← Chapters

အခန်း (၃၃၆)

Vol. 23 Ch. 336

အခန်း (၃၃၆)

Vol. 23 Ch. 336

"ဘာ...ဘာပြောလိုက်တယ်..အဲ့ဒါဆိုရှင်က လင်းယွမ် အုပ်စုရဲ့ သူဌေးကြီး မစ္စတာ လင်းရီ ပေါ့နော်..."

"အံ့ဩသွားသလား.."

"အွန်း..နည်းနည်းလေးပါ..."တခဏ ကြာပြီးနောက် ချောင်ကျင်းချိုး သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှုပြုလုပ်လိုက်သည်။

ယခုတွေရှိချက်ကြီးက သူမ၏ စိတ်ကို တုန်ဟီးသွားအောင် ပြုလုပ်နိုင်ခဲ့သည်ကိုတော့ ၀န်ခံရပေမည်။

သူမ အကောင်ကြီးကြီးတစ်ယောက်ကို ယခုလို ပုံစံဖြင့် တွေ့ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့။

"ခုကော အတူထိုင်စားဖို့ သဘောတူပြီလား..."

"ဒါပေါ့ရှင်.."

"ကဲ.. ဘယ်လိုလုပ်.. ကျုပ်ကို မကောင်းတဲ့ကောင်လို့ ထင်နေသေးလား..."

"မထင်တော့ပါဘူး..မစ္စတာလင်းက ကျွန်မ အမြင်မှာတော့ အတော်‌လေးကောင်းတဲ့ လူတစ်ယောက်လေ"

"ဟားဟား..မိန်းကလေးချောင်ရဲ့ သဘောထားကလည်း EPC ထက်တောင် မြန်နေပါလားဗျ..ကျုပ်တော့ဖြင့် ရင်းနှီးမြုပ်နှံရမှာတောင် ခပ်လန့်လန့် ဖြစ်သွားပြီ... "

"ဘယ်တတ်နိုင်မှာ..ဘယ်သူက ရှင့်ကို အဲ့လောက်ထိ ချမ်းသာခိုင်းနေလို့လဲ...ကျွန်မတို့ ခုလိုအပ်နေတဲ့ ရင်းနှီးငွေက ၁၄ မီလီယမ် ..တကယ်လို့ မစ္စတာလင်းကသာ ဒီထက်ပိုပြီး ရင်းနှီးပေးမယ်ဆ်ုရင်တော့ ပိုလို့တောင် ပြောင်းလဲသွားနိုင်တယ်နော... "

ချောင်ကျင်းချိုး ရိသဲ့သဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

လင်းရီ စားပွဲခုံကို လက်ဖြင့် နှစ်ကြိမ်တောက်လိုက်ပြီး "ကျုပ် ၂၀ မီလီယမ် မြုပ်နှံမယ်..."

"ဟမ်..မစ္စတာလင်းက အကြောင်းပြချက်မရှိပဲနဲ့ ‌၆ မီလီယမ်တောင် တိုးပြီး ရင်းနှီး‌လိုက်တယ်ဆိုတော့ ကျွန်မကို ဟပ်ထိအောင် များ လုပ်နေသလားပဲ ..မစ္စတာလင်း..ရှင်က အရမ်းဆိုးတာပဲ..."

"ရှယ်ယာ ၃၆% လိုချင်တယ်..."

ချောင်ကျင်းချိုး၏ အမူအရာများ အေးခဲ့သွားခဲ့ပြီး လင်းရီကို တစ်ဖန်ပြန်၍ အကဲခတ်လိုက်သည်။ လင်းရီမှ ထိုသို့ ပြောလာလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

"ရှယ်ယာ တန်ဖိုးအရဆိုရင် ၂၀ မီလီယမ်က ရှယ်ယာ ၃၂% ပဲရမှာ..."

"ဒါပေမယ့်..ဒါက ကနေဦး ရင်းနှီး မြုပ်နှံမှုပဲ ရှိသေးတယ်..နောက် အဆက်ပြေရင် ကျုပ်တို့ စီးရီးအေနဲ့ စီးရီးဘီ ရင်းနှီးမြုပ်နှံမှုတွေပါ ဆက်လာခဲ့မှာ..."လင်းရီ ဧရာမ ကဏန်းလက်မကြီးကို ဆွဲဖြုတ်လိုက်ပြီး "တခြား ကုမ္ပဏီတွေ ဒီလောက် မပေးနိုင်ဘူးဆိူတာကျုပ်အာမခံရဲတယ်....ဒါကြောင့်မို့ ဒါရိုက်တာချောင် သေချာလေး စဉ်းစားသင့်တယ်နော.."

"အဲ့တာကတော့ အမှန်ပါပဲ..ကုမ္ပဏီ အများစု ကမ်းလှမ်းနိုင်တဲ့ ပမာဏက အာဏာကုန် ၁၄ မီလီယမ်ပေါ့..မစ္စတာလင်းက နောက်ထပ် ၆ မီလီယမ်တောင် တိုးပြီး ရင်းနှီးပေးမယ်ဆိုတော့ နောက်ကွယ်မှာ အကြောင်းရင်းတချို့များ ရှိနေလို့လား..."

ချောင်ကျင်းချိုး၏ စီးပွားရေးအမြော်အမြင်ကြီးမှုတို့က လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။

သာမန်လူသာဆိုပါက မျှော်မှန်းထားသည်ထက် ပိုရသည်နှင့် ၀မ်းပန်းတသာဖြစ်ကာ တောင်းဆိုသမျှ သဘောတူလိုက်ပေမည်။

ယင်းက ချောင်ရှန့်ယွီနှင့် သူမကို ဆီနှင့်ရေကဲ့သို့ ကွဲပြားသွားစေခဲ့သည်။

"တကယ်လို့ ကျုပ်က ဒါရိုက်တာချောင်ရဲ့ ကုမ္ပဏီ အလားအလာကို မြင်လို့ ဒီလိုလုပ်တယ်လို့ပြောရင် ဒါရိုက်တာချောင်က ကျုပ်ကို လျှောက်ပြောနေတယ်လို့ ထင်နေလိမ့်မယ်..."လင်းရီ ခဏရပ်တန့်လိုက်ပြီး "ဒါပေမယ့် တကယ်လို့ ကျုပ်ကသာ မိန်းကလေးချောင်ရဲ့ တင်တွေ ရင်တွေကို ကြည့်ပြီး ပြောရင်တော့ ဒါရိုက်တာချောင်က ကျုပ်ကို နှာမီးတောက်ပြီး ပြောတယ်လို့ ထင်ဦးမယ်...ဒီတော့ ကျုပ် ၂၀ မီလီယမ် ရင်းနှီးဖို့ ယာထားတာကို ဖျက်လိုက်ပြီ..နဂိုအစီအစဉ်အတိုင်း ၁၄ မီလီယမ်ပဲ သွားကြတာပေါ့..."

ထိုအခိုက်အတန့်တွင်တော့ လင်းရီ မည်သို့ပင် ဖြေစေကာမူ ချောင်ကျင်းချိုး၏ ထောင်ချောက်ထဲသို့ ရောက်သွားလိမ့်မည်။

ထို့ကြောင့် သူ အဖြေကို တိုက်ရိုက် မဖြေလိုက်ပဲ ဝေ့ဝိုက်ကာ ဇဝေဇဝါ ဖြစ်အောင် လုပ်လိုက်၏။

လင်းရီဖြေသွားသည့် စကားလုံးများက ချောင်ကျင်းချိုးကို ဒွိဟ ဖြစ်သွားစေခဲ့ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

"လင်းယွမ်အုပ်စုက ချမ်းသာမှန်း ကျွန်မသိတယ်..ဒါပေမယ့် ကျွန်မသိသလောက် ဆိုရင်တော့ ငွေကြေး ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လာပြီဆိုရင် ကုမ္ပဏီတွေရဲ့ အလားအလာကို သေချာစိစစ်ပြီးတော့မှ ရင်းနှီးမြုပ်နှံကြတာ မဟုတ်ဘူးလား ...ဒါပေမယ့် မစ္စတာလင်းက ဘာလို့ အရမ်းပဲ သာမန်လျှံကာ ပြုမူနေလဲဆိုတာကျွန်မ နားမလည်ဘူး..."

"လင်းယွမ်အုပ်စုက သောက်ရမ်းချမ်းသာနေပြီးသားလေ..ကျုပ်တို့က ဒီယွမ် ငွေ ၆ မီလီယမ်လောက်ကို ဂရုစိုက်မယ်လို့ ထင်လား.."

"ဒါပေါ့..."ချောင်ကျင်းချိုး ပြောလိုက်ပြီး "တကယ်လို့ ဒါရိုက်တာလင်းကသာ စိတ်မ၀င်စားဘူးဆိုရင် အလုပ်မအားတဲ့ကြားက ဘာလို့ တကူးတကလာပြီး တွေ့မှာလဲ မဟုတ်ဘူးလား..."

"ကျုပ်က ဒီမှာ ထမင်းလာစားတာ..ပြီးတော့ တိုက်ဆိုင်တာနဲ့ပဲ ဒါရိုက်တာချောင်ကို ဒီမှာ တွေ့ဖို့ ခေါ်လိုက်တာ....ပြဿနာရှိလို့လား..."

"အဲ့ဒါဆို ဘာလို့ ဒီမှာ တွေ့ဖို့ လာပြောတာလဲ...ရှင့်ဘက်က အလေးနက်ထားလို့ပဲ မဟုတ်ဘူးလား... "

"ပန်နီဆူလာ ဟိုတယ်ကလည်း ကျုပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုပဲလေ...ဒီမှာစားတာ တစ်ပြားမှ ပေးစရာမလိုဘူး.."

ချောင်ကျင်းချိုး :"....."

သူမ အပေါ်ယံတွင် တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်နေသည်ကို‌ေတာ့ ၀န်ခံရမည်။ ပန်နီဆူလာဟိုတယ်မှာ လင်းရီ၏ ပိုင်ဆိုင်မှု ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပေ။

ဖြစ်နိုင်သည်ကတော့ ပန်နီဆူလာ ဟိုတယ်ပင်လျှင် သူ၏ အသေးစား စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုလေးသာ ဖြစ်လောက်ပြီး အခြားနယ်ပယ်များတွင်လည်း လင်းယွမ်၏ စီးပွားရေးလုပ်ငန်းများ မနည်းမနော ကျန်ရှိနေလောက်သေး၏။

"သဘာတူတယ်...၂၀ မီလီယမ်နဲ့ ရှယ်ယာ ၃၆%"

"အိုကေ..အဲ့လိုဆို စာချုပ်ချုပ်ကြစို့..."

မကြာမီ နှစ်ယောက်သား စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးလိုက်ကြသည်။ ဤသည်ကတော့ လင်းရီ၏ ပထမခြေလှမ်းဖြစ်သည့် ချောင်ကျင်းချိုးနှင့် ပတ်သက်မှုတစ်ခု တည်ဆောက်ခြင်းပင်။ နောက်ခြေလှမ်းတစ်ခုကတော့ Cisco ၏ အရေးကိစ္စများတွင် သူ့အား ၀င်ပြီး မနှောင့်ယှက်စေရန် ဖြစ်၏။

သို့သော်လည်း လက်ရှိအခြေနေအရတော့ ချောင်ကျင်းချိုးမှာ Cisco ၏ စီးပွားရေး လုပ်ငန်းများကို စိတ်မ၀င်စားသည့်ဟန်ပင်။ မဟုတ်ပါက Cisco ၏ အနေအထားနှင့်တိုလျှင် ယွမ် မီလီယမ် အနည်းငယ်လောက်လေးကို ထည့်စဉ်းစားနေလိမ့်မည် မဟုတ် ချေ။

"ဒါရိုက်တာလင်း..ရှင်တို့ဘက်က အတည်ပြုဆွေးနွေးဖို့ လူကို ဘယ်အချိန်လောက် လွှတ်လိုက်မလဲ..."

ချောင်ကျင်းချိုး မေးလိုက်၏။

ရင်းနှီးမြုပ်နှံမှု နယ်ပယ်တွင် ယခုလို သဘောတူညီမှု ပြုလုပ်ပြီးနောက် တစ်ယောက်တစ်ယောက်ကို စေလွှတ်ပြီး သဘောတူညီကြောင်း အတည်ပြခိုင်းရသည်။ သို့သော်လည်း ဟန်ပြသက်သက်သာဖြစ်ပြီး များစွာသော လုပ်ပိုင်ခွင့်တို့တော့ မရှိချေ။

"ကျုပ် ဘယ်သူ့ကိုမှ မပို့တော့ဘူး..ဒါရိုက်တာချောင်ကို ယုံပြီးသားပါ..."

"ဟမ်..ကျွန်မတို့က ခုမှ တစ်ခေါက်ပဲ တွေရသေးတာကို ယုံနေပြီပေါ့..."

"ဒါရိုက်တာချောင်က လီချင်းဖုန်းလို သောက်ရူးရဲ့ နာမည်ဆိုးကိုတောင် ဖျက်နိုင်သေးမှတော့ မယုံကြည်စရာ ဘာအကြောင်းရှိလို့လဲ..."

လင်းရီမှ ပြောလိုက်သည်။

"ဒါပေမယ့် စာချုပ်ထဲမှာ ထည့်မယ့် ပလန်တွေရဲ့ မီဒီယာနယ်ပယ်ထဲမှာ ဘယ်ဘက်ကို ဦးတည်ရင် ကောင်းမလဲဆိုတာ မစ္စတာလင်းမှာ ထောက်ပြစရာလေးများ ရှိလား မသိဘူး... "

"မီဒီယာနယ်ပယ်ကလား..လွယ်ပါတယ်.."လင်းရီ ပျော့ပြောင်းသည့် လေသံဖြင့် "အချောအလှလေးတွေ့ရင် လက်မှတ်ထိုးထားလိုက်..ဒါပေမယ့် ၁၈ နှစ်တော့ ကျော်ပါစေပေါ့ကွာ..မဟုတ်ရင် ဂျေးအောင်းနေရမယ်."

"မစ္စတာလင်း ဆိုလိုချင်နေတာကို သဘောပေါက်ပြီ..."ချောင်ကျင်းချိုး အပြုံးလေးဖြင့် ပြောလိုက်ပြီး "မစ္စတာလင်းက ဒီကနေ့ တအားတွေ ရက်ရောနေတယ် ဆိုတော့ ကျွန်မလည်း တစ်ခု ကူညီပေးလိုက်မယ်.."

"ဘာကူညီမှာ..."

"ရှင်ဒီနေ့ လီချင်းဖုန်းနား ငွေညစ်ခဲ့‌တယ်လေ.... အဲ့ မျိုးမစစ်အိုကြီးက ရှင့်ကို သိပ်ကျေနပ်ပုံရဘူး..ပြီးတော့ ရှင်တို့ကို သင်ခန်းစာပေးဖို့ဆိုပြီးတော့ လူတွေလည်း လိုက်ရှာနေသေးတယ်.."

"ဟမ်...အဲ့ကောင် ဦးနှောက်ကို ခွေးများ တက်နိုးသွားလား...."

"ဘယ်သိမှာ.."

"ကောင်းပြီ..ကျေးဇူးပဲ..အဲ့ကိစ္စကတော့ ကျုပ်ဘာကျုပ် ကိုင်တွယ်လိုက်မယ်..."

ကလင် ကလင် ကလင် ..

ထိုအချိန်တွင် ချောင်ကျင်းဖုန်းသံ မြည်လာခဲ့ပြီး သူမ ပုံမှန်လေးပဲ ဖုန်းကိုင်လိုက်၏။

"သမီးလည်း အဲ့အကြောင်းကို စဉ်းစားနေတာ..‌အဲ့ကိစ္စ နောက်မှ ပြောကြမယ်..."

"အိမ်မှာ အစ်က်ုကြီး ရှိတယ်မဟုတ်ဘူးလား...သူ့ကို ကိုင်တွယ်ခိုင်းလိုက်လေ..ကျွန်မက မိန်းကလေးဆိုတော့ ပါ၀င်မပတ်သက်ချင်ဘူး.."

"အင်း...အင်း အင်း..နောက်မှ ဆက်ပြောကြတာပေါ့..ခု အလုပ်ကိစ္စ ဆွေးနွေးနေလို့..."ချောင်ကျင်းချိုး ပြောပြီးနောက် ဖုန်းတန်းချလိုက်၏။

ဖုန်းပြောသည်မှာ အချိန်တခဏလေးသာ ကြာမြင့်သော်လည်း သူမ၏ စကားလုံးများထဲမှ လင်းရီ အသုံး၀င်သည့် သတင်းအချက်အလက် အများအပြားကို ရရှိလိုက်သည်။

‌ဖုန်းခေါ်ဆိုလာသည့် သူမှာတော့ သူမ၏ ဖခင် ချောင်ကျားတုံး ဖြစ်လောက်၏။ သူ၏ လေသံအရဆိုပါက ချောင်ကျင်းချိုးကို အိမ်ပြန်ခေါ်ပြီး သူ၏ လုပ်ငန်းများကို ဦးစီးစေချင်နေသည့်ပုံပင်။

သို့သော်လည်း ချောင်ကျင်းချိုးတွက်တော့ သူ့ဖခင်၏ ကြိုးဆွဲရာကဖို့ ရည်ရွယ်ချက်မရှိချေ။

လင်းရီ ချောင်ရှန့်ယွီအတွက် တိတ်တဆိတ် ၀မ်းနည်းပေးလိုက်သည်။ ငနဲမှာ ကြိုးစားပမ်းစားနှင့် သက်သေပြရန် အကောင်းဆုံး ကြိုးစားနေသော်လည်းသူ၏ ဖခင်မှာတော့ သူ့ကို နဂိုပတည်းကနေ ပထုတ်ပြီးသားဖြစ်၏။

"ဘာလဲဖြစ်တာ..မျက်နှာ အမူအရာလည်း မကောင်းပါလား..."

လင်းရီ သာမန်အတိုင်း မေးမြန်းလိုက်၏။

"ဟူး...ဒီတိုင်း အိမ်က ကိစ္စလေးပါ..ကျွန်‌မတော့ဖြင့်အဲ့အကြောင်းတွေးလိုက်တိုင်း ခေါင်းပါကိုက်တယ်..."

"ဘာလဲဖြစ်လို့.. ဒါရိုက်တာချောင်ရဲ့ အစ်ကိုကြီး အိမ်၀ယ်ဖို့ ပိုက်ဆံ မလောက်လို့တဲ့လား..."

"ဘယ်နားကသာ..ကျွန်မတို့ မိသားစုရဲ့ အခြေနေနဲ့ဆိုရင် အိမ်တစ်လုံး ၀ယ်ဖို့အတွက်လောက်နဲ့တော့ ပူနေစရာတောင်မလိုဘူး.. "

ချောင်ကျင်းချိုး ကော်ဖီတစ်ငုံသောက်လိုက်ပြီး "ဒီတိုင်း အသေးမွှားပြဿနာလေးပါ..အဖေက မအားတာနဲ့ ကျွန်မကို ကူညီပြီး ဖြေရှင်းစေချင်နေတာ ."

"အဲ့လောက်ဆိုရင် မိသားစုကြီး ကိစ္စနေမှာ.."

"ဒီတိုင်း ပါမွှားလေးပါရှင်.."ချောင်ကျင်းချိုးမှ လင်းရီအား များများစားစား မပြောပြခဲ့ပေ။ "အိမ်မှာ လုပ်စရာလေးတွေ ရှိလို့ အရင်သွားလိုက်ပါဦးမယ်..ခွင့်ပြုပါဦး..."

"‌အိုကေ..."

ချောင်ကျင်းချိုး ထွက်သွားပြီးနောက် လင်းရီ လက်ကျန် စားစရာများကို တိတ်တဆိတ် စား သောက်နေခဲ့သည်။

သူမ နောက်ဆုံးပြောခဲ့သည့် စကားလုံးများကို ဆင်ခြင်ကြည့်ပါက သတင်းအချက်အလက် အများကြီးကို ရရှိနိုင်လေသည်။

သူမမှာ မှီခိုမှုကင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း မိသားစုမှာ လုံးလုံးလျားလျား ခွဲထွက်ထားနိုင်သည်တော့ မဟုတ်ပေ။ ထိုသို့ဆိုလျှင် အနာဂတ်၌ သူ၏ ခြေလှမ်းများကို ဂရုစိုက်ရပေလိမ့်မည်။

ကလင် ကလင် ကလင်

ထိုအချိန်တွက် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး ရှန်းထျန်းကျိူးထံမှ ခေါ်ဆိုလာခဲ့ခြင်းပင်။

"ဒါရိုက်တာရှန်း ဒီချိန်ဆို US မှာ မနက်နှစ်နာရီ ထိုးလောက်ရောပေါ့.ဘာကိစ္စများ ရှိလို့ ဖုန်းခေါ်လိုက်ပါလိမ့်..."

"ပရိုဂရမ်မာတွေမှာက ပုံမှန်အိပ်ချိန် မရှိဘူးလေကွာ..."ရှန်းထျန်းကျိုး စနေယက်သလို လေသံဖြင့် ပြောလိုက်၏။

"အဲ့လိုဆိုရင်တော့ ဒါရိုက်တာရှန်းက ပရိုဂရမ်မာကောင်းတော့ မဟုတ်လောက်ဘူး..ဘာလို့လဲဆိုတော့ ခင်များဆံပင်တွေက သန်စွမ်းနေတုန်းမို့လို့လေ..."

"ဟားဟား..မင်းနဲ့စကားပြောရတာ တကယ်ရယ်ရတယ်...."ရှန်းထျန်းကျိုး ရယ်မောလိုက်ပြီး "ငါခုလေးတင် အလုပ်ပြီးတာ...ပျင်းတာနဲ့ မစ္စတာလင်းဆီ ဖုန်းခေါ်ကြည့်လိုက်တာ... "

"ခင်များက ဘယ်ချိန်လာမှာ..ကျုပ်လာကြိုပေးမယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"မင်းဆီကနေတော့ ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲကွ..."ရှန်းထျန်းကျိုး ပြောလိုက်ပြီး "ငါဆုံးဖြတ်ပြီးသား...နောက်ရက်အနည်း‌ငယ်လောက်ဆိုရင် ပြန်လာတော့မှာ မင်းသာ ပိုက်ဆံ အသင့်ပြင်ထားလိုက်တော့...ပရောဂျက် အကြီးကြီး လာ‌တော့မှာ..."

All Chapters