← Chapters

အခန်း (၃၃၃)

Vol. 23 Ch. 333

အခန်း (၃၃၃)

Vol. 23 Ch. 333

"ဘယ်လိုများ မေးလိုက်ပါလိမ့်..."ကျီချင်းရန် စောဒက တက်လိုက်ပြီး "ဘယ်ကုမ္ပဏီ စီအီးအိုက တစ်ချိန်လုံး ရုံးထိုင်နေတာ နင်တွေ့ဖူးလို့လဲ...အစိုးရ ကုမ္ပဏီပဲ ဖြစ်ဖြစ် ၊ နာမည်ကြီး ကုမ္ပဏီက ဘော့စ်ပဲဖြစ်ဖြစ် ဘယ်သူမှ ရုံးမထိုင်ဘူး....သူတို့ရဲ့ ယုံကြည်လို့ရတဲ့ သူတွေဆီပဲ လက်လွှဲထားကြတာ..တကယ်လို့ နင်သာ ရုံမှာ တစ်ချိန်လုံး ရှိနေမယ်ဆိုရင် နည်းနည်းလေး သာမန်ရိုးကျ မဟုတ်သလို ဖြစ်သွားမှာပေါ့."

"အင်း..မင်းပြောတာလည်း အဓိပ္ပာယ်တော့ ရှိသားပဲ...ကလပ်တွေ ပိုပြီး ၀င်ငွေကောင်းလာတယ်ဆိုတာကလည်း ဒီလိုလူတွေ ထောက်ပံ့ပေးနေလို့ပဲလေ ဟုတ်တယ်ဟုတ်.."

"ဘာကို ဟုတ်တယ်ဟုတ် နင်ကတော့ ပေါက်တတ်ကရလောက် လျှောက်လုပ်နေ..."

လင်းရီ ပြုံးလိုက်ပြီး ဘာကိုမျှ ထပ်မပြောခဲ့ချေ။

နှစ်ယောက်သား ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း ဝိုင်သောက်ကာ ကောင်းကင်ပေါ်ရှိ လမင်းကြီး၏အလှကို ခံစားကြည့်ရှုနေကြ၏။

ထို့နောက် ဗီလာသို့သွားကာ အိပ်စက်အနားယူကြလေသည်။

နောက်တစ်နေ့နံနက်ခင်းတွင်တော့ ကျီချင်းရန်မှ အစောကြီးနိုးလာပြီး နှစ်ယောက်လုံးအတွက် မနက်စာကို ပြင်ဆင် ချက်ပြုတ်နေလေသည်။

ချက်ပြုတ်နေကြ ဟင်းပွဲများအပြင် ယနေ့တော့ အသီးရွက်သုပ်တစ်ခွက်လေး ပိုပါလာခဲ့၏။

ကျီချင်းရန်ကို ရုံးသို့ ပို့ပြီးနောက် လင်းရီလည်း အလုပ်စရန် ဟန်ပြင်လိုက်သည်။

"ရီလေး..."

ထို အချိန်တွင် လင်းရီ တစ်စုံတစ်ယောက်မှ သူ၏ နာမည်ခေါ်သံကို ကြားလိုက်ရပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ ၀မ်ရင်း ဖြစ်နေလေသည်။

၀မ်ရင်းမှ သနပ်ခါးရောင် ဂါ၀န်ကို ၀တ်ဆင်ထားပြီး LV ကြိုးသိုင်းဖိနပ်ကို စီးထားသည်။ သူမ၏ အသွင်မှာ နဂိုကထက် အရပ်မြင့်လာသည့် အသွင် ဖြစ်လာခဲ့တော့၏။

"အစ်မရင်းက ဒီနေ့ အရမ်းလှနေပါလားဗျ..တစ်ယောက်ယောက်နဲ့ ချိန်းထားတာရှိလို့လား..."

"အစ်မက သူများယောက်ျားလေးတွေနဲ့ ချိန်းတာကို မောင်လေးရီ သဘောတူတယ်လို့တော့ မပြောနဲ့နော်..."၀မ်ရင်းမှ ညိုးငယ်သွားသည့် လေသံဖြင့်ပြောလိုက်၏။

"ကျွန်တော့်ဘက်ကတော့ ပြဿနာမရှိပါဘူး..ဒါပေမယ့် အစ်မရင်း ချိန်းရဲလား မချိန်းရဲဘူးလားဆိုတဲ့ အပေါ်မှာပဲ မူတည်နေတာ..."လင်းရီ ပြောလိုက်၏။

"မောင်လေးရီက အဲ့လိုပြောလာမှတော့ ဒီအစ်မက မဝံ့ရဲပါဘူးတဲ့ရှင်..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ဒီနေ့တော့ တကယ်ကြီး အမျိုးသားတစ်ယောက်နဲ့ သွားတွေရမှာ..."

"ဘယ်သူနဲ့လဲ.."

"နင် ချင်းဖုန်းပရောဂျက်ကို မှတ်နိသေးလား..."

"ချင်းဖုန်းပရောဂျက်..."လင်းရီ ရေရွတ်လိုက်ပြီး "မှတ်မိပြီ...ကျွန်တော်တို့ ကုမ္ပဏီကို အကြွေး ၁၀ မီလီယမ် တင်ထားတဲ့ ချင်းဖုန်းကုမ္ပဏီမလား..ဟို စုန်းမအိုကြီး ယွီလီလီက ကျွန်တော်တို့ နှစ်ယောက်ကို ခက်ခဲအောင် လုပ်ပြီးတော့ အကြွေးသွားတောင်းခိုင်းသေးတယ်လေ..နောက်ဆုံးကျတော့လည်း ကျွန်တော်တို့ ပိုက်ဆံ တစ်ပြားမှ မရဘဲ မောင်းထုတ်ခံလိုက်ရတာပဲ အဖက်တင်လိုက်တယ်..."

ထိုစဉ် အခါတုန်းကတော့ လင်းရီမှာ ချောင်ရန်အုပ်စု၌ သာမန်၀န်ထမ်း တစ်ဦးလေးမျှသာဖြစ်၏။ သူနှင့် ၀မ်ရင်း လက်တွဲ လုပ်တောင်လျှင်တောင်မှ ထိုကိစ္စကြီးက်ု ကိုင်တွယ်နိုင်လိမ့်မယ် မဟုတ်ချေ။

သို့သော်လည်း ယခုအချိန်တွင်တော့ ခြားနားသွားပြီဖြစ်၏။ ၁၀ မီလီယမ်လောက်သာ ရှိသည့် ချင်းဖုန်း ပရောဂျက်ကို သူ အာရုံထားရန် လုံး၀မလိုအပ်တော့ချေ။

"ဟုတ်တယ်..အဲ့ဒီ ချင်းဖန်းပရောဂျက်ပဲ...အစ်မတို့ ခုထိ ပိုက်ဆံမရသေးဘူး..ကုမ္ပဏီရဲ့ ဒုဥက္ကဌက အစ်မကို အစည်းဝေးမှာတုန်းက တစ်နည်းနည်းနဲ့ ပိုက်ဆံရအောင် လုပ်ခဲ့ရမယ်ဆိုပြီး တာ၀န်ပေးထားတာ..."

"မဖြစ်နိုင်တာ..ဒီလောက်တောင် ကြာနေပြီကို ပိုက်ဆံ မပေးသေးဘူးပေါ့..."

လင်းရီ ပြောလိုက်ပြီး "ဆောက်လုပ်ရေးနယ်ပယ်က ဂုဏ်သတင်း နာမည်တွေနဲ့ ပတ်သက်ပြီးတော့ အလေးထားတယ်ဆိုတော့ အဲ့ကောင်တွေ ဒေဝါဘီခံလောက်ရောပေါ့... "

"ဘယ်နားကသာ..."၀မ်ရင်း ပြောလိုက်ပြီး "ချင်းဖုန်းပရောဂျက်က ကျန်တဲ့ ကုမ္ပဏီတွေ ဆီမှာပါ အကြွေးတွေ အများကြီးတင်ထားတယ်..ဒါပေမယ့် သူတို့ရဲ့ နာမည်ကိုကျ ထိခိုက်မှု မရှိသွားဘူး..ခုဆို သူတို့ ပရောဂျက်တွေ လက်ခံရလွန်းလို့ လက်တောင် မလည်ဘူး ဖြစ်နေတာ..."

"ဟမ်...သူတို့ နာမည်ကို ဖြေရှင်းပေးတဲ့ တစ်ယောက်ယောက် ရှာတွေ့သွားလို့လား.."

"အွန်း..အစ်မကြားတာတော့ သူတို့ အရမ်းကောင်းတဲ့ PR ကုမ္ပဏီကို ရှာတွေ့ထားတယ်ဆိုပဲ..တကယ်လို့ တစ်ယောက်ကသာ ထဲထဲ၀င်၀င် မဆန်းစစ်ကြည့်ဘူး ဆိုရဂ် သူတိူ့ရဲ့ အပေါ်ယံ ဂုဏ်သတင်းက ချောင်ရန်အုပ်စုထက်တောင် ကောင်းနေသေးတယ်..."

"စိတ်၀င်စားစရာပဲ.."လင်းရီ ပြုံးလိုက်ပြီး "ကျွန်တော်လည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ အစ်မရင်းနဲ့ လိုက်ခဲ့မယ်လေ.."

"ခစ်ခစ်..အစ်မကလည်း ဒိလိုစကားကိုပဲ ကြားချင်နေတာ..."၀မ်ရင်း ‌ပြုံးလိုက်ပြီး "ဥက္ကဌကျီက မောင်လေးရီကို ညသုံး၊ အစ်ကကျတော့ နေ့သုံးမယ်လေ..."

"အဟမ်း...သူများတွေ ကြားရင် အထက်လွဲကုန်မယ်နော..."

"ဘာဖြစ်လဲ..မောင်လေးရီ နားလည်ရင် ပြီးတာပဲ မဟုတ်လား... "၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "အစ်မကား မောင်းလှည့်..အချက်လက်တွေ အကုန်လုံးက အစ်မကားထဲမှာပဲ..."

"ဟုတ်..အဆင်ပြေပါတယ်..."

သို့နှင့် နှစ်ယောက်သား ၀မ်ရင်းကားထဲသို့ ၀င်လိုက်ကြ၏။ သို့သော်လည်း လင်းရီ မမောင်းချေ။ သူ ၀မ်ရင်းကို လေ့ကျင့်ပေးချင်နေလေသည်။

"အစ်မကို မောင်းခိုင်းမယ်ဆိုတာ သေချာတယ်နော်..."

"ဒါပေါ့ဗျ...လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတယ်..ကျွန်တော်က နေ့တိုင်း ကားမောင်းနေရတာ...အစ်မရင်းကသာ ပိုပြီးတော့လေ့ကျင့်.. "

"ဟင်း..နှမြောစရာပဲ...."၀မ်ရင်းမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး "မောင်လေးရီ ကားမောင်းနေတဲ့အချိန် အစ်မက ပြုစုပေးမလို့ပါဆိုနေ...ခုတော့ အခွင့်ရေး မရှိတော့ဘူးပေါ့..."

"အာ ..အဲ့လိုဆို ကျွန်တော်မောင်းမယ်လေ.."

"ကဲပါ နင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ဘေးချိတ်ထားလိုက်ဦး..လမ်းမှာ လူတွေ အများကြီးရှိ နေတာကို ..သူများမြင်ရှင် ရှက်စရာ ကောင်းတယ်လို့ မထင်ဘူး‌လား.."

"အစ်မရင်းတောင် မကြောက်တာကို ကျွန်တော်က ဘာကိုတွေးပြီး ကြောက်နေရမှာ..."

"မတူ‌ဘူးလေဟယ်..အစ်မက ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်..သူများတွေ မကောင်းပြောတာကိုလည်း စိတ်မ၀င်စားတော့ဘူး..ဒါပေမယ့် မောင်လေးရီကကျတော့ မတူဘူးလေ..မောင်လေးရီရဲ့ နာမည်ဂုဏ်သတင်းက ပိုအရေးကြီးတယ်..."

"အစ်မရင်းလိုလှပ‌တဲ့ အမျိုးသမီးတစ်ယောက်ကနေ ဒီလိုစကားတွေ ပြောလာခဲ့တယ်ဆိုတော့ တော်တော်လေး စိတ်ပင်ပန်းဆင်းရဲခဲ့မှာပဲနော်.."

"မောင်လေးရီ နားလည်ရင် ပြီးတာပါပဲ...မဟုတ်ရင် အစ်မက ဥက္ငဌကျီနဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး.."

ထိုသိူ့ ပြောရင်း သူမ ကားအင်ဂျင်စက်နှိုးကာ ချင်းဖုန်း ဆောက်လုပ်ရေးကုမ္ပဏီသို့ ဦးတည်သွားလိုက်၏။

လမ်းတွင်တော့ လင်းရီမှ ယောင်တုံးလိုင်ထံ ဖုန်းခေါ်ထားလိုက်သည်။

ဤကဲ့သို့သော ကိစ္စမျိုးမှာ ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်း၍ရသည့် ကိစ္စမျိုးမဟုတ်ချေ။ ထို့ကြောင့် ပြဿနာကို ဖြေရှင်းပေးရန် အကူညီများ ခေါ်ထားသည်က ပိုအဆင်ပြေ၏။

နာရီ၀က်ကြာပြီးနောက် လင်းရီတို့ ချင်းဖုန်း ကုမ္ပဏီရှေ့သို့ ရောက်ရှိသွားခဲ့သည်။

ကြည့်လိုက်သည်နှင့် ကုမ္ပဏီမှာ ချာင်ရန်အုပ်စုထက် အများကြီး သေးငယ်နေကြောင်း မြင်သာလေသည်။ ယင်းကလည်း ပရောဂျက်ရရင် အဆက်အသွယ်များပေါ်တွင် မှီခိုပြီး ကုမ္ပဏီ၏ ပုံရိပ်နှင့် ဒီဇိုင်းကို လုံး၀ လျစ်လျူရှုထားသောကြောင့် ပင်။

မိနှစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် ယောင်တုန်းလိုင်နှင့် လျိုချန်းတို့မှာ ဝူလင်းဟုန်ကွမ်းလေး စီးလျက် တံခါး၀ရှေ့၌ ရပ်တန့်လာခဲ့၏။

"မစ္စတာလင်း..ကျွန်တော်တို့ ဘာလုပ်ပေးရမလဲဗျ..."ယောင်တုန်းလိုင် ဖားယားသည့် အပြုံးလေးဖြင့် မေးလာခဲ့သည်။

ယခု သူနှင့် လျိုချန်တို့မှာ ချင်းဟန်နှင့် လင်းရီတို့အတွက် အလုပ်လုပ်ပေးရန် အလွန်တရာမှ စိတ်အားထက်သန်နေလေသည်။ သူတိူ့ ယခု ကူညီပေးခဲ့သမျှအားလုံး အနာဂတ်တွင် အကျိုးပြန်ခံစားရမည်မှာ မလွဲမသွေပင်။

"ငါတို့ ခု အကြွေး‌သွားတောင်မလို့..မင်းတို့က ဒီ‌မှာနေပြီး ငါ့အမိန့်ကို စောင့်နေ..."

"ဟုတ်ကဲ့ ..နားလည်ပါပြီဗျ..."

ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် လင်းရီ ၀မ်ရင်းနှင့်အတူ အထဲသို့ ၀င်သွားခဲ့၏။

‌အထဲတွင်တော့ ကောင်တာရှိ ၀န်ထမ်းမိန်းကလေးမှာ လင်းရီတို့ နှစ်ယောက်ကို စေ့စပ်သေချာစွာ အကဲခတ်နေသည်။

သူတို့နှစ်ဦးကို ကြည့်ရသည်မှာ ရင်းနှီးပုံပေါက်နေသော်လည်း မည်သည့်အချိန်တုန်းက မြင်ဖူးသလဲ ဆိုတယ‌ကိုတော့ ဒွိဟ ဖြစ်နေလေ၏။

"ဟဲလို..လူကြီးမင်းတို့နှစ်ယောက်က ဘယ်သူ့ကို ရှာနေတာပါလဲရှင့်....ကြိုချိန်းထားတာများ ရှိလို့လား.."အနက်ရောင် ဒေါက်မြင့်ဖိနပ် ၀တ်ဆင်ထားသည့် ဧည့်ကြိုမိန်းကလေးမှ မေးမြန်းလိုက်၏။

"ကျွန်မက ချောင်ရန် အုပ်စုရဲ့ အရောင်းမန်နေဂျာ ၀မ်ရင်း..ဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် လင်းရီ..ရှေ့လေးလတုန်းက ကျွန်မတို့တွေ ပရောဂျက်အတွက် ယွမ် ၁၁.၂ မီလီယမ်ကို ပြေစာ ပေးထားခဲ့ပြီးပြီ..ခု ရှင်တို့ရဲ့ ဒါရိုက်တာလီနဲ့ စကား ပြောချင်တယ်..."

ဧည့်ကြိုမိန်းကလေးမှာ လင်းရီတို့ကို ရုတ်ချည်းဆိုသလို မှတ်မိသွားခဲ့သည်။ သူတို့မှာ အကြွေးလာ‌ တောင်းကြသူများ ဖြစ်၏။ သို့သော်လည်း ထိုစဉ်အခါက သူမ၏ ဘော့စ်မှာ တစ်ချက်ကလေးပင် အာရုံမထားဘဲ လုံခြုံရေး၀န်ထမ်းများကို မောင်းထုတ်ခိုင်းခဲ့လေသည်။

"အားနာပါတယ်ရှင်..ဒါရိုက်တာလီက ခုလောလောဆယ် ဧည်ဘတွေ့နေလို့ ရှင်တို့ကို လက်ခံမတွေ့ဆုံနိုင်သေးဘူး..နောက်မှ ထပ်လာခဲ့ပါနော်..."

"ကျွန်မ သူ့ကို ဖုန်းထဲကနေ အကြိမ်ပေါင်းများစွာ စကားပြောပြီးသွားပြီ...ဒါပေမယ့် ရှင်တို့ရဲ့ ဒါရိုက်တာလီက ဆင်ခြေအမျိုးမျိုးပေးပြီး ‌ပတ်ရှောင်နေတယ်..ခု ကုမ္ပဏီကို ကျွန်မကိုယ်တိုင် ရောက်လာခဲ့ပြီ..ရှင်တို့ရဲ့ ဒါရိုက်ာတာလီကို ခု ခေါ်လိုက်စမ်း... ငါတို့ ချောင်ရန်အုပ်စုက လူတွေကိာ ပေါ့သေးသေးများ မှတ်နေတာလား."

"မန်နေဂျာ၀မ်..ကျေးဇူးပြုပြီး စိတ်လျော့ပါဦးရှင်..ဒါရိုက်တာလီက ခု တကယ်အရေးကြီးတဲ့ ဧည့်သည်နဲ့ တွေ့နေလို့ပါ...အဲ့တာကြောင့် ရှင်တို့နဲ့ မတွေ့နိုင်သေးတာ စိတ်မရှိပါနဲ့နော်..."

"ငါ ဘာမှ ...."

"ရပြီ..လေကုန်ခံ မနေနဲ့တော့..."လင်းရီ ပြောလိုက်ပီး "စကားပြောနေရင် အချိန်ကုန်တယ်..သူ့ဆီ တန်းသွားကြမယ်..."

"လူကြီးမင်း..တကယ်လို့ ရှင် ဒါရိုက်တာလီရဲ့ ရူံခန်းထဲကို အတင်း၀င်မယ်ဆိုရင်တော့ ကျွန်မဘက်က တစ်ယောက်ယောက်ကို ခေါ်ရပါလိမ့်မယ်..."

လင်းရီ ဧည့်ကိုမိန်းကလေးကို အကြည့်တစ်ချက် ပေးလိုက်ပြီး "အဲ့တာဆိုလည်း ခေါ်လေ..."

"အစ်ကိုပင်း..ဒီမှာ ပြဿနာရှာတဲ့ လူတစ်ချို့ရောက်နေတယ်..လာဖြေရှင်းပေးပါဦး."

မကြာမီ တစ်ဖက်အခန်းမှ အပေါ်ပိုင်း ဗလာကျင်းနေသည့် ဖက်တီးတစ်ယောက် ၀င်လာခဲ့ပြီး "ငိုးပဲ..ဘယ်ငနွားက အသက်ရှင်နေရတာ ငြီးငွေ့လို့ ငါတို့ရဲ့ ချင်းဖုန်းကုမ္ပဏီမှာ ပြဿနာ လာရှာရဲတာလဲကွ.."

"ငါပဲဟျောင့်..."

ယောင်တုန်းလိုင်နှင့် လျိုချင်းတို့ လမ်းလျှောက်လာခဲ့ကြပြီး "ပြဿနာရှိလို့လား..။"

........

အဆောက်အအုံ တတိယထပ်တွင်တော့ ဆိုဖာပေါ်တွင် လူနှစ်ယောက် ထိုင်နေကြ၏။

တစ်ဦးမှာတော့ အဆီဗိုက်ကြီးဖြင့် အမျိုးသားတစ်ဦးဖြစ်ပြီး ရှပ်နှင့် နက်ခ်တိုင်ကို ၀တ်ဆင်ထားလေသည်။ မျက်နှာထက်တွင်လည်း အဆီတို့ ၀င်းနေပြီး ၀က်ဆီလူးထားသည့်ရုပ် ပေါက်နေ၏။

သို့သော်လည်း မျှော်လင့်မထားစွာဖြင့် ထိုလူ၏နံဘေး၌ ထိုင်နေသည့် အမျိုးသမီးမှာတော့ ထင်မထားရလောက်အောင် လှရက်ပေသည်။ သူမ ၏ လုံးကိတ်သော တင်းပါးကို တင်းကြပ်နေသည့် အနက် ရောင်စကတ်အတိုလေူက ဖုံးလွှမ်းထားပြီ chanel တံဆိပ် ပါးလွှာပေါ့ပါးသည့် ၀တ်စုံကို ၀တ်ဆင်ထား လေသည်။ သူမ၏ မျက်နှာထက်တွင်တော့ ထီမထင်ဟန် ရှိနေပြီး သာမန်ယောက်ျားသားတို့ လက်လှမ်းမမှီသည့် ပန်းလေးတစ်ပွင့်အလား ခံစားရရှိစေသည်။

အမျိုးသား၏ နာမည်မှတော့ လီချင်းဖုန်းဖြစ်ပြီး ချင်းဖုန်းကုမ္ပဏီ၏ စီအီးအိုတစ်ယောက်ဖြစ်ပင်။

အမျိူသမီး၏ နာမည်ကတော့ ချောင်ကျင်းချိုးဖြစ်ပြီးဖုန်းလန် သတင်းမီဒီယာ ကုပ္ပဏီ၏ စီးအီးအိုလည်း ဖြစ်၏။ ထို့ပြင် Cisco ၏ တည်ထောင်သူ ချောင်ကျားတုံး၏ ဒုတိယသမီးလည်း ဖြစ်ပေသည်။

"ဒါရိုက်တာချောင် ဒါက နောက်ဆုံးပေးရမယ့် ယွမ် ၆သိန်းပါဗျ..ကျေးဇူးပြုပြီး လက်ခံပေးပါဦး.."

ချောင်းကျင်းချိုး တုံ့ဆိုင်းခြင်းမရှိ ချက်ခ်လက်မှတ်ကို အိတ်ထဲသို့ ထည့်လိုက်သည်။

"နောင်လည်း ဒါရိုက်တာလီ ဒီနေ့လိုပဲ အဆင်ပြေပါစေလို့ မျှော်လင့်တယ်..ကျွန်မကိုယ်တိုင်ဒီလာရတာက အရမ်း ဒုက္ခရောက်တယ်..ဘာပဲပြောပြော ရာသီဥတုက အရမ်း ပူလွန်းတယ်... "

All Chapters