← Chapters

အခန်း (၃၃၈)

Vol. 23 Ch. 338

အခန်း (၃၃၈)

Vol. 23 Ch. 338

"နင် ...နင်က .."

ဆို‌ဖာပေါ်ရှိ လင်းရီကိုမြင်တော့ ၀မ်လု တဒင်္ဂမျှ အေးခဲသွားခဲ့၏။

သူမအစ်မအိမ်သိူ့ တိတ်တိတ်လေး အသိမပေးပဲ ခိုး၀င်ပြီး စပရိုက်လုပ်ရန် စီစဉ်ထားသညါ။

သို့သော်လည်း သူမကသာလျင် စပရိုက်လုပ်ခြင်း ခံလိုက်ရ၏။

"မမ ...ဒါက ခဲအိုအသစ်လေးလားဟင်..."

၀မ်လုမျက်လုံးဝိုင်းဝိုင်းလေးများ အရောင်တောက်သွားခဲ့သည်။

ဒီခဲအို အသစ်က အရမ်းချောတာပဲ..

လင်းရီ ၀မ်လုအကြောင်းကို ဟိုးအရင်ချိန်တုန်းကတည်းက သိခဲ့ပြီးဖြစ်၏။ ချောင်ရန် အုပ်စု၌ ရုံး၀န်ထမ်းလုပ်စဉ်အခါက လုရင်းမှ သူမကို မိသားစုအကြောင်းများ ပြောပြဖူးလေသည်။

၀မ်ရင်းလည်း သူမ ညီမလေးမှာ အထက်တန်း နောက်ဆုံးနှစ်ရောက်နေပြီဖြစ်ကြောင်း သိထား၏။ သို့သော်လည်း ယခုလိုပုံစံမျိုးနှင့် သူမကို လာတွေ့လိမ့်မည်လို့ ထင်မထားခဲ့ချေ။

အနည်းငယ်တော့ ကသိကအောက် နိုင်လှ၏။

"ဘာကို ခဲအိုအသစ်တုန်း...ပေါက်တတ်ကရတွေ လျှောက်မပြောစမ်းနဲ့.."လုရင်းမှ အစ်မကြီးတစ်ယောက်လေသံဖြင့် "သူ့နာမည်က လင်းရီ ..ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်.."

"ဟွန့် မယုံပါဘူး..လုလုကို ငယ်သေးတယ်ဆိုပြီး အရူးလုပ်လို့ရမာ်များ ထင်နေလား.."၀မ်ရင်းမှ မယုံသင်္ကာ ဖြစ်နေသည့် လေသံဖြင့် "တကယ်လို့ သူကသာ မမရဲ့ လုပ်ဖော်ကိုင်ဖက်သာဆိုရင် ဒီခေါ်လာမှာတောင် မဟုတ်ဘူး..ပြီးတော့..."၀မ်လု ၀မ်ရင်း၏ အင်္ကျီများကို ကြည့်ရင်း "မမရဲ့ အ၀တ်‌အစားတွေကလည်း အရမ်း ဖော်လွန်းတယ်...ကျွတ် ကျွတ် ကျွတ်..နှစ်ယောက်က တကယ် မရိုးသားတာပဲ.."

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

ယနေ့ခေတ် အထက်တန်းကျောင်းသူလေးများက ဤမျှ ပွင့်လင်းနေပါပြီလော.

"တော်လောက်ပြီ..ပေါက်တတ်ကရတွေပဲ ပြောမနေနဲ့တော့.."

ယခု အခြေနေကို သူမ မည်သိူ့ ရှင်းပြစေကာမူ ၀မ်လု လက်ခံလိမ့်မည် မဟုတ်ကြောင်း ၀မ်ရင်း နားလည်ပေသည်။

ထို့ကြောင့် အတင်းအကြပ်လုပ်၍ ရှင်းပြပေးမနေတော့ချေ။

"ဒါနဲ့ စားပြီးပြီလား..မစားရသေးရင် တစ်ခါတည်းစားလိုက်လေ...ဟင်းတွေ အများကြီး ကျန်နေသေးတယ်..."

"ဟင့်အင်း..ကားထဲမှာ အများကြီး စားခဲ့လို့ ဗိုက်တောင် ‌တင်းနေပြီ..အလုပ်ရှုပ်ခံမနေနဲ့..."

၀မ်လုကို ဆိုဖာပေါ်သို့ ခေါ်လာခဲ့ပြီးနောက် ၀မ်ရင်းမှ "လုလု ..နင်စာမေးပွဲပြီးတာ မကြာသေးဘူးမလား..ဘာလို့ အိမ်မှာ မနေပဲ ဒီလာခဲ့တာ..."

"လုလုက ကျိုးဟိုင် ဒရာမာ အကယ်ဒမီကို ဝင်ဖို့ မှန်းထားတာလေ..အမှတ်က မှီဖို့တော့ ယုံကြည်ချက်ရှိတယ် ..ဒါပေမယ့် လက်တွေ့ပိုင်းက ပြဿနာဖြစ်နေတာ..အဲ့တာကြောင့် လုလုသူငယ်ချင်းတွေနဲ့ ခဏနားတုန်း ကျိုးဟိုင်မှာ သင်တန်းလာတက်တာ...."

"ဟမ်...နင်ကများ ဒရာမာ အကယ်ဒမီမှာ တက်ဦးမယ်...."၀မ်ရင်း အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး "နင့်ရဲ့ အမှတ်နဲ့ဆို တက္ကသိုလ်ကောင်းတစ်ခုလောက် တက်ဖို့က အေးဆေးပါဟယ်..ဘာလို့များ မင်းသမီးလုပ်ဖို့ ဒရာမာ အကယ်ဒမီမှာ တက်နေဦးမှာ...."

"ဟွန့်..လုလုကို အထင်သေးတာလား.." ၀မ်လု ပြန်ရန်တွေ့လိုက်ပြီး "လုလုရဲ့ ရုပ်ရည်ကလည်း ပြောစရာ မရှိပါဘူးနော်..ပြီးတော့ ခြေထောက်တွေကလည်း ရှည်ရှည်သွယ်သွယ်လေး...မမတောင်မှ မယှဉ်နိုင်တာကို..ဒီလောက်ထိ အဆင်းတင့်တယ်နေတဲ့သူက မင်းသမီးမှ မလုပ်စားရန် အလဟဿ ဖြစ်သွားမှာပေါ့လို့.."

"အနုပညာ နယ်ပယ်က ဘယ်လောက်ဖိ ဖရိုဖရဲဖြစ်နေလဲဆိုတာ နင်မသိပါဘူးဟယ်..ချပြမထားဘဲ လိုက်နာနေရတဲ့ စည်းကမ်းတွေဆိုတာမှ တစ်ပုံကြီး"

၀မ်းရင်း အလကာသပ်သပ် စိတ်ပူနေခြင်းမဟုတ်ပေ။

လက်ရှိ အနုပညာ နယ်ပယ်မှာ အရည်အချင်း ရှိရုံနှင့် ရပ်တည်လို့ရသည့် နေရာမျိုး မဟုတ်တော့ပဲ တိုင်ကွန်းတစ်ဦးဦး ကျောထောက်နောက်ခံပြုမှသာ ရှင်သန်ရပ်တည်လို့ရသည့် နေရာဖြစ်၏။ ထိုသို့ ကျောထောက်နောက် ပြုဖို့ ဆိုသည်မှာလည်း မိမိ၏ သရုပ်ဆောင် အရည်အချင်းများ ကောင်းမွန်ရန် လိုအပ်နေရုံသည်သာမက အချို့သော အရည်အချင်းများလည်း ကျွမ်းကျင်ရန်လိုအပ်သေးသည်။

ကျီချင်းရန်ကဲ့သို့ ကောင်းကင်ကို ဖီဆန်နေသည့် အလှပိုင်ရှင်ကသာလျှင် ထိုစည်းမျဉ်းတို့မှ ကင်းလွတ်ခွင့် ရပေ၏။

၀မ်လု၏ အဆင်းနှင့် အချင်းတို့မှာ မဆိုးသော်လည်း ကောင်းကင်ကို ဖီ‌ဆန်နေသည်အထိတော့ မဟုတ်ခဲ့ပေ။

အနုပညာနယ်ပယ်ထဲတွင်လည်း အလှလေးများမှာ မရှားပါးပေ။ အကယ်၍ တစ်စုံတစ်ဦးမှ ဗျိုင်းတို့အလယ်မှ ဟင်္သာငှက်ငယ် မဖြစ်ပါက မထင်မရှားဘ၀လေးဖြင့် အဆုံးသတ်သွားပေလိမ့်မည်။

သိူ့သော်လည်း ငယ်ရွယ်ပြီး စိတ်ကူးယဉ်လို့ကောင်းသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအနေနှင့် လူအများမှ အားကျရသည့် အိုင်ဒေါအနုပညာရှင်ကြီးတစ်ယောက်ဖြစ်ရန် အိပ်မက်မက်သည်ကိုလည်း မှားယွင်းသည်ဟု မဆိုသာပေ။

ထိုအကြောင်းများကို စဉ်းစားရင်း လင်းရီ အနည်းငယ် ၀မ်းနည်းမိသွားသည်။

သူ့တွင်လည်း ချမ်းသာပြီး ‌ရုပ်ရောချောမောသည်မှလွဲ၍ အခြားအရည်အချင်းတို့ များများစားစား မရှိချေ။

"မမ...နင်ငါ့ကို အဲ့လောက်လည်း လာပြီး အထင်သေးမနေနဲ့.."ထို့နောက် ၀မ်လု လင်းရီကာ အားကိုးသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး "ခဲအို..မြန်မြန်လေး မမကို ဖြောင်းဖြပေးဦး..၂၁ ရာစုရောက်နေပြီကိုပဲ သူက ဆရာ၀န် အင်ဂျက်တို့မှ အလုပ်လို့ ထင်နေလား မသိဘူး.."

"အစ်မရီ ကျွန်တောလည်း လုလုကို သူ့အတွေးနဲ့သူ လွှတ်ထားသင့်တယ်လို့ ထင်တာပဲ..."

"တယ်လေ..ဒီကောင်မလေးကတော့ အတော်လေး ဉာဏ်တွေကောင်းနေတယ်ပေါ့..အားကိုးတွေ ဘာတွေတောင် ရှာတတ်နေပြီ..."

"ဘယ်တတ်နိုင်မှာ..ရုပ်ချောတဲ့သူတွေက အလိုလို မျက်နှာသာပေးခံရပြီးသားပဲလေ.."ဝမ်လု လျှာတစ်လစ်လေး ထုတ်လျက် ပြောလိုက်သည်။

လင်းရီ ခေါင်းညိမ့်လိုက်၏။ "မဆိုးဘူး..တကယ်လို့ မင်းသာ အနုပညာ နယ်ပယ်ထဲမှာကောင်းကောင်းခြေကုပ်ယူနိုင်မယ်ဆိုရင် အောင်မြင်ဖို့ အလားလာ ကောင်းတွေရှိတယ်.."

"မမ..ကြည့် ခဲအိုကတောင် ပြောနေပြီ..မမက အမျိုးသမီးနော်..ခဲအိုရဲ့စကားကို မြေ၀ယ်မကျ နားထောင်ရမှာ...."

၀မ်ရင်း ၀မ်လုကို အသာလေး မျက်စောင်းထိုးလိုက်သည်။

"ကောင်းပြီ ကောင်းပြီ..နင့်ကိုလည်း မတားတော့ဘူး..နင့်ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ချက်ချရမယ့် အရွယ် ရောက်လာပြီလေ.."

သူမ၏ ညီမလေးမှာ အရွယ်ရောက်နေပြီဖြစ်ကြောင်း နားလည်ပေသည်။ ထို့ကြောင့် သူမဘက်က အရာရာ၀င်စွက်ဖက်နေသည်က ‌မသင့်လျော်တော့ချေ။

ထို့ပြင် မည်သူတစ်ဦးတစ်ယောက်ကမျှလည်း အနာဂတ်ကို မခန့်မှန်းနိုင်ခြေ။ ခြေတစ်လှမ်းချင်းစီတိုင်းကို ကံကြမ္မာမှ စီမံပြီးသားဖြစ်၏။ သူမကဲ့သို့ပင်။ လင်းရီကြောင့်သာ မဟုတ်ပါက အစောကတည်းကရင် ကျိုးဟိုင်မှ ထွက်ခွာသွားရလောက်ပြီးဖြစ်၏။

"ဟီးဟီး ဟုတ်တာပေါ့..."၀မ်လု လင်းရီ လက်မောင်းကို တွယ်ဖက်ရင်း ပြောလိုက်ပြီး "မမ..အပြင်မှာ အနီရောင် စူပါကားတစ်စီးရပ်ထားတာတွေ့ခဲ့တယ်..အဲ့တာ ခဲအိုရဲ့ ကားလားဟင်...လုလု တစ်သက်လုံး အဲ့လိုကားမျိုး မစီးဖူးလို့ ပေးစီးပါလားလို့..."

"စိတ်ကူးယဉ်မနေနဲ့..အဲ့တာ သူ့ကား မဟုတ်ဘူး..."၀မ်ရင်း ပြောလိုက်သည်။

"လုလု..နင်က ကောလိပ်တက်ရတော့မှာ...စာကိုပဲ ကြိုးစားပြီးတော့ သေချာလုပ်...၀င့်ကြွားချင်တဲ့စိတ်ကို ဖျောက်ထားတာ အကောင်းဆုံးပဲ..."

လင်းရီ ၀မ်ရင်း ဆိုလိုချင်နေသည်ကို နားလည်ပေသည်။

လက်ရှိ အထက်တန်း နောက်ဆုံးနှစ် ကျောင်းသူလေးများမှာ ကျောင်းပြီးသည်နှင့် ထိန်းမနိုင်သိမ်းမရသည့် မြင်းရိုင်းလေးများကဲ့သို့ ဖြစ်သွား၏။ ၀မ်ရင်း ပြောပြနေသည်ဆိုတာကလည်း သူမကိုယ်တိုင် ကြုံတွေ့ဖူးပြီး သင်ခန်းစာရနေသောကြောင့်ပင်။ မည်သို့ပင်ဆိုစေ မောက်မာ၀င့်ကြွားသည်က မကောင်းသည့်စရိုက်ဖြစ်၏။

"အွန်း..ထင်ပြီးသားပါ...ခဲအိုက မမရဲ့ လုပ်ဖော်ကိုင်ဖက်ဆိုမှတော့ အဲ့လိုကားမျိုး ဘယ်မောင်းနိုင်မှာ..."၀မ်လုပြောလိုက်ပြီး "ဒါပေမယ့် မမ...နင်က ရာထူးတိုးပြီးတာတောင် မကြာသေးဘူး..ခဲအိုအသစ် ကောက်ရလိုက်တယ်ဆိုတော့...ဟင်းဟင်း မဆိုးဘူး မဆိုးဘူး...."

"ဘာတွေ လာပြောနေတာ...လင်းရီနဲ့ ငါနဲ့က သာမန် ၀န်ထမ်းဘ၀တုန်းကတည်းကနေ ခင်ခဲ့ကြတာပါနော်..."၀မ်ရင်း ရှက်ကိုးရှက်ကမ်း ပြန်ပြောလိုက်၏။

"ရှင်းပြစရာမလိုဘူး..ဒီက နားလည်ပြီးသား.."

၀မ်ရင်း ဆွံ့အသွားခဲ့၏။

လုလုက ဘာကို နားလည်သွားသနည်း။

ကလင် ကလင် ကလင်

သုံးယောက် စကားလက်ဆုံကျနေစဉ် ၀မ်လု၏ ဖုန်းသံ မြည်လာခဲ့၏။

ဖုန်းနံပါတ်ကို ကြည့်လိုက်သည်တွင် ၀မ်လု၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်သွားခဲ့ပြီး ရေချိုးခန်းထဲသို့ အလျငါအမြန်ပြေးထွက်သွားခဲ့၏။

၀မ်ရင်း လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး "သူ ဘယ်သူနဲ့ ဖုန်းပြောနေတယ်လို့ ထင်လဲ...ဘာလို့ အဲ့လောက်တောင် လျှို့ဝှက်နေပါလိမ့်.."

"အဲ့လောက်ကြီးလည်း အထူးအဆန်းဖြစ်မနေနဲ့လေ အစ်မရင်းရဲ့..."လင်းရီ ရယ်မောလိုက်ပြီး "လုလုကဖြင့် ၁၈ နှစ်ပြည့်လို့ ကောလိပ်တောင် တက်တော့မယ်...သူ့ကို ဒီတိုင်းလေး လွှတ်ထားပေးလိုက်စမ်းပါ..."

"မရဘူးလေ....မတော်လို့ လူဆိုးတွေနဲ့ တွေ့နေရင် ဘယ်လိုလုပ်မှာ..."၀မ်ရင်း လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး "ပြီးတော့ လုလုက ငယ်ကတည်းကနေ ပြဿနာအိုးလေး..."

ဆယ်မိနစ်ခန့်ကြာပြီးနောက် လုလု ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

"မမ...ညီမလေး အတန်းဖော်တစ်ယောက်ရဲ့ အိမ်ကို သွားစရာရှိလို့...ည နောက်ကျမယ်...."

"အဲ့မှာ ရပ်နေလိုက်စမ်း..."၀မ်ရင်း အမိန့်သံတစ်ချက်ပေးလိုက်ပြီး "ဒီလောက်တောင် နောက်ကျနေပြီ...နင်က ဘယ်အတန်းဖော်နဲ့ သွားတွေ့မှာ..နောက်ပြီး နင့်မှာ အတန်းဖော်ကကော ရှိလို့လား...."

"ဒါပေါ့ ..ရှိတာ....."

"လာလိမ့်မနေနဲ့....နင့်အစ်မ ငါက ကျိုးဟိုင်မှာ နောလာတာ နှစ်ပေါင်း မနည်းတော့ဘူး..ဒီလို လှည့်ကွက် အသေးစားလေးနဲ့ လာလှည့်စားလို့ ရမယ်များ မှတ်နေလား.... "

၀မ်ရင်း မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်ပြီး "ဒီည ဒီမှာပဲနေ...နင် ဘယ်မှ မသွားရဘူး..."

"မမ...နင်အဲ့လို လုပ်လို့မရဘူးလေ...ညီမလေးက သူငယ်ချင်းတွေနဲ့တောင် ချိန်းပြီးလို့ သူတို့ကဖြင့် အောက်ထပ်မှာတောင် စောင့်နေပြီ...."

"ညသန်းခေါင်ကြီး ချိန်းထားတယ်ပေါ့လေ....လုလု ...နင်လာနောက်နေတာလား..မရဘူး...မသွားရဘူးဆို မသွားရဘူးပဲ...သွားချင်ရင် မနက်မှသွား..."

"ဒါပေမယ့် ခုကိစ္စက နေ့မှ လုပ်လို့မရတာ....."

လင်းရီ "???"

ညမှာပဲ လုပ်လို့ရမယ့် ကိစ္စ....

ဗုဒ္ဓမြတ်စွာ...ဒါကြီးက ငါထင်နေတဲ့ဟာများလား...

"နေ့မှာ လုပ်လို့မရတဲ့ဟာက ဘာလဲ ဆိုတာတော့ ငါမသိဘူး..."၀မ်ရင်း ပြောလိုက်ပြီး "ဒါပေမယ့် သေချာပေါက် မကောင်းတဲ့ဟာဆိုတာတော့ ငါပြောလို့ရတာ်..နောက်တစ်ခေါက်ထပ်ပြောမယ်..ဒီမှာပဲနေ...ဘယ်မှ မသွားနဲ့...."

"မမ....ညီမလေး သူငယ်ချင်းတွေ အကုန်လုံးနဲ့ သွားဖို့ ကတိပေးထားပြီပြီလေ...လုလုတို့က ကျိုးဟိုင်က နိုက်ကလပ်က ဘယ်လိုမျိုးလဲဆိုတာ သွားကြည့်ကြမှာ....ကတိပေးပြီးတော့မှ မမက ခွင့်မပြုလို့ မသွားရဘူးဆိုရင် သူငယ်ချင်းတွေကြားမှာ လုလု မျက်နှာ ဘယ်လိုသွားပြရတော့မှာ...မမ....နင် ငါ့ကို တမင် အရှက်ခွဲနေတာလား..."

All Chapters