← Chapters

အခန်း (၃၃၄)

Vol. 23 Ch. 334

အခန်း (၃၃၄)

Vol. 23 Ch. 334

"ဒါပေါ့ ဒါပေါ့ဗျ..."လီချင်းဖုန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "အဓိကကတော့ ပရောဂျက်က ခုမှ ပြီးသွားလို့ပါ..ကုမ္ပဏီကလည်း လတ်တလော ငွေအတော်လေး သုံးထားရတယ်ဆိုတော့ ဒါရိုက်တာချောင်ကို ပေးဖို့ရာ ရက်နည်းနည်းလေး ကြာသွားတယ်ဗျာ..ဗွေမယူပါနဲ့ဗျ. "

"အေးဆေးပါ..ကျွန်ကလည်း စီးပွားရေးသမားပဲလေ..ကျွန်မ ပိုက်ဆံကိုပဲ ဂရုစိူက်တယ်..ကျန်တာက ရှင်တို့ ကိစ္စ..."ချောင်ကျင်းချိုး ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ပိုက်ဆံသာ ပေးနေသရွေ့တော့ အားလုံးက အဆင်ပြေပြေပဲ..."

"ဒါရိုက်တာချောင် ပြောတာ လုံး၀ မှန်ပါတယ်..ခုက စပြီးတော့ ကျွန်တော်တို့ရဲ့ PR ပြဿနာက ဒါရိုက်တာချောင် အပေါ်မှာ မူတည်နေတယ်နော...ဒီတော့....ကူညီပေးပါဦး"

လီကျင်းချိုးမှ ပြောဆိုလိုက်၏။

"ပြဿနာ မရှိဘူး..ပိုက်ဆံသာ ပေးနေသရွေ့ကတော့ ကျွန်မဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပေးမယ်..."

"ဟုတ် ဟုတ်..."

ချလပ်..

ရုံးခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး လင်းရီနှင့် ၀မ်ရင်းတို့ ရှေ့ဆင့်နောက်ဆင့် ၀င်ရောက်လာကြ၏။

လီချင်းဖုန်းနှင့် ချောင်ကျင်းချိုးတို့ နှစ်ယောက် အံ့အားသင့်သွားခဲ့ကြသည်။ တစ်စုံတစ်ယောက်မှ ၀င်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

ချောင်ကျင်းချိုး၏ အကြည့်များက ၀မ်ရင်းပေါ်သို့ ကျရောက်သွားပြီး ရင်ထဲမှ တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။

ဤအမျိုးသမီး၏ အသွင်အပြင်နှင့် ကိူယ်လုံးကိုယ်ပေါက်တို့မှာ မဆိုးလှသော်လည်း သူမနှင့် ယှဉ်လျင်တော့ အလှမ်းဝေးနေဆဲဖြစ်၏။ သူမ ဘေးရှိ အမျိုးသား၏ ရုပ်ရည်မှာတော့ သိပ်မဆိုးချေ။ ယခုလို ချောမောခန့်ညားသည့် ကောင်လေးများကို သူမ မြင်မိတာတောင်မှ အတော်ကြာနေချေပြီ။

လီချင်းဖုန်း၏ အကြည့်များကတော့ လင်းရီကို ဂရုမထားပဲ ၀မ်ရင်းထံတွင်သာ ကျရောက်နေလေသည်။

၀မ်ရင်း၏ လှပသည့် မျက်နှာလေးနှင့် ရင့်ကျက်သည့် အလှတရားတို့မှာ ပုရိသတို့အား ရူးခါသွားစေလောက်သည်။ ထို့ပြင်သူအချိန်အကြာကြီး သားရည်ယိုနေခဲ့ရသူလည်း ဖြစ်၏။

၀မ်ရင်း သူ့ဆီရောက်လာသည့် ရည်ရွယ်ချက်မှာ အကြွေးတောင်းရန်ဖြစ်ကြောင်း လီချင်းဖုန်း နားလည်ပေသည်။ ထိုကြောင့် သူမကို ပထုတ်ရန် အစီအစဉ်ကိုလည်း နဂိုကတည်းက စဉ်းစားထားပြီးဖြစ်၏။

"ဒါရိုက်တာလီ..မတွေ့တာတောင် အတော်ကြာပြီပဲ.."

လီချင်းဖုန်းကို မြင်တော့ လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

"ငါမင်းတို့ နှစ်ယောက်ကို မှတ်မိပါတယ်..မင်းတို့ကောင်တွေက ချောင်ရန်အုပ်စုက မလား..."

"မှတ်မိတော့လည်း ကောင်းတာပေါ့..အဲ့လိုဆို ကျုပ်တို့ရဲ့ ယွမ် ၁၁.၂ မီလီယမ်ကို ပေးဖို့ အချိန်ကောင်းပဲ မဟုတ်လား.."

လီချင်းဖုန်း လက်ကို စိတ်မရှည်စွာ ဝေ့ယမ်းလိုက်ပြီး "ဒီတိုင်း ၁၀ မီလီယမ် ကျော်ကျော်လေးပဲ မလား..ငါ လီချင်းဖုန်းအတွက် အဲ့လောက် ငွေလေးက ဘာမှ မဟုတ်ဘူး..ဒါပေမယ့် ခုလောလောဆယ်တော့ ဘိုင်ပြတ်နေတယ်..မင်းတို့ နောက်မှ ထပ်လာခဲ့ကြ..ပိုက်ဆံရှိတဲ့အချိန် လှမ်းပြောလိုက်မယ်..."

"ရှေ့လေးလတုန်းက ကျုပ်တို့ ပိုက်ဆံ လာတောင်းတုန်းကလည်း ခင်များဘတ်ဂျက်မရှိဘူးလို့ ပြောခဲ့တယ်..ခု ဒီလောက်တောင် ကြာနေပြီကိုမှ အဲ့အတိုင်းပဲ ပြောနေတုန်းပဲ..ဖက်တီး ခင်များက ဖင်ခံပြီးတော့မှ လူပျိုလေးပါဆိုပြီး ဟန်ဆောင်နေတာလားကွ.."

ချောင်ကျင်းချိုး တခဏမျှ ကြက်သေသေသွားခဲ့၏။ လင်းရီ၏ ကြင်နာသနားတတ်မည့် ရုပ်ရည်လေးမှ ယခုလို ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးတို့ ပြောထွက်လာလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"မင်း မျိုးမစစ်လေး...မင်းငါ့ကို အဲ့လိုတွေ ပြောရဲ‌တယ်ပေါ့လေ..."

"ဒါရိုက်တာလီ.ကျုပ်တို့က ကျုပ်တို့ ပိုက်ဆံကို ပြန်တောင်းနေတာနော်..မြန်မြန်ပေးလိုက်ရင်ကောင်းမယ်...တရားဘောင်ကနေ လိုက်ပြီးတော့ တောင်းချင်ဘူး...နယ်ပယ်တစ်ခုတည်းက သူတွေအချင်းချင်းပဲဆိုပြီးတော့ ဒီအချိန်ထိ နားလည်ပေးနေတာ.....အဲ့တာကို ခင်များဘက်က ရောင့်တက်မလာနဲ့... "

"ငါပြောပြီးပြီပဲ မဟုတ်လား..ဒီတိုင်း ၁၀ မီလီယ‌မ်ကျော်လေးပဲ မလားလို့..အချိန်တန်ရင် ပေးမှာပေါ့..ခုတေယ့ လစ်လိုက်တော့..ငါ စီးပွားရေးကိစ္စ ဆွေးနွေးနေတယ် လာမနှောက်ယှက်နဲ့..."လီချင်းဖုန်းမှ နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"ကျုပ်မှာလည်း အချိန်များများစားစား မရှိဘူး..အဲ့ ပိုက်ဆံ ဆယ်သန်းကျော်ကို စုဖို့ အချိန် ဆယ်မိနစ်ပေးမယ်...မဟုတ်လို့ကတော့ ခင်များရဲ့ ဒီ သောက်သုံးမကျတဲ့ ကုမ္ပဏီကြီးကို တာ့တာပြဖို့တာ ပြင်ထားလိုက်တော့..."

"မင်းက ငါ့ကို လာပြီး ခြိမ်းခြောက်နေလား..."လီချင်းဖုန်း မျက်လုံး ကျဉ်းမြောင်း၍ ပြောလိုက်ပြီး "အဲ့လိုဆိုရင်တော့ ဂုဏ်ယူပါတယ်..မင်းတော့ ထိပ်တည့်တည့် မြွေပေါက်ခဲရပြီ..."

ချောင်းကျင်းချိုး ခေါင်းခါရမ်းမိလိုက်သည်။ ကြည့်ရသည်တော့ လီချင်းဖုန်းမှာလည်း ဂန်းစတားတစ်ယောက် ဖြစ်ပုံပင်။ သို့သော်လည်း သာမန်၀န်ထမ်းလေးမှ ထိုသို့ ရိုင်းပြစွာ ပြောဝံ့နေသည်ကိုတော့ သူမ အတော်လေး အံ့ဩမိ၏။

ဘယ်သူကများ ဒီလို ယုံကြည်ချက်တွေ ပေးလိုက်ပါလိမ့်..

ဖြစ်နိုင်တာက သူ့ဘေးက အမျိုးသမီးကများလား

"သောက်ကောင်လေး..မင်းက ငါနဲ့ လာရှုပ်ချင်နေတာလား..ငါ လီကျင်းချိုးက ဒီနယ်ပယ်မှာ ကျင်လည်လာတာ အံတိုနေပြီကွ..ဘယ်ကောင်မှ ငါနဲ့ လာရှုပ်လို့မရဘူး..."လီချင်းဖုန်း အေးစက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"ငါမင်းတို့ကို ထွက်သွားဖို့ ယဉ်‌ယဉ်ကျေးကျေးလေး ပြောထားပြီးပြီ..ရိုင်းခါကျမှ ငါ့ကို အပြစ်လာမတင်နဲ့.."

လင်းရီ ဆန့်ကျင်ဘက်ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ခြေတင်ချိတ်ကာ "ကျုပ်အထင်တော့ ခင်များက လျှောက်ကြွားနေတယ်လို့ပဲ မြင်တယ်..ကျုပ်တို့ဘက်ကသာ တရားစွဲမယ်ဆိုရင် သက်သေက အလုံအလောက် ရှိပြီးသားပဲ..."

ချောင်ကျင်းချိူကတော့ ဘေးမှတိတ်ဆိတ်နေပြီး ဟာသပြဇာတ်ကြည့်သကဲ့သို့ ပြုံးကြည့်နေ၏။ သူမ လင်းရီ အဘယ်ကဲ့သို့ အဆုံးသတ်သွားမလဲဆိုတာ အတော်လေး စိတ်၀င်စားနေခဲ့၏။

"ရတယ်လေ..အဲ့တာဆိုလည်း တစ်ယောက်ယောက်လွှတ်ပြီး မင်းနဲ့ စကားပြောခိုင်းလိုက်မယ်..."

လီချင်းဖုန်းမှ စည်းမျဉ်းများက်ု ချိုးဖောက်တော့မာ်ကို မြင်တော့ ၀မ်ရင်းမှ "ဒါရိုက်တာလီ..ရှင့်ဘက်ကနေပြီးတော့မှ နယ်ပယ်ရဲ့ ကျင့်၀တ်ထုံးတမ်းတွေကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်တယ်..ကျွန်မတို့က ဒီကို တာ၀န်နဲ့လာတာ..အားယားလို့ ပြဿနာ လာရှာနေတာ မဟုတ်ဘူး..တကယ်လို့ ရှင့်ဘက်က အကြမ်းနည်း သုံးလာမယ်ဆိုရင်တော့ ကျွန်မတို့ ချောင်ရန်အုပ်စုရဲ့ ဥပဒေဌာနက အချဉ်သပ်သပ် မဟုတ်ဘူးဆိုတာ သတိပေးပါရစေ...."

"ငါ..လီချင်းဖုန်းက ဒီနယ်ပယ်မှာ ကြင်လည်နေတာ နှစ်ပေါင်းမနည်းတော့ဘူး..ပြီးတော့ မြင်သင့်တဲ့သူတွေကိုလည်း မြင်ပြီးသွားပြီ..ပေါင်းသင်တဲ့သူတွေကိုလည်း ပေါင်းထားတယ်...ငါက ဒီလောက်လေးကို ကြောက်မယ်လို့များ ထင်နေတာလား..ငါ့နောက်မှာ ဒါရိုက်တာ ချောင် ရှိတယ်...မင်းတို့ဘက်က ကြိုက်သလိုသာ လုပ်...သောက်ဂရုကို မစိုက်တာ..."

"ဒါရိုက်တာချောင်..."

လင်းရီ ရေရွတ်လိုက်ပြီး ရုတ်တရက် မကောင်းသည့် ခံစားချက်များ ရရှိလိုက်သည်။

"ဟုတ်တယ် ဖုန်းလန်သတင်းမီဒီယာဌာနက ဒါရိုက်တာချောင် .."လီချင်းဖုန်းမှ မောက်မာစွာ ပြောဆိုလိုက်ပြီး "သူတို့က မီဒီယာလောကမှာ အလကားသပ်သပ် နာမည်ကြီးနေတာ မဟုတ်ဘူးကွ..ဒီနေ့ ငါမင်းရဲ့ ခြေတစ်ချောင်း ချိုးလိုက်ရင်တောင်မှ ငါ့အပေါ် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..မင်းတို့နှစ်ယောက် ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ သိရင် ဒီကနေ လသ်လိုက်တော့ ..ငါ့ရဲ့ ငွေ၀င်မယ့် ကိစ္စတွေကို လာမနှောင့်ယှက်နဲ့.."

"ငိုးပဲလေ..."

လင်းရီ ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ သူခုလေးတင် ဟော်ယွမ်ယွမ်ကို ဤအမျိုးသမီးအကြောင်း စုံစမ်းထားခိုင်းသော်လည်း သူမနှင့် လာဆုံလိမ့်မည်လို့တော့ ထင်မထားချေ။ ယင်းက တိုက်ဆိုင်လွန်းသွားချေပြီ။

လင်းရီ၏ အကဲခတ်မှုများအရတော့ ချောင်ကျင်းချိုးမှာ ခါးသိမ်သိမ် ခြေတံရှည်ရှည်နှင့် လှပသည့် မိန်းကလေးတစ်ဦးဖြစ်၏။

ကြည့်ရတာတော့ သူ ညနေခင်းပိုင်းတွင် သေချာလေး စကားပြောမှ ဖြစ်တော့မည့် ပုံပင်။

ချောင်ကျင်းချိုး ဆိုဖာပေါ်တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောချေ။ သူမတို့ အကြည့်ချင်းဆုံသွားပြီး လင်းရီ မျက်၀န်းများထဲတွင် မူမမှန်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။

"ဖုန်းလန် မီဒီယာကလည်း ပြိုင်ဘက်ကင်းနေတာ မဟုတ်ဘူး..ခင်များသာ ဒီနေ့ ပိုက်ဆံမပေးလို့‌ကတော့ ရုံးခန်းထဲကနေ ခြေထောက်နဲ့ ထွက်သွားနိုင်မယ်လို့ မထင်နဲ့..."

"အဲ့တာဆိုလည်း မင်းငါ့ကို ဘယ်လို ခေါ်ထားမလဲဆိုတယ သိချင်စမ်းပါဘိ.."

လီချင်းဖုန်း ကျိန်ဆဲပြီးနောက် တံခါး၀သို့ အော်ဟစ်လိုက်ကာ "အားပင်း..မင်းညီကိုတွေ ခေါ်ခဲ့စမ်းကွာ..ဒီမှာ သောက်ရူးတစ်ကောင်ရောက်နေတယ် သူ့ခြေတွေ လက်တွေကို ငါ့အတွက် ချိုးပေးစမ်း..."

ဘန်းကနဲ မြည်သံနှင့် အတူ တံခါးမှာ ပွင့်လာခဲ့ပြီး လူတစ်ယောက် လွင့်စင်လာခဲ့၏။

ထို့နောက် ဒါဇင်နှင့် ချီသော လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာလေသည်။ ထိုသူများကို မြင်တော့ လီချင်းဖုန်း ကြက်သေသေသွားခဲ့၏။

လွက့်ပစ်ခံလိုက်ရသူမှာ သူ၏ နံပါတ်တစ် ဖိုက်တာဖြစ်သူနှင့် ဒရိုင်ဘာဖြစ်သူအားပင်းပင်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ကြမ်းပြင်ပေါ်တွင် အသိစိတ်ကင်းမဲ့စွာဖြင့် ‌လူသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေ၏။

"အစ်ကိုယောင် အစ်ကိုချန်..ခင်များတို့ ကျုပ်လူကို ဘာလို့ ဘလိုင်းကြီး လာတိုက်တာလဲဗျ..."

လျိုချန်နှင့် ယောင်တုန်းလိုင်တို့မှာ ကျိုးဟိုင်တွင် နာမည်ကျော်ကြားသည့် ဂန်းစတားများဖြစ်၏။ လီချင်းဖုန်းကဲ့သို့ လက်မည်းညစ်နေသည့်သူမှာ ထိုသူတို့နှင့် လက်ရင်းတနှီး ရှိပေသည်။

သိူ့သော်လည်း ပုံမှန်ဆိုလျှင် ထိုသူများမှာ သူ့ကို အစ်ကိုကြီးဟု ခေါ်လေ့ရှိ၏။

အဘယ်ကြောင့် ယခုမှ ဘာထဖောက်နေသနည်း။

"မင်းက ဘာလုပ်ထားလဲဆိုတာတောင်မှ မသိဘူးပေါ့ ၀က်ဖက်တီး..မင်း မစ္စတာလင်းကို အပြစ်ပြုထားတာကွ...မင်းရုံးခန်းတစ်ခုလုံးကို ဖျက်မဆီးပစ်တာကပဲ ယဉ်ကျေးလွန်းနေပြီ.."

All Chapters