အခန်း (၃၄၂)
Vol. 23 Ch. 342
"မလိုပါဘူး..ဦးလေးကြီး တစ်ယောက်လုံး ဒီမှာရှိနေတာကို ဘယ်သူ့သွားကြောက်ရမှာ..."တူယွီရွှမ်းမှ ပြောလိုက်၏။
"မင်းနားမလည်ပါဘူးကွာ..မက်ထရိုပိုလစ်ဆိုတာက အဆင့်မြင့် ကလပ်ကြီးကွ..ဒီမှာ အတန်းမျိုးစုံက လူတွေ စုဝေးနေကြတာ..တကယ်လို့ တစ်ခုခုဖြစ်လာပါပြီရဲ့..သူ့လို ရုံး၀န်ထမ်းလေးက ကိုင်တွယ်နိုင်မာတဲ့လား...ငါ့၀မ်းကကွဲလာတာကို စောင့်တာက ပိုကောင်းတယ်...."
လျိုဟိုင်နင်မှ လုံး၀ငြင်းဆိုနေသောကြောင့် ကျန်သူများလဲ ဘာမျှမပြောတော့ချေ။ မည်သိူ့ပင်ဆိုစေ ဘေလ်ရှင်းမည့်သူမှာ လျိုဟိုင်နင်ပင်။ ထို့ကြောင့် သူ့ကို မျက်နှာသာပေးလိုက်ကြ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် သီးသန့်ခန်းတံခါး ပွင့်လာခဲ့သည်။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး သုံးဦးတိူ့ အပြင်မှ ရောက်လာကြ၏။
ငါးယောက်လုံးမှာ အသက်နှစ်ဆယ်ကျော်လေးများသာ ဖြစ်ပြီး လင်းရီနှင့် ရွယ်တူနီးပါးလောက်ပင်။
သူတို့အားလုံး ဖက်ရှင်ကျနစွာ၀တ်ဆင်ထားကြပြီး မည်မျှ သက်တောင့်သက်သာဖြစ်နေကြောင်းကို ကြည့်ပါက ကလပ်၌ ပုံမှန်လာရောက်နေသူများဖြစ်ကြောင်း သိသာနေလေသည်။
"၀မ်းကွဲ..မင်းရောက်လာပြီပေါ့..."
အမျိုးသားနှစ်ယောက် ၀င်လာသည်ကိုမြင်တော့ လျိုဟိုင်နင် မတ်တပ်ရပ်ပြီး ကြိုဆိုလိုက်၏။
"အားလုံးပဲ..မင်းတို့ကို မိတ်ဆက်ပေးမယ်...ဒါက ငါ့ရဲ့ ၀မ်းကွဲ လင်းဟော်ရှန်း..."
ထိုသို့ ပြောပြီးနောက် လျိုဟိုင်နင် ကျန်သူများကို လင်းဟော်ရှန်းနှင့် မိတ်ဆက်ပေးလိုက်၏။
သို့သော်လည်း ၀မ်ရင်းကို မြင်သည့် အချိန်တွင်တော့ လင်းဟော်ရှမ်း၏ မျက်လုံးများ အရောင်တောက်လာခဲ့သည်။ အနှီမိန်းကလေး၏ ဟန်ပန်အမူအရာမှာ နိုက်ကလပ်ရှိ အခြားမိန်းကလေးများထက် ပို၍ တမူထူးနေလေသည်။ လုံးဝကို အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်မည့်ပုံပင်။ သူမ၏ လုံးရင်းတင်းကိတ်နေသည့် ကိုယ်လုံးကိုယ်ပေါက်တို့ကို ကြည့်ရင်း လင်းဟော်ရှန်း မြည်းစမ်းချင်စိတ်တို့ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။
ဒီကောင် လျိုဟိုင်နင်က တကယ်မဆိုးဘူးပဲကွ..ဒီလောက်လန်းတဲ့ စော်လေးတွေ ခေါ်လာခဲ့ပေးတယ်ဆိုတော့ ဒီည လှုပ်ရှားရတော့မယ်နဲ့တူတယ်...
"ညီမလေးတို့..မင်းတို့ ဒီလို လှောင်ပိတ်နေတဲ့ သီးသန့်ခန်းထဲမှာ နေစရာအကြောင်းကို မရှိတာ..ခုမှ စာမေးပွဲလည်း ပြီးထားတယ်ဆိုတော့ အောက်ထပ်သွားပြီး စိတ်ဖိစီးမှုတွေကို လွှတ်ထုတ်ပစ်ကြတာပေါ့..."
လင်းဟော်ရှန်းမှ သဘောတူသည်ကိုမြင်တော့ လျိုဟိုင်နင် ယုံကြည်ချက်များ ပြည့်၀သွားပြီး "လူတိုင်းပဲ...ဒီကနေ့ စိတ်ကြိုက်တာ ပျော်ကြ...နားမလည်သာရှိရင် ငါ့၀မ်းကွဲကိုသာမေးလိုက်..ဒီနေ့ မင်းတို့ အချိန်ကောင်းလေးတွေ ရှိစေရမယ်ဆိုတာ အာမခံတယ်..."
"အမှန်ပဲ..ငါက ဒီကိုလာပြီးပျော်နေကျလေ..ဒီကဘော့စ်နဲ့လည်း ရင်းနှီးတယ်..ညီမလေးတို့ လုပ်ချင်ရာသာလုပ်...ဘာမှ စိတ်ပူစရာ မလိုဘူး..."လင်းဟော်ရှမ်း အပြုံးလေးဖြင့် ပြောလိုက်၏။
မိန်းမငယ်လေးများကတော့ အသစ်အဆန်းများ ကြုံတွေ့ရန် စိတ်အားထက်သန်နေကြပြီး လင်းဟော်ရှန်းလည်း သူမတို့ကို အခန်းထဲမှ ဦးဆောင်ထွက်လာခဲ့လိုက်သည်။
လင်းရီနှင့် ၀မ်ရင်းတို့လည်း ကောင်မလေးများနောက်မှ လိုက်လျက် "ဒီမှာ လူတွေ ဒီလောက်များမယ်လို့တောင် ထင်မထားဘူး..ဒီလိုသာဆိုရင်တော့ အိမ်ပြန်နောက်ကျတော့မယ်ထင်တယ်..မောင်လေးရီ ပင်ပန်းတယ်ဆိုရင်လည်း ပြန်တော့လေ..အစ်မကို ဘာမှ စိတ်မပူနဲ့..."
လင်းရီ၏ လက်များက ၀မ်ရင်း၏ ခါးရှိ အသားစိုင်လေးများကို ဖျစ်ညစ်ကာ ပြုံးလိုက်ပြီး "ဟိုကောင် သောက်ရူး လင်းဟော်ရှန်းးက အစ်မရီကို မြင်တော့ မျက်လုံးကျွတ်ကျမတတ်ဖြစ်နေတာကို ကျွန်တော်က ဘာမှ စိတ်မပူပဲနဲ့ အစ်မရီကို ထားခဲ့ရက်မယ်လို့များ ထင်နေလား..."
၀မ်ရင်း ရှက်ကိုးရှက်ကမ်းလေး ဖြစ်သွားခဲ့ပြီး လင်းရီအနားသို့ကပ်ကာ လေသံတိုးတိုးလေးဖြင့် "တို့ရဲ့ ရီလေးက သူ့ရဲ့အစာကို အရမ်းကာကွယ်တတ်မယ်လို့တောင် ထင်မထားဘူး..."
"သဘာ၀ပဲလေ..."
"မပူနဲ့ သူတို့မစားစေရပါဘူး...ဒီရဲ့ အစာက မောင်လေးရီအတွက်ပဲလေ"
"ဒီလိုမှပေါ့..."
တရွေ့ရွေ့ဖြင့် အုပ်စုမှာ အောက်ထပ်သို့ ရောက်လာခဲ့ကြသည်။
"ဒီမှာ ကတဲ့အထပ်က ဘာလို့ နှစ်ထပ်တောင် ရှိနေတာလဲဟင်...."ပထမထပ်ကို ရောက်သည့် အချိန်တွင်တော့ ၀မ်လုမှ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"ညီမလေးက မသိဘူးပေါ့..."လင်းဟော်ရှန်း ပြောလိုက်ပြီး "ဒီရဲ့ ကတဲ့အထပ် သေးသေးလေးက နယူဘီလေးတွေ သုံးတာ...ကိုကြီးတို့လို ဝါရင့်နေတဲ့ သူတွေကျ အပေါ်ထပ်မှာ ပျော်ကြတာလေ...လာ ဒီကနေ့ ညီမလေးတို့ကို အတွေ့ကြုံရအောင် ခေါ်သွားပေးမယ်.. "
၀မ်လုနှင့် ကျန်သူများအားလုံးခေါင်းညိမ့်လိုက်ကြသည်။
ဒရာမာအကယ်ဒမီသို့ ၀င်ရောက်ကြမည့်သူများ ဖြစ်သည့်အလျောက် သင့်တင့်သလောက်တော့ ကတတ်ပေသည်။ ထို့ကြောင့် မည်သို့မျှ စိတ်လှုပ်ရှားခြင်း မရှိကြချေ။
"ဘာတွေဖြစ်နေတာလဲ..ဘာလို့ ဒီလူတွေက ညီမတို့ကို လမ်းဖယ်ပေးနေကြတာလဲတဲ့ .."တူးယွီရွှမ်းမှ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
လင်းဟော်ရှန်းလည်း အနည်းငယ် ဇဝေဇဝါဖြသ်နေလေသည်။
သူတို့က ငါ့ကို မြင်တော့ ဘာလို့ အလိုအလျောက် လမ်းပေးနေကြတာလဲဟ...
"ကြည့်..မစ္စတာလင်း ရောက်နေတာပဲဟ..."
"ဒီတော့သူက နင့်ရဲ့ အိပ်မက်မင်းသားလေးပေါ့...ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်ကြီးက မက်ထရိုပိုလစ်ကို ရောက်လာခဲ့တာပဲပေါ့..ဒီမှာ တွေ့ရမယ်လို့တောင် ထင်မထားဘူး..."
"ငါ ဒါကို မှတ်တမ်းတင်ထားရမယ်...ဒါကြီးက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာဟယ်...."
ဘေးနားရှိ လူများ ဆွေးနွေးနေကြသည့် အသံကိုကြားတော့ လင်းဟော်ရှမ်းမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။
"၀မ်းကွဲ..သူတို့ ပြောပြောနေကြတဲ့ မစ္စတာလင်းဆိုတာက မင်းလား...."
"အင်း...ငါထင်တာ မမှားဘူးဆိုရင် သေချာပေါက် ငါပဲ ဖြစ်ရမယ်...."လင်းဟော်ရှန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဘာပဲဆိုဆို ငါက ဒီလာနေကြလေ..ဒီကလူတွေ အားလုံးကိုတောင်မှ ၀ယ်တိုက်ဖူးသေးတယ်..ဆိုတော့ ငါ့ကို မှတ်မိနေတာ မဆန်းပါဘူးကွာ..."
"ဟုတ်လောက်မယ်...ဒီမှာ မျိုးရိုးနာမည်လင်းဆိုလို့ ၀မ်းကွဲနဲ့ ၀မ်လုရဲ့ ခဲအို နှစ်ယောက်တည်းရှိတာလေ..ဟိုက ကလပ်တောင် မတက်ဖူးတဲ့ ရုံး၀န်ထမ်းဆိုတော့ သေချာပေါက် ၀မ်းကွဲပဲ ဖြစ်ရမယ်...."
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်"
လင်းဟော်ရှန်း လူတိုင်းကို လက်ဝှေ့ယမ်းပြီး ပြုံးပြလိုက်၏။ သူ သာမန်ကာလျှံမျှ လာလည်သော်လည်း ယခုလို အလေးပေး ဆက်ဆံခံရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။
သူရွှေရောင် ကတ်တစ်ကတ်ကို ထုတ်၍ စားပွဲထိုးထံ ကမ်းလိုက်သည်။
"ငါ့ညီ..တစ်ဝိုင်းလောက် လုပ်စမ်းကွာ...."
"ရက်စ်ဆာ....ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဗျ..."
"၀မ်းကွဲ...ငါ ကတ်ပေါ်မှာ မက်ထရိုပိုလစ်ဆိုတဲ့ စာလုံးတွေ မြင်လိုက်သလိုပဲ..အဲ့ကတ်က ဒီက မန်ဘာကတ်ကတ်ကြီးလား...."လျိုဟိုင်နင် မေးမြန်းကြည့်လိုက်သည်။
"အင်း..ဒါက မက်ထရိုပိုလစ်ရဲ့ အရည်သွေးမြင့် မန်ဘာကတ်လေ...ဒီလိုကတ်မျိုးဆိုတာက ငွေတစ်သိန်းလောက် သုံးထားပြီမှ ရတာ..."လင်းဟော်ရှန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကလပ်ဖွင့်ပွဲတုန်းက လာပြီး ဆာပို့ လုပ်ပေးတော့ အေးဆေးတစ်ကတ်ရတယ်လေ..ဒါနဲ့ဆို ဘာပဲမှာမှာ ၇၀% ဒစ်စကောင့်ရတယ် ..တန်တယ်မလား...."
"ဒါကြီးက နည်းနည်းလေး မဆင်မခြင် မဖြစ်လွန်းဘူးလား.ဟ..ကတ်လေးတစ်ကတ်ကို ယွမ်တစ်သိန်းပေး၀ယ်ရတယ်ဆိုတော့.... "
"ဒီတိုင်း ယွမ်တစ်သိန်းလေးပါကွာ...နောက် လေးငါးရက်ဆို ပြန်ရပြီ..."
"၀မ်းကွဲ..မင်းက သောက်ရမ်းမိုက်လွန်းတယ်...အနာဂတ်ကျရင် မင်းဆီကနေပဲ သင်ယူရတော့မှာ...."
"ဘာတွေ လာမြှောက်ပြောနေတာ..အချင်းချင်းတွေကိုကွာ.."လင်းဟော်ရှန်း သူ့လက်များကို မောက်မာစွာ ဝှေ့ယမ်းလိုက်ပြီး "ညီမလေးတို့..ဒီနေ့ မင်းတိူ့ မီးနူးပေါ်မှာရှိသမျှ ကြိုက်တာသာ မှာစားကြ..ကိုကြီးရှင်းမယ်...အားမနာနဲ့နော်...ဒီကိုကြီးက အရမ်း ဧည့်၀တ်ကြေချင်နေတာ...လူတိုင်း...သောက်ရမယ်..စားရမယ်...ပျော်ရမယ်..ဒါပဲ...."
မိန်းကလေးအချို့မှာ ခေါင်းညိမ့်ပြီး လင်းဟော်ရှန်း၏ စေတနာကို အသိမှတ်ပြုလိုက်ကြသည်။
ထိုသူမှာ လင်းရီလောက် မခန့်ညားသော်လည်း ပိုက်ဆံသုံးပေးသောကြောင့် ကျေးဇူးတင်ရပေမည်။
"မြင်လား...ငါ့၀မ်းကွဲရောက်လာရင် လူတိုင်း ရှော့ခ်ရသွားကြလိမ့်မယ်လို့ ပြောထားတယ်မလား..."လျိုဟိုင်နင် မောက်မာ၀င့်ကြွားစွာ ပြောဆိုလိုက်ပြီး "ဒီတော့ အားလုံးပဲ ငါ့၀မ်းကွဲကို မစ္စတာလင်းလို့ ခေါ်လိုက်ကြ..ဒါက လူတိုင်း ခေါ်နိုင်တဲ့ ဂုဏ်ဒြပ် မဟုတ်ဘူးနော်..."
"ထားလိုက် ဟိုင်နင်..အားလုံးက ပျော်ဖို့ လာကြတာလေကွာ....ပြီးတော့ အားလုံးက အချင်းချင်းတွေကိုပဲ..ငါဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး.."
"၀မ်းကွဲ..မင်းဒီလောက်ထိ ငွေ၀င်ကြမ်းနေတာ မထူးဆန်းတော့ဘူး... နောက်ဆုံးတော့ မင်းရဲ့ နိမ့်ချတဲ့ နေထိုင်မှုက သူများတွေ တုပလို့ ရတဲ့အရာမဟုတ်ဘူးလေ..."
လျိုဟိုင်နင် ရယ်မောပြောဆိုလိုက်သည်။
"တကယ်လို့ ငါသာဆိုလို့ကတော့ လူတိုင်းသိအောင် နေ့တိုင်း ကြွားလုံးထုတ်နေမှာ..."
"အဲ့ဒါကလည်း မင်းက ငယ်သေးလို့ပါကွာ..အသက်ကြီးလာတဲ့အချိန်ကျ အဲ့လိုအတွေးတွေ ရှိတော့မှာ မဟုတ်ဘူး..."လင်းဟော်ရှန်း ခြေတင်ချိန်ထိုင်လျက် ပြောလိုက်၏။ သူ၏ ခံစားချက်ကင်းမဲ့နေသည့် အမူအရာမှာတော့ တစ်စုံတစ်ယောက်ကို ထောက်ပြနေသည့်ပုံစံပင်။
"ကောင်းပြီ..အရင်ဆုံးသောက်ကြရအောင်..မင်းတို့ကောင်တွေကို နောက်မှပဲ ကတဲ့နေရာ ခေါ်သွားပေးမယ်...."
"အိုကေ ...ငါတို့လည်း မစောင့်နိုင်တော့ဘူး...."
ထိုအချိန်တွင်ပဲ လင်းရီတို့ ထိုင်သည့် နေရာအနားတွင် အုတ်အုတ်ကျပ်ကျက် ဖြစ်နေသည့် အသံများ ညံလာခဲ့၏။
"ငိုးမသားတွေ ယီးမို့ လမ်းလာပိတ်နေတာလားကွ...ရှေ့ကငနွား..ငါဖင်ဆောင့်ကန်မိတော့မယ်"
အနောက်မှ ဆဲဆိုသံများကို ကြားတော့ ကြည့်ရှုနေကြသူများမှာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
လူများစွာမှာ အရက်ပုလင်းများ၊ ဘီယာပုလင်းများ၊ သစ်သီးပန်းကန်များကို ကိုင်လျက် လင်းဟော်ရှန်းတို့ထံ ရောက်လာကြလေသည်။
"မစ္စတာလင်း ဒီရောက်နေမယ်လို့ ထင်မထားတော့ဘာမှတောင် ကြိုမပြင်ထားလိုက်ရဘူး...ဒီတော့ ကျုပ်အော်ဒါမှာထားတဲ့ Ace of spades ဆိုတာလေး မြည်းကြည့်ပါဦးဗျ...."
"မစ္စတာလင်း..ဒါက ကျုပ်ညီလေး အဖေ့ရဲ့ အရက်သေတ္တာထဲက ခိုးလာတဲ့ Lafite 82 လေး..မြည်းစမ်းကြည့်ပါဦး.... "
"အစ်ကိုလင်း..ညီမကတော့ ပိုက်ဆံမရှိလို့ အသီးပန်းကန်လေးပဲ မှာလိုက်တယ်နော်...စိတ်မရှိဘူးမို့လားဟင်..."ဆံပင်အတိုနှင့် မိန်းကလေးမှ အသံစာစာလေးဖြင့် ပြောလိုက်၏။
"မစ္စတာလင်း ကျုပ်တို့ကလည်း ဘောစိတွေ မဟုတ်ဘူးဆိုတော့ ဘီယာနှစ်ဖာပဲ တတ်နိုင်တယ်ဗျာ...လက်ခံပေးပါဦး..."
"ပြီးတော့ ဒါက ကျုပ်တို့ရဲ့...."
စားပွဲဝိုင်းပေါ်တွင် ပစ္စည်းများမှာ တောင်ပုံယာပုံ ဖြစ်နေပြီး သောက်စရာများဆိုလျှင် မနက်ဖြန် နံနက်အထိ သောက်လျင်တောင် ကုန်သွားမည့်ပုံ မပေါ်ချေ။
လင်းရီ ပြုံးလိုက်မိသည်။ ဤလူများမှ သူ့ထံသို့ လက်ဦးမှုရယူ၍ လက်တောင်ပဏ္ဍာများကို ပို့သလာခဲ့၏။ ထို့ကြောင့် သူလည်း အခါအခွင့်သင့်ပါက အားလုံးအတွက် တစ်ခေါက်လောက် ရှင်းပေးရမည့်ပုံပင်။ သူ့ဘက်မှလည်း ကပ်စေးအရမ်းနည်း၍ မဖြစ်ချေ။
စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်ရင်း လျိုဟိုင်နင်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
သူ၏ ၀မ်းကွဲမှာ ထိုမျှ ဩဇာကြီးမားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
သူထိုင်ရုံမျှရှိသေး လူအများကြီးမှ လက်ဦးမှု ရယူကာ ပစ္စည်းများ ပို့ပေးလာခဲ့သည်။ ယင်းက အံ့ဩစရာပင်။
လုံး၀ကို အံ့ဩစရာပင်တည်း။
"မင်းတို့ မြင်ကြလား..အထင်ကြီးစရာကောင်းတယ်ဆိုတာက ဘာကို ခေါ်တာလဲ...ဒါကိုခေါ်တာပဲလေ..."လျိုဟိုင်နင် ကျောကို ဖြောင့်တန်းနေအောင် ထား၍ ပြောလိုက်ပြီး "ငါ့ရဲ့ ၀မ်းကွဲကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းတို့တစ်သက်လုံး ဒီလို စုဝေးပွဲကြီးကို မြင်ဖူးမှာတောင် မဟုတ်ဘူး...."
တူးယွီရွှမ်းနှင့် ကျန်မိန်းကလေးများမှာ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ကြသည်။
ကျိုးဟိုင်ကဲ့သို့ ဟွာရှ၏ အချမ်းသာဆုံး မြို့ကြီးတွင် လျိုဟိုင်နင်၏ ၀မ်းကွဲမှာ ထိုမျှ ဂုဏ်သတင်းကြီးမားနေလိမ့်မည်လို့ သူမတို့ ထင်မထားခဲ့ချေ။
သူ့ရှေ့ရှိ ကောင်မလေးများ အထင်ကြီးနေသည့် မျက်၀န်းတို့ဖြင့် ကြည့်နေသည်ကို မြင်တော့ လင်းဟော်ရှန်း ဘ၀င်မြင့်သွားခဲ့ပြီး "ကိုယ့်လူတို့ကတော့ ယဉ်ကျေးလွန်းနေပါပြီ..ကျုပ်က ကျုပ်၀မ်းကွဲရဲ့ သူငယ်ချင်းတွေနဲ့ ဒီတိုင်း လာပျော်ပါးတာကို အသီးတွေ ဝိုင်တွေ လာပေးနေတယ်ပေါ့..ကျုပ်ကို အားနာအောင်လို့ လုပ်နေကြတာပဲဗျ...."
"ငိုးပဲ ဒီကောင်က ဘာလာရောင်းနေတာလဲဟ....လစ်လိုက်ဟျောင့်..ငါတို့က မင်းကို ပေးနေတာမဟုတ်ဘူး...မိမိုက်သလို လာလုပ်မနေနဲ့..."
လင်းဟော်ရှန်း အေးခဲသွားခဲ့၏။
ဒီစားပွဲဝိုင်းမှာ ရှိနေကြတဲ့သူတွေကလည်း သာမန်လူတွေပဲလေ...ဒီတော့ သူကလွဲပြီး ဒီလိုဆက်ဆံခံရဖို့ ဘယ်သူက ထိုက်တန်ဦးမှာလဲဟ...
"ခင်များတို့က ကျုပ်ကိုပေးတာ မဟုတ်ဘူးဆိုတော့ ဘယ်သူ့အတွက်မို့လို့လဲ...."
"အဟမ်း...သူတို့ပြောနေကြတဲ့ မစ္စတာလင်းဆိုတာက ငါ့ကိုပြောနေကြတာလို့တော့ ထင်တာပဲ...." လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။