← Chapters

အခန်း (၃၃၅)

Vol. 23 Ch. 335

အခန်း (၃၃၅)

Vol. 23 Ch. 335

လီချင်းဖုန်း ဆိုဖာပေါ်တွင် ထိုင်နေသည့် လူငယ်လေးကို ကြည့်မိလိုက်သည်။

သူ၏ အမူအရာများမှာ ရှုပ်ထွေးခြင်းမှတစ်ဆင့် အံ့အားသင့်ခြင်းများသို့ ပြောင်းလဲသွားခဲ့၏။

ဒီကောင်က လျိုချန်တို့ ယောင်တုန်းလိုင်တို့နဲ့ အဆင်အသွယ် ရှိနေတာလားဟ...

ချောင်ကျင်းချိုးကတော့ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်လျက်ရှိသည်။

သူမ၏ လင်းရီအပေါ် အထင်အမြင်များကတော့ အနည်းငယ် ပြောင်းလဲသွားခဲ့၏။

ဒီကောင်က ကမူးကရှူးတော့ မနိုင်ဘူးပဲ..ဆောက်လုပ်ရေးနယ်ပယ်က မသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို သဘောပေါက်နေသားပဲ..

အလွန်တစ်ရာမှ နည်းပါးလှသ်ည့ လူနည်းစုကသာလျှင် သန့်ရှင်းသည့် နောက်ခံရှိ၏။

ထို့ကြောင့် အချိန်အများစုတွင် ဖြောင်းဖြခြင်း နည်းလမ်းက အလုပ်မဖြစ်ပါက အပြင်လူများကို အကူညိတောင်းရလေသည်။ ထိုနည်းလမ်းကသာ အသင့်တော်ဆုံး နည်းလမ်းဖြစ်၏။

"ဒါခင်များရဲ့ ပိုင်နက်မလား..နောက်ထပ် လူတွေအများကြီး ရှိဦးမှာပေါ့..ခေါ်လိုက်စမ်းကွာ..ခင်များကောင်တွေ ကျုပ်ခြေထောက်ကို ရိုက်ချိုးနိုင်မလားဆို ကြည့်မယ်...."

"မ မဟုတ်တာ ဒါရိုက်တာလင်းရယ်..အဲ့လို ကိစ္စအသေးမွှားလေးကို ဗွေမယူပါနဲ့ဗျာ..ကျွန်တော့်လိုကောင်ကြောင့် အနှောင့်ယှက် ဖြစ်မှာက မတန်ပါဘူးဗျ..."

လီချင်းဖုန်း စီးကရက်တစ်လိပ်ကို အလျင်စလိုထုတ်ပြီး လင်းရီထံကမ်းပေးကာ ဆေးလိပ်မီးညှိပေးလိုက်၏။ "ကျွန်တော်ကလည်း အစ်ကိုလျိုနဲ့ ‌အစ်ကို ယောင်တို့ရဲ့ အသိလေ..အားလုံးက တစ်ဖက်တည်းတွေ လို့တောင် ပြောလို့ရသေးတယ်....အေးအေးဆေးဆေးလေး ပြောကြတာပေါ့ဗျာ"

"ဟမ့် ငါ့လို့ သောက်ချောကြီးက ဘယ်လိုလုပ်ပြီး မင်းနဲ့ တစ်ဖက်တည်းဖြစ်နိုင်မှာ...စကားကို ပြန်ပြင်ပြောလိုက်စမ်းဟျောင့်..."

ချောင်ကျင်းချိုး နားထင်ကို ပွတ်မိလိုက်သည်။ သူမရှေ့ရှိ လူငယ်လေးမှာ နားလည်ရန် ခက်ခဲလှ၏။

"ဟုတ် ဟုတ်ပါတယ်ခင်ဗျ..ကျွန်တော်က ရုပ်ဆိုးလွန်းတော့ မစ္စတာလင်းနဲ့ တစ်ဖက်တည်း နေဖို့ မထိုက်တန်ပါဘူး.."လီချင်းဖုန်း ကမန်းကတမ်း ပြောလိုက်ပြီး "ကျုပ် မှားသွားပါတယ်ဗျာ..ခုချက်ချင်းပဲ ပိုက်ဆံပေးပါ့မယ်.."

"အရင်းက ၁၁.၂ မီလီယမ်..မင်းစိတ်ထမှာ အတိုးဘယ်လောက် တွက်ထားလဲ ဆိုတာ စိတ်မ၀င်စားဘူး..၁၅ မီလီယမ်...ဆွေးနွေးခွင့် မရှိဘူး..."

"မစ်..မစ္စတာလင်းက အတိုးတွေ အများကြီး လိုချင်နေတာလား..."

လီချင်းဖုန်း၏ ခြေထောက်များက ကြောက်လန့်လွန်း၍ တုန်ခါနေသည်။ သူတို့ ကုမ္ပဏီ၏ ဘဏ်အကောင့်ထဲတွင်တောင်မှ ထိုမျှများပြားသည့် ပမာဏ မရှိချေ။ အကယ်၍ ၁၅ မီလီယမ်ကို ထုတ်ပေးရန် အတင်းအကြပ် စေခိုင်းခံရမည်ဆိုပါက နောက်ဆက်တွဲ ပရောဂျက်များကိုလည်း လုပ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

"ဘာလဲ မပေးချင်ဘူးလား...အဲ့လိုဆို အတိုးလျှော့ပေါ့ပေးဖို့ မင်းခြေထောက် တစ်ချောင်းနဲ့ လဲလို့ရတယ်နော..."

"အာ အာ ပေးမှာပါဗျ....ကျုပ် ခုချက်ချင်း ထုတ်ပေးပါ့မယ်...."

လီချင်းဖုန်း ချက်ခ်လက်မှတ်စာအုပ်ကို ထုတ်ပြီး ယွမ် ၁၅ မီလီယမ်က်ု ကတုန်ကယင်နှင့် ရေးသားလိုက်၏။

သုည တစ်လုံးရေးလိုက်တိုင်း သူ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်တို့ ယိုစီးကျနေသည့်အလား နာကျင်နေလေသည်။

လင်းရီ ထိုချက်ခ်လက်မှတ်ကို ၀မ်ရင်းထံ ကမ်းပေးလိုက်၏။

"သွားစို့အစ်မရင်း ..အားလုံး ပြီးပြီ"

"အွန်း...သွားစို့"

၀မ်ရင်း ချက်ခ်လက်မှတ်ကို လက်ခံရင်း စိတ်သက်သာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းရီကို သူမနှင့်အတူ ခေါ်လာခဲ့၍ တော်သေး၏။ မဟုတ်ပါက သူမ၏ ကိုယ်ပိုင် အရည်အချက်းများနှင့် ဆိုပါက ပိုက်ဆံရရန် မဆိုထားဘိ၊ လီချင်းဖုန်းနှင့် စကားပြောခွင့်ရလိမ့်မည်တောင်မဟုတ်ချေ။

ချောင်ကျင်းချိုး ထွက်သွားသည့် လူအုပ်ကြီးကို တိတ်တဆိတ် ငေးကြည့်ရင်း သူမစိတ်ထဲတွင်တော့ တွက်ချက်မှုများကို တိတ်တဆိတ် ပြုလုပ်နေသည်။

၀မ်ရင်းဆိုသည့် အမျိုးသမီးမှ ထိုလူငယ်ကို ထောက်ပံ့ပေးနေခြင်း မဖြစ်နိုင်။ ထိုလူငယ်ကသာလျှင် ၀မ်ရင်းကို ထောက်ပံ့ပေးနေခြင်း ဖြစ်တန်တူသည်။

'ဟမ့် အိုကြီးအိုမတွေက တယ်လည်းစွံထွက်နေပါရောလား...'

"ဒါရိုက်တာချောင်..ဖြစ်နိုင်ရင် ကျုပ်ကို တစ်ခုလောက် ပေးစမ်းပါ..."လီချင်းဖုန်း လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"ဘာကို ကူညီရမှာ..ရှင်က ဒီလူတွေကို ကိုင်တွယ်ချင် နေသေးတာလား..."

"အမှန်ပဲ...ကျုပ် ဒီရဲ့ အရှက်ကွဲမှုကို သည်းမခံနိုင်ဘူး.."လီချင်းဖုန်း လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခေါင်းတဆတ်ဆတ် တုန်ခါပြီး ပြောလိုက်၏။

"လျိုချန်းနဲ့ ‌ယောင်တုန်းလိုင်က ခေတဲ့ကောင်တွေ မဟုတ်ဘူးဆိူပေမယ့် ကျိုးဟိုင်မှာ သူတို့ကို တွယ်ရဲတဲ့သူတွေ ရှိတယ်... ကျုပ် ငွေတစ်ချို့ပေးပြီးတော့ သူတို့ကို ကိုင်တွယ်ခိုင်းလိုက်မယ်..ဒါရိုက်တာချောင်ဘက်က နေပြီးတော့ ချောင်ရန်အုပ်စုကို မီဒီယာကနေတစ်ဆင့် ဖိအားလေး နည်းနည်းလောက်ပေးပေးရုံပဲ...သူတိူ့ကျုပ်ကို စော်ကားတဲ့ အကျိုးဆက်ကို သိစေရမယ်... ကူညီပေးနိုင်မလားဗျ"

ချောင်ကျင်းချိုး ပခုံးတွန့်လိုက်ပြီး " ကျွန်မကတော့ အဲ့တာတွေတွေ စိတ်မ၀င်စားဘူး..ပိုက်ဆံသာ ပေးနေသရွေ့ကတော့ ဘယ်လို စီးပွားရေးကိစ္စမျိုးမဆို လက်ခံတယ်...."

"အဲ့လိုဆို ကျုပ် ဒါရိုက်တာချောင်ကို နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်....ပြီးတော့ PR အတွက် ငွေကြေးကိစ္စကိုလည်း စိတ်မပူနဲ့..ဒါ‌ရိုက်တာချောင် စိတ်ကျေနပ်စေရမယ်လို့ အာမခံရဲတယ်....."

"အဲ့လိုဆို အတည်ဖြစ်သွားပြီ..ကျွန်မမှာ လုပ်စရာလေးတွေ ရှိလို့ ခုတော့ ခွင့်ပြုပါဦး..."

"ဟုတ်ကဲ့ ဖြည်းဖြည်းသွားပါ ဒါရိုက်တာချောင်..."

ထိုသို့ပြောပြီးနောက် ချောင်ကျင်းချိုး သူမ၏ လက်ကိုင်အိတ်ကိုလွယ်လျက် ရုံးခန်းထဲမှ ကျော့မော့စွာ ထွက်လာခဲ့လိုက်၏။

ကုမ္ပဏီမှ ထွက်လာခဲ့ပြီးနောက် ချောင်ကျင်းချိုး အိမ်သို့ တန်းမပြန်သေးချေ။။ ပန်နီဆူလာဟိုတယ်၌ ငွေကြေးရင်းနှီးမြုပ်နှံမှု ကိစ္စနှင့် စပ်လျဉ်း၍ စာချုပ်ကိစ္စများကို ဆွေးနွေးရန် ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူမဟိုတယ်သို့ သွားရန် ဆုံးဖြတ်လိုက်၏။

ပိုက်ဆံရပြီး‌နောက် လင်းရီနှင့် ၀မ်ရင်းတို့ ချောင်ရန်အုပ်စုသို့ ပြန်လာခဲ့ကြသည်။

"ရီလေး...အစ်မကို လိုက်ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်တယ်နော်..."

၀မ်ရင်း ချိုသာစွာပြောလိုက်ပြီး "အစ်မ တစ်ယောက်တည်းသာ ဆိုလို့ကတော့ ကြောက်လွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်နေတော့မှာ..."

"အသေးမွှားလေးပါ..နောက်ခါကျ အစ်မရင်း ဖြေမရှင်းနိုင်တာတွေ ရှိရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်... "

လင်းရီ မျက်စိတစ်ချက်မှိတ်လျက် အေးဆေးပါဟူသည့် အထာဖြင့် ပြန်ပြောလိုက်၏။

"ဪ..ဒါနဲ့ ပိုတဲ့ ယွမ် ၃.၈ မီလီယမ်ကို အစ်မရင်းပဲ သိမ်းထားလိုက်တော့..ကုမ္ပဏီကို ဘာမှ ပြန်ပေးမနေနဲ့တော့...."

"အာ..အဲ့လိုလုပ်လို့ မဖြစ်ဘူးလေဟယ်...ဒါက ဥက္ကဌကျီရဲ့ ပိုက်ဆံတွေကို အစ်မက ဘယ်လိုလုပ်ပြီး သိမ်းထားလို့ ဖြစ်မှာလဲလို့.."

"ဒီတိုင်း သုံးလေးမီလီယမ်လောက်လေးကို..အစ်မရင်း ပြောသလောက်ကြီးလည်း များမနေပါဘူးဗျ..."

"မရဘူး..စည်းကမ်းက စည်းကမ်းပဲ..အဲ့လိုလုပ်လို့ မဖြစ်ဘူး..."၀မ်ရင်း ပြောလိုက်ပြီး "ပြီးတော့ အစ်မရင်းခုရောက်နေတဲ့ ဘ၀ကို ကျေနပ်နေပြီးသားပဲ..အစ်မရင်းနဲ့ မသက်ဆိုင်တဲ့ ပိုင်ဆံတွေကို ယူပြီးတော့ တစ်သက်လုံး လိပ်ပြာမလုံသလိုကြီး ခံစားနေရမှာကို မကြိုက်ဘူး.."

"ကောင်းပြီလေ သဘောပဲ..အစ်မရင်း ကြိုက်သလိုသာလုပ်.."

"မောင်လေးရီကကော..ဒီည ဘာလုပ်ဖို့ အစီစဉ်တွေ ရှိလဲ.."၀မ်ရင်း မေးလိုက်ပြီး "အစ်မအိမ်ပြောင်းပြီးတာတောင်မှ မောင်လေးရီက တစ်ခါမှလာမလည်သေးဘူးနော်....ဒီည အစ်မဆီ လာလည်ရင်ကော..."

"အင်း ကောင်းသားပဲ..ကျွန်တော်လည်း အစ်မရင်းရဲ့ ဟင်းချက်လက်ရာကို မစားရတာတောင်မှ အတော်လေးကြာနေပြီ..."

"အဲ့တာဆို ဆက်ဆက်လာခဲ့ရမယ်နော်..."

နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် လင်းရီ မောင်းထွက်လာခဲ့လိုက်သည်။ ညနေတစ်နာရီ ထိုးသည့်အချိန်တွင်တော့ အော်ဒါခုနစ်ခု ပြီးမြောက်သွားပြီး ၁၁၀ ကီလိုမီတာထိအောင် မောင်းနှင်ထားပြီးဖြစ်၏။

ထို့နောက် လင်းရီ ပန်နီဆူလာ ဟိုတယ်သို့ မောင်းလာခဲ့လိုက်သည်။ သို့သော်လည်း ၀မ်ထျန်းလုံကတော့ ရှိမနေခဲ့။ခန်းမ မန်နေဂျာနှင့် ဧည့်ကြို ကောင်မလေးတို့ကသာ သူ့ကို ကြိုဆို နှုတ်ဆက်လာလေသည်။

"ရတယ် ..မင်းတို့ လုပ်စရာရှိသာတာလုပ်..."လင်းရီ လက်ကို‌ဝှေ့ယမ်းလိုက်ပြီး "ငါ ဒုတိယထပ်မှာ တစ်ခုခု သွားစားလိုက်ဦးမယ်..."

"ဟုတ်ကဲ့ပါရှင့်..ဘော့စ် တစ်ခုခုလိုရင် ကျွန်မတို့ကို ခေါ်လိုက်နော်..."

"အင်း.."လင်းရီ ခေါင်းညိမ့်လိုက်သည်။

အကယ်၍ ၀မ်ထျန်းလုံသာ ရှိနေပါက ဒုတိယထပ် တစ်ခုလုံးကို ရှင်းလိုက်ရမည်လောဟု မေးလာခဲ့ပေမည်။

လင်းရီမှ ခွင့်ပြုလိမ့်မည် မဟုတ်မှန်း သူသိသော်လည်း နှုတ်မှ အပြုသဘောဖြင့်တော့ ပြောဖြင်းဖြစ်၏။ယင်းကလည်း ဖိနပ်လျက်ခြင်း အနုပညာထဲရှိ အနှစ်သာရတစ်ခုပင်။

ဒုတိယထပ်တွင်တော့ လင်းရီ ထောင့်တစ်နေရာတွင် ထိုင်ချလိုက်ပြီး ဟင်းပွဲတစ်ချို့ မှာယူကာ စားသောက်ရန် ဟန်ပြင်လိုက်၏။

စာချုပ်ကိစ္စ အဆင်ပြေ မပြေ မသိသော်လည်း သူ၏ အစာအိမ် ပြည့်ဖို့ကတော့ ပထမ ဦးစားပေးပင်။

"ဒါရိုက်တာလင်း..."

လင်းရီ ပလုပ်ပလောင်းဖြင့် စားသောက်နေစဉ် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သည့် အချိန်တွင်တော့ ချောင်ကျင်းချိုးမှ သူ့ကို တအံ့တဩဖြင့် ကြည့်နေကြောင်း မြင်တွေ့လိုက်ရသည်။

"တကယ်ကြီး မစ္စတာလင်းပဲ..."ချောင်းကျင်းချိုး ပြုံးလိုက်ပြီး "ကျွန်မတို့ မနက်ပိုင်းလေးတင် တွေ့ခဲ့ကြတာကို ခုလည်း ဒီမှာ ဆုံကြပြန်ပြီနော်..ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."

"ကျုပ်က ဘာလို့ မိန်းကလေးချောင်ရဲ့ စကားလုံးနောက်မှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်လို့ ခံစားနေရပါလိမ့်..."

"မစ္စတာလင်းက ယွမ်ဆယ်သန်းကျော်ကြီးတောင် ရခဲ့တာနော်...ရှင့်ရဲ့ အကျင့်စရိုက်နဲ့ဆို ကုမ္ပဏီကို ပိုက်ဆံ အကုန်ပြန်အပ်လိုက်မယ်ဆိုတာ ကျွန်မကတော့ မယုံပေါင်..."

"မိန်းကလေးပြောတဲ့ ပုံစံက ကျုပ်ပဲ မကောင်းတဲ့ကောင်ကြီး ဖြစ်နေသလိုလို..."

"ခစ်ခစ်..တကယ်ကြီးလား..ကျွန်မကတော့ မကောင်းတဲ့ကောင်ဆိုတဲ့ စကားလုံးက နားထောင်ကောင်းတယ်လို့တော့ ထင်တာပဲ.."ချောင်ကျင်းချိုး ရယ်မောလျက် ပြောလိုက်ပြီး "တကယ်လို့ ကျွန်မကိုသာ တစ်ယောက်ယောက် မကောင်းတဲ့ကောင်မလို့ ခေါ်လာရင်လည်း ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မှာ..."

'ငိုးပဲ..ဘယ်လိုလောဂျစ်တုန်းဟ'

လင်းရီ သူမနှင့် စကားလေးငါးခွန်းခန့် ဖလှယ်ပြီးနောက် ချောင်ကျင်းချိုးမှာ သာမန်လူတို့၏ စဉ်းစားပုံနှင့် ကွဲပြားနေကြောင်း သိလိုက်ရသည်။

"ဘာလို့လဲ..ဥစ္စာပေါရုပ်ချောတွေမှ မကောင်းတဲ့ကောင် ဖြစ်ခွင့်ရှိတာလေ..ရှင်က ဒါကို ဂုဏ်မယူဘူးလား.."

"ကျေးဇူးပါ..ခင်များပြောမှပဲ ကျုပ်လည်း မာန်တတ်ပြီး ကော်လံတွေတောင် ထောင်ချင်သွားတယ်..."

လင်းရီ စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်လိုက်ပြီး "ကျုပ် ဟင်းပွဲတွေ အများကြီးမှာထားတယ်...ဆိုတော့ မိန်းကလေးကော ထိုင်ပြီး တစ်ခါတည်း စားသွားပါဦးလား..."

"ငြင်းရမှာ အားနာပေမယ့် ကျေးဇူးပါနော်..ဒါပေမယ့် မစားတော့ဘူး.."ချောင်ကျင်းချိုး ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ကျွန်မ တစ်ယောက်ယောက်နဲ့ တွေ့စရာရှိလို့..ရှင်နဲ့ အတူထိုင်စားနေရင် မသင့်လျော်သလို ဖြစ်သွားမှာ..."

"ဘာလို့လဲ..."လင်းရီ မျက်လုံးများ မှေးကျဉ်း၍ မေးမြန်းလိုက်ပြီး "မိန်းကလေးက မကောင်းတဲ့ကောင်တွေကို အထင်မြင်သေးတယ်ဆိုတဲ့ သဘောလား..."

"မဟုတ်တာ..မစ္စတာလင်းကတော့ နားလည်မှု လွဲနေပါပြီ..ကျွန်မစကားက ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းတဲ့ သဘောလေးပါ.."

"ဟားဟား ဟုတ်ပါပြီဗျာ..ထမင်းအတူစားမယ့် အကြောင်းလေး ခဏ ဘေးချိတ်ထားလိုက်ဦး..ဒါရိုက်တာချောင် ဒီရောက်လာတယ်ဆိုတာက လည်း တစ်ယောက်ယောက်နဲ့ ရင်းနှီးမြုပ်နှံတဲ့ ကိစ္စ လာဆွေးနွေးမလို့မလား..."

"ဟင်...မစ္စတာလင်းက ဘယ်လိုလုပ်ပြီး သိသွားတာ...."

"ခင်များနဲ့တွေ့မယ့်သူက ကျုပ်ပဲလေ....."

All Chapters