← Chapters

အခန်း (၃၄၃)

Vol. 23 Ch. 343

အခန်း (၃၄၃)

Vol. 23 Ch. 343

"ဘာ....ဘာပြောလိုက်တယ်..."

လင်းဟော်ရှန်း အထိတ်တလန့်ဖြစ်သွားခဲ့ပြီး ထခုန်လုနီးပါး ဖြစ်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် လင်းရီထံ၌ ပါဝါမည်မျှ ရှိနေလဲဆိုတာကိုပင် တွေးမတတ်တော့ပေ။

"မဖြစ်နိုင်တာ...ခင်များက ဒီတိုင်း ဘာမဟုတ်တဲ့ ရုံး၀န်ထမ်းလေးပဲ မဟုတ်လား...ဒီကိုတောင်မှ သူများနား ကပ်စီးပြီး လိုက်ခဲ့ရတာလေ....ခင်များလိုလူက ဒီလောက် လူတွေ အများကြီးနဲ့ သိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

လျိုဟိုင်နင်မှ ပြောလိုက်သည်။

လင်းရီ နှာခေါင်းပွတ်လိုက်ပြီး ပြုံးကာ "တကယ်တမ်းကျတော့ ငါ ဒီလူတွေကို မသိဘူး...သူတို့ကသာ ငါ့ကို သိနေကြတာ..."

"သူ...သူတို့အားလုံးက ခင်များကို သိနေကြတယ်...."

၀မ်ရင်းမှလွဲ၍ လူတိုင်း လင်းရီ မည်မျှ ဩဇာကြီးမားလဲဆိုတာကို နားမလည်နိုင်ကြတော့ချေ။

ဤသည်က လုံး၀ အမေးဇင်းပင်။

"လုလု..ဦးလေးကြီးက တကယ်ကော ရုံး၀န်ထမ်းဟုတ်ရဲ့လားဟယ်...."တူးယွီရွှမ်း အသံနိမ့်၍ မေးလိုက်ပြီး "ငါတော့ ဖြစ်နိုင်မယ်မထင်ဘူး...."

"ငါ....ငါလည်း မသေချာဘူး...."

"ကောင်းပြီ..တိုးတိုးနဲ့ ပြောမနေကြနဲ့...နင်တို့ဦးလေးကြီးရဲ့ ဇစ်မြစ်က ထင်သလောက် မရိုးရှင်းဘူး...."၀မ်ရင်း ပြောလိုက်၏။

"လျို့ဝှက်ထားတဲ့ ဇစ်မြစ် ရှိသေးတာလား..."

မိန်းကလေးများ၏ မျက်လုံးထဲတွင် ကြယ်ရောင်များကဲ့သို့ တလက်လက် တောက်ပသွားခဲ့ကြသည်။

သူမတို့ မျက်လုံးထဲတွင်တော့ လင်းရီမှာ နိုဗယ်ထဲရှိ အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်လို့ လာချေခဲ့ပြီ။

နေ့တွင်တော့ သူ၏ ဇစ်မြစ်ကို ဖော်ထုတ်ထားခြင်းမရှိသည့် သာမန် ရုံး၀န်ထမ်း စာရေးလေးပင်။ သို့သော်လည်း ညအခါတွင်တော့ ကမ္ဘာကြီးကိုပင် လှုပ်ခါနိုင်သည့် လူပုဂ္ဂိုလ်အဖြစ်သိူ့ ပြောင်းလဲသွား၏။

ထို့ပြင် လင်းရီမှာ ‌ချောမောလွန်းလှသည်။ ခိုင်းနှိုင်းစရာ စကားလုံးတို့ ကင်းမဲ့ရလောက်သည်အထိ ခန့်ညားလွန်းလှ၏။

"လျိုဟိုင်နင်..နင်တော့ လူမှားပြီနဲ့ တူတယ်...အံ့ဩဖို့ကောင်းတာက နင့်၀မ်းကွဲ မဟုတ်ဘူး...ဦးလေးကြီးပဲ...."တူးယွီရွှမ်းမှ ပြောလိုက်သည်။

"ဒါ...."

လျိုဟိုင်နင် ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

"မမ...လုလုရဲ့ ခဲအိုက ဒီလောက် ဩဇာကြီးတာ‌ တောင်မှ နင်က ဘာလို့ မပြောပြတာ..."၀မ်လု စိတ်ကောက်နေဟန်ဖြင့် ပြောလိုက်ပြီး "ဒါဆို အိမ်နားမှာ ရပ်ထားတဲ့ လွိုင်ကန်ကလည်း ခဲအိုရဲ့ ကားပဲမလား....လုလုကို အမှန်အတိုင်း ပြောရမယ်နော်...."

သူမ၏ အစ်မမှာ လူလတ်တန်းစားတို့ နေထိုင်သည့် အိမ်ယာတွက် နေသောကြောင့် ပတ်၀န်းကျင် ထိုမျှ ဈေးကြီးသည့် စူပါကားကို မောင်းနိုင်သည့်လူ မရှိလောက်ချေ။

ထို့ကြောင့် သူမအစ်မမှာ ၀မ်လုကို လိမ်ညာနေသည်ဟု ခံစားရနေ၏။

"နောက်မနေစမ်းနဲ့...အဲ့လွိုင်ကန်က သန်း၆၀ ကျော်တန်တဲ့ကားကွ..ဘယ်သူက တတ်နိုင်မှာ..."

လျိာဟိုင်နင် မျက်နှာရှုံ့မဲ့စွာဖြင့် ပြောလိုက်သည်။

"အဲ့တာ တကယ်ကြီး သူ့ရဲ့ကားပဲ..."၀မ်ရင်း ပြောလိုက်ပြီး "နင့်ကို ပြောပြလိုက်ရင် လျှောက်ကြွားနေမှာစိုးလို့ တမင်သပ်သပ် မပြောပြလိုက်တာ...."

လျိူဟိုင်နင်နှင့် ယောက်ျားလေးများအားလုံး မှင်တက်သွားခဲ့ကြသည်။

တကယ်ကြီး သူ့ကားပေါ့လေ....

ဒါကြီးက သောက်ရမ်း ပြဇာတ်ဆန်လွန်းသွားပြီ..

"ဘာလို့ အားလုံးက မကဘဲနဲ့ ညလယ်ကြီး ဒီမှာ လာစုနေကြတာလဲဟ...."တစ်စုံတစ်ယောက် စကားပြောသည့် အသံကို ကြားတော့ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

"သခင်လေးချင်း...."

ချင်းဟန်ကို မြင်တော့ လင်းရီနား ဝိုင်းအုံနေကြသည့် သူတို့မှာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။

"ဟယ်လို သခင်လေးချင်း..."

ချင်းဟန် ရောက်လာသည်ကို မြင်တော့ လင်းဟော်ရှန်း ဦးညွတ်အရိုသေ ပေးလိုက်ပြီး "အားလုံးနဲ့ မိတ်ဆက်ပေးမယ်..ဒါက ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်...လူတိုင်း သူ့ကို အပြင်မှာ မတွေ့ဖူးကြပေမယ့် လိုင်းပေါ်မှာတော့ သခင်လေးချင်း အကြောင်းတွေ ကြားဖူးကြလောက်မှာပါ..."

၀မ်လု၊ တူးယွီရွှမ်းနှင့် အခြားမိန်းကလေးများမှာ ချင်းဟန်ကို တောက်ပသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်ကြသည်။

ချင်းဟန်မှာ အင်တာနက်ပေါ်တွငါ လူကြိုက်များ ရေပန်းစားသူတစ်ဦးဖြစ်၏။ မိန်းကလေးတိုင်းမှ ဆုံတွေ့ရန် စိတ်ကူးယဉ်နေကြရသူလည်း ဖြစ်သည်။ အကယ်၍ သူမတို့သာ ဒဏ္ဍာရီလာ ချင်းဟန်အကြောင်း မကြားဖူးပါက ကျောက်ခေတ်မှ လာသည့်လူများ ဖြစ်သွားပေလိမ့်မည်။

"အစ်မရင်း...အစ်မကော ဒီရောက်နေတယ်ပေါ့..."

၀မ်ရင်းကို မြင်သည့် အချိန်တွင်တော့ လီနာမှာ ရင်းနှီးသည့် အစ်မကြီးတစ်ယောက်ကို မြင်လိုက်ရသည့် အလညး လက်မောင်းကို အပြေးကလေး သွားဖက်လိုက်သည်။

၀မ်ရင်း လီနာအပေါ် ထင်မြင်ချက်တစ်ချို့ ရှိလေသည်။ သူမ BMW ဒရိုင်ဘာ၏ ခြိမ်းခြောက်ငွေညစ်ခံရစဉ်အခါက လီနာမှာ သူမဘက်မှ ရပ်တည်ပေးခဲ့၏။

"မြင်လား..ငါဘာပြောခဲ့လဲ..လင်းကြီးနဲ့ ကလပ်မှာ ပျော်တာက ဆိုးတဲ့အကြံ မဟုတ်ပါဘူးလို့..."ချင်းဟန်မှ ရယ်မောလျက် ဆိုလိုက်သည်။

"အစ်ကိုကြီးလင်းကတော့ လုံး၀ကို ဆရာကြီးပဲ...အစ်ကိုကြီးဘေးနားက ကောင်မလေးတွေက ကျွန်တော်တို့ ရှာတွေ့တဲ့ မိန်းကလေးတွေနဲ့များ တခြားစီပဲ...."

ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

"သူတို့က လှရုံတင်မဟုတ်ဘူးကွ..ငယ်လည်း ငယ်တယ်..."လျန်ကျင်းမင်မှ ပြောလိုက်ပြီး "ဘာပဲ ဆိုဆိုကွာ အစ်ကိုကြီးလင်းက အတော်ဆုံးပဲ...."

"တော်ပြီဟျောင့်တွေ ..ဟာသလာလုပ်မနေကြနဲ့..."လင်းရီ ၀မ်လုကို ညွှန်ပြလိုက်ပြီး "သူက အစ်မရင်းရဲ့ ညီမလေး..ကျန်တဲ့သူတွေက သူ့ရဲ့ အတန်းဖော်သူငယ်ချင်းတွေ...အပြင်လူတွေ မဟုတ်ဘူး..."

"‌ဒီတော့ အားလုံးက တစ်လှေတည်းစီးတဲ့ သူတွေပေါ့...အဲ့လိုဆို ပိုတောင်ကောင်းသေး..."ချင်းဟန် ပြုံးလိုက်ပြီး "ဒီနေ့ အားလုံးပဲ ပျော်ကြရအောင်..ဘေလ်ကတော့ မစ္စတာလင်းပဲ ကြည့်ရှင်းလိမ့်မယ်..."

"ရေး....."

"မစ္စတာလင်းကွ...."

"မစ္စတာလင်း သက်တော်ရာကျော်ရှည်ပါစေ...."

"မစ္စတာလင်း...ကျွန်မရှင့်ကို ချစ်မိနေလို့...."

"ငိုးပဲ မင်းတော့ ငါ့ကို ရောင်းစားသွားပြန်ပြီ..."လင်းရီ အပြုံးလေးဖြင့် ကျိန်ဆဲလိုက်၏။

"မင်းမှာ ပိုက်ဆံတွေက ပေါလွန်းလို့ ကူဖြုန်းပေးနေတာဟ...မလိုဘူးဆိုရင်လည်း မလိုဘူးပေါ့ကွာ..အဲ့လောက် ပိုက်ဆံအများကြီး မသုံးဘဲထားတာ နှမြောဖို့ ‌ကောင်းလွန်းတယ်..."

"အိုကေ..မင်းနိုင်တယ်...."

ဒီတိုင်း ဘေလ်လေးမျှသာ ဖြစ်ပြီး များများစားစား ကုန်ကျလိမ့်မည် မဟုတ်ချေ။ လင်းရီလည်း ထိုမျှ ပမာဏလေးကို ထည့်တွက်မနေတော့။

ထိုအချိန်တွင် ၀မ်လုနှင့် ကောင်မလေးတို့မှာ လင်းရီကို လေးစားကိုးကွယ်သည့် အကြည့်တို့ဖြင့် ကြည့်နေကြသည်။

ဒါက အထက်တန်းလွှာမှာရှိတဲ့ လူတွေရဲ့ တကယ့်စစ်မှန်တဲ့ ‌နေထိုင်မှုပုံစံကြီးလားဟင်...

သူမတို့ အနာဂတ်၌ ထိုအသိုင်းအဝိုင်းထဲသို့ ခြေလှမ်းချခွင့်ရှိမလားတောင် မပြောတတ်တော့ပေ။

ဘန်း...

လူတိုင်း ပျော်မြူးနေကြစဉ် မက်ထရိုပိုလစ်၏ ၀င်ပေါက်၀မှာ ဖျက်ဆီးခံလိုက်ရ၏။

အသံကြားတော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

သူတို့ အားလုံး လှည့်ကြည့်လိုက်သည့် အခါတွင်တော့ လူတစ်ဒါဇင်ခန့်မှာ အမျက်ထွက်နေသည့် မျက်နှာတို့ဖြင့် ၀င်ရောက်လာခဲ့ကြ၏။ သူတို့၏ ပုံစံမှာ ပျော်ချင်ပါးချင်၍ ရောက်လာကြသည့်ပုံမပေါ်ပေ။

"ငါ့ရှေ့ကနေ ဖယ်ကြစမ်း..."အုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှ လက်ထဲတွင် ဘော့စ်ဘောတုတ်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ယောင်တုန်းလိုင်နဲ့ လျိူချန်းကို ခေါ်ခဲ့ကြစမ်း..."

၎င်းကိုမြင်တော့ လင်းရီ မျက်မှောင်ကြုတ်မိလိုက်သည်။

သူ ထိုလူများကို မသိသော်လည်း တစ်ယောက်ကိုတော့ အသေအချာကြီး မှတ်မိနေလေသည်။

ထိုသူက လီချင်းဖုန်းပင်။ ချောင်ကျင်းချိုး သူ့ကို သတိပေးခဲ့စဉ်အခါက လက်စားလာချေရန် အချိန်အတော်လေး လိုနေသေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော်လည်း ယခုလို မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်လို့ မျှော်လင့်မထားချေ။

"ဒီကောင်တွေက ဘာလာလုပ်တာလဲဟ .."

ချင်းဟန် စီးကရက်တစ်လိပ်ကို မီးညှီလိုက်ပြီး တစ်ဖွာလောက် ဖွာကာ လေးနက်စူးရှသည့် မျက်၀န်းတို့ဖြင့် ပြောလိုက်၏။

"မင်း အဲ့ကောင်တွေနဲ့ ရင်းနှီးတာလား..."

လင်းရီ မေးလိုက်သည်။

"တံခါး၀နားမှာ ပါးစပ်ထဲ စီးကရက်ခဲထားတဲ့ လူကို မြင်လား..."

"အေး..."

"သူ့နာမည်က ကျန်းအောင်...၀မ်မာဇီရဲ့ တပည့်တပန်းတွေထဲက တစ်ယောက်ပဲ..."ချင်းဟန်ပြောလိုက်ပြီး "သူ့ရုပ်ကြည့်ပြီးတော့ အထင်တော့ သွားမသေးလိုက်နဲ့...လက်ရည်ကတော့ တကယ်ကို မိုက်တာ...ငါကြားထားတာတော့ အဲ့ကောင်က မထင်ရင် မထင်သလို လူသ-တ်တယ်ဆိုပဲ....ဟုတ်မဟုတ်တော့ ငါလည်း သေချာမသိဘူး..."

"သူက ယောင်တုန်းလိုင်တို့ လျိုချင်းတို့နဲ့ ယှဥ်နိုင်တာလားဟ"လင်းရီ မေးလိုက်၏။

"ဘယ်ကသာ လျိုကြီးတို့ထက်ကို တစ်ဆင့်မြင့်သေးတယ်...."ချင်းဟန် ပြောလိုက်ပြီး "ကျိုးဟိုင်မှာ ယောင်တုန်းလိုနဲ့ လျိုချန်းတို့က အကောင်သေးသေးလေးတွေ မဟုတ်ဘူးဆိုပေမယ့် သူတို့နဲ့ အဆင့်ချင်းတူတဲ့ သူတွေရှေ့မှာကျတော့ ဘာမှမဟုတ်တော့ဘူး..."

"တတ်ခြားတစ်ဖက်မှာကျ ၀မ်မာဇီနဲ့ ကျန်းအောင်တို့က လုံး၀ကို အခြေခိုင်တဲ့ ပုံရိပ်တွေ...ငါပြောတာ နားလည်တယ်မလား..."

"အင်း နားလည်တယ်..."လင်းရီ ပြောလိုက်ပြီး "အရိုးရှင်းဆုံးပြောရရင် အဲ့နှစ်ယောက်က လျိုကြီးတို့ မယှဉ်နိုင်တဲ့ ကောင်တွေပေါ့ကွာ..."

ချင်းဟန်၏ စကားလုံးများမှတစ်ဆင့် လင်းရီ သဲလွန်စများစွာကို ရရှိလိုက်သည်။

သူနောက်တွင် လျိုချန်းတို့နှင့် တွေ့စဉ်အခါ ငနဲတို့မှာ စကားကြီးစကားကျယ်တို့ကို ကရားရေလွှတ်ပြောခဲ့ကြ၏။

ယခု ကျန်းအောင်နှင် ရင်ဆိုင်ရချိန်တွင် ကျိန်ဆဲ ခံနေရသည်ကိုတောင်မှ သည်းခံထားပုံကို ထောက်ပါက ကျိုးဟိုင်ရှိ ထိုလူများ၏ အဆင့်အတန်းမှာ ယောင်တုန်းလိုင်နှင့် လျိုချန်းတို့ထက် အများကြီးမြင့်နေကြောင်း မြင်သာလေသည်။

"ကြည့်ရတာ ဒီညတော့ ဆူညံတော့မယ်နဲ့တူတယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"မကောင်းဘူးလား...ပွဲလေးကြည့်ရင်း ဝိုင်လဲသောက်ရင်းပေါ့...."

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့မှ ဆိုဖာနောက်သို့ ‌မှီလိုက်ကြပြီး အပြုံးလေးဖြင့် "ဒီလို စပယ်ရှယ်ပွဲကြီး ကြည့်ရလိမ့်မယ်လို့တောင် ထင်မထားဘူး...ကြည့်ရတာတော့ အတော်မိုက်မှာပဲ..."

"ဒီတော့ မင်းတို့ကောင်တွေက ဒီလာပြီး ငါ့ပွဲကြည့်ကြတော့မှာ‌ပေါ့...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters