အခန်း (၃၃၇)
Vol. 23 Ch. 337
"ကောင်းတာပေါ့..."
လင်းရီ သက်ပြင်းမောကြီးတစ်ချက် ချလိုက်၏။ နောက်ဆုံးတော့ အချိန်အခါ ကျရောက်လို့ လာချေပြီ။
"ဘယ်ချိန်လောက် ပြန်လာမှာ..."
"အချိန်အတိအကျတော့ မပြောပြနိုင်သေးဘူး...ငါ့အသင်းကလူတွေကိုလည်း မေးကြည့်ရမှာ..."
"ဒါပေမယ့် ဘာမှတော့ စိတ်မပူနဲ့ ငါ့ဘက်က တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့မယ်....."
"လီတိုဂရပ်ဖီစက်က အရမ်းကို ရှုပ်ထွေးတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားတာ..ခင်များ အသုံးချလို့ရမယ့် အဆက်အသွယ်တွေပါ အပြီးခေါ်ခဲ့ရင် ပိုကောင်းမယ်...အဲ့လိုသာဆိုရင် ကျုပ်တို့ တစ်၀က်လောက် အားစိုက်ထုတ်တာနဲ့ နှစ်ဆလောက် ရှေ့ကို တာသွားတော့မှာ..."
"ကောင်းပြီ..ကျုပ် ဘက်က ဘာမှတော့ ၀င်မစွက်တော့ဘူး..ပြန်လာတော့မယ့် အချိန်နီးကပ်ရင်သာ ဖုန်းဆက်လိုက်...ကျုပ် ဒါရိုက်တာရှန်းကို လာကြိုပေးမယ်..."
"ငါ့ကို ဒါရိုက်တာရှန်းလို့ ခေါ်နေတာရပ်လိုက်တော့ဟ..ငါကတောင်ဥက္ကဌလင်းလို့ ပြန်ခေါ်ရဦးမှာ ဟား... "
"ဟားဟား..မခံယူဝံ့ပါဘူးဗျာ..."လင်းရီ ရယ်မောလိုက်၏။
"ကောင်းပြီ အဲ့ဒါဆို ဖုန်းချလိုက်တော့မယ်..မနှောင့်ယှက်တော့ဘး..ပြန်ရောက်မှပဲ လက်ဖက်ရည်ဝိုင်းလေး လုပ်ကြတာပေါ့ဗျာ.."
"ပြဿနာမရှိဘူး..."
ဖုန်းချပြီးနောက် လင်းရီ သူ၏ ကျောကို ဆန့်လိုက်ပြီး လန်းဆန်းတက်ကြွသည့် ခံစားချက်ကို ရရှိလိုက်၏။
ရှန်းထျန်းကျိုး ပြန်ရောက်လာတော့မည် ဖြစ်သောကြောင့် သူနေရာထိုင်ခင်း ကြိုပြင်ဆင်ထားရပေမည်။ သူကျန်သူများကို လျစ်လျူရှု၍ ရသော်လည်း ရှန်ထျန်းကျိုးကိုတော့ ပစ်ထားလို့ မဖြစ်ပေ။
သို့သော်လည်း လင်းရီ အလျင်မလိုခဲ့ပါ။အဘယ်ကြောင့်ဆိုသော် ရှန်းထျန်းကျိုး၏ လေသံအရ ရက်အနည်းငယ်ခန့် ကြာမြင့်ဦးမည်ဟု သူအာရုံရနေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေ လက်ရှိသူလည်း လက်ရှိ Didi မောင်းနေလေသည်။ သွားရင်းလာရင်းဖြင့် သင့်တော်သည့် နေအိမ်များကို ကြည့်သွား၍လည်း အဆင်ပြေသည်။
စားပြီးသည့် အချိန်တွင်တော့ လင်းရီ Didi အော်ဒါများကို ဆက်လက် လက်ခံလိုက်သည်။
ညနေ လေးနာရီခွဲသည့် အချိန်တွင်တော့ ကျီချင်းရန်ကို ကြိုရန် ချောင်ရန် အုပ်စုသို့ မောင်းလာခဲ့လိုက်သည်။
"ရီလေး..နင်အစောကြီး ရောက်လာတယ်ပေါ့..."
လင်းရီ ကားပါကင် ထိုးပြီးခါရှိသေး ၀မ်ရင်း ဓာတ်လှေကားထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
သူမ၏ ဟန်ပန်အမူအရာကို ကြည့်ရ သည်မှာတော့ အတော်လေး စိတ်ပျော်ရွှင်နေသည့်ပုံပင်။
"အစ်မရင်းပဲ ကျွန်တော်ကို ဒီည လိုက်လည်ဖို့ ပြောထားတယ်မလား..ကျွန်တေယ်ခု အစ်မရင်းကို လာကြိုတာလေ..."
"ရီလေးကတော့ ကြားကောင်းအောင် လျှောက်ပြောနေပြန်ပြီ.."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "နင် ဒီကို ဥက္ကဌကျီကို လာကြိုတယ်ဆိုတာ သိသားပဲ....သူ့ကို သွားပို့ပြီးရင် အစ်မဆီ လာခဲ့ဖို့ မမေ့နဲ့နော်...မောင်လေးရီအတွက် အရသာရှိတာလေးတွေ ပြင်ထားပေးမယ်...."
"ကောင်းပါပြီဗျာ..အဲ့လိုဆို အိမ်မှာ စောင့်နေလိုက်တော့..."
"အွန်း သွားတော့မယ်..စောစောလေး လာခဲ့ဖို့လည်း မေ့မနေနဲ့ဦး..."
"အို ကေ ပါ..."
လင်းရီ ၀မ်ရင်း ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း မေးပွတ်၍ တိတ်တဆိတ် စဉ်းစားနေမိသည်။
'အစ်မရင်းလို မိန်းကလေးမျိုးနဲ့သာ အတူနေရလို့ကတော့ ပင်ပန်းမှာမဟုတ်တော့ဘူး..
ဘယ်လိုချိန် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ ကောင်းကောင်းသိတယ်...
ဒါကြောင့်မလို့လည်း ချင်းဟန်က မိန်းမငယ်လေးတွေက ရင့်ကျက်တဲ့ အမျိုးသမီးတွေက ပိုကောင်းတယ်လို့ ပြေ တာကိုးကွ...'
၀မ်ရင်းထွက်ခွာပြီးနောက် မကြာမီ ကျီချင်းရန်မှ စာရွက်စာတမ်း တစ်ပွေ့တစ်ပိုက်ကြီးဖြင့် ဓာတ်လှေကားထဲမှ ထွက်လာခဲ့၏။ သူမကြည့်ရသည်မှာ အတော်လေး အခက်တွေ့နေဟန်ပင်။
လင်းရီ ကားထဲမှ ထွက်ပြီး သူမထံမှ စာရွက်စာတမ်းများကို ကူသယ်ပေးလိုက်၏။
"ဒါတွေက ဘာတွေလဲဟ..."
"မကြာခင် လေလံဆွဲတော့မယ့် မြေတစ်ကွက်ရှိတယ်..အဲ့ဒီမြေက ချောင်ရန်အုပ်စုရဲ့ ပရောဂျက်အတွက် အရမ်းအရေးကြီးတယ်..ငါတို့ ပိုပြီး အလေးနက်ထားမှဖြစ်မှာ.." ကျီချင်းရန် လင်းရီကို ခါးသီးစွာ ကြည့်၍ ပြောလိုက်ပြီး
"ပြီးတော့ နင်က ငါ့ကို ကုမ္ပဏီမှာလည်း အချိန်ပိုက မဆင်းခိုင်စဘူးလေ..မဟုတ်ရင် ငါ ဒါတွေက်ု အိမ်သယ်သွားမှာတောင် မဟုတ်ဘူး..."
"မဆိုးဘူး..အရမ်းနာခံ တတ်တယ်..လာပါဦး ဆုချတဲ့အနေနဲ့ မွှေးမွှေးပေးချင်လို့..."
ကျီချင်းရန် ပြုံးပြီး တစ်ဖက်သို့ ရှောင်လွှဲလိုက်၏။
"မလိုပါဘူး..နင့်ကို အသားပေးယူမယ်များ မှတ်နေလား..."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အချိန်တခဏခန့် ကလူကျီစယ်ပြီးနေယက် ကျီချင်းရန်မှာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ရုံးဆင်းသည့် အချိန်ဖြစ်သောကြောင့် သူမတို့ ကားပါကင်၌ ယခုလိုလုပ်နေသည်ကို တစ်ယောက်ယောက်မြင်သွားပါက မသင့်ဆလျာ်ပေ။
"နင် ဒီည ငါ့အိမ်မှာ လိုက်နေချင်လား..."ကားထဲသို့ ၀င်ပြီးနောက် ကျီချင်းရန်မှ မေးလိုက်သည်။
"တကယ်တမ်းကျတော့ ငါလိုက်နေမလို့ပဲ..ဒါပေမယ့် မင်းရဲ့ အလုပ်တွေလည်း မြင်တော့ နေရမှာ အားနာသလို ဖြစ်လာလို့.."
"ဟွန့်..အနည်းဆုံးတော့ နင့်မှာ အသိစိတ်လေးတော့ ရှိသေးသားပဲ..."ကျီချင်းရန် ပြုံး၍ ပြောလိုက်ပြီး "ငါဒီည အရမ်းအလုပ်ရှုပ်မှာ ..ပြီးတော့ နင့်ကိုလည်း အဖော်မလုပ်ပေးနိုင်ဘူး..နင့်ဘာနင် ကျိုကျုံးဗီလာမှာ ပြန်နေတာပဲ ကောင်းတယ်...မဟုတ်လို့ ငါ့အိမ်မှာလိုက်နေရင် ငါလည်း အလုပ်ပေါ် ကောင်းကောင်းအာရုံစိုက်လို့ရမှာ မဟုတ်ဘူး...
"ဟဲဟဲ..ကြည့်ရတာတော့ ငါ့ကို တမ်းတမ်းစွဲ ဖြစ်နေပြီနဲ့ တူတယ်.."လင်းရီ ပြီတီတီ အပြုံးဖြင့် ပြောလိုက်၏။
"ဘယ်နားကသာ..နင်က အရမ်းစိတ်ရှုပ်ဖို့ကောင်းတဲ့ ကောင်စုတ်ကြီး မလို့လေ..."
ထို့နောက် နှစ်ယောက်သား တစ်လမ်းလုံး စကားတပြောပြောဖြင့် ယွင်ရွှေဗီလာသို့ ရောက်လာခဲ့ကြသည်။
ကျီချင်းရန်ကို အိမ်ပေါက်၀ထိ လိုက်ပို့ပေးပြီးနောက် ၀မ်ရင်း၏ အိမ်သို့ မောင်းလာခဲ့လိုက်၏။
တိုင်မင်ကတော့ လုံး၀ ပါဖက်ပင်။
တင်းတောင် ...
"လာနေပါပြီ..."
လင်းရီ တံခါးဘဲလ် နှိပ်ပြီးခါရှိသေး ၀မ်ရင်း၏ အသံကို အိမ်ထဲမှ ကြားလိုက်၏။
တံခါးမှာ ပွင့်လာခဲ့သည်။ ၀မ်ရင်းမှ အနက်ရောင် ဇာအပါး ညအိပ်၀တ်စုံကို ၀တ်ဆင်ထားကာ ဘက်ထဲတွင်လည်း ယောင်းမတစ်ချောင်းကို ကိုင်ထားလေသည်။
ဤသို့ ဆက်ဆီကျသည့် မြင်ကွင်းကို မြင်သူတိုင်း တစ်သက်လုံးအမှတ်ရနေမည်မှာ မလွဲမသွေပင်။
"အဟမ်း.."လင်းရီ မခိုးမခန့်ဖြင့် "အစ်မရင်းက ကျွန်တော်လာလည်တိုင်း အင်္ကျီအပါးတွေ အရမ်း၀တ်တာပဲဗျ..."
"ဘာလို့လဲဆိုတော့ အစ်မသာ အင်္ကျီအထူကြီးတွေ ၀တ်ထားရင် မောင်လေးရီ အခက်တွေ့နေမှာ ဆိုးလို့လေ....ခုလို ပါးပါးလေးကျတော့ အဆင်မပြေဘူးလား..."၀မ်ရင်း မြှူဆွယ်သည့် အကြည့်တို့ဖြင့် ပြုံးရင်း ကြည့်လိုက်၏။
"ကျွန်တော်တော့ အဲ့ဒီအကြောင်းပြချက်ကို သဘောကျတယ်..."
"သဘောကျရင်လည်း အဲ့မှာပဲ ရပ်မနေနဲ့လေ..၀င်ခဲ့..ဟင်းတွေက အဆင်သင့်ဖြစ်တော့မယ်.."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ၀မ်ရင်း၏ အိမ်အသစ်ထဲသို့ ၀င်လာခဲ့လိုက်သည်။
အတွင်းအဆက်အသွယ်တို့မှတစ်ဆင့် ၀ယ်ယူထားသည့်အိမ် ဖြစ်လင့်ကစား အရွယ်အစားကတော့ ၈၀ စတုရန်းမီတာခန့် ရှိ၏။ ကျိုးဟိုင်လိုနေရာမျိုးတွင် ယခုလျို အိမ်တစ်လုံ ရဖို့ ဆိုသည်ကတော့ အတော်လေးကို ငွေရွှင်မှ အဆင်ပြေပေလိမ့်မည်။ တစ်ကိုယ်တည်းနေဖို့ရာအတွက်ကတော့ နေရာထိုင်ခင်းမှာ ပြဿနာ လုံး၀မရှိပေ။
နာရီ၀က်ခန့်ကြာပြီးနောက် ၀မ်ရင်း အစားအသောက်များကို စားပွဲခုံပေါ်သို့ ယူဆောင်လာခဲ့၏။
ထိုကာလအတောအတွင်း လင်းရီ ၀မ်ရင်းကို ကူညီပေးချင်သော်လည်း အဆူခံရဖြင်းသာ အဖတ်တင်လိုက်လေသည်။
"နင်က ယောက်ျားလေး..ဒါတွေ လုပ်စရာမလိုဘူး...အစ်မကျွေးတာကိုပဲ အသင့်စားရုံပဲ.."
"အဲ့လိုဆိုလည်း ကျုပ်ထိုင်ပြီး စားဖို့ စောင့်နေလိုက်တော့မယ်နော..."
"ဒါနဲ့ မောင်လေးရီကို အစ်မ ခြေထောက်တွေ နှိပ်ပေးရဦးမလား..ဒါမှမဟုတ် အထူး၀န်တောင်မှု ပေူလည်း ရတယ်နော..."
"အမ်...အစ်မရင်းက အဲ့တာတွေလည်း သိတယ်ပေါ့.."
"သိတယ်ရယ်လို့တော့ မဟုတ်ပါဘူး..ဒါပေမယ့် မောင်လေးရီ အညောင်းသက်သာအောင်တော့ နှိပ်ပေးလို့ရတယ်..."
"အဲ့တာဆိုရင်တော့ အစ်မရီရဲ့ လက်စွမ်းကို မြည်းစမ်းကြည့်မှနဲ့တူတယ်..."
"ဒါပေါ့..အစ်မရီ နင့်ကို ကောင်းကောင်းလေး ပြုစုပေးမယ်..."
ဟင်းပွဲများမှာ အဆင်သင့်ဖြစ်လာခဲ့ပြီး ၀မ်ကင်းမှ စကားပြောကောင်းစေရန် ဘီယာလေးငါးဗူးခန့် ထုတ်လာခဲ့၏။
ထိုနောက် နှစ်ယောက်သား စားရင်းသောက်ရင်းဖြင့် နစ္စဒူ၀အကြောင်းအရာများ ပြောဖြစ်ခဲ့ကြ၏။
စကားပြောရင်းဖြင့် လင်းရီ သိခလိုက်ရသည်မှာတော့ ၀မ်ရင်းမှာ အထိရှမခံသည့် ကိစ္စများရောက်လာပါက မသိမသာ ရှောင်လွှဲသွားတတ်ကြောင်း တွေ့လိုက်ရသည်။ ပမာအားဖြင့် သူ၏ ဝင်ငွေအရင်းအမြစ်နှင့် ဆိုင်သည့် မေးခွန်းသို့ မတော်တဆ ရောက်သွားပါက သူမဘက်မှ အခြားအကြောင်းအရာတစ်ခုကို ရယ်ရယ်မောမောပြောဆိုရင်း ရှောင်လွှဲသွားပေးတတ်သည်။ ယင်းက သူ့ကို အများကြီး သက်တောင့်သက်သာ ဖြစ်စေလေသည်။
"ဆိုဖာပေါ်မှာ သွားလှဲလိုက်..အစ်မရီ ခြေထောက်တွေ နှိပ်ပေးမယ်.."
"အဲ့လိုဆို ကျွန်တေယ်လည်း အားမနာတော့ဘူး.."
"ဟွန့် နင်သာ အစ်မရီကို အားနာလို့ကတော့ အစ်မရီနှင့်ကို မထနိုင်အောင် အပြစ်ပေးလိုက်မှာနော်..."
၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
လင်းရီ ဆိုဖာပေါ်တွင် လဲလျောင်းလျက် ၀မ်ရသ်း၏ အပြုအစုများကို ခံယူရင်း ဘုံကိုးဆင့်၌ လွင့်ပျံနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဟွာချင်းရေကန်ကို သွားစရာတောငမ မလိုတော့ပဲ ၀မ်ရင်းထံသို့ လာရုံနှင့် အဆင်ပြေပြီဟုတောင် ခံစားမိလာခဲ့သည်။ ၀မ်ရင်း၏ လက်အထိအတွေ့ အကြေ နှိပ်နယ်မှုတို့မှာ အင်မတန်မှ ထိမိလွန်းလှ၏။
ဒေါက် ဒေါက် ဒေါက် ...
လင်းရီ မျက်လုံးမှိတ်ရင်း ဇိမ်ခံနေစဉ် တံခါးခေါက်သံတစ်သံကို မထင်မှတ်ပဲ ကြားလိုက်ရ၏။
"ဒီမှာ ခဏ ထိုင်နေဦးနော်...အစ်မ တံခါး သွားဖွင့်ကြည့်လိုက်ဦးမယ်..ကြည့်ရတာတော့ ဘေးအိမ်က အစ်မကြီးထင်တယ်..."
လင်းရီလည်း အများကြီး စဉ်းစားမနေတော့ပေ။ အိမ်နီးချင်းဆိုမှတော့ လူဆိူးတစ်ယောက် မဖြစ်နိုင်ရာ၏။
"လု...လုလု...နင်ဒီကို ဘာလာလုပ်တာ.."
တံခါးအပြင်ဘက်တွက်တော့ အရပ်ရှည်ရှည်နှက့် မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေလေသည်။ သူမ၏ အရပ်အမောင်းကတော့ ၀မ်ရင်းလောက် နီးပါးရှိပြီး မျက်နှာဝိုင်းဝိုင်း မက်မွန်သီးလေးနှင့်တူသည်။ နီရဲရဲလေးဖြင့် ချစ်စဖွယ်ပါးဖောင်းဖောင်းလေးများမှာ မြင်သူကို ပြေးကိုက်ချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာစေသည်။ ထို့ပြင် သူမ၏ ဟန်အမူအရာမှာလည်း ခပ်ဆိုးဆိုး ကောင်းမလေးတစ်ဦးကဲ့သို့ပင်။ သူမဘေးနား၌ ခရီးဆောင်အိတ် တစ်လုံးလည်း ရှိနေသေး၏။ ဤနေရာ၌ အချိန်အကြာကြီး နေဖို့ ရောက်လာသည့်ဟန်ပင်။
ထိုကောင်မလေး၏ နာမည်မှာတော့ ၀မ်လုဖြစ်ပြီး ကောလိပ်၀င်ခွင့် စာမေးပွဲ ဖြေပြီးတာ မကြာသေးသည့်၀မ်ရင်း၏ ညီမငယ်လေးပင်။
"တာ.. တာ... အံ့ဩသွားပြီမလား..."
၀မ်လုပြုံးလိုက်ပြီး "လုလု အမေတို့ကို ကြိုမပြောထားနဲ့လို့ ပြောထားတာ..အစ်မကို စပရိုက်...."
၀မ်လု စကားဆုံးအောင် မပြောနိုင်လိုက်ပဲ လမ်းတ၀က်တွင် အကြောင်သား ရပ်တန့်လိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် သူမ အထဲရှိ ဆိုဖာပေါ်၌ ရှောင်ကောကောတစ်ဦး လဲလျောင်းနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
လင်းရီ သူမကို ကိုးရို့ကားယားဖြစ်စွာ လက်ဝှေ့ယမ်းပြလိုက်ပြီး "ဟဲဟဲ အံ့ဩသွားသလား နှမငယ်..."