← Chapters

စိတ်တန်ခိုးဖွဲ့စည်းခြင်း

Vol. 6 Ch. 81

စိတ်တန်ခိုးဖွဲ့စည်းခြင်း

Vol. 6 Ch. 81

“အခုဆိုရင် နာမည်ကျော် အပြင်စည်း တပည့်တွေထဲမှာဆိုရင် လီဖူချန်း တစ်ယောက်ပဲ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ လိုတော့တယ်။ သူ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို တက်လှမ်းဖို့အတွက် အချိန်ဘယ်လောက် ယူရမလဲဆိုတာ ငါသိချင်နေမိတယ်”

“သူက အသက် ၁၆ နှစ်မှာ မချိုးဖောက် နိုင်မှတော့ ၁၇ ဒါမှမဟုတ် ၁၈ မှပဲ ချိုးဖောက် နိုင်တော့မယ်ထင်တယ်”

“ငါထင်တာတော့ ၁၇ ဒါမှမဟုတ် ၁၈ ရောက်တဲ့ အထိတောင် ဖြစ်နိုင်မယ် မထင်ဘူး။

ဒီပထမ အတားအဆီးက ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေတောင် မနည်း ချိုးဖောက်ရတာလေ။ သာမန်အရိုး တည်ဆောက်ပုံနဲ့ လူကဆိုရင်တော့ စဉ်းစားစရာပဲ”

“အစ်ကိုကြီး ယုဝူရှန်းနဲ့ ယှဉ်ရင်တော့ လီဖူချန်းဆိုတာ ကြယ်ကြွေတစ်လုံး လိုပါဘဲကွာ။

မင်း ကြားပြီးပြီလား … အစ်ကိုကြီး ယုဝူရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ရဲ့ အဆင့် ၂ ကိုတောင် ရောက်သွားပြီတဲ့”

“ငါကြားပြီးပြီ။ အိုင်း … ယား … ငါးလအတွင်းမှာပဲ စိတ်တန်ခိုးဖွဲ့စည်းခြင်း အဆင့် ၂ ကို ရောက်သွားတာပဲ။ ဒီလို ပါရမီရှင်ကတော့ လူအယောက် ၁၀၀၀ မှာမှ တစ်ယောက် ပေါ်ထွန်းလာတဲ့ သူပဲ။ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ လူတွေကလည်း လီဖူချန်းကို မေ့လျော့စ ပြုလာပါြပီ။

အထူးသဖြင့် ယုဝူရှန်းရဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၂ ကို ရောက်သွားတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်မှာပေါ့လေ။ သူတို့စိတ်ထဲမှာ ယုဝူရှန်းနဲ့ လီဖူချန်းဆိုတာက နှိုင်းယှဉ်လို့ မရတဲ့ သူတွေလို့ သတ်မှတ် လိုက်ကျပါပြီ။ လီဖူချန်းရဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်မှုက ယုဝူရှန်းထက် သာရင်သာမယ်။ ကျင့်ကြံမှု အပိုင်းမှာတော့ ယုဝူရှန်းကို မီနိုင်ဖို့အကြောင်း မရှိပါဘူး။

လီဖူချန်းတစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက်နိုင်တဲ့ အခါဆိုရင် ယုဝူရှန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၅ ကို ရောက်နေတာလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်လေ။ အဆင့် ၁ နဲ့ အဆင့် ၅ ကို ဘယ်လို ယှဉ်စရာအကြောင်း ရှိမှာလဲ။

မိုးပြာရောင်ဂိုဏ်းကို ပြန်ရောက်တဲ့ အခါမှာတော့ … လီဖူချန်းက ရတနာငါးတွေ အကုန်လုံးကို လဲပြီးတာနဲ့ ဆင်းရဲဒုက္ခမျှော်စင်ကို ချက်ချင်း ထွက်လာခဲ့ပါတယ်။ သူက အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံးတပည့် ဖြစ်နေမှတော့ ဒီထက်နည်းနည်း တော်ပြလိုက်လို့လည်း ရတာပဲ မဟုတ်လား။

ဘယ်သူမှ လိုက်မမီနိုင်တဲ့ စံချိန်ကို ထားခဲ့ဖို့ သူ ဆုံးဖြတ်ထားတယ်လေ။

နရီ ၆ ချက်။ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကိုတောင် ဆန့်ကျင်သွားတဲ့ ရလဒ်ပါလား။

လီဖူချန်းရဲ့ ဒီစံချိန်ကို ချိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ သလောက်ပါဘဲ။ ဒီရာစုနှစ်ပိုင်းမှာ ဆိုရင် လီဖူချန်းရဲ့ စံချိန်နဲ့ နီးကပ်တာဆိုလို့ ဓားအရူးသူတော်ရဲ့ နရီ ၇ ချက်ပဲ ရှိပါတော့တယ်။

ဓားအရူးသူတော်ရဲ့ ထိုးထွင်းသိမြင်မှုက လီဖူချန်းနဲ့ အတူတူလောက် ရှိပေမဲ့ သူရဲ့ စိတ်ဝိညာဉ်အားက အလယ်အလတ် ဆန်းကြယ်အဆင့် ခန္ဓာကိုယ် သန့်စင်နည်းစနစ်ကို အချိန်တိုအတွင်း လေ့ကျင့်နိုင်ခဲ့တဲ့ လီဖူချန်းလောက်တော့ မသန်မာသေးပါဘူး။ ခန္ဓာကိုယ်သန့်စင်တဲ့ ပညာရပ်တွေက ဆေးဝါး အထောက်အကူတွေ ရှိရုံနဲ့တင် မပြီးသေးပါဘူး။ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် ကန့်သက်ချက်တွေကို ရောက်တဲ့အခါ သွေးကြောတွေ၊ အရိုးတွေ ပေါက်ကွဲလုနီးပါးဖြစ်တဲ့ ဝေဒနာတွေကို ခံနိုင်ဖို့ စိတ်ဝိညာဉ်အားလည်း လိုအပ်ပါသေးတယ်။ တကယ်လို့ လူတစ်ယောက်က စိတ်ဝိညာဉ်အားနဲ့ စိတ်ပိုင်းဖြတ်နိုင်မှု အားနည်းရင် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မကျော်လွှားနိုင်ဘဲ ကျရှုံး သွားနိုင်တယ်လေ။

ဒါပေမဲ့ လူတော်တော်များများက အဲဒီ ကန့်သတ်ချက်အဆင့်ကို မရောက်ကျပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူတို့က လီဖူချန်းလို အလောတကြီးနဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းကို မလျှောက်လှမ်းခဲ့လို့ပါ။ တကယ်လို့ လူတစ်ယောက်က ကျင့်ကြံခြင်းကို အားမစိုက်ဘဲ

ခန္ဓာကိုယ် သန့်စင်တဲ့ဘက်ကိုပဲ အားစိုက်နေမယ်ဆိုရင် အဆင့်မြင့်လာတဲ့ အခါကျရင် ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့် ဖြစ်နေတော့မှာလေ။

***

“လီဖူချန်းကတော့ သမိုင်းတစ်လျှောက် အတော်ဆုံး အပြင်စည်းတပည့်  ဖြစ်လာတော့မှာဘဲ"

ဒီနရီ ၆ ချက်ဆိုတဲ့ ရလဒ်က ကြည့်နေတဲ့ တပည့်တွေကို တုန်လှုပ်ချောက်ခြား သွားစေပါတယ်။

ဒါက အပြင်စည်း ဂိုဏ်းသားတွေက လီဖူချန်းက မညှာမတာ ပညာပြလိုက်တာပါဘဲလေ။

နောင်လာမယ့် တပည့်အသစ်တွေက ဒီစံချိန်ကြီး ဘယ်လိုကျော်နိုင်တော့မှာတုန်း။ ဆင်းရဲဒုက္ခ မျှော်စင်ကနေ ထွက်လာြပီးနောက်မှာတော့ လီဖူချန်းက ကျင့်ကြံမှုအပိုင်းကို ပြန်ပြီး အာရုံစိုက်လိုက်ပါတယ်။

စိတ်တန်ခိုးဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းဖို့ဆိုတာ ဖြည်းဖြည်းနဲ့မှန်မှန် တစ်ဆင့်ချင်း ကြိုးစားသွားရမယ့် အရာပါ။ လူသားနယ်ပယ် အဆင့်မှာတော့ သိုင်းပညာရှင်တွေဟာ အတွင်းအားကို ဒန့်တျန်ထဲမှာပဲ စုဆောင်းလေ့ ရှိကြပါတယ်။ (ဒန့်တျန်ဆိုတာ ချက်အောက် နှစ်လက်မမှာ ရှိပါတယ်)

ဒါပေမဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့အခါမှာတော့ ဒန့်တျန်ထဲမှာရှိတဲ့ အတွင်းအားတွေက ရေဝဲတစ်ခုအဖြစ် ပြောင်းလဲ သွားမှာပါ။ ထိုရေဝဲ ဖြစ်လာတာနဲ့ အဲဒီအရာက ကောင်းကင်နဲ့ မြေကြီးဆီက စွမ်းအင်တွေကို စုပ်ယူပါပြီ။ အဲဒီ စွမ်းအင်က အတွင်းအားတွေထက် ပိုပြီး သန့်စင်ပါတယ်။။

ရှူသည် … ထုတ်သည် …

ရှူသည် … ထုတ်သည် …

မှောင်မိုက်နေတဲ့ အခန်းတစ်ခုရဲ့ အလယ်မှာတော့ လီဖူချန်းတစ်ယောက် ရှိနေပါတယ်။

သူ အသက်ရှူသွင်း လိုက်တိုင်းမှာ မှိန်ဖျောဖျော့ အနီရောင် အလင်းလေးတစ်ခုက ဒန့်တျန်နားကနေ ထွက်ပေါ်နေပါတယ်။ သိုင်းပညာရှင် တစ်ယောက်က လူသားနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ရင် သူတို့ရဲ့ အတွင်းအား ထုထည်က လုံးဝ တိုးပွာလာခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

အတွင်းအားတိုး ဆေးလုံးတွေကို သောက်သုံးရင်တောင် ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ လူတိုင်းရဲ့ အတွင်းအားထုထည် ပမာဏကတော့ တူညီလေ့ မရှိပါဘူး။

သြော် မှန်တာပေါ့။ ပြောစရာတစ်ခု ကျန်နေသေးပါတယ်။ အရိုးတည်ဆောက်ပုံ ကောင်းတဲ့ လူတွေကတော့ သူတို့ရဲ့ အဆင့်အလိုက် ပိုပြီးကောင်းတဲ့ အတွင်းအားထုထည် ပမာဏတွေ ရှိပါတယ်။ အဆင့်မြင့်တဲ့ ကျင့်စဉ်တွေကို လေ့ကျင့်တဲ့ သူတွေကလည်း ပိုများပြားတဲ့ အတွင်းအား ထုထည်ပမာဏကို စုစည်းထားနိုင်ပါတယ်။ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်နဲ့ဆိုရင်တော့ လီဖူချန်းရဲ့ အတွင်းအားပမာဏက ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေရဲ့ အတွင်းအား ပမာဏထက်တော့ လုံးဝ နိမ့်ကျစရာအကြောင်း မရှိပါဘူး။ ဒီနေရာမှာ သတိပေးစရာတစ်ခု ရှိတာကတော့ အတွင်းအားပမာဏ နည်းလေလေ အတွင်အားတွေကို ရေဝဲတစ်ခုအဖြစ် ပြောင်းလဲရတာ ကြာလေလေဆိုတာပါဘဲ။

မြစ်တစ်စင်း စီးဆင်းနေသလို အရှိန်အဟုန် ကောင်းကောင်းရှိနေတဲ့ သူတွေဆိုရင်တော့ အတွင်းအားတွေကို ရေဝဲဖြစ်အောင် ပြောင်းရတာ ပိုလွယ်ကူတာပေါ့လေ။ ချောင်းလေးတစ်ခုလို အရှိန်နည်းနည်းနဲ့ အတွင်းအား စီးဆင်းမှု ပိုင်ရှင်တွေကတော့ ပိုပြီး အချိန်ကြာကြာ ကြိုးစားရတာပေါ့။

လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုလိုက်တဲ့ အချိန်မှာတော့ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ သွေးကြောတွေထဲကို အတွင်းအားတွေက အရှိန်အဟုန် ကောင်းကောင်းနဲ့ စီးဝင်လာပြီး ဒန့်တျန်ထဲမှာ အဆုံးသတ်သွားပါတယ်။ အရှိန်အဟုန် ကောင်းကောင်းနဲ့ စီးဝင်လာတဲ့ အတွင်းအားတွေက ရေဝဲတစ်ခု ဖြစ်လာအောင် ကြိုးစားနေပါတယ်။

ပထမအကြိမ် ဆင့်ကဲပြောင်းလဲမှု …

ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှု …

***

အချိန်တွေ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ဘဲ တစ်ညတာက ကုန်လွန်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ကတော့ ပန်းပဲဖိုကနေ ထွက်လာတဲ့ သံတုံးတစ်တုံးလို ရဲရဲနီနေပါတယ်။ သူ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကတော့ ပြာဖြစ်ပြီး ကြမ်းပြင်ပေါ်ကိုတောင် ပုံကျနေပါပြီ။

လီဖူချန်းကတော့ မျက်လုံးအစုံကို မှိတ်ထားပြီး ဒန့်တျန်ထဲက အတွင်းအားတွေကိုပဲ အာရုံ စိုက်ထားပါတယ်။ အတွင်းအားတွေရဲ့ အဆက်မပြတ် စီးဝင်မှုကြောင့် ဒန့်တျန်အတွင်းမှာတော့ ရေဝဲလေးက စတင်ဖြစ်ပေါ် လာနေပါပြီလေ။ ဒါပေမဲ့ ဒီရေဝဲလေးက အချိန်မရွေး ပြန်လည်ပျက်စီး သွားနိုင်သေးပါတယ်။

တည်ငြိမ်မှု မရှိသေးပါဘူး။ လီဖူချန်းက ဒီရေဝဲလေး ပိုပြီး အားသန်လာအောင် ဂရုတစိုက်နဲ့ အတွင်းအားတွေကို ဖြည်းဖြည်းနဲ့မှန်မှန် ပို့ဆောင်ပေးနေပါတယ်။ ဒီအဆင့်က လုံးဝ အမှားခံလို့ မရတော့တဲ့ အခြေအနေပါ။ နှစ်နာရီလောက် ကုန်ဆုံးပြီးသွားတဲ့ နောက်မှာတော့ နေ့လယ်ကိုတောင် ရောက်လာခဲ့ပါပြီ။ လီဖူချန်းရဲ့ ဒန့်တျန်ထဲက ရေဝဲလေးကလည်း တဖြည်းဖြည်း ပိုကြီးလာပါပြီ။

လက်မ တစ်ချောင်းစာလောက်ရှိတဲ့ ရေဝဲလေးဟာ ကြက်ဥအရွယ်။ ထို့နောက်မှာတော့ လက်သီး တစ်ဆုပ် အရွယ်အထိ ကြီးမားလာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ အားကောင်းတဲ့ ရေဝဲလေးတစ်ခု ဖြစ်လာခဲ့ပြီလေ။

ဒီရေဝဲက အနီရောင်ရင့်ရင့် ရှိပါတယ်။ အဲဒီနောက်မှာတော့ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ စွမ်းအင်တွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ဆီကို တိုးဝင် လာကျပါတယ်။ လီဖူချန်းကတော့ ကျင့်ကြံမှုတွေ ဆက်လုပ်နိုင်ပါပြီ။ ဘာလို့လဲဆိုတော့ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်ကို ရောက်သွား ခဲ့လို့ပါဘဲ။

“ဒါက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်တစ်များလား"

လီဖူချန်းက လေပူတစ်ချက် မှုတ်ထူတ်လိုက်ပြီး မျက်လုံး ဖွင့်လာပါတယ်။ သူ့ မျက်လုံးထဲမှာတော့ နွမ်းနယ်ခြင်းကို ခံစားနေရတဲ့ပုံ မပေါ်ပါဘူး။

အခုချိန်မှာတော့ လီဖူချန်းက စွမ်းအားတွေကို ဆာလောင်နေတယ်လို့ ခံစားနေရပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ ဒန့်တျန်အတွင်းကို ရှိသမျှ အတွင်းအားတွေ ပို့လိုက်ရတဲ့အတွက်

သူ့ဆီမှာ အတွင်းအားတွေ လုံးဝ မကျန်တော့လို့ပါပဲ။

လက်ဖျောက်တစ်ချက် တီးလိုက်ပြီး နောက်မှာတော့ လီဖူချန်းရဲ့ လက်ထဲမှာ ဆေးတစ်လုံး ပေါ်လာပါတယ်။ ဒီဆေးက အဝါရောင်ထိပ်တန်း ဆေးဝါးဖြစ်ပြီး ကုန်ဆုံးသွားတဲ့ အတွင်းအားတွေကို ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။ ဒီဆေးတစ်လုံးကို ရမှတ် ၁၀၀၀ ကြီးများတောင် ပေးရတာလေ။ ဆေးလုံးကို သောက်သုံးပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက်ကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုလိုက်ပြီး ဆေးလုံးရဲ့ အဆီအနှစ်တွေကို စုပ်ယူလိုက်သည်။

ထိုနောက်မှာတော့ လီဖူချန်းက ခန္ဓာကိုယ် တစ်ခုလုံးတွင် ကျေနပ်နှစ်သိမ့်ဖွယ်ရာ အတွင်းအားတွေ ပြည့်နှက်လာတာကို ခံစားလိုက်ရပါတယ်။ လီဖူချန်းက မတ်တတ် ရပ်လိုက်ပြီး သိုင်းကွက်အနည်းငယ်ကို ကစားကြည့်လိုက်တဲ့ အခါမှာတော့ … အံ့သြစရာပါပဲ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အနီရောင် စွမ်းအားတွေ လွတ်လပ်စွာ လှုပ်ရှားနေကြတာကို သူ သိလိုက်ရပါတယ်။

လီဖူချန်းက သူ့ကိုယ်သူ မီးလူသား ဖြစ်သွားသလားလို့တောင် ထင်မှတ်နေပါပြီ။

"စိတ်တန်ခိုးဖြင့် စွမ်းအင် တည်ဆောက်ခြင်း"

ဒီဟာက တစ်ကိုယ်လုံးကို ပျံ့နှံ့ သွားသလိုပါပဲ။ ဒီအဓိပ္ပာယ်ကတော့ လီဖူချန်းက စိတ်တန်ခိုးသုံးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်လို့ ရနေပြီလို့ ဆိုလိုတာပါ။ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းတဲ့ သူတွေတောင်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်သွားခဲ့ရင် စိတ်တန်ခိုးနဲ့ စွမ်းအင်ဖွဲ့ပြီး ထိခိုက်မှု နည်းအောင် လုပ်နိုင်စွမ်း ရှိနေပါပြီ။

လီဖူချန်းက ယုံကြည်မှုအပြည့် ရှိသည့်ဟန်ဖြင့် ပြုံးလိုက်ပြီး ညာဘက်လက်ကို သိမ်းငှက် လက်သည်းဟန် ပြုလိုက်ကာ လေထဲကို ကုတ်ဆွဲလိုက်ပါတယ်။

ခရက် …

မီတာ အနည်းငယ်လောက်မှာရှိတဲ့ တံခါးက လူတစ်ယောက် ဆွဲဖွင့်လိုက်သလို ပွင့်လာခဲ့တယ်။

မျက်လုံး ကျိန်းလာက်အောင် တောက်ပနေတဲ့ နေရောင်နဲ့အတူပေါ့လေ။

လီဖူချန်းက အိမ်အပြင်ကို ထွက်လာခဲ့ပြီး လူတစ်ရပ်လောက်ရှိတဲ့ ကျောက်တိုင်ကြီးတစ်ခု အရှေ့မှာ ရပ်လိုက်ပါတယ်။

“ဘုန်း”

သူရဲ့ ပုံမှန်လက်ဝါးရိုက်ချက်က ကျောက်တိုင်ပေါ်ကို ကျသွားပြီးတဲ့ နောက်မှာတော့ …

ကျောက်တိုင်ကြီးက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး အရပ်မျက်နှာ အနှံ့ကို ပျံ့နှံ့ သွားပါတော့တယ်။

ဒီရိုက်ချက်က လီဖူချန်း လူသားနယ်ပယ် အဆင့်မှာတုန်းက ရိုက်ချက်ထက်ကို အဆပေါင်းများစွာ ပြင်းထန်လွန်းပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းကို ရောက်သွားတဲ့ လီဖူချန်းကတော့ သူ့ရဲ့ လက်ရှိ အစွမ်းကို နားလည်သေလာက်ကို ရှိသွားပါပြီ။

အတွင်းအားထုထည် ပမာဏချင်း တူညီရင်တောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က သူတွေရဲ့ အတွင်းအားက ပိုပြီး ပြင်းထန်မှုရှိပါတယ်။

***

All Chapters