← Chapters

အခန်း (၃၃၉)

Vol. 23 Ch. 339

အခန်း (၃၃၉)

Vol. 23 Ch. 339

"နိုက်ကလပ်...."

၀မ်ရင်း ဒေါသထောင်းကနဲ ဖြစ်သွားခဲ့ပြီး "နင့်အသက်က ဘယ်လောက် ရှိသေးလို့ အဲ့လို နေရာတွေ သွားနေရတာလဲ...မကောင်းတဲ့သူတွေပဲ အဲ့လို နေရာ သွားကြတာ...."

"အဟမြး အဟမြး...."

လင်းရီ ပေါ့ပါးစွာ ချောင်းဟန့်လိုက်၏။ ထိုအခါမှ ၀မ်ရင်းလည်း သူမ၏ စကားလုံးများက အနည်းငယ် အစွန်းရောက်သွားကြောင်း သတိပြုမိသွားသည်။ အမှန်အတိုင်းဆိုလျင် သူမနှင့် လင်းရီတို့လည်း နိုက်ကလပ် ရောက်ဖူးကြလေသည်။

"မမ...ကြည့်...လုလုကို အဲ့လိုဆက်ဆံလို့ ခဲအိုကတောင် မပျော်မရွှင်ဖြစ်နေပြီ..."

၀မ်လုမှ ဂုဏ်ယူနေသည့် ဟန်ဖြင့် ပြောလိုက်၏။

လင်းရီ "???"

ငါက ဘာကို မပျော်မရွှင်ဖြစ်ရမှာ...

၀မ်လု ဆိုဖာနားသို့ သွားလိုက်ပြီး လင်းရီ လက်မောင်းကို တွယ်ကပ်ကာ "ခဲအို...မမက နင့်ရဲ့ ပါပီလေး ဖြစ်နေပြီပဲဟာကို...သူ့ကို မဖြောင်းဖြနိုင်ဘူးလား...လုလုတို့က သွားပဲ ကြည့်ကြမှာလေ...ဘာမှ မကောင်းတာ မလုပ်ဘူးလေလို့... နော်...."

"ဒါ...."

"အီးဟီးဟီး...ခဲအိုက လုလုကို....."

"အဓိကက..."

"လုလုကို အဟင့် အဟင့်..အားလုံးက ...."

"သူ့ကို သွားကြည့်ခိုင်းလိုက်ပါကွာ..."

၀မ်လု ကလေးဆိုးကြီးကဲ့သို့ ငိုကြွေးနေသည်က အကြောင်းမဟုတ်သော်လည်း သူမ၏ ရင်ဘက်ကို သူ့လက်မောင်းနှင့် ပွတ်ပွတ်ဆွဲနေလေသည်။

ယင်းက သူ့ကို နေမထိ ထိုင်မသာ ဖြစ်စေ၏။

"ရီလေး..နင်ကကော ဘာလို့ သူ့ဘက်ကနေ ၀င်ပြီး ကူပြောပေးနေတာ..."

ထိုသို့ ပြောလိုက်သော်လည်း ၀မ်ရင်း လင်းရီ၏ စကားလုံးများကို မငြင်းပယ်ခဲ့ပါ။ စောနက ပြောခဲ့သလိုပင်။ အရွယ်ရောက်လာသည်နှင့် သိသင့်သိထိုက်တာ တစ်ချို့တော့ သိသင့်ပေသည်။ သူမလည်း လုလုကို မည်သည့်နေရာမှ မရောက်ဖူးသည့် အိမ်တွင်းပုန်းလေး မဖြစ်စေချင်ပေ။

လင်းရီ မေးပွတ်ရင်း ၀မ်ရင်းနှင့် လုလုတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။

သူဘာလို့ ညီအစ်မ နှစ်ယောက်က လင်လုနေတယ်လို့ ခံစားနေရတာပါလိမ့်...

"လုလုက ဒီတိုင်း ကလပ်ကို ရောက်ဖူးတယ်ရှိအောင် သွားကြည့်ရုံပါ အစ်မရင်းရဲ့ ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "အသက် ဆယ့်ရှစ်နှစ်မှာ ကလပ်သွားတာနဲ့ အသက် သုံးဆယ့်ရှစ်နှစ်မှာ ကလပ်သွားရတဲ့ အရသာက မတူဘူး....တကယ်လို့ ငယ်တုန်းကသာ ချုပ်ချယ်ပြီးတော့ ဘာမှ မလုပ်ဖြစ်လိုက်ဘူးဆိုရင် အသက်ကြီးတဲ့ အခါကျ နေခဲ့ရတာ တန်တယ်လို့ ပြောလို့ရမှာ မဟုတ်တော့ဘူး..."

"အင်းပါလေ...သွား.. သွား..."

"ရေး....."၀မ်လု ရေခဲမုန့်စားရတော့မည့် ကလေးလေးကဲ့သို့ ရွှင်မြူးသွားကာ "ခဲအို...နင်က အရမ်း တော်တာပဲ...တစ်လောကလုံးမှာ ခဲအိုတစ်ယောက်တည်းကပဲ မမကို ဒီလိုဖြစ်အောင် လုပ်နိုင်တယ်..."

"အပျော်မစောသေးနဲ့ဦး..."၀မ်ရင်း ပြောလိုက်ပြီး " ငါပါနင်နဲ့ လိုက်ခဲ့မှာ...."

"အာ....မမကော လိုက်ခဲ့မယ်...."

၀မ်လု တွန့်ဆုတ်သွားခဲ့၏။ အုပ်ထိန်းသူတစ်ယောက်ပါလာမည် ဆိုပါက သူမတို့ စိတ်လွတ်ကိုယ်လွတ် ပျော်ခွင့်မရတော့ပဲ ခရီးစဉ်တစ်ခုလုံးမှာ လုံး၀ အဓိပ္ပာယ်မဲ့သွားပေတော့မည်။

"မပူနဲ့...ငါလည်း အထဲထိ မလိုက်ပါဘူး...အပြင်မှာပဲ နေမှာ...နင်တို့ဘာ နင်တို့ ကကြ ပျော်ကြ..တစ်ခုခု ဖြစ်လာခဲ့ရင်လည်း ကြည့်ရှုပေးလို့ရတာပေါ့..."

"တကယ်ကြီးလား...အဲ့လောက်ကြီးလည်း လိုမယ်မထင်ဘူးနော..."

"ဘာကို မလိုတာ..."၀မ်ရင်း ပြောလိုက်ပြီး "ငါနဲ့ သွားမလား..ဒါမှမဟုတ် ဒီမှာပဲ နေမလား...တစ်ခုရွေးလိုက်..."

"အင်းပါ...မမနဲ့ပဲ သွားလိုက်တာပေါ့...."

၀မ်ရင်း သူမ အိပ်ခန်းသို့ ပြန်ပြီး အ၀တ်စား သွားလိုလိုက်သည်။ ထိုအချိန်တွင်တော့ လင်းရီလည်း အေးဆေး ထိုင်မနေခဲ့။ သူလည်း ထပြီး ၀မ်ရင်းနှင့်အတူသွားရန် ပြင်ဆင်လေသည်။

"ရီလေးက လိုက်ခဲ့ဦးမလို့လား...မလိုက်ပါနဲ့လားဟယ်..တစ်နေကုန် ပင်ပန်းထားတော့ နားရင် နားလိုက်လေ..."၀မ်ရင်းမှ ညင်သာစွာ ပြောလိုက်သည်။

"အလှလေးနှစ်ယောက်က အပြင်ထွက်မှာဆိုတော့ ကျွန်တော်လည်း ဘယ်စိတ်ချမှာတုန်းဗျ ..ဘာပဲပြောပြော အိပ်ချိန်လည်း မရောက်သေးပါဘူး..."

"အင်းပါ..."

အမှန်တော့ ၀မ်ရင်း လင်းရီကိုလည်း သူမတို့နှင့် အတူ လိုက်လာခဲ့စေချင်သည်။ သို့သော်လည်း လိုက်ခဲ့ရန် မဖိတ်ခေါ်ရက် ဖြစ်နေခဲ့၏။

ထို့နောက် သုံးယောက်သား အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

အောက်ထပ်တွက်တော့ အော်ဒီ အနက်ရောင် တစ်စင်းနှင့် ဆာဂီတာ အဖြူရောင်လေးတစ်စင်းတို့ ဘေးချင်းယှဉ်ရပ်ထားကြ၏။ လင်းရီ သူတို့၏ လိုင်စင်နံပါတ်ပြားများကို တစ်ချက်ကြည့်လိုက်သောအခါ တခြားမြို့မှ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သိူ့သော်လည်း အထက်တန်းပြီးခါစ ကျောင်းသားလေးများမှ ဒရိုက်ဘာလိုငါစင်ရနေသည်ကို ကြည့်ချင်းအားဖြင့် ထိုကျောင်းသားတို့မှာ မရိုးရှင်းကြောင်း သိသာလေသည်။

တစ်ချိန်တည်းတွင် ၀မ်လု၏ သူငယ်ချင်းများအားလုံး လွိုက်ကန်ဘေးတွင် စုဖွဲ့ပြီး ဓာတ်ပုံရိုက်နေကြ၏။ အားလုံးတွင် တူညီသည့် အချက်တစ်ချက်ကတော့ သူတို့၏ ရုပ်ရည်များက မဆိုးဘူးဟု ဆို၍ရသည်။

ကျိုးဟိုင် ဒရာမာ အကယ်ဒမီကို ၀င်ရန် ရည်ရွယ်ထားကြသည့် ကျောင်းသားများ ဆို‌တော့လည်း ရုပ်ရည် တင့်တယ်နေသည်ကလည်း မထူးဆန်းတော့ပါ။

"အိုးမိုင်...လွိုင်ကန်ကြီးဟ..တယ်လန်းတဲ့ ကောင်မလေူပါကွာ....ဟို fast and furious ဇာတ်ကားထဲက ကားကြီးလေကွာ..."

"ကျိုးဟိုင်မှာ စူပါသူဌေးကြီးတွေ ပေါတယ်ဆိုတာက အမှန်ပဲဟ..ဒီလိုကားမျိုးကို ဒီလိုနေရာမျိုးမှာ လာတွေ့လိမ့်မယ်လို့တောင် ထင်မထားဘူး..."

"အင်း...ပြီးတော့ ဘေးမှာ ရပ်ထားတဲ့ BMW7 ကလည်း ဈေးပေါတဲ့ထဲတော့ မပါဘူးကွ..."

"BMW 7က ဘာမှ မဟုတ်ပါဘူးကွာ...ငါ့အဖေက Lexus 570 ကို မောင်းတာ... BMW7ထက် အများကြီး ဈေးကြီးတယ်..ဒါပေမယ့် ဒီရဲ့ လွိုင်ကန်ကြီးကတော့ စောက်ရမ်းလန်းတယ်...."

"ငမ်းနေတာတွေ တော်လိုက်တော့ဟျောင့် ...ဟိုမှာ လုလု လာနေပြီ..."

ကားနားတွင် စုဝေးနေကြသည့် ကျောင်းသားများအားလုံး လှည့်ကြည့်လိုက်ကြသောအခါ ၀မ်လု၏ ဘေးတွင် သူစိမ်းနှစ်ယောက် ပါလာခဲ့သည်ကို မြင်လိုက်ရ၏။

သို့သော်လည်း ကျောင်းသားတစ်ယောက်ချင်းစီတိုင်း၏ အမူအရာမှာ‌တော့ မတူညီကြပေ။

မြီးကောင်ပေါက်အရွယ် ကောင်လေးများကတော့ ငယ်ရွယ်သည့် မိန်းမငယ်လေးများထက် ၀မ်ရင်းကို ပို၍ နှစ်သက်သော အကြည့်တို့ဖြင့် ကြည့်နေကြသည်။

မဟုတ်ပါက မန့်ဟွများတွင် သွေးရင်းစပ်ယှက်သည့် ရုပ်ပြတို့မှာ အလကားသပ်သပ် နာမည်ကြီးနေလိမ့်မည် မဟုတ်ချေ။ မည်သူက လှပပြီး အပြုစု အရမ်းကောင်းသည့် မမကြီးတိူ့ကို မနှစ်သက်ပဲ နေလိမ့်မည်နည်း။

အခြား ဆယ်ကျော်သက် မိန်းကလေးများအတွက်ကလည်း ထိုအတူပင်။ လင်းရီကဲ့သို့ အထာကျကျဖြင့် ဦးလေးကြီးမှာ သူမတို့ မျက်လုံးထဲတွင်တော့ ပြီးပြည့်စုံသည့် အမျိုးသားကြီးဖြစ်၏။

အခြားတစ်ဖက်တွင်တော့ လင်းရီကဲ့သို့သော အမျိုးသားတို့မှာ စိတ်သဘောထားရိုးသားဖြူစင်သည့်သူကို ပို၍ နှစ်သက်သဘောကျကြသည်။

သူကျောင်းတက်စဉ်အခါက စမတ်ကျကျနှင့် ခန့်ညားချောမောသည့် လင်းရီမှာ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့လေသည်။ လင်းရီလည်း ထိုထဲမှ တစ်ချို့တစ်လေကို လှပ၍ မက်မောမိလျှင်လည်း မက်မောမိမည်။

သို့သော် သူ ကျောင်းပြီး၍ အလုပ်စ၀င်သည့် အချိန်တွင်တော့ မိန်းကလေးများအပေါ် ရှုမြင်သည့် စံချိန်နှုန်းထားတို့မှာလည်း ပြောင်းလဲသွားခဲ့သည်။

သူ့ဘ၀၏ အခက်ခဲဆုံးအချိန်များတွင် သင်ကြားပြသပေးခဲ့သည်ကတော့ အဆင်းလှပမှုကို နှစ်သက်သူတို့မှာ သူ့အား ဦးစွာ ပစ်သွားခဲ့ကြသူများသာ။ ထို့ကြောင့် စိတ်ဖြူစင် ရိုးသားသည့် မိန်းကလေးတို့ကသာ အကောင်းဆုံးဖြစ်၏။

"လုလု...သူတို့ နှစ်ယောက်က ဘယ်သူတွေတဲ့လဲ..."

ပြောလိုက်သူကတော့ ဆံပင်ကို မြင်းမြီးပုံစံ ချည်နှောင်ထားပြီး ပြုံးလိုက်လျင် ပါးချိုင့်လေးနှစ်ခုနှင့် ချစ်စရာကောင်းသည့် ကောင်မလေး တူးယွီရွှမ်းပင်။

"ဒါကကျတော့ ငါ့ရဲ့ ခဲအို...ပြီးတော့ သူ့ဘေးကကျတော့ ငါ့ရဲ့ မမ ..သူတို့နှစ်ယောက်ကော ငါတို့နဲ့ လိုက်ခဲ့မယ်တဲ့..."

"ငါနင့်ကို ပေါက်တတ်ကရတွေ မပြောနဲ့လို့ ပြောထားတယ်လေ..ရီလေးက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ ဆိုနေမှ...."၀မ်ရင်းမှ သူ့ညီမလေးကို လက်မောင်းဆွဲဆိတ်ရင်း ပြောလိုက်၏။

သူမ အိမ်၌ ပြောနေသည်က အဆင်ပြေသော်ငြားလည်း အပြင်၌ ယခုလို ပြောနေသည်ကတော့ မဖြစ်သေးချေ။

လင်းရီမှာ ချောင်ရန်အုပ်စု၌ အလုပ်လုပ်ခဲ့ဖူးသောကြောင့် ကျိုးဟိုင်တွင် သူနှင့် ရင်းနှီးခဲ့သူ အမြောက်အများ ရှိသည်။ အမှတ်မထင် ထိုသူများ ကြားသွားပါက လင်းရီလည်း ရှင်းပြရ ခက်ခဲသွားပေလိမ့်မည်။

"သိပြီ သိပြီ..ခု မမတို့နှစ်ယောက်က သမီးရည်းစားတွေ....ဒါပေမယ့် အဲ့လိုလည်း နောက်ကျ ခဲအိုက လုလုရဲ့ ခဲအို ဖြစ်လာမှာပဲ မဟုတ်ဘူးလား...."

၀မ်လုပြောလိုက်၏။

"နောင်မှ ဖြစ်မယ့်ဟာကို နောက်မှရှင်းလေ..ခုတော့ နင်ငါပြောတဲ့ အတိုင်းပဲ ခေါ်ရမယ်.."

"အိုကေ အိုကေ..."

"ကဲပါ လုလုကလည်း...သူတိူ့ နှစ်ယောက်က ဘယ်လို ဆက်ဆံရေးပဲရှိရှိ ငါတို့နဲ့ လိုက်ခဲ့မယ်ဆိုမှတော့ အတူပျော်ကြတာပေါ့ကွာ..."

ပြောလိုက်သူကတော့ အုပ်စု၏ ခေါင်းဆောင်ဖြစ်သည့် လျိုဟိုင်နင်ပင်။ သူ၏ လက်ထဲတွက်တော့ အော်ဒီအနက်ရောင် ကားသော့ကို ကိုင်ထားပြီး ဖက်ရှင်ကျနစွာ ၀တ်ဆင်ထား၏။

လူတိုင်း နှစ်ယောက်လုံးနှင့် အဆင်ပြေနေသည်ကို မြင်တော့ ၀မ်လုအများကြီး စိတ်သက်သာရာ ရသွားခဲ့သည်။

လင်းရီနှင့် ၀မ်ရင်းတို့ သူမနောက် လိုက်ခဲ့သည်ကို စိတ်မရှိသော်လည်း ကျန်သူများမှ ညိုညင်မည်ကို စိုးရိမ်မိသည်။

သိူ့သော်လည်း သူမသူငယ်ချင်းများမှ စိတ်ကွက်ဟန် မပြသည်ကို မြင်တော့ သူမလည်း အများကြီး နေလို့ ကောင်းသွားခဲ့၏။

၀မ်ရင်း လင်းရီကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး "ရီလေး..နင်မလိုက်ချင်လည်း မလိုက်ခဲ့နဲ့နော်...အစ်မကို အဖော်လိုက်ပေးဖို့ မလိုဘူး....အိမ်မှာ အေးဆေးနားနေလိုက်..."

"ရတယ်...ကျွန်တော်လည်း လုပ်စရာလေးရှိနေတာနဲ့ အတော်ပဲ..အတူသွားကြတာပေါ့..."

"အဲ့တာဆိုလည်း ကောင်းပြီလေ...."

လင်းရီ ထွက်ခွာရန် ဆန္ဒမရှိသည်ကို မြင်တော့ ၀မ်ရင်း ကျေနပ်ပီတိ ဖြစ်သွားခဲ့သည်။

"ညီကို ခင်များ မလိုက်ချင်လည်း မလိုက်ခဲ့နဲ့..ဒီမှာ လူတွေ အများကြီးရှိတယ်...ခင်များ အစ်မကို သေချာစောင့်ရှောက်ပေးမှာ..သူ့လုံခြုံရေးကို စိုးရိမ်မနေနဲ့..."

လင်းရီ ပြုံးလိုက်ပြီး "ချာတိတ်...ဆိုရှယ်ကျွမ်းတဲ့စတိုင်နဲ့ လာပြီး ဟန်ဆောင်မနေနဲ့..."

"ကျုပ် ဟန်ဆောင်နေတာ မဟုတ်ဘူး...ကျုက်အသက်က ခု ၁၉ ရှိပြီ...ခင်များနဲ့ အလွန်ဆုံးကွာလှ...ဘယ်နှနှစ်‌ လောက်ပေါ့...."

"လျိုဟိုင်နင်..နင်ငါ့ရဲ့ ခဲအိုလောင်းကို ပြန်ခံမပြောနဲ့...မဟုတ်ရင် ငါ စိတ်တိုမိတော့မှာနော်..."

"နင်ကလည်း ထားလိုက်စမ်းပါဟာ....အစ်ကိုကြီးလင်းကို ငါတို့နဲ့အတူ ပေးပျော်လိုက်ကြရအောင်လေနော်...လူ‌များတော့ ပိုပြီး ပျော်ဖို့ကောင်းတာပေါ့လို့.."တူးယွီရွမ်းမှ ပြောလိုက်သည်။

"အင်းပါ...တစ်ယောက်ပိုတော့လည်း တစ်ယောက်ပေါ့...ဘာမှ ဖြစ်မသွားဘူး..."လျိုဟိုင်နင် ထူးမခြားနားစွာ ပြောလိုက်၏။

လင်းရီကတော့ ပြောစရာစကားကင်းမဲ့နေသည်။

သူအဘယ်ကြောင့် ဤချာတိတ်လေးများက သူတို့ခွင့်ပြုမှ ကလပ်တက်၍ရမည်ဟု ခံစားနေရပါသနည်း။

All Chapters