သတင်းထူး
Vol. 6 Ch. 82
စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားတဲ့ အခါမှာတော့ လီဖူချန်းက ပင်မခန်းဆောင်ကို သွားပြီး တင်ပြဖို့ လိုအပ်လာပါပြီ။
ပင်မခန်းဆောင်ကတော့ အပြင်စည်းဂိုဏ်းရဲ့ အရေးအကြီးဆုံးနေရာ ဖြစ်ပြီး အကြီးအကဲခေါင်ချုပ် ရှောင်ချန်းဖန် နေတဲ့ နေရာပါ။ ဒါပေမဲ့ များသောအားဖြင့် ရှောင်ချန်းဖန်က ဂိုဏ်းတော်မှာ ရှိမနေတာ များပါတယ်။
ဒီနေ့မှာတော့ ပင်မခန်းဆောင်ကို တာဝန်ယူရတဲ့ သူကတော့ အပြင်စည်း အကြီးအကဲ နံပါတ် ၃ ဖြစ်တဲ့ အကြီးအကဲ ဆောင်ပါဘဲ။
“မင်္ဂလာပါ အကြီးအကဲဆောင်”
လီဖူချန်းက လေးစားမှု အပြည့်နဲ့ အရိုအသေ ပေးလိုက်ပါတယ်။
အကြီးအကဲဆောင်ရဲ့ ပုံစံကတော့ အသက် ၆၀ သန်သန်မာမာရှိပြီး မုတ်ဆိတ်မွေးအရှည် ထားထားပါတယ်။ သူက ခေါင်းကိုမော့ပြီး စကားပြောဖို့ ပြင်နေတုန်းမှာပဲ
ရုတ်တရက် မျက်လုံး ပြူးသွားပြီးတော့
“လီဖူချန်း … မင်း … မင်း … စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားပြီလား”
လီဖူချန်းက ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
“အကြီးအကဲဆောင် ခင်ဗျား … ဒီနေ့ ကျွန်တော်ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းကတော့
အတွင်းစည်း ဂိုဏ်းသားအဖြစ် အဆင့်တိုးပေးဖို့ကို လာရောက် တောင်းဆိုတာပါ"
"အံ့သြဖွယ်ရာပါလား … ဒါက တကယ့် အံ့ဖွယ်ဘနန်းပဲ။ ငါတစ်ခါမှာ မင်းလို ကျင့်ကြံမှုနှုန်း မြန်တဲ့ သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ကို မတွေ့ဖူးဘူးကွာ”
အကြီးအကဲ ဆောင်က လုံးဝ ကြောင်အသွားပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်သွားတဲ့ လီဖူချန်းရဲ့နှုန်းက လုံးဝ သူထင်ထားတာထက်ကို မြန်နေတာလေ။
သူက လီဖူချန်းကို အသက် ၁၇၊ ၁၈ လောက်မှာမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်မယ်လို့ ခန့်မှန်းထားခဲ့တာလေ။ အဲဒီအချိန်လောက် ဆိုရင်တော့ လီဖူချန်းကို ကျောင်းတော်က တန်ဖိုးထားမှု လျော့ကျသွားမှာပါ။ ပြီးတော့ ပြိုင်ဘက်ကင်းတွေကိုလည်း လိုက်မီတော့မှာ မဟုတ်ပါဘူး။ ခြုံငုံပြီး ပြောရမယ်ဆိုရင် သာမန်အရိုး တည်ဆောက်မှု ပိုင်ရှင်တွေရဲ့ အမြင့်ဆုံး ရောက်နိုင်တဲ့ နယ်ပယ်က မြေကမ္ဘာ အဆင့်ပါဘဲ။
ပြီးတော့ မိုးပြာရောင်ဂိုဏ်းမှာ မြေကမ္ဘာအဆင့် ထိပ်သီးပညာရှင်တွေက အနည်းဆုံးတော့ ၈၀၀၀ မက ရှိပါတယ်။ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ မြေကမ္ဘာပညာရှင် ဖြစ်နေပါစေလေ။
ကောင်းကင်ပိုးနယ်ပယ်က ပညာရှင်တွေရဲ့ အစွမ်းကိုတော့ ယှဉ်နိုင်ဖို့ရာ အကြောင်းမရှိပါဘူး။
ပြိုင်ဘက်ကင်းတွေဆိုတာ တစ်စုံတစ်ရာ ပြဿနာသာ မရှိခဲ့ရင် ကောင်းကင်ပိုး နယ်ပယ်ကို အရောက် လှမ်းတက်နိုင်မည့် သူတွေ မဟုတ်ပါလား။ ဇော်တွေထဲက ဇော်လို့ ဆိုရမည့် ယုဝူရှန်းလို လူကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကိုတောင် ရောက်နိုင်ပါသေးတယ်။
ပြန်လည်ဝင်စားခြင်း နယ်ပယ်က ထိပ်သီး ပညာရှင်တစ်ယောက်က ထောင်ပေါင်းများစွာသော မြေကမ္ဘာ ပညာရှင်တွေကို လက်ဖျောက်တစ်ချက် တီးပြီးတောင် သတ်နိုင်သေးတာလေ။ ဒီ ပညာရှင်တွေကြောင့်သာ မိုးပြာရောင်ဂိုဏ်းက သူတို့ရဲ့ နယ်မြေထဲမှာ အုပ်စိုးနိုင်ခဲ့တာပါ။ ဒီပညာရှင်တွေသာ မရှိခဲ့ရင် မိုးပြာရောင်ဂိုဏ်းက တခြားသော ကလန်တွေရဲ့ ဖိအားပေးမှုတွေအောက်မှာ ဂိုဏ်းတစ်ခုလုံး ပြိုကွဲ နေခဲ့ပြီးသားတောင် ဖြစ်နေလောက်ပါပြီ။
“လီဖူချန်း … မင်းတော်တယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို အသက် ၁၆ နှစ်မှာ လှမ်းတက် နိုင်ခဲ့တယ်။ ဆက်ပြီးကြိုးစား ကောင်လေး။ ကံကောင်းရင် မင်းက ကောင်းကင်ပိုး နယ်ပယ်ကိုတောင် ရောက်သွားနိုင်တယ်”
အကြီးအကဲဆောင်က လီဖူချန်းကို မျှော်လင့်ချက်ကြီးကြီး ရှိပါတယ်။ အရိုး တည်ဆောက်ပုံက ပြစ်ချက်ကလေး ရှိတာကလွဲလို့ ကျန်တဲ့ အရာတွေမှာ လီဖူချန်းက ထိပ်တန်းတပည့် ဖြစ်တဲ့ ယုဝူရှန်းထက်တောင် သာသေးသည် မဟုတ်ပါလား။ လီဖူချန်းက ဒုတိယမြောက် ဓားအရူး သူတော်တောင် ဖြစ်လာနိုင်သည်လေ။
မဟုတ်သေးဘူး … ဆင်းရဲဒုက္ခ မျှော်စင်က ရလဒ်တွေနဲ့ ပြောရမယ်ဆိုရင် ဓားအရူး သူတော်တောင်မှ လီဖူချန်းကို ယှဉ်လို့ မရသေးဘူး။
"ဒါက အတွင်းစည်းဂိုဏ်းရဲ့ စမ်းသပ်ချက်တွေကို ခံယူမယ့် တပည့်တွေအတွက် တံဆိပ်ပြားပဲ။
ဒါကို အတွင်းစည်းဂိုဏ်းရဲ့ ပင်မခန်းဆောင်ကို ယူသွားလိုက်။ တစ်ယောက်ယောက်က မင်းကိုဆက်ပြီး ညွှန်ကြားလိမ့်မယ်”
အကြီးအကဲဆောင်က လီဖူချန်းကို ကြေးဝါရောင် တံဆိပ်ပြားတစ်ခု ပေးလိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ"
လီဖူချန်းက
“အကြီးအကဲကို စိတ်မပျက်စေရပါဘူး"
လီဖူချန်းက ကြေးတံဆိပ်ကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လက်ခံယူလိုက်ပြီး နောက်မှာတော့ ပင်မ ခန်းဆောင်ထဲကနေ ထွက်ခွာလာခဲ့ပါတယ်။
“ဒီကောင်လေးသာ ကြယ်တစ်ပွင့် ဒါမှမဟုတ် နှစ်ပွင့်ဆိုရင် သူ့အတွက် ကျင့်ကြံမှုလမ်းက ပိုလွယ်သွားနိုင်တယ်”
အကြီးအကဲဆောင်က သက်ပြင်းတစ်ချက် ချပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
“နှမြောစရာ ကောင်းလိုက်တဲ့ ကလေးပါလား"
***
အတွင်းစည်းဂိုဏ်းရဲ့ နယ်မြေကတော့ အပြင်စည်း ဂိုဏ်းထက်ကို ပိုပြီး အတွင်းကျပါတယ်။ ဒီနယ်မြေက မိုးပြာရောင်ဂိုဏ်းရဲ့ အဓိက နယ်မြေနဲ့ ဆက်စပ်လျက်ရှိပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေက အပြင်စည်း ဂိုဏ်းကထက် ပိုသိပ်သည်းပြီး ပိုကြွယ်ဝတယ်လေ။
နောက်ထပ်တစ်ချက်က အတွင်းစည်းဂိုဏ်းရဲ့ တည်နေရာ ပတ်ဝန်းကျင်က အပြင်စည်း ဂိုဏ်းထက် ပိုတိတ်ဆိတ်ပြီး ပိုသာယာပါတယ်။
လီဖူချန်းက ကျောက်ပြားအဖြူ ခင်းထားတဲ့ လမ်းတစ်လျှောက် ဖြတ်သန်းလာရင်းနဲ့ တစ်ခု သတိပြုမိ လိုက်တာကတော့ အတွင်းစည်းဂိုဏ်းရဲ့ တောင်တွေ အလှဟာ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေတယ် ဆိုတာပါပဲ။ အဆောက်အဦတွေ ဆိုတာလည်း နတ်ဘုံနတ်နန်းသမျှ လှပ လွန်းနေပါတယ်။
အပြင်ဘက်လောကနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီအတွင်းစည်း ဂိုဏ်းဟာ တဲစုတ်နဲ့ ဘုရင့်နန်းတော် ပါပဲလေ။
“ဒါက အခုချိန်ကစပြီး ငါနေရမယ့် နေရာပဲလား"
လီဖူချန်းက ပတ်ဝန်းကျင် အလှအပတွေကို ခံစားနေရင်းနဲ့ အတွင်းစည်း ပင်မခန်းဆောင်ကို အေးအေးဆေးဆေး လျှောက်လှမ်းနေပါတယ်။
“ဒီယုဝူရှန်းက တကယ့်ကို ပြိုင်ဘက်ကင်းဘွဲ့နဲ့ ထိုက်တန်တာပဲ။ သူ့ အရည်အချင်းက ဂိုဏ်းတူအစ်ကိုကြီး ဧကရာဇာနဲ့တောင် အတူတူလောက် ရှိလိမ့်မယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၂ နဲ့တောင်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၃ က ဂိုဏ်းတူအစ်ကိုကြီး ချန်ချောင်းကို အနိုင်ယူလိုက်နိုင်တယ်”
တပည့်တစ်ယောက်က ယုဝူရှန်းကို အမွှန်း တင်နေပါတယ်။
“ငါမင်းပြောတာကို လက်ခံပါတယ်။ ဒါပေမဲ့ မင်းပြောတဲ့ ယုဝူရှန်းက ကျင့်ကြံမှုခြင်း တူတဲ့ အခါကျရင် လီဖူချန်းကို ဘယ်လိုမှ မနိုင်နိုင်ဘူးကွ”
နောက်ထပ် တပည့်တစ်ယောက်ကလည်း အားကျမခံ လီဖူချန်းဘက်ကနေပြီး ပြန်ပြော လိုက်ပါတယ်။
“လီဖူချန်းကတော့ တိုက်ခိုက်ရေးဘက်မှာ တကယ့် ဆရာတစ်ဆူပါဘဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူ့အရိုး တည်ဆောက်ပုံက သာမန် ဖြစ်နေတာဘဲ။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ဖို့ အနည်းဆုံး ၂ နှစ် ဒါမှမဟုတ် ၃ နှစ်တော့ အချိန်ယူရဦးမှာ။
အဲဒီအချိန်ဆိုရင် ယုဝူရှန်းက အနည်းဆုံးတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၄ ကို ရောက်နေလောက်ပြီ။ ဘယ်လိုလုပ်ပြီး လီဖူချန်းနဲ့ ယုဝူရှန်းကို နှိုင်းယှဉ်လို့ ရနိုင်မှာလဲ”
"အဲဒါ အမှန်ပဲ။ ယုဝူရှန်းက အဖက်ဖက်က ပြည့်စုံတယ်။ လီဖူချန်းကတော့ တိုက်ခိုက်ရေး ပိုင်းမှာပဲ ထူးချွန်တာ။ ပြီးတော့ လူသားနယ်ပယ်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ဆိုတာ တူတာ မဟုတ်ဘူးကွ။ လီဖူချန်းက လူသားနယ်ပယ်မှာတုန်းက လိုမျိုး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာ အစွမ်း ပြနိုင်မယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ”
အတွင်းစည်း ဂိုဏ်းသားတွေက ငြင်းခုန်နေရင်းနဲ့ လီဖူချန်း ရှိရာဘက်ကို ဦးတည်လာကျပါတယ်။
လီဖူချန်းနဲ့ သူတို့နဲ့ ဘေးချင်း ဖြတ်လျှောက်မိတဲ့ အခါမှာတော့ အတွင်းစည်း ဂိုဏ်းသား တစ်ယောက်က မတော်တဆ လီဖူချန်းကို ကြည့်မိလိုက်တဲ့ အခါမှာတော့ လုံးဝ ကြောင်အသွားခဲ့ရပါပြီ။
“ဟေ့ကောင် … မင်းကဘာလို့ အဲဒီမှာရပ်ပြီး ငိုင်နေတာတုန်း …"
ဂိုဏ်းသားတွေက သူတို့ရဲ့ အနောက်မှာ ရပ်ပြီးငိုင်နေတဲ့ ဂိုဏ်းသားကို
လှည့်ပြီး အော်ခေါ်လိုက်ပါတယ်။ ထိုဂိုဏ်းသားက အဝေးကို ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကို
လက်ညှိုးထိုးပြီး
“ဟိုမှာ လီဖူချန်း …”
“လီဖူချန်း ဟုတ်လား … မဖြစ်နိုင်တာကွာ။ သူက ဘယ်လိုလုပ် အတွင်းစည်း ဂိုဏ်းနယ်မြေကို ဝင်လို့ ရမှာလဲ”
“ဖြစ်နိုင်တာကတော့ …"
“နေစမ်းပါဦး။ အို … မိုးနတ်မင်းကြီး ကယ်တော်မူပါ။ ဒီကောင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားလို့များလား"
“ဟေ့ကောင် … စကားတွေ ဇွတ်များမနေနဲ့။ အမြန်လာဟ။ ငါတို့ သူ့နောက်ကို လိုက်ကြည့်ရင် သိရမှာဘဲ"
အတွင်းစည်း ဂိုဏ်းသားအချို့ကတော့ လီဖူချန်းနောက်ကို ပြေးလိုက်သွားကျပါပြီ။
သူ့နောက်ကို လိုက်လာတာကို သိလိုက်ရတဲ့ အခါမှာပဲ လီဖူချန်းက တစ်ချက် ရယ်လိုက် မိပါတယ်။
“ဟား ဟား ဟား ”
ထို့နောက်မှာတော့ လီဖူချန်းက အတွင်းစည်း ပင်မခန်းဆောင်ကို ရောက်လာခဲ့ပါပြီ။
လီဖူချန်း ပင်မခန်းဆောင်ထဲကို ဝင်သွားတာကို အနောက်က လိုက်လာတဲ့ တပည့်တွေက မြင်လိုက်တဲ့ အခါမှာတေ့ာ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် ကြောင်စီစီ မျက်လုံးတွေနဲ့ ပတ်ကြည့် နေကျပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ တံတွေးတစ်ချက် မျိုချလိုက်ပြီး
“ကြည့်ရတာတော့ ဒီကောင်တကယ်ပဲ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားပြီ ထင်တယ်”
"ဒါက သတင်းထူးပဲဟေ့။ လာဟ။ ဒီသတင်းကို လိုက်ဖြန့် ကြရအောင်။ ဒါက ဒီနှစ်ရဲ့ အထူးခြားဆုံး သတင်းတောင် ဖြစ်သွား နိုင်တယ်ကွ”
***
- အတွင်းစည်းဂိုဏ်း ပင်မခန်းဆောင် -
တာဝန်ကျတဲ့ အကြီးအကဲက လီဖူချန်းရဲ့ လက်ထဲက ကြေးတံဆိပ်ပြားကို ယူလိုက်ပြီး နောက်မှာတော့ လီဖူချန်းကို ခေါင်းညိတ်ပြလိုက်ပါတယ်။
“ဒါကတကယ်ပဲ အတွင်းစည်း ဂိုဏ်းတပည့်တွေအတွက် စမ်းသပ်ချက် တံဆိပ်ပြားပဲ။
မင်းနောက်ထပ် ရက်အနည်းငယ်လောက်တော့ အပြင်စည်းဂိုဏ်းမှာ ခဏ နေလိုက်ဦး။ သုံးရက် ကြာပြီးသွားရင် ဒီကို အတွင်းစည်းဂိုဏ်းသား စမ်းသပ်ချက်အတွက် ပြန်လာခဲ့လိုက်ပေါ့။ စမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်ရင်တော့ မင်းက တရားဝင် အတွင်းစည်းဂိုဏ်းသား ဖြစ်လာလိမ့်မယ်။ မင်းမဖြတ်ကျော်နိုင်ရင်တော့ နောက်ထပ်နှစ်လ အကြာမှာ နောက်ထပ်တစ်ခါ စမ်းသပ်ချက်ကို ပြန်လာလုပ်ခွင့် ရှိတယ်။ ၃ ခါလုပ်လို့မှ စမ်းသပ်ချက်ကို မအောင်မြင်ရင်တော့ အတွင်းစည်း ဂိုဏ်းသား ဖြစ်ခွင့် ရတော့မှာမဟုတ်ဘူး။ အတွင်းစည်းလက်ထောက် ပညာသင်အဖြစ်ပဲ နေရလိမ့်မယ်”
"စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တိုင်းလည်း အတွင်းစည်း ဂိုဏ်းသားဖြစ်ခွင့် ရှိတာ မဟုတ်ဘူးဆိုတာ မင်းကိုသိထားစေချင်တယ်”
မိုးပြာရောင်ဂိုဏ်းဟာ သူတို့ရဲ့ အတွင်းစည်း ဂိုဏ်းသားတွေကို လုံးဝ စနစ်တကျ ရွေးချယ်တာ ဖြစ်တယ်။ ဒါမှလည်း သူတို့တွေကို အနာဂတ်မှာ အားကိုး နိုင်မှာလေ။ အတွင်းစည်းဂိုဏ်းရဲ့ စမ်းသပ်မှုတွေကို အောင်မြင်နှုန်းက ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ စမ်းသပ်မှုရဲ့ ပထမအဆင့်ကို ကျော်ဖြတ် နိုင်ရင်တောင် ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေ ကျန်နေပါသေးတယ်။
တကယ်လို့ မင်းသာ စမ်းသပ်မှု ၃ ခုလုံးကို အောင်မြင်စွာ မကျော်ဖြတ်နိုင်ဘူး ဆိုရင် မင်းဟာ အတွင်းစည်းဂိုဏ်းနဲ့ မထိုက်တန်ပါဘူး။ အတွင်းစည်း လက်ထောက်ပညာသင် အဖြစ်နဲ့ဘဲ ဘဝကို နေထိုင် သွားရတော့မှာပါ။ အတွင်းစည်း ခန်းမထဲကနေ ပြန်ထွက်ခွာလာပြီးနောက်မှာတော့ လီဖူချန်းက သူ့ ခြံဝင်းထဲကို ပြန်ရောက် လာခဲ့ပါပြီ။ သူ မသိလိုက်တာ တစ်ခုကတော့ ဒီအချိန်လေးအတွင်းမှာဘဲ လီဖူချန်းတစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားပြီဆိုတဲ့ သတင်းက ဂိုဏ်းတစ်ခုလုံးကို တောမီးအလား ပျံ့နှံ့သွားပြီ ဆိုတာပါဘဲ။ သူ့အကြောင်းကို မသိချင်တဲ့ သူတွေရှိရင် ဒီသတင်းက သူတို့ဆီ ရောက်သွားခဲ့ပါပြီ။
“ငါ့မျက်နှာကိုပဲ ငါပြန်ရိုက်လိုက် ချင်တော့တာပဲကွာ။ လွန်ခဲ့တဲ့ လတုန်းကတောင် ငါတို့က လီဖူချန်းတစ်ယောက် နောက်တစ်ဆင့်တက်ဖို့ နှစ်အနည်းငယ်လောက် လိုဦးမယ်လို့ ပြောခဲ့ ကျသေးတယ်။ အခုတော့ ဒီကောင်က အဆင့်တက်သွားပြီတဲ့ …”
“ဒါက ငါတို့အပြစ်မှ မဟုတ်တာကွ။ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းကိုက သမားရိုးကျ မဟုတ်တာ”
“ငါအခု အတွေးတစ်ခု ရတာကတော့ ဒီကောင်က သာမန်အရိုး တည်ဆောက်ပုံပိုင်ရှင် ဖြစ်မယ့်ပုံ မပေါ်ဘူး။ ဒီကောင်က စမ်းသပ်ကျောက်တုံးတွေနဲ့ စမ်းသပ်လို့မရတဲ့ ထူးခြားအရိုး တည်ဆောက်ပုံပိုင်ရှင်ပဲ ဖြစ်ရမယ်"
“မဟုတ်ရင် ဒီကောင်ဘယ်လိုနည်းနဲ့မှ ဒီလောက်အမြန်ကြီး အဆင့် ထိုးတက်သွားဖို့ မဖြစ်နိုင်ဘူး"
“အခုချိန်ကစပြီး အတွင်းစည်း ဂိုဏ်းသားတွေ ခေါင်းကိုက်ချိန် ရောက်ပြီဟေ့။ နဂိုတည်းကမှ အတွင်းစည်းဂိုဏ်းမှာ ပန်းပွင့်ဓား နတ်မိမယ်ရယ်၊ ဂိုဏ်းတူအစ်မကြီး ချန်ဖန်းဟွာရယ်၊ ဧကရာဇာ ဓားသမားရယ် ရှိနေပါတယ်ဆိုမှ အခုတော့ ယုဝူရှန်းနဲ့ လီဖူချန်းကပါ ထပ်ရောက် လာပြန်ပြီ။ အတွင်းစည်း ဂိုဏ်းသားတွေတော့ အခုချိန်ဆို ဘုရားစာ ရွတ်နေရလောက်ပြီကွ”
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းကော အပြင်စည်းဂိုဏ်း နှစ်ခုစလုံးမှာပါ လီဖူချန်းရဲ့ သတင်းတွေက ဒီ ၃ ရက်အတွင်းမှာ ထိပ်စည်းသတင်းကြီးကို ဖြစ်လို့ နေခဲ့ပါပြီလေ။
***
အပြင်စည်းဂိုဏ်း တစ်နေရာမှာတော့ …
ကောင်းဖန်နဲ့ ရှန်းတုကျူးက ဒီသတင်းကြောင့် ကြောက်ဒူး တုန်နေကျပါပြီ။
ယန်ခိုင်ဆိုရင် ဒီသတင်းကြောင့် ထမင်းတောင် စားမဝင်တော့ပါဘူး။
***
အပြင်စည်း အထွေထွေ လုပ်သားတပည့်တွေ နေထိုင်ရာ နေရာမှာတော့ …
လီယွန်ဟိုင်က ကြိုးကြိုးစားစားနဲ့ လေ့ကျင့်နေပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ သတင်းကို ကြားအပြီးမှာတော့ သူမျက်နှာက အသက်မရှိတော့သလို ဖြစ်သွားပြီး လေ့ကျင့်စိတ်တွေလည်း ပျောက်ဆုံး ကုန်ပါတယ်။ သူက ဒီမှာ အလုပ်တွေ ကြိုးစားပြီး လေ့ကျင့်နေတယ် ဆိုတာ တစ်နေ့ကျရင် လီဖူချန်းထက် သာရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
“ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"
လီယွန်ဟိုင်က တိုးတိတ်စွာ ရေရွတ် လိုက်ပါတယ်။ လီဖူချန်းတောင် အတွင်းစည်းတပည့် ဖြစ်တော့မယ်။ သူကတော့ အပြင်စည်း အထွေထွေ လုပ်သားဘဝမှာပဲ ရှိနေသေးသည်။
သူတို့နှစ်ယောက်ရဲ့ အနာဂတ်တွေက အလွန် ခြားနားခဲ့ပြီလေ။
***