← Chapters

အတွင်းစည်း စမ်းသပ်ချက် ၂

Vol. 6 Ch. 84

အတွင်းစည်း စမ်းသပ်ချက် ၂

Vol. 6 Ch. 84

ရေတံခွန်ပေါ်ကနေ ကျလာတဲ့ ရေတွေက လီဖူချန်းရဲ့ မီးဝတ်လွှာနဲ့ အတွေ့မှာတော့ အငွေ့ ပျံကုန်ပါတယ်။ အခုချိန်မှာ လီဖူချန်းကို ကြည့်ရတာက အလွန်ထက်တဲ့ အနီရောင် ဓားတစ်စင်းလိုပါဘဲ။

ရေတံခွန်ပေါ်က ကျလာတဲ့ ရေတွေက သူ့အတွက်တော့ ဘာအခက်အခဲမှ မဖြစ်စေပါဘူးလေ။

“ဒီကောင်က အပြင်စည်းဂိုဏ်းမှာ လက်စောင်း အထက်ဆုံး ဖြစ်နေတာကို ဘာမှ အံ့သြစရာ အကြောင်း မရှိတော့ဘူး”

“ဒီကောင့်ကို ကြည့်ပါဦးကွာ။ ငါတို့က ရှိသမျှ အားတွေသုံးပြီး ကျောက်တုံးတွေပေါ်မှာ မနည်းရပ်နေရတဲ့ အချိန်မှာ ဒီကောင်က ရေတံခွန်အောက်ကို ရောက်နေတာတောင် အေးဆေးပဲဟ။

လခွီးတဲ့မှပဲ”

“လီဖူချန်းက မိုးပြာရောင်ဂိုဏ်း သက်တမ်းတစ်လျှောက်မှာ အသန်မာဆုံးတွေထဲက တစ်ယောက်လေကွာ။ ငါတို့နဲ့သူနဲ့ တူမလားကွ။ မင်းအရူးချီးပန်းတွေ ပြောမနေနဲ့တော့။

ပြုတ်လည်း ကျနေဦးမယ်"

တပည့်တွေကတော့ လီဖူချန်းကို အားကျတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်ပြီး ငြင်းခုန်နေကျပါတယ်။ ရေတံခွန်က ရေတွေကတော့ လီဖူချန်းဆီကို အရှိန်ပြင်းပြင်းနဲ့ ထိုးကျ နေဆဲပါဘဲ။

“ဒီအရှိန်က အနည်းဆုံး ကီလို ၁၀၀၀၀ တော့ ရှိလိမ့်မယ်"

လီဖူချန်းက ဒလဟောကျနေတဲ့ ရေစီးကြောင်းကို ခံယူရင်းနဲ့ စိတ်ထဲမှာ တွေးနေမိတယ်။

ဒီရေစီးကြောင်း အရှိန်က လုံးဝ လျော့တွက်လို့ မရနိုင်ပါဘူးလေ။ ဒီရေဖိအားက လုံးဝကို ရပ်တန့် မသွားပါဘူး။ လူတစ်ယောက်က ကီလို ၁၀၀၀၀ ရှိတဲ့ ကျောက်တုံးကြီးကို အလွယ်တကူ မ နိုင်ရင် မနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါက သူတစ်သက်လုံး ဒီအလေးကြီးကို မ ထားနိုင်မယ်လို့ မဆိုလိုပါဘူး။

လီဖူချန်းလို ခန္ဓာကိုယ် သန့်စင်တဲ့လမ်းကို လိုက်စားတဲ့ထားတဲ့ အတွက်ကတော့ ဒါက လုံးဝအေးဆေး ဖြစ်နေပါတယ်။ သူ့ရဲ့ အတွင်းအားတွေကို သိမ်းလိုက်ရင်တောင် သူက ဒီရေတံခွန်က ကျလာတဲ့ ရေအားတွေကို ခံနိုင် နေဦးမှာပါဘဲ။

အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးလာပါပြီ။ ပေ ၃၀ ရှိတဲ့ ရေတံခွန်အောက်မှာတော့ စွမ်းအင်အရောင် အမျိုးမျိုးက တောက်ပလျက် ရှိနေပါတယ်။ အဲဒီ တောက်ပနေတဲ့ စွမ်းအင်တွေက ရေတံခွန် အောက်မှာရှိနေတဲ့ ဂိုဏ်းသားတွေကို ရည်ညွှန်းပါတယ်။ သူတို့က လွဲရင်တော့

အခြားဂိုဏ်းသား ၈ ယောက်လောက်က ကျောက်တုံးပေါ်က ပြုတ်ကျကုန်ပြီး စိတ်ပျက်လက်ပျက်နဲ့ စမ်းသပ်ချက်ကနေ ထွက်ခွာ သွားကျရပါပြီ။

ဖရူး … ဝေါ့ …

ရေတံခွန်အောက်မှာ ရှိနေတဲ့ တပည့်တစ်ယောက်က ရေဖိအားဒဏ်ကို မခံနိုင်တော့တဲ့အတွက် သွေးတစ်လုတ်မျှ အန်လိုက်ရပါပြီ။ တစ်ဆက်တည်းမှာပဲ ရေတံခွန်ရဲ့ ဖိအားကြောင့် လွင့်ထွက် သွားပါတယ်။ အဲဒီ အခိုက်အတန့် လေးမှာပဲ အချိန်မှတ်နေတဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူး တစ်ယောက်က လေထဲကို ခုန်ထွက်သွားပြီး ထိုတပည့်ကို ဖမ်းထားလိုက်ပါတယ်။ နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ နောက်ထပ်ဂိုဏ်းသား တပည့်တစ်ယောက်က သွေးအန်ပြီး ရေတံခွန် အောက်ခြေကနေ လွင့်ထွက် လာြပန်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန် ၁၅ မိနစ် ပြည့်တဲ့ အချိန်မှာတော့ ဂိုဏ်းသား ၈၀ သာ ကျန်နေခဲ့ပါတယ်။ ဂိုဏ်းသား ၉၇ ယောက်မှာ ၁၇ ယောက်ကတော့ ကျရှုံး သွားပါပြီလေ။

ဒုတိယ စမ်းသပ်ချက်ကိုတော့ သေဆုံးခြင်း မြစ်ဆီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် စမ်းသပ်ချက်ကတော့ ဂိုဏ်းတော်က တပည့်တွေက အတွင်းအားတွေကို စနစ်တကျ အသုံးချနိုင်စွမ်း ဘယ်လောက်ရှိသလဲ ဆိုတာကို ဆန်းစစ်တဲ့ ပွဲပါဘဲ။ စမ်းသပ်ချက်မှာ ပါဝင်တဲ့ ဂိုဏ်းသားတွေဟာ

ကိုယ့်အားကိုယ်ကိုးပြီး သေဆုံးခြင်း မြစ်ကြီးကို ကျော်ဖြတ်ရမှာပါ။ ဒီသေဆုံးခြင်း မြစ်ကြီးက အလွန်ပဲ လှိုင်းကြီး လေထန်တဲ့အပြင် မရေမတွက်နိုင်အောင် များပြားတဲ့ ရေဝဲကြီးတွေကလည်း ရှိနေ ပါသေးတယ်။ ဒီလိုမြစ်ကြီးရဲ့ မျက်နှာပြင်ပေါ်မှာ အတွင်းအားသုံးပြီး ရပ်နေဖို့ဆိုတဲ့ အဖြစ်ကတောင် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကြီး တစ်ခုပါ။ ဒီမြစ်ကြီးဖြတ်ပြီး တစ်ဖက်ကမ်းကို ကူးဖို့ဆိုရင်တော့ စဉ်းစားသာ ကြည့်ကျပါတော့။

“အားလုံးပဲ … စလို့ရပြီ”

အစိမ်းရောင်ဝတ် အကြီးအကဲက လက်ကိုမြှောက်ပြီး အချက် ပြလိုက်ပါတယ်။

ဖတ် … ဖတ် … ဖတ် …

အယောက် ၈၀ သော ဂိုဏ်းသားတွေဟာ အကြီးအကဲဆီက ခွင့်ပြုချက် ရတာနဲ့ မြစ်ပြင်ပေါ်ကို တက်ပြီး တစ်ဖက်ကမ်းကို အမြန်ဆုံး ကျော်ဖြတ်ပြေးဖို့ ကြိုးစား လိုက်ကျပါတယ်။

အား ...

သတိမမူမိဘဲ ပြေးသွားတဲ့ တပည့်တစ်ယောက်ကတော့ ဗွေဆော်ဦး အနေနဲ့ ရေဝဲကြီးတစ်ခုရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပါပြီ။ ဒါပေမဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်က သတိရှိစွာနဲ့ပဲ

ထိုတပည့်ကို ရေဝဲထဲကနေ ဆွဲထုတ် ကယ်ဆယ်လိုက်ပါတယ်။

လီဖူချန်းကတော့ ကြက်သွေးရောင် မီးအတွင်းအားတွေကို ခြေထောက်မှာ လွှမ်းခြုံ ထားလိုက်ပါတယ်။ ထို့နောက်မှာတော့ ကြယ်တံခွန်တစ်လုံး ကြွေကျလာတဲ့ အတိုင်း အရှိန်အဟုန် ပြင်းစွာနဲ့ ပြေးထွက်သွားပါတော့တယ်။ သိပ်မကြာခင်မှာဘဲ အခြား တပည့်တွေ အားလုံးကို သူ့နောက်မှာ ချန်ထား ခဲ့လိုက်ပါပြီ။ အစိမ်းရောင်ဝတ် အကြီးအကဲက အသိအမှတ်ပြုတဲ့ အနေဖြင့် ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြီး လီဖူချန်းကို ကြည့်နေပါတယ်။ ဒီ သေဆုံးခြင်း မြစ်ကြီးဟာ မရေမတွက်နိုင်တဲ့ ရေဝဲကြီးတွေနဲ့ ပြည့်နှက်နေတာလေ။ အဲဒါကို လူတစ်ယောက်က ကိုယ်ဖော့ပညာတောင် မသုံးဘဲ ဖြတ်ပြေးနေတာကို တွေ့ရတာက အလွန်ရှားပါးတဲ့ မြင်ကွင်း တစ်ခုပါဘဲ။ ဒီလို အစွမ်းတွေကို ပြိုင်ဘက်ကင်းဘွဲ့ရတဲ့ တပည့်တွေဆီမှာပဲ တွေ့ရနိုင်တာပါ။ ပြီးတော့ ဒီအကြီးအကဲက အရိုးတည်ဆောက်ပုံတွေ ဘာတွေကို ကြည့်မနေပါဘူး။ အခုလက်ရှိ မြင်ရတဲ့ အစွမ်းကိုပဲ လက်ခံတတ်တဲ့ သူပါ။

ဒုတိယ စမ်းသပ်ချက် အပြီးမှာတော့ ဂိုဏ်းသား ၇၂ ယောက်သာ ကျန်ပါတော့တယ်။ တတိယ စမ်းသပ်ချက်ကတော့ ဂိုဏ်းသား တစ်ယောက်ချင်းစီရဲ့ လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်တာပါ။

ဒီစမ်းသပ်ချက်ကိုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ မိစ္ဆာသားရဲ သားဖောက်ဌာနမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့ မိစ္ဆာသားရဲ သားဖောက်ကွင်းကို ရောက်တဲ့ အခါမှာတော့ ညနေခင်းတောင် ရောက်နေပါပြီ။ ဒီကွင်းပြင်ကြီးဟာ အလွန်ကြီးမားလှပြီး သတ္တု လှောင်ချိုင့်တွေ၊ တွင်းနက်ကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ အချိန်တိုင်းမှာလည်း သားရဲကြီးတွေရဲ့ ဟိန်းဟောက်သံတွေကလည်း ထွက်ပေါ် နေတယ်လေ။

ကွင်းပြင်ကြီးရဲ့ အလယ်မှာတော့ တိုက်ခိုက်ဖို့အတွက် စင်မြင့်ကြီးတစ်ခု ရှိနေပါတယ်။ အဲဒီ စင်မြင့်ပေါ်မှာတော့ သွေးတွေ ပေကျံလျက်ရှိပြီး သေဆုံးခြင်း နိမိတ်တွေကို ခံစားနေရပါတယ်။

"မင်းတို့ရဲ့ ပြိုင်ဘက်ကတော့ အဆင့် ၂ အမျိုးအစားထဲက အဆင့်နိမ့် မိစ္ဆာသားရဲတွေပဲ"

အမွေးတိုင်တစ်တိုင် ထွန်းချိန်အတွင်းမှာ သားရဲတွေကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ သူတွေက ဒီစမ်းသပ်ချက်ကို အောင်မြင်မယ်”

အစိမ်းရောင်ဝတ် အကြီးအကဲက ဒီအဆင့်ကို အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကို ပြောကြားလိုက်ပါတယ်။

“အဆင့် ၂ အမျိုးအသားထဲက အဆင့်နိမ့် မိစ္ဆာသားရဲကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ရမယ် တဲ့လား”

တပည့်တွေအားလုံးက စမ်းသပ်ချက်တစ်ခု ဆိုတာကို နားလည်ပေမဲ့လည်း ဒီလို စင်မြင့်ပေါ်မှာ အရိုင်းဆန်တဲ့ သားရဲနဲ့ လက်တွေ့ တိုက်ခိုက်ရမယ်ဆိုတဲ့ အရာြကီးကို နည်းနည်းတော့ တုန်လှုပ် နေမိတယ်လေ။

“ပထမဆုံးအနေနဲ့ သွားရမယ့်သူကတော့ ချန်ရှောင်ရှမ်း”

ချန်ရှောင်ရှမ်းက ဒီနှစ်ဆိုရင် အသက် ၂၀ တင်းတင်း ပြည့်ပါပြီ။ သူက ခရမ်းရောင် ချီကျင့်စဉ်ကို အဆင့် ၈ အထိရောက်အောင် ကျင့်ထားနိုင်တဲ့အတွက် အပြင်စည်း ဂိုဏ်းထဲမှာတော့ အတော်အသင့် နာမည်ကြီးပါတယ်။ သူက စင်မြင့်ပေါ်ကို စိတ်လှုပ်ရှားစွာနဲ့ တက်လာပြီး ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်လိုက်ပါတယ်။

ထန် …

လှောင်ချိုင့်ကြီးတစ်ခုက ပွင့်လာပြီး အနက်ရောင် အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေတဲ့ ခွေးအကြီး တစ်ကောင်က အစွယ် တစ်ဖွေးဖွေးနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

ဝေါင်း …

အနက်ရောင် ကြေးခွံနဲ့ ခွေးအကြီး ထိတ်လန့်ဖွယ်ရာ ဟောင်လိုက်ပါတယ်။ သူ့ရဲ့ ဟောင်သံကြီးက အရိုး၊ အသည်းထဲထိအောင် တုန်လှုပ်ချောက်ချား သွားစေနိုင်ပါတယ်။

အဝါရောင် ထိပ်တန်းဓားတစ်လက်ကို ကိုင်ဆောင် ထားတာတောင်မှ ချန်ရှောင်ရှန်းက သူ့ရဲ့ ကြောက်လန့်မှုတွေကို ဖုံးကွယ် မထားနိုင်ခဲ့ပါဘူး။ အဆင့် ၂ မိစ္ဆာသားရဲကြီးရဲ့ အရှိန်အဝါက သူ ထင်ထားတာထက်ကို ကြောက်လန့်စရာ ကောင်းလွန်းလှပါတယ်။

“ဟီး ဟီး … ဒီကောင်ဘယ်လောက် ခံနိုင်မယ်လို့ မင်းတို့ထင်လဲ”

“ငါထင်တာကတော့ အသက်ရှူချိန် ၁၀ ခါပဲ"

“မင်းသူ့ကို အရမ်း အထင်ကြီးနေတာပဲ။ ငါထင်တာကတော့ အသက် ၅ ခါ ရှူချိန်ထက် ပိုမခံနိုင်ဘူး”

ဒီမိစ္ဆာသားဖောက် ဌာနမှာတော့ အတွင်းစည်းတပည့် တော်တော်များများက နောင်လာမယ့် အတွင်စည်းတပည့် ဖြစ်လာသူတွေရဲ့ အရည်အချင်းကို လာရောက် အကဲခတ် နေကျပါတယ်။

ချန်ရှောင်ရှမ်းရဲ့ ကြောက်ချေးပါနေပုံကို ကြည့်ပြီး တချို့သော အတွင်းစည်း တပည့်တွေကတော့ လှောင်ရယ်နေကျပါပြီ။

ကြည့်ရတာ အနက်ရောင်ကြေးခွံနဲ့ ခွေးအကြီးကလည်း ချန်ရှောင်ရှမ်းက သူ့ကို ကြောက်နေတာကို ခံစားမိပုံ ရပါတယ်။ အရှေ့ကို တစ်ဟုန်ထိုး ပြေးထွက်လာြပီး ချန်ရှောင်ရှမ်းရဲ့ ညာဘက်ခြေထောက်ကို ခဲလိုက်ပါတယ်။ ချန်ရှောင်ရှမ်းက အစကတည်းက ကြောက်ဒူး တုန်နေသူပါ။ ဒီသားရဲကြီးက သူ့ကို တိုက်ခိုက်လာတဲ့ အခါမှာတော့ သူက ကြောင်အပြီး ရပ်ကြည့်နေမိပါတော့တယ်။

ထန် …

ချန်ရှောင်ရှမ်းရဲ့ လက်ထဲကဓားက ကြောက်လန့်လွန်ပြီး ပြုတ်ကျ သွားခဲ့ပါတယ်။ သူ့ရဲ့ အဖြစ်အပျက်ကို မြင်တဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်က ကြည့်မနေနိုင်တော့ဘဲ လက်တစ်ချက် ဝှေ့ယမ်း လိုက်ပါတယ်။

ဂိန် … အီ … အီ …

ခွေးအကြီးက မမြင်ရတဲ့ အရာတစ်ခုနဲ့ ဆောင့်မိသလို ဖြစ်သွားပြီး နာကျင်သွားသည့် ဟန်ဖြင့် အော်ဟစ်ရင်း နောက်ကို ဆုတ်သွားပါတယ်။

“ချန်ရှောင်ရှမ်း … ကျရှုံး”

အတွင်းစည်း ကြီးကြပ်ရေးမှုးက အေးစက်စက် လေသံဖြင့် ကြော်ငြာလိုက်ပါတယ်။

အစိမ်ရောင်ဝတ် အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး

“ဒီကောင်လေးရဲ့ စိတ်ဓာတ်ပိုင်းက အရမ်း ယိုယွင်းနေတာပဲ။ ဒီလို တပည့်မျိုးက ဘာတန်ဖိုးမှ ရှိလာမှာ မဟုတ်ဘူး။”

စမ်းသပ်ချက်မှာ ပါဝင်တဲ့ ဂိုဏ်းသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်ကို တက်သွား ကြပါတယ်။ ပြောရမယ်ဆိုရင် ဂိုဏ်းသား ၁၀ ယောက် တက်သွားတိုင်းမှာ ၂ ယောက် ဒါမှမဟုတ် ၃ ယောက်ကတော့ ကျရှုံးနေပါတယ်။

အဆင့် ၂ မိစ္ဆာသားရဲတွေက ဉာဏ်ရည် ထက်မြက်တဲ့အပြင် မိစ္ဆာဓာတ်တွေကို အသုံးပြုပြီး တိုက်ခိုက်နိုင်တဲ့အတွက် သူတို့ကို ဒဏ်ရာရအောင် လုပ်ရတာက လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။

“နောက်တစ်ယောက်ကတော့ … လီဖူချန်း”

အတွင်းစည်း ကြီးကြပ်ရေးမှုးက လီဖူချန်းရဲ့ နာမည်ကိုမခေါ်ခင် အသက်တစ်ချက် ရှိုက်လိုက် ပါသေးတယ်။

သူ့ရဲ့နာမည်ကို ကြားလိုက်တာနဲ့ ကွင်းပြင်တစ်ခုလုံးက လူတွေရဲ့အ ကြည့်က လီဖူချန်းဆီကို ကျရောက် လာခဲ့ပါတယ်။ ပျင်းရိဖွယ် မျက်နှာပေးနဲ့ ထိုင်နေတဲ့ အစိမ်းရောင်ဝတ် အကြီးအကဲကတောင် လီဖူချန်းကို မျှော်လင့်ချက်တွေနဲ့ လှမ်းကြည့်နေပါတယ်လေ။

“ဒါဆို ဒီကောင်က အပြင်စည်းက နံပါတ်တစ်ဆိုတဲ့ ကောင်ပေါ့လေ”

“သူ့ကြောင့်မလို့ဘဲ အကြီးအကဲချီ ကိုယ်တိုင်က ဒီစမ်းသပ်ချက်တွေကို ကိုယ်တိုင်လာရောက် ကြီးကြပ်နေတာပဲ။ သာမန်ဆိုရင် အတွင်းစည်း အကြီးအကဲတွေက ဒီစမ်းသပ်ချက်တွေကို ဂရုစိုက်တာတောင် မဟုတ်ဘူး။ ဒီစမ်းသပ်မှုတွေက အတွင်းစည်း ကြီးကြပ်ရေးမှုးတွေရဲ့ အလုပ်လေ”

“ဒီကောင့်ကို စောင့်ကြည့်ကျတာပေါ့။ အဆင့် ၂ မိစ္ဆာသားရဲနဲ့ တိုက်ခိုက်တဲ့ အခါကျရင် ဒီကောင်က ကျားလား၊ နဂါးလား ဒါမှမဟုတ် ဖွတ်ကျားလား ဆိုတာကို သိရမှာပဲ”

“မှန်တယ်။ တကယ့် မိစ္ဆာသားရဲတွေက ဆင်းရဲဒုက္ခ မျှော်စင်က စွမ်းအင်သားရဲတွေနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ဒီကောင် ခဏနေရင် သိရတော့မှာပါ”

ဒီအတွင်းစည်း တပည့်တွေက လီဖူချန်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အများကြီး ကြားဖူးထားပါတယ်။ ဒါပေမဲ့ ကောလာဟလဆိုတာ ကောလာဟလပါဘဲ။ လီဖူချန်းရဲ့ အစွမ်းကို သူတို့ မျက်မြင် မတွေ့ရသေးသရွေ့တော့ လီဖူချန်းနဲ့ ပတ်သက်တဲ့ ဘာဒဏ္ဍာရီကိုမှ သူတို့လက်ခံမှာ မဟုတ်ပါဘူး။

လီဖူချန်းကတော့ စင်မြင့်ပေါ်မှာ ခေါင်းမော့ရင်ကော့ပြီး ဝံ့ကြွားစွာ ရပ်နေပါတယ်။

ထို့နောက်မှာတော့ သတ္တု လှောင်ချိုင့်ကြီးတစ်ခုက ပွင့်လာပါပြီ။

ဝွီး …

အနက်ရောင် အရိပ်တစ်ခုက လှောင်ချိုင့်ထဲကနေ ပျံထွက်လာပြီး ကောင်းကင်မှာ စက်ဝိုင်းပတ် ပျံသန်းနေပါတယ်။

ဒါက မီးသတ္တုငှက်ပါ။ ကြီးမားတဲ့ လက်သည်းတွေရယ်၊ ၃ မီတာနီးပါးရှိတဲ့ တောင်ပံကြီးတွေ ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

“လခွီးတတဲ့မှပဲ။ ဒါကြီးက ကြောက်စရာကြီးဟ။ အကြီးအကဲတွေက လီဖူချန်းအတွက် လေပေါ် ပျံနိုင်တဲ့ သားရဲကို လွှတ်ပေးလိုက်တယ်”

“ကြည့်ရတာတော့ ဒါက အကြီးအကဲချီရဲ့ အကြံနဲ့ တူတယ်”

“ဒီကိစ္စက တကယ့် သောက်ပြဿနာပဲ။ လေပေါ်ပျံနိုင်တဲ့ သားရဲတွေရဲ့ ခွန်အားက မြေပြင်ပေါ်က သားရဲတွေရဲ့ ခွန်အားနဲ့ ညီတယ်ဆိုပေမဲ့ လျင်မြန်မှု အပိုင်းမှာတော့ လေပေါ်ပျံနိုင်တဲ့ အကောင်တွေက အဆပေါင်းများစွာ သာတယ်ဟ”

"ဒီအဆင့်ကို ဒီကောင် မကျော်နိုင်ရင်တော့ လီဖူချန်းက ဒီရာစုနှစ်ရဲ့ အညံ့ဆုံး အပြင်စည်း နံပါတ် ၁ တပည့်အဖြစ် လှောင်ခံ ရတော့မှာပဲ”

***

All Chapters