← Chapters

အခန်း (၃၄၄)

Vol. 23 Ch. 344

အခန်း (၃၄၄)

Vol. 23 Ch. 344

"အမ်...ဘာပြောလိုက်တယ်..."

ချင်းဟန် ထရပ်လိုက်ပြီး "သူတို့ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲဟ..."

"ဟုတ်တယ်လေ..."လျန်ကျင်းမင် ပြောလိုက်ပြီး

"အစ်ကိုကြီးလင်းက ယောင်တုန်းလိုက်တို့နဲ့ ရင်းနှီးတယ်ဆိုရင်တောင်မှ ဒီကိစ္စမှာတော့ ၀င်မပါသင့်ဘူးမဟုတ်လား...ဒါက သူတို့ချင်းကိစ္စလေ"

လင်းရီ လီချင်းဖုန်းကို ညွှန်ပြလိုက်ပြီး "‌ကျန်းအောင်ဘေးက အဲ့ဖက်တီးကို တွေ့လား..သူ့နာမည်က လီချင်းဖုန်း ..ပြီးတော့ ငါ့ကို လက်စားချေဖို့ရောက်လာခဲ့တာ..ယောင်တုန်းလိုင်နဲ့ လျိုချန်းတို့ဆိုတာက သူတိူ့ ဒေါသကိုဖြေဖျောက်ဖို့ အပိုသပ်သပ်ပဲ...."

"ဖက်ခ်...ဒါကြီးကတော့ လွန်သွားပြီဟျောင့်.."

"မပူနဲ့...ငါ အေးဆေး ကိုင်တွယ်လို့ရပါတယ်ကွ.."

"အားလုံး ဖယ်ကြစမ်း..."

တစ်ချိန်တည်းတွင် ယောင်တုန်းလိုင်နှင့် လျိုချန်းတို့ သူတို့၏ လူများနှင့်အတူ အောက်ထပ်သို့ အလောတကြီး ဆင်းလာခဲ့ကြသည်။

သို့သော်လည်း သူတို့ ကျန်းအောက်ကို မြင်သည့် အချိန်တွင်တော့ အမူအရာများမှာ လေးနက်သွားခဲ့ကြ၏။။

လီချင်းဖုန်းကတော့ ပါမွှားလေးပင်။ သိူ့သော်လည်း ကျန်းအောက်ကိုတော့ ကိုင်တွယ်ရ ခက်ခဲပေလိမ့်မည်။ သူ့ကို နောက်ခံပြုထားပေးသည့် ၀မ်မာဇီဆိုလျှင် လျိုချန်းတို့ အပြစ်ပြု၍ မရသည့် ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။

"အစ်ကိုကျန်း...ခင်များက အကောင်းဆုံးပဲ...ညီကိုတွေအများကြီး ခေါ်လာပြီးတော့ ကျုပ်ကို ဆာပို့(support) ပေးဖို့ ရောက်လာတာပေါ့လေ...အဲ့တော့ ကျုပ်ဘက်ကလည်း ညီကိုတွေအတွက် အခန်းအကြီးစားကြီးတစ်ခန်း စီစဉ်ပေးရတာပေါ့...ဒီအထပ်တစ်ခုလုံးကို ကျုပ်ညီကိုတွေအတွက် ရှင်းပေးလိုက်မယ်..."ယောင်တုန်းလိုင် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ပြီးတော့ အစ်ကိုကျန်းလည်း ရောက်လက်စနှင့် လောင်းကစားလေး နည်းနည်းပါးပါး ချသွားဦးမလား..."

"ယောင်ကြီး..မင်းငါနဲ့ လာမရှုပ်နဲ့..."ကျန်အောက် ဆေးလိပ်ဖင်ဆီခံကို ကောက်ပစ်လိုက်ပြီး "မင်းလည်း ငါဘာလို့ ရောက်လာတာလဲ သိတယ်မလား..မင်း လီကြီးရဲ့ ကုမ္ပကဏီမှာ သွားရှုပ်ပြီးတော့ ပိုက်ဆံအတော်လေး ညစ်သွားတယ်ဆို..ဒါကြီးက မြေအောက် လောကရဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ မင်းတို့ နားမလည်ဘူးလားကွ..."

"ဒါ...."

"ယောင်တုန်းလိုင်၊ လျိုချန်း..ငါတို့ သိလာတာကြာပြီဆိုပေမယ့် ဒီကိစ္စကိုတော့ ရှင်းအောင်လုပ်မှကိုရမယ်..."လီချင်းဖုန်း ပြောလိုက်ပြီး "ငါမြေအောက်လောကမှာ ကျင်လည်လာ‌တာ နှစ်ပေါင်းမနည်းတော့ဘူး..ပြီးတော့ ငါက လွယ်လွယ်နဲ့ အနိုင်ယူလို့ရတဲ့ကောင်လည်း မဟုတ်ဘူးကွ..တကယ်လို့ ခုချက်ချက်း တစ်ခုခုမှ မလုပ်ပေးဘူးဆိုလို့ကတော့ ငါ ၊ လီချင်းဖုန်း မြေအောက်လောကရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုပြီးတော့မှ အပြစ်လာမတင်နဲ့.."

"အဲ့တော့..မင်းက ဘယ်လိုလုပ်ချင်တာ..."

ယောင်တုန်းလိုင် ‌ထီမထင်ဟန်ဖြင့် မေးလိုက်သည်။

"ငါ့နား ငွေညစ်သွားတဲ့ကောင်ကို လက်လွှဲပေး..ပြီး‌ တော့ မင်းလည်းငါ့ကို နောက်ထပ် ယွမ်တစ်သန်းထပ်ပေးမယ်ဆို ကြေပြီလို့ သတ်မှတ်ပေးမယ်..."

လီချင်းဖုန်း ပြောလိုက်ပြီး"မင်းလည်း အစ်ကိုကျန်းက ဘယ်လိုစိတ်ရှိလဲဆိုတာ သိတယ်မလား.. ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်ချင်စမ်းနဲ့.."

"လီကြီး....မင်း ဒါကတော့ နည်းနည်းလွန်သွားပြီ..."

"ဟားဟား...ဒါငါလွန်တာ မဟုတ်ဘူးကွ..."လီချင်ဖုန်း အေးစက်စွာ ဆိုလိုက်ပြီး "မင်းတို့ကောင်တွေကိုက ငါ့နား ငွေလာညစ်တာလေ...ငါကတောင် လွန်တယ်လို့ မပြောရသေးဘူး .ငါ့ကိုများလာပြီး လူပြန်ဟစ်လို့..."

"မင်း...."

"နားညီးလိုက်တာကွာ..တုတ်တွေကိုင်ပြီး ယီးတွေ လာဟောင်နေကြတာလား..."လင်းရီ နားကလော်ရင်း ပြောလိုက်ပြီး "မင်းတို့ ငါ့ကို လာရှာတာ မလား..ခု ငါဒီမှာ ..လာပြီး စကားလာပြောလှည့်.."

လင်းရီ၏ အသံကို ကြားသောအခါ လီချင်းဖုန်း အသံလားရာဘက်သို့ မျှော်ကြည့်လိုက်သည်။

ထိုအခါ သီးသန့်စားပွဲဝိုင်းရှိ ဆိုဖာပေါ်တွင် လူငယ် လေးငါးဦးခန့် ထိုင်နေကြပြီး ‌ကျန်းအောက်တို့ဘက်သိူ့ကျောပေးထားကြသည်ကို မြင်တွေ့လိုက်ရ၏။

သို့သော်လည်း အသံကြားရုံမျှနှင့် သူ့ကို ထိုနေ့က ငွေညစ်သွားသည့် လင်းရီဖြစ်ကြောင်း တပ်အပ်ပြောနိုင်လေသည်။

လင်းရီလည်း နောက်သို့ မလှည့်ပေ။ သူ လီချင်းဖုန်းနှင့် ကျန်းအောက်တို့ကို ကျောပေးထားပြီး ဘီယာအေးဆေး ထိုင်သောက်နေလေသည်။

"သွားကြည့်ကြစို့..."

ကျန်းအောက် ရက်စက်သော‌မည့် လေသံဖြင့် ပြောဆိုလိုသည်။

သူတိူ့ဘက်မှ သွေးဆာရက်စက်ချင်နေသော်လည်း တစ်ဖက်မှ နေရာတွင် အေးဆေးထိုင်ကာ အလေးပင်မထားချေ။ ယင်းက စိတ်၀င်စားစရာ ကောင်းလွန်းလှ၏။

ကျန်းအောက် သူ၏ လူများကို ဦးဆောင်ပြီး လီချင်းဖုန်း‌လည်း ဘေးမှ လိုက်လာခဲ့၏။

၀မ်လုအပါအ၀င် ကျန်သည့် မိန်းကလေးများမှာတော့ကြောက်လန့်လွန်း၍ အသက်ပင် မရှူ၀ံ့ရဲကြချေ။ ထို့ကြောင့် နေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေကြလေသည်။

သူမတို့ ပထမဆုံးအကြိမ် ကလပ်သို့ အတွေ့အကြုံရရန် ရောက်လာခဲ့သော်လည်း ယခုလိုဖြစ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

ယင်းက သူမတို့၏ စိတ်ထဲတွင် အရိပ်မည်းကြီး ထင်ကျန်သွားရန် လုံလောက်လေသည်။

"အစ်ကိုကျန်း..ဒီကောင်ပဲ ကျုပ်နားက ပိုက်ဆံတွေအများကြီး လိမ်သွားခဲ့တာ..တရားမျှတမှုအတွက်အစ်ကိုကြီးကျန်းကိုပဲ အကူညီတောင်းရတော့မယ်..."

ကျန်းအောက် မည်သို့မျှ မတုန့်ပြန်ခဲ့ပေ။ သူ၏ မျက်နှာထက်တွင်တော့ အံ့ဩတုန်လှုပ်မှုတို့နှင့် ပြည့်နှက်နေလေသည်။

"ဒါက သခင်လေးချင်းမဟုတ်လား..."

"အိုး...မင်းငါ့ကိုတော့ မှတ်မိသေးသားပဲ..."ချင်းဟန် ခြေတက်ချိတ်၍ ထူးမခြားနားစွာ ဆိုလိုက်ပြီး "လင်းကြီးက ငါ့ရဲ့ညီကိုကောင်းပဲ...မင်းသူ့ကို ဘာလုပ်ချင်နေတာ..."

လီချင်းဖုန်း ကျိုးဟိုင်ရှိ ချမ်းသာသည့် ဒုတိယမျိုးဆက်များအကြောင်း သိပ်မသိပေ။ ထို့ပြင် သူတို့ကို အထင်လည်းသေး၏။ ထိုသခင်လေးများမှာ မိဘပိုက်ဆံ ထိုင်ဖြုန်းနေကြသည့် ဆန်ကုန်မြေလေး အုပ်စုသပ်သပ်ဟု မှတ်ယူထားလေသည်။

ထို့ကြောင့် သူ ချင်းဟန်အကြောင်း နကန်းတစ်လုံးမျှ မသိရှိခြင်းပင်။

သိူ့သော်လည်း ကျန်းအောက်ကတော့ ကွဲပြားသည်။ သူ ချင်းဟန်၏ ဂုဏ်သတင်းကို နားနှင့်မဆံ့အောင် ကြားဖူးနား၀ ရှိလေသည်။

"သခင်လေးချင်း...ဒီကိစ္စအတွက် စိတ်မပူပါနဲ့ ....ကျုပ်တို့မှာလည်း ကျုပ်တို့ကိုယ်ပိုင် လိုက်နာရမယ့် ကျင့်၀တ်စည်းမျဉ်းတွေဆိုတာ ရှိတယ်...ဖြေရှင်းစရာ နည်းလမ်းက လည်း နှစ်လမ်းပဲ...အေးဆေးစကားပြောမလား...လက်သီးနဲ့စကားပြောကြမလား....ဒါပေမယ့် ကျုပ် သခင်လေးချင်းကို ၀င်မပါဖို့တော့ တောင်းဆိုချင်တယ်..."ကျန်းအောက် ပြောလိုက်သည်။

"ဘာလဲ..ငါ ချင်းဟန်က ဂုဏ်သတင်းတစ်စက်ကလေးတောင် မရှိတော့ဘူးလားကွ..."

"ဒါက ဂုဏ်သတင်းတွေနဲ့ မဆိုင်ဘူး သခင်လေးချင်း...ဒီတိုင်း မြေအောက်လောကရဲ့ စည်းမျဉ်းတွေ အရမို့ပါ..ဒီလောက ရောက်နေမှတော့ အဲ့ဒီက စည်းမျဉ်းတွေကို လိုက်နာရမှာ သဘာ၀ပဲ မဟုတ်လား..."

ကျန်းအောက် ပြောလိုက်ပြီး "မဟုတ်လို့ကတော့ ကျုပ်တို့လို ကောင်တွေက ဘာမှလုပ်စားမနေပဲ ဓားပြတိုက်စားတော့မှာပေါ့..."

ချင်းဟန် တစ်ခုခု ပြန်ပြောတော့မည့် အချိန် လင်းရီ သူ့ပခုံးကို ပုတ်ပြီး ရပ်တန့်လိုက်၏။

"သူကဖြင့် ဒီတောင်ရောက်နှင့်နေပြီ..အဲ့တာကို မင်းက စကားတစ်ခွန်းတည်းနဲ့ အဆုံးသတ်ချင်နေတာလားဟ...ဒီလောက် ခရီးဝေးကြီးလာပြီးတော့မှ ဒီတိုင်းလှည့်ပြန်သွားရရင် ဘယ်ကောင်းမှာ..ရတယ်..ငါ့ဟာင့ ကြည့်ဆွေးနွေးပေးလိုက်မယ်..."

လျိူဟိုင်နင်ကတော့ ဘေးတွင် ခြေလပ်တုန်ရီစွာဖြင့် ရပ်နေလေသည်။ သူလင်းရီကို မျက်မုန်းကျိုးနေသော်လည်း လင်းရီ၏ စကားပြောသည့် လေသံနှင့် ဟန်ပန်အမူအရာတို့မှာ လွန်စွာ မိမိုက်လှကြောင်းတော့ ၀န်ခံရပေမည်။

'သူက ဟို လူမိုက် ဂန်းစတားဘော့စ်တွေ လိုမျိုးပဲ..'

"မင်း စကားပြောချင်စိတ်ရှိတာ ကောင်းတယ်..ခုခေတ်က အရင်ကလို မဟုတ်တော့ဘူးလေ..ငါတို့လည်း ထစ်ကနဲရှိ ခုတ်ထစ်နေကြတဲ့ သောက်ပိန်းတွေ မဟုတ်ဘူး..စကားနဲ့ ဖြေရှင်းလို့ရရင် စကားနဲ့ပဲ ဖြေရှင်းတယ်..."

"ကောင်းပြီလေ..."လင်းရီ လီချင်းဖုန်းကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "တကယ်တမ်းကျတော့ ငါ ယောင်တုန်းလိုင်နဲ့ လျိုချန်းတို့ကို မင်းကို သတ်ခိုင်းဖို့တောင် ပြောထားပြီးသား..ဒါပေမယ့် ဒီည ငါ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလိမ့်မယ်လို့တောင် ထင်မားဘူး..ကြည့်ရတာတော့ ယမမင်းက မင်းလို၀က်ဖက်တီးကို နည်းနည်းလောက် အသက်ဆက်ရှင်ခိုင်းချင်တယ်နဲ့တူတယ်...ခု ငါအာရုံစိုက်ပြီး နားထောင်ပေးနေတယ်..မင်း ဘာပြောချင်လဲပြော.... "

လီချင်းဖုန်း ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ပြီး မသိစိတ်မှ ကြောက်စိတ်တို့ပင် ပေါက်ဖွားလာခဲ့သည်။

သူ ကျန်းအောက်တို့ကို ခေါ်လာခဲ့၍ တော်သေးသည်။ မဟုတ်ပါက သူ မနက်ဖြန် နေထွက်သည်ကိုပင် မြင်နိုင်တော့လိမ့်မည် မဟုတ်ပေ။

"ငါတောင်းဆိုချင်တာက ရှင်းရှင်းလေးပဲ..မင်း ငါ့နား ကယူသွားတဲ့ ၁၅ မီလီယမ်ကို ပြန်ပေးရမယ်..ပြီးတော့ ငါ့ရဲ့ စိတ်ထိခိုက် နစ်နာကြေးအတွက် နှစ်မီလီယမ် ထပ်ပေးရမယ်..အဲ့တာဆို ကြေပြီ..."

လင်းရီ ဘီယာတစ်ခွက် ငှဲ့လိုက်ပြီး တစ်ငုံခန့် စုပ်သောက်လိုက်သည်။

"၁၅ မီလီယမ်ထဲက ၁၁.၂ မီလီယမ်က ချောင်ရန်အုပ်စုကို မင်းပေးရမယ့် ပိုက်ဆံတွေလေ..အဲ့တာကို မင်းက ပြန်ပြီး လိုချင်နေတယ်ပေါ့..."

"ငါရှင်းအောင် ပြောထားပြီးသားပဲ...ငါ ချောင်ရန် အုပ်စုကို တင်နေတဲ့ အကြွေးတွေကို ဆပ်မယ်.‌ဒါပေမယ့် လောလောဆယ် ငါငွေပြတ်နေတယ်....ဒီငွေတွေက ငါနောက်ဆက်လုပ်ရမယ့် ပရောဂျက်တွေ အတွက် အရေးကြီးတယ်...ငါ့မှာ ပိုက်ဆံ ရှိတဲ့ အချိန်ကျ သေချာပေါက် ပြန်ဆပ်မှာ..."

"တကယ်လို့ ငါမှတ်သာ မမှားဘူးဆိုရင် မင်း လွန်ခဲ့တဲ့ လေးလတုန်းကလည်း ဒီပုံစံအတိုင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား...ပြီးတော့ ခုလည်း ဒီတိုင်းပဲဆိုတော့ မင်းက ဘယ်ချိန်ကျမှ အကြွေးပြန်ဆပ်ချင်နေတာ..."

"မတော်လို့ တစ်နေ့ ခင်များ လမ်းဖြတ်ကူးနေတုန်း ထရပ်ကားတစ်စီးက ၀င်တိုက်လို့ ပွဲချင်းပြီးသွားပါပြီရဲ့....အဲ့ခါကျ ကျုပ်တို့က ပိုက်ဆံတွေကို ဘယ်သူ့ဆီ သွားတောင်းရတော့မှာ..."

လျိုဟိုင်နင်တို့ နားထဲတွင်တော့ ထိုစကားလုံးများမှာ သာမန် အယူအဆ သပ်သပ်များသာ။ သို့သော်လည်း လီချင်းဖုန်း၏ နားထဲတွင်တော့ ထိုစကားလုံးများမှာ ခြိမ်းခြောက်သည့် စကာလုံးများ ဖြစ်နေလေသည်။

လင်းရီ၏ အဆက်အသွယ်များဖြင့် ကားအက်ဆီးဒင့်ဖြစ်သည့်ပုံစံ ဖန်တီးရန်မှာ မခက်ခဲချေ။

"ဒါက ဆောက်လုပ်ရေးနယ်ပယ်ရဲ့ ထုံးစံပဲလေ..လေးလဆိုတာက ကြာတယ်လို့ မခေါ်ဘူး..မင်းသာ ပိုက်ဆံတွေ ပြန်ပေးလိုက်မယ်ဆိုရင် ငါလည်း နောက်ပရောဂျက်လုပ်ဖို့ အတွက် ဘတ်ဂျက်ရှိလာမယ်..အဲ့ကနေတစ်ဆင့် မင်းတို့ကို အကြွေးပြန်ဆပ်လို့ရမယ်..."

လီချင်းဖုန်း ပြောလိုက်သည်။

"ခင်များကကော..."လင်းရီ ကျန်းအောက်ကို တစ်ချက်ကြည့်လိုက်ပြီး "ဘာပြောဦးမလဲ..."

ကျန်းအောက် ပခုံးတွန့်လိုက်ပြီး "ငွေကိစ္စကတော့ မင်းတို့ဘာ မင်းတို့ ကြည့်လုပ်ကြ...ငါက မကိုင်တွယ်နိုင်တော့အချိန်ကျမှ ၀င်ပါမှာ..."

လင်းရီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "တစ်ဖက်လှည့်နဲ့ ပြောရရင် မင်းကလည်း သူပိုက်ဆံ ပြန်မဆပ်တာကို ထောက်ခံတယ်ပေါ့..ဒါကြီးက မင်းတို့ရဲ့ မြေအောက် စည်းမျဉ်းလားကွ......."

"ငါပြောပြီးပြေီလေ..ငွေကိစ္စက မင်းတို့ဘာမင်းတို့ရှင်း..အဲ့တာ ငါ့သောက်လုပ် မဟုတ်ဘူးလို့..."

"ကျန်းအောက်..မင်း ဒါကတော့ နည်းနည်းလေး များသွားပြီ..."ချင်းဟန် ပြောလိုက်ပြီး "မင်းတို့ကောင်တွေက ကိုယ်အကြွေးတင်နေတဲ့ ပိုက်ဆံကိုတောင် ပြန်မပေးချင်ကြဘူးပေါ့..."

"သခင်လေးချင်း..ကျုပ်က စည်းမျဉ်းတွေ အတိုင်းပဲ လုပ်နေတာ..ကျေးဇူးပြုပြီးတော့ ၀င်မပါပါနဲ့..."

လီချင်းဖုန်းသူ့ကို လာရှာစဉ်အခါကတည်းက ပိုက်ဆံ မည်မျှ ရစေကာမူ သူ့ဘက်မှ ၃၀ % ရရှိလိမ့်မည်ဟု ကတိပေးထား၏။ ထို့ကြောင့် သူတတ်နိုင်သမျှ ပိုက်ဆံကို မြန်မြန် ရချင်နေလေသည်။

"ရတယ် ချင်းကြီး..ငါ့နည်းငါ့ဟန်နဲ့ ကိုင်တွယ်လိုက်မယ်..."

လင်းရီ လီချင်းဖုန်းကို ကြည့်လိုက်ပြီး "မင်းက ယွမ် ၁၅ သန်းကို ပြန်လိုချင်တယ်..စိတ်ထိခိုက် နစ်နာကြေးအတွက်ကလည်း ယွမ်နှစ်သန်းတောင်း ပေးခိုင်းတယ် ပြီး‌တော့ ယောင်တုံးလိုက်တို့နားကလည်း တစ်သန်းက လိုချင်နေသေးတယ်..ဆိုတော့ အားလုံးပေါင်း ယွမ်၁၈ သန်းပေါ့..."

"ဟုတ်တယ်..အမှန်ပဲ..."

လင်းရီ၏ မျက်လုံးအကြည့်တို့မှာ လူသ-တ်ငရဲလောကအလား အေးစက်နေပြီး လီချင်းဖုန်း၏ ဝိဉာဏ်သို့ စူးစိုက်ကြည့်ကာ "မင်း ဒီပိုက်ဆံတွေ ယူလို့ နောင်တမရမှာ သေချာပြီလား..."

"ငါက ဘာလို့ နောင်တရရမှာ..ဒါ ငါရသင့် ရထိုက်တဲ့ ပိုက်ဆံတွေပဲလေ..."

ကျန်းအောက်၏ နောက်ခံနှင့်အတူ လီချင်းဖုန်း၏ ကျောမှာ ဖြောင့်တန်းနေပြီး လင်းရီကို လားလားမျှ မကြောက်ရွံ့ချေ။

"ကောင်းပြီလေ..."

လင်းရီ ချက်ခ်လက်မှတ်စာအုပ်ကို ထုတ်လိုက်ပြီး ယွမ် ၁၈ သန်းတန် ချက်ခ်လက်မှတ် ရေးကာ လီချင်းဖုန်းဘက်သို့ တိုးပေးလိုက်၏။

"ဒီမှာ မင်းလိုချင်နေတဲ့ပိုက်ဆံတွေ..ယူလေ..."

All Chapters