး လှောင်ပြောင်နေခဲ့ပြီး သူ့ဘက်မှ ရင်းနှီးမြုပ်နှံပေးရန်ပင် ကမ်းလှမ်းလိုက်သေးသည်။

ထိုအကြောင်းကို စဉ်းစားမိသည်နှင့်တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး ဖြတ်ရိုက်ခံထားရသကဲ့သို့ နီရဲလာကာ အရှက်ရလွန်း၍ တွင်းထဲ ပုန်းအောင်ချင်နေမိတော့၏။

"ယွမ်ယွမ် ..မင်းတို့ နှစ်ယောက် ရင်းနှီးမြုပ်နှံဖို့ ကိစ္စ ဆွေးနွေးနေတယ်ဆို..."လင်းရီ ခုံကို လက်‌ဖြင့် တစ်တောက်တောက်လုပ်၍ မေးမြန်းလိုက်၏။

"အွန်း..ကျွန်မတော့ စီနီယာလျှိုရဲ့ ကုမ္ပဏီက မဆိုးဘူးလို့ ထင်တာပဲ..ကျွန်မ အစ်ကိုချီနဲ့လည်း ဆွေးနွေးပြီးသွားပြီ..နောက်ပြီး အသိတွေ ဖြစ်နေတာကလည်း တစ်ကြောင်းမို့လေ..."

"မင်းပြောတာ မှန်သလိုတော့ ရှိတယ်.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒါပေမယ့် မင်းရဲ့ စီနီယာလျှိုက ငါတို့ ကုမ္ပဏီက သေးသေးလေး ပြီးတော့ အခွင့်လမ်းကောင်းတွေလည်း ရှိမှာ မဟုတ်ဘူးတဲ့...သူက ငါတို့ကို ကူညီပေးချင်တဲ့သဘောနဲ့ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ချင်နေတယ်ဆိုပဲ..ဒီတော့ မင်းနောက်မှ သူနဲ့ တစ်ချက်လောက် စကားပြောကြည့်ကွာ..."

"အမ်...သူက ကျွန်မတို့စီမှာ ရင်းနှီးမြုပ်နှံချင်နေတယ်"

ဟော်ယွမ်ယွမ် အံ့အားသင့်သွားခဲ့ပြီး "သူက ဘာလို့ အဲ့လိုလုပ်မှာလဲတဲ့..."

"ပဟေဠိ ဖြစ်စရာ မကောင်းဘူးလား..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

"တကယ့်ကို ပဟေဠိ ဖြစ်စရာပဲ..ကျွန်မမြင်ဖူးတဲ့ ထိပ်တန်း လူလုပ် ပဟေဠိ ဆယ်ခုထဲမှာတောင် ပါတယ်"

ထိုသို့ ပြောလိုက်သော်လည်း ဟော်ယွမ်ယွမ် ဘာဖြစ်နေလဲဆိုတာ နားလည်ပေသည်။

ဖြစ်နိုင်သည်မှာတော့ သူမ၏ စီနီယာလျှိုမှာ အစ်မကျီကြောင့် ဘော့စ်ရှေ့တွင် မိမိုက်သလို လုပ်ခဲ့သည့်ပုံပင်။ မဟုတ်ပါက ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ယင်းကလည်း သူမဘော့စ်မှာ အတော်လေးကို နိမ့်နိမ့်ချချနေသောကြောင့်ဖြစ်၏။ ဘော့စ်ဘက်မှ စတင်ပြီး မိမိုက်သလိုလုပ်သည်က လွန်စွာရှားသည်။ များသောအားဖြင့် တစ်ဖက်လူကသာ သူမဘော့စ် နိမ့်ချနေထိုင်သည်ကို အေးဆေးပေးမနေဘဲ အဘယ်ကြောင့် နိမ့်ချကဲ့ရဲ့နေတာလဲဆိုတာကို သူမလည်း မစဉ်းစားတတ်တော့ချေ။

"အာဟား ကြည့်စမ်းပါဦး..ဘော့စ်လင်းကလည်း စောကတည်းက ပြောရောပေါ့ဗျာ..ခုတော့ အားလုံးရှုပ်ကုန်ကြပြီ..."

"တကယ်လို့ ကျုပ်သာ ပြောလိုက်မယ်ဆို ကြွားဝါသလို ဖြစ်နေမှာပေါ့.. တော်ပါပြီ ကျုပ်က နိမ့်နိမ့်ချချနေရတာကိုပဲနှစ်သက်တာ... ခုတော့ ကျုပ်ဘယ်သူလဲဆိုတာ သိသွားပြီး မစ္စတာလျှိုကို ကသိကအောက် ဖြစ်သွားစေတယ်ဆိုတော့ စိတ်မရှိပါနဲ့ဗျာ....ကျုပ်ပြန်ရောက်ရင် ယွမ်ယွမ်ရဲ့ရဲ့ လစာကို လျှော့လိုက်ပါ့မယ်..စီနီယာတစ်ယောက်ကို ဒီလိုမျိုးဖြစ်အောင် လုပ်တယ်ဆိုတာက မလေးစားရာကျလွန်းတယ်လေ..."

ဟော်ယွမ်ယွမ် :"...."

ငါက ဘာလုပ်မိလို့လဲ...

သူကပဲ အတင်းအကြပ်လုပ်ခိုင်းရသလိုပုံစံကလည်း ဟန်ဆောင်လိုက်သေး နောက်ပြီး ငါ့လစာကလည်း ဖြတ်လိုက်သေး.. ဆိုတော့ ဒါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ မဟုတ်လား...ဘော့စ် ဒါကတော့ ရှင်တရားလွန်သွားပြီနော်

"ချင်းရန် ..နင်ကတော့ ဒီလောက် ကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာတောင်မှ စိတ်မကျေနပ်သလို လုပ်နေလိုက်သေးတယ်ပေါ့..ငါတော့ အရမ်းမနာဖြစ်မိတာပဲသိလား... "လုထျန်းမှ မနာလိုသည့် လေသံဖြင့် ကျီစယ်စွာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့ ခန့်ညားချောမောတဲ့ ရုပ်ရည်ကို မနာလိုနေတာလား..."

"မဟုတ်ပါဘူး.."လုထျန် ပြောလိုက်ပြီး "ရုပ်ချောတာက ကျွန်မအတွက်တော့ ဘာမှ အသုံးမ၀င်ဘူး..ကျွန်မတို့ မိသားစုက ယောက်ျားလေးဆို ချက်တတ်ပြုတ်တတ်မှ သဘောကျတာရှင့်...အဲ့ဒါမှ ယောက်ျားကောင်း ပီသတယ်လို့ သတ်မှတ်တာ..."

"အဲ့လိုဆိုရင်တော့ မိန်းကလေးလုကို စိတ်ပျက်စေမိပြီ...ကျုပ်ကလည်း ချက်တတ်တဲ့ ယောက်ျားတစ်ယောက်ပဲဗျ..."

"ရှင်..ရှင်က ချက်ပြုတ်တတ်တယ်..."လုထျန် အံ့အားသင့်သွားခဲ့သည့် လေသံဖြင့် မေးမြန်းလိုက်၏။

ကျီချင်းရန် သူမ ကျောကို မတ်လိုက်ပြီး ဂုဏ်ယူ‌ နေသည့် လေသံဖြင့် "လင်းရီက ချက်ပြုတ်တယ်တယ်...ပြီးတော့ သူချက်ပေးတဲ့ ဟင်းပွဲတွေကလည်း အရမ်း အရသာရှိတာ..."

"အွန်း အွန်း..ဘော့စ်ရဲ့ ဟင်းချက်လက်ရာက လုံး၀ကို ထိပ်တန်းပဲ..အရမ်းအရသာရှိတယ်..."ဟော်ယွမ်ယွမ်မှ အရသာကို ပြန်လည် တမ်းတနေဟန်ဖြင့် သားရည်ယိုလျက် ပြောလိုက်၏။

"ငါ့ကို လာချီးကျူးနေလည်း အပိုပဲ..ငါဘယ်သူလဲဆိုတာ ပြောလိုက်တော့မှတော့ မင်းရဲ့လစာကို လျှော့ပစ်ရမှာပဲ..."

"ချီး..."

ညရှစ်နာရီကျော်သည့် အချိန်တွင်တော့ ညစာစားပွဲမှာ ပြီးဆုံးသွားခဲ့ပြီး ဆရာမကျန်းအိမ်မှ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတော့၏။

လင်းရီ၊ ကျီချင်းရန် ၊ ဟော်ယွမ်ယွမ်နှင့် လုထျန်းတို့သာလျှင် တစ်စုံတစ်ခု ပြောစရာ ကျန်နေသေးသကဲ့သို့ မပြန်သေးဘဲ စုရုံးနေကြ၏။

"ဘော့စ်...ဖုန်းလန်ယဉ်ကျေးမှု မီဒီယာကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစဉ်းစားထားလဲ..ဒီနေ့ ချောင်ကျင်းချိုး ကျွန်မဆီ ဆက်သွယ်လာပြီးတော့ ရင်းနှီးမြုပ်နှံဖို့ စိတ်၀င်စားလားလို့ ပြောလာခဲ့တယ်...ကျွန်မကတော့ သူ့ကို တိုက်ရိုက်ပဲ အ‌ဖြေပြန်ပေးလိုက်တယ်နော..."

"သူ(မ)က မင်းနဲ့ ချီရှန်းကျောက်တို့ မှန်းတော့ မသိဘူးမလား..."

"ဒါပေါ့ .ဘယ်သိမှာ..ကျွန်မက အနုစိတ်လုပ်တယ်လေ.."ဘာပဲပြောပြော သူမက Cisco က ဆိုတော့ ကျွန်မတို့ နာမည်တွေသာ သိကုန်ရင် ပလန်တစ်ခုလုံး ကပြောင်းကပြန်တွေ ဖြစ်ကုန်တော့မှာပေါ့.."

"အင်း..လုပ်တာ မဆိုးဘူး.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "သူမနဲ့ တွေ့ဖို့ ချိန်းလိုက်..ငါကိုယ်တိုင် သွားတွေလိုက်မယ်..အိုး နေရာကိုတော့ ပန်နီဆူလာဟိုတယ်မှာ သတ်မှတ်လိုက်..."

"အာ...ဘော့စ်ကလည်း ဘာလို့ ပန်နီဆူလာဟိုတယ်ကြီးတုန်း...အဲ့တာက ကြယ်ငါးပွင့် ဟိုတယ်ကြီးလေ..အဲ့မှာ ဆုံရင် ပိုက်ဆံ အများကြီး ကုန်နေမှာပေါ့ရှင့်...."ဟော်ယွမ်ယွမ်မှ မကျေမနပ်ဖြစ်သွားခဲ့ပြီး "ကုမ္ပဏီရဲ့ ဘတ်ဂျက်က စကတည်းကနေ ချွေတာနေရပါတယ်ဆိုနေမှ ဘော့စ်က အဲ့လို ဇိမ်ခံတဲ့ နေရာတွေ သွားချင်နေတယ်ပေါ့လေ..ကုမ္ပဏီအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား..."

"အဲ့တာဆို ငါက ဘယ်သွားပြီး တွေ့ရမှာ..."

"ယွမ် ၁၀၀ လောက်ပဲ ကုန်မယ့် စတားဘက်ခ်ဆိုရင်ကော...အဲ့မှာဆို ဈေးနှုန်းလည်း သင့်တင့်တယ်လေ."

"အင်း..နည်းနည်းလေး အပေါစား ဆန်တယ်ဆိုပေမယ့် မင်းသာ စရိတ်စိုက်မယ်ဆိုရင် သွားမယ်ကွာ.."

"ဟွန့်..ရော့ရော့..ဘောစိဖြစ်ပြီး သူများနား ပြန်တောင်းနေတယ်..."

ဟော်ယွမ်ယွမ်မှ မျက်နှာ စူပုပ်စွာဖြင့် အိတ်ထဲမှ ယွမ်တစ်ရာတန် အသစ်ကို ထုတ်ကာ "ဒါက ရှင် စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့..ယူလိုက်..."

"ကျေးဇူးပဲနော်..ယွမ်ယွမ်..."

"အယ်...ဒီနေ့ အရမ်းတွေယဉ်ကျေးနေပါလား..ခါတိုင်း ဘော့စ်ရဲ့ စတိုင်က ဒီလိုမျိုး မဟုတ်ပါဘူး..."

ကျီချင်းရန်မှ ရွှင်မြူးစွာဖြင့် "ဘာလို့လဲဆိုတော့ ပန်နီဆူလာ ဟိုတယ်က သူပိုင်တာလေ..အဲ့ဒီကို သွားတွေ့ရင် တစ်ပြားမှ ပေးစရာမလိုဘူး..ဒါပေမယ့် ခုတေယ့ နင့်နားကနေ ယွမ်တစ်ရာ ရလိုက်ပြီလေ..အမြတ်ပေါ့...ခစ်ခစ်..."

ဟော်ယွမ်ယွမ် "...."

"ငါက ဒီတိုင်း ဘာမဟုတ်တဲ့ ၀န်ထမ်းလေးကို နင်တို့က ဘာလို့ အနိုင်ကျင့်နေကြတာလဲလို့.."

ဟော်ယွမ်ယွမ် ငိုချင်နေသည့် လေသံလေးဖြင့် ပြောလိုက်ပြီး "ပြီးတော့ ပန်နီဆူလာဟိုတယ်ကကော ဘယ်ချိန်ကတည်းက ရှင့်ဟိုတယ်ဖြစ်လာခဲ့တာ...ကျွန်မကကော ဘာလို့ အဲ့အကြောင်း မသိရတာလဲ...အဲ့လိုဆိုရင် ကျွန်မလည်း နောက်ကျ အဲ့မှာ ဖရီးလာတည်းလို့ ရတယ်ဆိုတဲ့ သဘောပေါ့နော်...။"

"ဟိုး ဟိုး ဟိုး...."

"ဘာလဲ ရယ်တာက ဘာသဘောလဲ......."

"မင်းရဲ့ ဟိုင်းဝေးလမ်းကြီးနဲ့ဆိုရင် ဘယ်သူကမှ အခန်းငှားပေးမှာ မဟုတ်ဘူး..ဒီတော့ မိန်းကလေး မင်းက ဘာတွေ မျှော်လင့်နေတာ... "

ယှမျယှမျ :"......"

"ငါ့ဓားဘယ်မှာလဲ..."

"ကဲကဲ တော်ကြတော့ နှစ်ယောက်လုံး ကိုက်မနေကြနဲ့တော့...တစ်ယောက်က CEO ၊ တစ်ယောက်က CFO ..နင်တို့တွေ တည်တည်တံ့တံ့လေး နေလို့ မရဘူးလား..."

ကျီချင်းရန်၏ နားချမှုအောက်တွင် နှစ်ယောက်သား ရန်ဖြစ်တာ ရပ်လိုက်ကြတော့၏။

ထို့နောက် လေးယောက်သား လမ်းခွဲလိုက်ကြပြီး လုထျန်းနှင့် ဟော်ယွမ်ယွမ်တို့ တစ်နေရာစီ ထွက်သွားခဲ့ကြသည်။

လင်းရီကတော့ ကျီချင်းရန်ကို ကျိုကျုံးဗီလာသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ကျီချင်းရန်ကတော့ လင်းရီသူမကို ဘေဘီပူတူးချင်းရန်ဟု ခေါ်လိုက်သည့် လေသံကို နားတသသ ဖြစ်နေမိ၏။

ကြားရသည်မှာ နားရှက်ဖွယ်ကောင်းလှသော်လည်း နားထောင်လို့ကောင်းသည်တော့ အမှန်ပင်။

"ငါရေသွားကူးမလို့..နင်ကော..."

လင်းရီ ရယ်မောလိုက်ပြီး "ငါကတော့ မင်းကူးတာပဲ ထိုင်ကြည့်တော့မယ်..ပြီးတော့ မင်း ရေကူး၀တ်စုံနဲ့ S ပုံစံ ထိုင်ထလုပ်ပြမယ်လို့ ပြောထားတာလည်း မေ့မနေနဲ့ဦးနော် ."

"ဟွန့်..ဆု တောင်း လေ..."

ကျီချင်းရန် အဖြူရောင် ရေကူး၀န်စုံ၀တ်ဆင်ပြီး ကိုယ်ကို တဘက်ဖြင့် ပတ်ကာ အပေါ်ထပ်မှ ဆင်းလာခဲ့၏။

အထဲတွင် ဘာ၀တ်ထားလဲဆိုတာ ကြည့်ရန်တောင် မလိုအပ်ချေ။ ဖြူဖွေးသွယ်လျနေသည့် ပေါင်တံနှစ်ချောင်းကို မြင်ရုံမျှနှင့် ၁၀၀ GB ထက် ကျော်လွန်သော အတွေးပုံရိပ်များကို မြင်ယောင်မိသွားစေလိမ့်မည်။

ရေကူးကန်ထဲတွင်တော့ ကျီချင်းရန် ရေသူမ တစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်စွာ ရေကူးနေပြီး လင်းရီကတော့ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဝိုင်နီတစ်ခွက်ဖြင့် သူ၏ ရှေ့ဆက်ရမည့် ခြေလှမ်းများအကြောင်းကို အတွေးနက်လို့နေသည်။

စနစ်မစ်ရှင်မှာတော့ သူ့ခြေလှမ်းနှင့်သူ ဖြည်းဖြည်းနှင့်မှန်မှန် ရွေ့လျားနေသောကြောင့် သိပ်အများကြီး စဉ်းစားရန်မလိုချေ။

သူ လက်ရှိ အရေးစိုက်ရမည့် အရာမှာတော့ ချောင် မောင်နှမ နှစ်ဦးကိုပင်။

ချောင်ရှန့်ယွီ၏ အရေးနှင့် စပ်လျဉ်း၍ ကတော့ ၀မ်ရန်ကို စောင့်ကြည့်ခိုင်းသောကြောင့် ပြဿနာ ထွေထူးသိပ်မရှိပေ။၀မ်ရန်မှာ နယူဘီလေး ဖြစ်သော်လည်း ချောင်ရှန့်ယွီကလည်း ကျပ်မပြည့်ကောင်ပင်။ ထို့ကြောင့် သတင့်တင့်လျောက်ပတ်သော IQ ရှိနေသရွေ့တော့ ချောင်ရှန့်ယွီကို ကိုင်တွယ်ရန် ပြဿနာရှိလိမ့်မည် မဟုတ်။

ထို့ကြောင့် ချောင်ကျားတုံး၏ သမီးတော် ချောင်ကျင်းချိုးကိုသာလျှင် ကိုင်တွယ်ဖို့ ကျန်နေတော့၏။

အကယ်၍ သူမသာ ချောင်ရှန့်ယွီကဲ့သို့ နှစ်ပြားလွတ်နေပါက ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူလိမ့်မည် ဖြစ်သော်လည်း သူမ၏ လုပ်ဆောင်မှုများက လူကို အနည်းငယ် ရှုပ်ထွေးစေသည်။

Cisco ၏ စီးပွားရေးလုပ်ငန်းများကို လက်လွှဲမယူဘဲ သူမ၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုကို ထူထောင်ထား၏။ ယင်းက သူမကို လူသာမန်တို့နှင့် ကွဲပြားသွားစေသည်။ အကယ်၍ သင်ဆိုလျှင်ကော အောင်မြင်ပြီးသား လုပ်ငန်းစုကို အမွေဆက်ခံမည့်အစား စွန့်လွှတ်စွန့်စားပြီး ကိုယ်ပိုင်လုပ်ငန်းအသစ်ကို တည်ထောင်ပါလိမ့်မည်လော။

သူမထိုသို့ ပြုလုပ်ရသည့် မူလဇစ်မြစ်ကို လင်းရီ သိအောင် လုပ်ရပေမည်။

စဉ်းစားရင်းဖြင့် ခေါင်းရှုပ်လာသည့် အတွက် လင်းရီရေထဲသို့ ဒိုင်ဗင် ပစ်ချပြီး လေးငါးပတ်လောက် ရေကူးကာ ကျီချင်းရန်နှင့်အတူတက်လာပြီး ကန်နံဘေး၌ထိုင်၍ လေညင်းခံနေလိုက်၏။

"နင်ငါ့ကို ဘာလို့ အဲ့လို လာကြည့်နေတာ..."

ကျီချင်းရန် တဘက်ကို လှမ်းဆွဲလိုက်၏။ လင်းရီ၏ ဝါးစားချင်နေသည့် အကြည့်တို့က သူမကို အနည်းငယ် မသက်မသာဖြစ်အောင် လုပ်နေလေသည်။

"မင်း....ငါ့ရဲ့ CEO လုပ်မလား..."

"အန်...နင့်သဘောက ငါ့ကို လင်းယွမ်အုပ်စုထဲ ၀င်စေချင်တာလား"

"အင်း...အဲ့သဘောမျိုးပဲ..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒီနှစ် ဒီဇင်ဘာကျရင် ငါ အရင်းမြစ်အားလုံးကို တစ်ခုတည်းဖြစ်အောင်လုပ်ဖို့ စီစဉ်ထားတယ်...တကယ်လို့ မင်းသာ လာမယ်ဆိုရင် ငါအရာအားလုံး စိတ်ချလို့ရပြီ..."

"မရဘူး.."ကျီချင်းရန် ဖြည်းညင်းစွာ ခေါင်းခါရမ်း၍ "အရင်ဆုံး ချောင်ရန်အုပ်စုရဲ့ လက်ရှိ အောင်မြင်မှုတွေက ငါမျှော်မှန်းထားတဲ့အထိ မရောက်သေးဘူး..ပြီးတော့ ငါသာ လင်းယွမ်အုပ်စုကို ရုတ်ချည်းရွေ့ပြောင်းသွားမယ်ဆိုရင် သင့်တော်တဲ့ အကြောင်းပြချက်ရှိတယ် ဆိုရင်တောင်မှ လူတွေကို လက်သင့်ခံလာအောင် လုပ်ဖို့က ခက်ခဲတယ်..လုံး၀ မဖြစ်နိုင်ဘူး.."

ကျီချင်းရန် အနေအထားပြောင်း၍ လင်းရီကို ကြည့်လိုက်ပြီး "ချီကလည်း မဆိုးပါဘူး..ယွမ်ယွမ်ထက် ပိုပြီးတော့ တည်ငြိမ်တယ်..ရှင်သူ့ကို ကောင်းကောင်းလေး လေ့ကျင့်ပေးမယ်ဆိုရင်ကော..."

"ချီကြီးနဲ့က အဆင်တော့ပြေတယ်..ဒါပေမယ့် အဲ့ကောင်က စွန့်စားရဲတဲ့စိတ်မရှိဘူး..သိပ် ရစ်ခ်(risk) မယူရဲတာပေါ့ကွာ.."လင်းရီ သူ၏ အတွေးများကို ထုတ်ပြောလိုက်ပြီး "သူနဲ့ ယွမ်ယွမ် နှစ်ယောက်နဲ့ကျ ရေတိုအတွက်ပဲ အဆင်ပြေမှာ ..ရေရှည်ကျတော့ နှစ်ယောက်တည်းက မလုံလောက်ဘူးလေ..."

"ငါမင်းကို ကိစ္စအားလုံး တစ်ယောက်တည်း ပခုံးစီးခံဖို့ တောင်းဆိုနေတာ မဟုတ်ဘူး.."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းမောတဲ့ အချိန်ကျ ငါလည်း အစားကူညီပေးမယ်လေ..အဲ့ဒီအချိန်ကျ ကိုယ်လုပ်ချင်တာကိုလုပ်ပေါ့..."

"အဲ့လောက်တောင် ကောင်းလား.."

"မကောင်းလို့လား...ဒါက ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ ထုံးစံပဲလေ...လင်းယွမ်အုပ်စုက နည်းနည်းလေး ထူးခြားတယ်ဆိုပေမာ့် အနှစ်သာရကတော့ မပြောင်းလဲဘူး..."

ပြောရင်းဖြင့် လင်းရီပင် အနည်းငယ် ရှက်ရွံ့သလို ခံစားလာခဲ့ရသည်။သူက ကုမ္ပဏီ၏ ဘော့စ်ဖြစ်နေသော်လည်း ရုံးခန်း၌ မရှိသည်က ခပ်များများပင်။

"အဟမ်း..ဒါနဲ့ တခြား ကုမ္ပဏီက CEO တွေကော နေ့တိုင်း အပြင်မှာပဲ လျှောက်သွားနေကြတာလား..."

All Chapters