← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

"ဒါပေမယ့်...ကျွန်တော့်ကားထဲမှာက ထိုင်ခုံအလွတ်နှစ်ခုပဲ ကျန်တော့တယ်...ဒီတော့ အစ်မရင်းနဲ့ လုလုပဲ လိုက်စီးလို့ရမှာ..."လျိုဟိုင်နင် ပြောလိုက်၏။

"ကျွန်တော်တို့လာတုန်းကလည်း လုလု ကျွန်တော့်ကားနဲ့ စီးခဲ့တာလေ..."

"ရပြီ..အစ်မမှာလည်း ကိုယ်ပိုင်ကား ရှိပြီးသားပဲ ....နင့်ရဲ့ကားနောက် လိုက်မစီးတော့ဘူး..."

၀မ်ရင်း သူမလက်ထဲရှိ ကားသောကို နှိပ်လိုက်သည့်အခါ BMW7၏ ရှေ့မီးများ မီးလင်းလာခဲ့၏။ ယင်းက လျိုဟိုင်နင်နှင့် ကျန်သူများကို တဒင်္ဂမျှ အံ့အားသင့်သွားစေခဲ့သည်။

BMW7 မှာ ၀မ်လုအစ်မ၏ ကားဖြစ်နေလိမ့်မည်လို့ သူတို့ တကယ်ကို မျှော်လင့်မထားခဲ့ကြချေ။

ယခုလိုကားမျိုး ပိုင်ဆိုင်ဖို့ ဆိုသည်မှာတော့ သူမမှာ အဆင့်မြင့်၀န်ထမ်းတစ်ဦး ဖြစ်ရပေမည်။

ဤသည်က သူတို့၏ ရင်ဘက်ထဲရှိ ၀မ်ရင်း၏ ဆွဲဆောင်မှုကို အလိုအလျောက် တိုးပွား‌သွားစေ၏။

"အ်ုး..ဟုတ်သားပဲ..လျိုဟိုင်နင်...ငါတို့က ဘယ်နေရာကို သွားကြမှာလဲ...နင်ပြောတော့ နေရာ ရှာတွေ့ထားပြီပြီဆို..."၀မ်လု မေးလိုက်၏။

"ဟားဟား...."

လျိုဟိုင်နင် ရယ်မောလိုက်ပြီး "ငါ့အစ်ကိုကြီးက ကျိုးဟိုင်မှာ တစ်ချိန်လုံးရှိနေတာလေ..သူပြောတာတော့ မက်ထရိုပိုလစ်က ခု ကျိုးဟိုင်မှာ ပေါ်ပြူလာအဖြစ်ဆုံး နိုက်ကလပ်ဆိုပဲ...အဲ့ကို တစ်ချက် သွားကြည့်ကြတာပေါ့..."

"မက်ထရိုပိုလစ်..."

လင်းရီ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပြီး "အဲ့ကလပ်က ယောင်တုန်းလိုင်နဲ့ လျိုချန် ဖွင့်ထားတဲ့ နေရာမဟုတ်လား..."ဒီကောင်တွေ ကလပ် ပြန်လုပ်လိုက်ပြီလားဟ..."

"ခင်များကလည်း ကျိုးဟိုင်က မဟုတ်ဘူးလား...ဒီမှာနေပြီးတော့ မက်ထရိုပိုလစ် ဆိုတာတောင် မသိဘူလို့တော လာမပြောနဲ့..."

"ငါ့ခဲအိုကိုများ... နင့်အစ်ကိုလို မကောင်းတဲ့ကောင်များ မှတ်နေလား...သူက အဲ့လိုနေရာတွေ မသွားတတ်ဘူး..."၀မ်လုမှ သူ့ခဲအိုကို ကာကွယ်ပြောဆိုလိုက်သည်။

"သဘော...မင်းပြောတဲ့အတိုင်းပဲလေ..."

လျိုဟိုင်နင် ပြောလိုက်၏။

အမှန်တွင်တော့ သူ ၀မ်ရင်းကို ကြိတ်ခိုက်နေသောကြောင့် ဤမျှ အလျှော့ပေးနေခြင်းပင်။ သူမရှေ့တွင် သူက သဘော‌ထားကြီးသူကြီးပမာ ထင်မြင်သွားစေချင်သည်။

သို့သော်လည်း သူနှင့် ၀မ်ရင်းတို့မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း လျိုဟိုင်နင် နားလည်ပေသည်။ ထို့ကြောင့် ငါးမရ ရေချိုးပြန်မည်ဟု ကြိမ်းဝါးကာ ၀မ်လုကို စိတ်ထဲတွင် တေးထားလိုက်၏။

လင်းရီနှင့် ပတ်သက်၍ကတော့ သူ့တွင်အကောင်းမြင်လိုစိတ် တစိုးတစိမျှ မရှိချေ။

ယခုလို မြီးကောင်ပေါက်အရွယ်တွင် သူတိူ့၏ စိတ်ကူးယဉ်ဆန်သော အတွေးများမှ မနိုးထနိုင်သေးသည့် လူငယ်များဖြစ်သည့် အလျောက် ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိူးချင်စိတ်များ ရှိနေသည်မှာ သဘာ၀ပင်။ တစ်လောကလုံးရှိ အလှလေးများကို သူတိူ့အပိုင်ဟု ‌တွက်ထားကြ၏။ အကယ်၍ တစ်စုံတစ်ယောက်မှ ထိုအမျိုးသမီးကို တိတွေ့နှစ်သက်သည်ကို မြင်ရပါက မိမိနှင့် မဆိုင်သော်လည်း တစ်ဖက်လူကို အကြီးကြီး မုန်းတီးသွားမည်မှာ မလွဲဧကန်ပင်။

လင်းရီလည်း လျိုဟိုင်နင်၏ အတွေးများကို နားလည်ပေသည်။

သိူ့သော်လည်း သူထို ချာတိတ်လေးအတွက် တိတ်တဆိတ် ၀မ်းနည်းပေးရုံသာ တတ်နိုင်၏။

ဆောတီးပါညီလေးရာ.....မင်း ကြွေနေတဲ့ မမကြီးက မင်းကိုကြီးရဲ့ ကောင်မလေး ဖြစ်ပြီးသားကွ...

"အဲ့လိုဆိုလည်း အတူသွားကြစို့လေ..."တူးယွီရွမ်းမှ ပြောလိုက်ပြီး "ငါတော့ သွားကြည့်ဖို့ မစောင့်နိုင်တော့ဘူး...."

"အွန်း သွားစို့...မက်ထရိုပိုလစ်စီ သွားကြမယ်..."

တက်ကြွနေကြသည့် လူငယ်လေးတို့မှာ နိုက်ကလပ်တက်ရန်အတွက် သူတို့၏ တောင်ပံများကို ဖြန့်ကားပြီး အားပါးတရ ဟစ်ကြွေးလိုက်ကြ၏။ သူတို့ နိုင်ကလပ်တက်ရန် မစောင့်နိုင်တော့ပါ။

ကားသုံးစီးမှာ မက်ထရိုပိုလစ်သို့ တစ်စီးပြီးတစ်စီး ဦးတည်လိုက်ကြ၏။ ကာလာစုံနေသည့် မီးအလင်းရောင် ဆိုင်းဘုတ်ကြီးနှင့် လူငယ်များစွာတို့မှာ ကလပ်ထဲသို့ ၀င်ချည်ထွက်ချည်ပြုနေကြ၏။ သို့သော်လည်း သူတို့တစ်ကိုယ်လုံးတွင်တော့ ချိန်းကြိုးများ၊ နားပေါက်များ၊ တက်တူးတို့ဖြင့် ဖူံးလွှမ်းနေလေသည်။

၎င်းကိုမြင်တော့ လျိုဟိုင်နင်နှင့် ကျန်သူများမှာ အနည်းငယ် ရှိန်သွားခဲ့ကြသည်။

ယခုလို နေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သောကြောင့် ထိုမြင်ကွင်းတို့နှင့် နေသားမကျသေးချေ။

"ကောင်းပြီ..နင်တို့ အထဲ၀င်သွားကြလေ..အစ်မတို့ အပြင်မှာ စောင့်နေမယ်..."

၀မ်ရင်းမှ ပြောလိုက်၏။

"ဒါ...."

လျိုဟိုင်နင်နှင့် ကောင်လေးတစ်ချို့မှာ ချီတုံချတုံ ဖြစ်နေကြ၏။

အထူးသဖြင့် အပြင်သို့ ထွက်လာကြသည့် လူငယ်တို့မှ သူတို့ကို ထူးဆန်းသည့် မျက်၀န်းတို့ဖြင့် ကြည့်နေသည့် အခိုက်အတန့်တွင်တော့ ပို၍ မသက်မသာ ခံစားနေကြရသည်။

အကယ်‌၍ ကောင်လေးများတောင် ထိုသို့ ခံစာနေရလျှင် ကောင်မလေးများဆိုလျင်တော့ ပိုလို့တောင် အခြေနေဆိုးနေကြ၏။

အမှန်တကယ်တွင်တော့ ထိုကလပ်သို့ ၀င်ထွက်နေကြသည့် လူငယ်တို့မှာလည်း တစ်ချိန်လုံး အပြင်ထွက် ရန်ဖြစ် မိုက်ကြေးခွဲနေကြသည့် လူငယ်များလည်း မဟုတ်ကြချေ။ ဝါသနာအရ တက်တူးများထိုးထားခြင်းသာဖြစ်၏။

ထူးဆန်းစွာ ကြည့်နေကြသည် ဆိုသည်မှာလည်း သူတိူ့ ဇဝေဇဝါ ဖြစ်နေကြခြင်းသာ။ အဘယ်ကြောင့် အရွယ်ရောက်ပြီးသား လူကြီးနှစ်ယောက်မှ နို့နံ့တောင် စင်သေးမည့်ပုံမပေါ်သေးသည့် ကျောင်းသားများကို ခေါ်၍ ကလပ်သို့ ဘာလာလုပ်လဲဆိုတာကို ထူးဆန်းနေကြသည်။

"မင်းတို့ကောင်တွေက ခုနလေးတင် ကဲမယ် ပြဲမယ်နဲ့ ဟစ်ကြွေးနေကြတာ မဟုတ်လားကွ..ခုကျတော့ အထဲ၀င်သွားဖို့တောင် ကြောက်နေကြပြီပေါ့..."

"ဘယ်သူက ကြောက်..ကြောက်နေလို့လဲ..."လျိုဟိုင်နင် အသံအိုးမသိမသာ တုန်ခါစွာဖြင့် ဆိုလိုက်ပြီး "ကျုပ် ဒီကို တစ်ခေါက် ရောက်ဖူးပြီးသား...လူပျိုလေးလို့ ထင်မနေနဲ့..."

"အဲ့တာဆိုလည်း ၀င်လေကွာ..."

လျိုဟိုင်နင် သူ၏ ရှိစုမဲ့စု သတ္တိလေးများကို ဖျစ်ညစ်ကာ ကျောကိုမတ်လိုက်ပြီး "သွားကြစို့...လူတိုင်း ငါ့နောက် လိုက်ခဲ့ကြ..မ၀င်ခင် ကြိုပြောထားမယ်..အထဲမှာ လူတွေ အများကြီးရှိမှာဆိုတော့ မင်းတို့အားလုံး ငါ့နောက် ကပ်လိုက်ခဲ့ကြမှရမယ်..."

"အိုကေ..."ကျန်သည့် ယောက်ျားလေးများမှ သံပြိုင် ပြောလိုက်ကြ၏။

"မမ....လုလုနည်းနည်း ကြောက်နေလို့..မမကောအထဲလိုက်ခဲ့ပါလားဟင်..."၀မ်လုမှ ၀မ်ရင်း၏ လက်ကို ဆုပ်ကိုင်လျက် တိုးညင်းစွာ ပြောလိုက်သည်။

ကျန်သည့် မိန်းကလေးများလည်း ၀မ်ရင်းနှင့် လင်းရီကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

သူမတို့၏ မျက်လုံးထဲတွင်တော့ လျိုဟိုင်နင်ကဲ့သို့ ကောင်ကလေးမှာ သေချာပေါက် မှီခို၍ ရမည်မဟုတ်ချေ။ လင်းရီကဲ့သို့ ရင့်ကျက်ပြီး ယောက်ျားပီသသူမျိုးကသာလျှင် သူမတို့ကို လုံခြုံသည်ဟူသော ခံစားချက်ကို ပေးနိုင်စွမ်းရှိ၏။

၀မ်ရင်းလည်း လင်းရီကို သူဘယ်လိုတုန့်ပြန်မလဲဆိုတာကို သိချင်စိတ်ပြင်းပြစွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

"ခဲအိုလောင်းကြီး...နင်ကော လုလုတို့နဲ့ လိုက်ခဲ့လေ..."၀မ်လု လင်းရီ၏ လက်မောင်းကို ခါရမ်းရင်း ပြောလိုက်၏။

"ငါက လိုက်လို့ အဆင်ပြေတယ်..ဒါပေမယ့် ငါရှိနေရင် မင်းတို့က လွတ်လပ်ပါ့မလား..တော်နေကြာ အနှောင့်ယှက် ဖြစ်နေတော့မှဖြင့်....."

"မဟုတ်တာ....အဲ့လိုမျိုးမဖြစ်ပါဘူး"တူးယွီရွှမ်း၏ မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်၏။

"ဟုတ်တယ်..ဦးလေးကြီးကလည်း..လိုက်ခဲ့ပါနော်..."ကျန်သည့် မိန်းကလေးများလည်း ဝိုင်း၀န်းတောင်းဆိုကြတော့၏။။

မိန်းမငယ်လေးများ မည်မျှစိတ်လှုပ်ရှားနေသည်ကို မြင်တော့ ၀မ်ရင်း တိတ်တဆိတ် ခေါင်းခါရမ်းမိလိုက်သည်။

ကြည့်ရသည်မှာတော့ အထက်တန်းကျောင်းသူလေးများမှာ လင်းရီ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည့်ပုံပင်။

"ကောင်းပြီ ..ငါလိုက်ခဲ့ပေးမယ်..."

"ရေး...."မိန်းကကလေးများအားလုံး ပျော်ရွှင်၀မ်းမြောက်သွားကြပြီး "မြန်မြန် မြန်မြန်...အထဲမှာ ဘယ်လိုပုံစံတွေရှိလဲဆိုတာ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး...."

လင်းရီအားကိုးဖြင့် ၀မ်လုနှင့် သူငယ်ချင်းတစ်သိုက်တို့မှာ နိုက်ကလပ်ထဲသိူ့ ၀င်ရောက်ရမည်ကို ကြောက်ရွံ့ခြင်း မရှိကြတော့ပဲ စိတ်လှုပ်ရှားစွာဖြင့် ၀င်ရောက်သွားကြ၏။

"ဟမ့်..ငါလည်း မင်းတို့ကို အထဲခေါ်သွားပေးနိုင်ပါတယ်ကွ..."လျိုဟိုင်နင်မှ အထင်သေးစွာ ပြောဆိုလိုက်၏။

အမှန်ဆို သူမှာ ယနေ့ည၏ အဓိက ဇာတ်ဆောင် ဖြစ်ရပေမည်။ မျှော်လင့်မထားစွာဖြင့် လင်းရီမှ သူ၏ နေရာကို ခိုးယူသွားခဲ့၏။

လျိုနင်ချန် နိုက်ကလပ်ထဲသို့ ဝါကင့်သမ္ဘာရင့်ကြီး စတိုင်ဖြင့် ခေါင်းမော့ရင်ကော့စွာ ၀င်ရောက်သွားခဲ့သည်။

မိန်းကလေးများကတော့ ယင်းကို အလေးတောင် မထားပေ။ သို့သော်လည်း လျိုဟိုင်နင်လို့ ယောက်ျားလေးများအတွက်ကတော့ ၎င်းကသူတို့၏ ဂုဏ်သိက္ခာကြီးပင်တည်း။

"ဦးလေးကြီး..မြန်မြန်..နင် နောက်မှာ ကျန်နေခဲ့ဦးမယ်နော..."

"အေးပါဟ..အေးဆေးပါ..."

လင်းရီ ပြုံးလိုက်ပြီး ၀မ်ရင်းကို ကြည့်ကာ "သူတို့က အစ်မရင်းကိုကြတော့ မမတဲ့ ကျွန်တော့်ကို ကျတော့ ဦးလေးကြီးတဲ့...ကျွန်တော်က အစ်မရင်းထက် ဘယ်လိုလုပ်ပြီး မျိုးဆက်တစ်ဆက်လောက် ကြီးသွားခဲ့တာ..."

၀မ်ရင်း တခစ်ခစ်ရယ်မောလိုက်ပြီး လင်းရီ၏ နားထဲသို့ လေသံတိုးတိုးလေးဖြင့် "အစ်မလည်း မောင်လေးရီကို ဒယ်ဒီလို့ ခေါ်မယ်ဆိုရင်ကော..."

"မကောင်းဘူးထင်တယ်နော..အစ်မရင်းသာ အဲ့လိုခေါ်လိုက်ရင် ကျွန်တော့်မှာ သမီးနှစ်ယောက် ရှိတဲ့ပုံစံ ဖြစ်သွားမှာပေါ့..."

"ဘယ်လို...အစ်မရင်းတစ်ယောက်တည်းက မလောက်သေးဘူးပေါ့..ခု နင်က လုလုကိုပါ ကြံနေပြီပေါ့လေ.."

"မဟုတ်တာတွေ..ကျွန်တော်က အဲ့လောက်ကြီးလည်း လောဘမကြီးပါဘူးဗျ..."

"ဒီလိုမှပေါ့..."၀မ်ရင်းပြောလိုက်ပြီး "နင်သာ အစ်မတစ်ယောက်တည်းကိုပဲ နိုင်အောင်ထိန်းစမ်းပါဦး..."

"ဟမ့်..ကျွန်တော်သာ ကျီချင်းရန်ကို သိမ်းပိုက်ပြီးလို့ကတော့ အစ်မရင်းနဲ့ အချီ သုံးရာလောက် ဆွဲပစ်လိုက်ဦးမယ်..."

"အမ်...မမ...နင်တို့ ဘာတွေလဲ ပြောနေကြတာ..ဘာကို အချီသုံးရာလဲဟင်..."၀မ်လု နောက်သို့လှည့်၍ မေးမြန်းလိုက်၏။

"အာ..."၀မ်ရင်း မည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့၏။

"နားကြားမှားနေတာ..."လင်းရီ ပြောလိုက်ပြီး "နင်တို့ ပိုက်ဆံမလောက်ရင် ငါ့နား တောင်းလို့ရတယ်လို့ ပြောမလို့..."

"မလိုပါဘူး..ကျုပ်တို့ ခင်များနား ပိုက်ဆံတောင်းဖို့မလိုဘူး..ကျုပ် လုံလုံလောက်လောက် ယူခဲ့တယ်..ဒီမှာ တစ်လလောက် အပြတ်ကဲဖို့ဆိုတာ လုံး၀ ပြဿနာ မရိဘူး..."

ထိုသို့ပြောရင်း လျိဟိုင်နင် သူ၏ ဖုန်းကို ထုတ်ကာ "ဒီမှာ ဖုန်းနဲ့ ငွေချေလို့ရလား..."

ဘာတင်ဒါမှ လျိူဟိုင်နင်နှင့် ကျန်သူများကို စိတ်၀င်စားစွာဖြင့် ကြည့်လိုက်၏။ ဤအထက်တန်းကျောင်းသားလေးများမှာ အတော်လေးစိတ်၀င်စားဖို့ ကောင်းသည်ဟု ခံစားလိုက်ရသည်။

သူတို့ ယခုမှ ပ‌ထမဆုံးအကြိမ် ရောက်ဖူးကြပုံပင်။

"ကျိုးဟိုင်က အဆင့်မြင့်မြို့ဖြစ်ပြီးတော့ အီလက်ထရောနစ်နဲ့ ငွေချေတဲ့ စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့မြို့‌လေ..ဆို‌တော့ ဒါပေါ့..မင်းဖုန်းနဲ့ ငွေချေလို့ရတယ်...."

All Chapters