← Chapters

အပိုင်း(၅၆၈)

Vol. 38 Ch. 568

အပိုင်း(၅၆၈)

Vol. 38 Ch. 568

ရှစ်ဖုန့် စင်မြင့်ကွင်းထဲ၌ ရပ်လိုက်

သောအခါတွင် သူ့ဘေနားရှိအရိပ်မှာ ဖြည်းဖြည်းချင်းမှေးမှိန်လွင့်ပျယ်သွား

သည်ကိုရှစ်ကျင်းရွှိုက်သဘောပေါက်လိုက်သည်။  ရှစ်ဖုန့်ထွက်ခွာသွားသည်ကို သူမသိလိုက်ချေ။  သူ့ဘေး၌ရပ်နေသောပုံရိပ်က   အကြွင်းအကျန်ပုံရိပ်တစ်ခုအဖြစ်ပြောင်း

လဲသွားသည်။

ရှစ်ဖုန့်က  စင်မြင့်အတွင်း၌ ဝင့်ကြွားစွာရပ်နေ၏။  ဤအချိန်တွင် ခရမ်းရောင်ပုံရိပ်တစ်ခုက လေထဲသို့ဖြည်းဖြည်းချင်းလွင့်မျောလာပြီး ရှစ်ဖုန့်၏ဆန့်ကျင်ဘက်၌ဆင်း

သက်လိုက်သည်။

၎င်းမှာ သာမန်ရွက်ကြမ်းရေကြိုမျက်နှာနှင့် နှစ်ဆယ်အစောပိုင်းဝန်းကျင်ရှိသော လူငယ်တစ်ယောက်ဖြစ်သည်။  လူငယ်ကသူ့ရှေ့ရှိရှစ်ဖုန့်အားမြင်

တွေ့လိုက်ရသောအခါတွင် အပြုံးတစ်ခုကသူ၏မျက်နှာထက်၌

ပေါ်လာသည်။

သူ၏  ပထမဆုံးပြိုင်ဘက်ဖြစ်သူက   ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

တစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မဖြစ်စလောက် ကြယ်တစ်ပွင့်အင်ပါယာနယ်၌

ပယ်တစ်ယောက်၌ ကျောက်စိမ်းပြားတစ်ခုအားလုယူနိုင်စွမ်းရှိသည်အထိ မည်ကဲ့သို့ ကံကောင်းမှု

မျိုးရှိနေသည်ကို လူငယ်မသိချေ။

သို့သော် ၎င်းကသူ့နှင့်လာတွေ့သည်ဖြစ်သည်။ ၎င်း၏ကံကောင်းမှုတို့ကအဆုံးသတ်ပြီဖြစ်၏။  ပြီးတော့သူသည်ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်  ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အင်ပါယာနယ်ပယ်တစ်ဦးအား

သူ၏လက်တစ်ချက်ကိုဝေ့ယမ်းရုံဖြင့်

သတ်ပစ်နိုင်သည်ဖြစ်၏။

“ဒီသခင်လေးက  သနားညှာတာတတ်တယ်. ငါမင်းကိုမထိခိုက်စေချင်ဘူး.. စင်ပေါ်ကနေခုန်ဆင်းပြီးတော့ အရှုံးကိုဝန်ခံလိုက်”

အမှတ်စဉ်ကိုးက ရှစ်ဖုန့်အား အထင်သေးစွာဖြင့်ကြည့်လိုက်ပြီး မောက်မာစွာပြောလိုက်သည်။  ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ဦးနှင့်ရင်ဆိုင်ရာတွင် သူ့အနေဖြင့် အခြေအနေအား ထိန်းချုပ်ထားနိုင်သည့်ပုံပေါ်၏။

ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်အားမျက်နှာချင်းဆိုင်ရင်း ရှစ်ဖုန့်အနေဖြင့်   အဓိပ္ပါယ်မရှိသောစကားများအားမပြောချင်ပေ။  သူ၏လက်ချောင်းအားတောက်လိုက်သည်။ ရုတ်ခြည်း မမြင်နိုင်သော စွမ်းအားတစ်ခုက သူ၏ကလက်ချောင်းထိပ်မှ ရွှတ်ခနဲထွက်သွားပြီး ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူထံသို့ ဝင်ရောက်သွားသည်။

“အမ်”

ရုတ်တရက် ကိုယ်ကိုယ့်ကိုယ်ယုံကြည်မှုရှိသော အပြုံးမျိုးရှိနေသေးသော  အမှတ်စဉ်ကိုးမှာ  သူ၏ရင်ဘက်အား ရုတ်တရက် ဧရာမတူကြီးလာရောက်ထိမှန်သလိုခံစားလိုက်ရသည်။နာကျင်မှုမှာသူ့အားငိုကြွေး

စေနိုင်လောက်သောနာကျင်မှုဖြစ်ပြီး သူ၏ကိုယ်က ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့လွင့်ပျံထွက်သွားသည်။ ထို့နောက်ချက်ချင်း ပဲ စင်မြင့်အပြင်အထိထွက်သွားကာ အောက်ရှိမြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

အောက်တွင်ရပ်နေကြသော ကျင့်ကြံသူများမှာ အမှတ်စဉ်ကိုးဖြစ်သူ ကျလာသည်ကိုတွေ့ရသောအခါတွင်  လူအုပ်က ဘေးသို့ရှဲပေးလိုက်ကြပြီး ၎င်းအတွက်နေရာတစ်ခုစာထားပေးလိုက်သည်။

“ဘန်း”

အမှတ်စဉ်ကိုးမှာ မြေပြင်ထက်သို့ပြင်းထန်စွာပြုတ်ကျသွားသည်။

“အား”

မြေပြင်ထက်သို့ပြုတ်ကျလာသော ကျင့်ကြံသူမှာ အံ့အားသင့်စွာဖြင့်အော်ဟစ်လိုက်သည်။အစောပိုင်းက နာကျင်မှုက သူ့အားအနည်းငယ်ကြက်သေသေ

သွားစေခဲ့သည်။ ဤအခိုက်အတန့်၌ သူ၏ပြန်အသိဝင်လာချိန်တွင်  သူ့အနေဖြင့် စင်မြင့်အပြင်ဘက်မြေပြင်ပေါ်၌လဲနေသည်ကို သိလိုက်ရသည်။

ကျင့်ကြံသူအမှတ်စဉ်ကိုးမှာ  လျှင်မြန်စွာလှည့်လိုက်ပြီး ထရပ်လိုက်သည်။ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အမှိုက်က စင်မြင့်အတွင်း၌ရပ်နေသေးသည်ကို သူမြင်တွေ့လိုက်ရ၏။

“တိုက်ခိုက်သူ အမှတ်စဉ်တစ်ဆယ်  အနိုင်ရတယ်”

စင်မြင့်နံပါတ်တစ်ဆယ်အထက်မှ ဒိုင်ဖြစ်သူ၏ ခြားနားမှုမရှိသော အသံထွက်ပေါ်လာသည်။

“ခဏလေး..ဒိုင်လူကြီး..ခဏလေးနေပါအုံး”

ဒိုင်ဖြစ်သူ၏ ကြေညာ သံအားကြားလိုက်ရသောအခါတွင်  အမှတ်စဉ်ကိုးက လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး   စင်မြင့်အတွင်းသို့ ပျံသန်းသွားလိုက်သည်။သူက ရှေ့ရှိရှစ်ဖုန့်အား ထိုးညွှန်ပြရင်း ခေါင်းကိုမော့၍ ကောင်းကင်ထဲရှိ ဒိုင်ဖြစ်သူအား ပြောလိုက်သည်။

“ဒိုင်လူကြီး.. ဒီကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အမှိုက်က လိမ်လည်လှည့်စားတာပါ”

“လိမ်လည်လှည့်စားတယ်လား”

အမှတ်စဉ်ကိုး၏ စကားများအားကြားရသောအခါတွင်  ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသော ဒိုင်ဖြစ်သူက  အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စိတ်မကျေနပ်မှုဖြစ်သွားသည်။

ဤအချိန်တွင် “ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ကြယ်နှစ်ပွင့် ဘိုးဘေးနယ်ပယ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးယှဉ်ပြိုင်နိုင်မှာလဲ” ဟူသည့် ဆူညံပွက်လောရိုက်မှုများဖြစ်နေ၏။

“ဟုတ်ပါတယ်..ခုဏက ကျွမ်းကျင်သူတစ်ဦးက အနီးအနားမှာပုန်းနေပြီး လှုပ်ရှားမှုတစ်ခုကို တိတ်တဆိတ်လုပ်ဆောင်လိုက်တာပါ”

“ဒါပေမဲ့ သိုင်းပြိုင်ပွဲအတွင်း စင်မြင့်ပေါ်မှာကန့်သတ်ချက်တစ်ခုရှိတယ်မဟုတ်ဘူးလား.. စွမ်းအင်က  စင်မြင့်ကနေလျှံမှမထွက်နိုင်တဲ့ဟာ.. ပြင်ပကစွမ်းအင်ကလဲ အတွင်းဘက်ထဲကို ဝင်နိုင်မှာမို့လား”

“ဘယ်သူသိမှာလဲ. ဘာပဲဖြစ်ဖြစ်..ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က   ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်ကိုအနိုင်ယူနိုင်တာကို ဘယ်သူကယုံမှာလဲ..  ဧကရာဇ်ကျိုးယိုရဲ့ ပြန်လည်ဝင်စားလာသူဆိုရင်တောင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး”

စင်မြင့်နံပါတ်တစ်ဆယ်၏ ကောင်းကင်ထက်တွင်  စိတ်မကျေနပ်မှုဖြစ်နေသေ ဒိုင်ဖြစ်သူက ငုံကြည့်၍ သူ၏အကြည့်တို့အား ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ် အမှတ်စဉ်းကိုးပေါ်တွင်   စူးစိုက်ထားသည်။ ထို့နောက် သူက အေးစက်စွာပြောလိုက်သည်။

“မင်းဟာမင်းလုံလောက်အောင်အစွမ်းမထက်ဘဲနဲ့များ အမှိုက်လို့မင်းကပြောရဲရတာလဲ. အရူးကောင်..မင်းဘယ်လိုရှုံးသွား

လဲဆိုတာကိုတောင်မင်းမသိဘူး. ဘယ်လိုလုပ်ပြီးတော့ စင်မြင့်ပေါ်ကိုပြန်လာရဲတာလဲ..ထွက်သွားစမ်း”

စကားပြောနေရင်း စာပေသမားပုံစံရှိသော ဒိုင်ဖြစ်သူမှာ သူ၏ ညာဘက်အင်္ကျီလက်အားဝေ့ယမ်းလိုက်ပြီး မမြင်နိုင်သော ချီစွမ်းအားတစ်ခုကပေါ်လာသည်။

“အား”

ထို့နောက်ရုတ်ခြည်း နောက်ထပ်အော်သံတစ်ခုထွက်ပေါ်လာသည်။ အမှတ်စဉ်ကိုးမှာ သူ၏ရင်ဘက်မှာ မာကျောသော အရာတစ်ခုဖြင့်ပြင်းထန်စွာထုနှက်ခံရသကဲ့သို့ နောက်တစ်ကြိမ်ခံစားလိုက်ရပြန်သည်။  သူ၏ကိုယ်ကနောက်တစ်ကြိမ်

စင်မြင့်အပြင်ဘက်သို့ လွင့်ထွက်သွားပြန်၏။ “ဘန်း” ဟူသောအသံနှင့်အတူ   အစောပိုင်းက ကျသွားသော နေရာသို့ လုံးဝအတိအကျပြန်လည်ကျသွားခဲ့သည်။

အမှတ်စဉ်ကိုး လွင့်ထွက်သွားပြီးနောက် ဒိုင်ဖြစ်သူ၏  ခြားနားမှုမရှိသောလေသံက  စင်မြင့်အတွင်းနောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။

“အမှတ်စဉ်တစ်ဆယ်အနိုင်ရရှိတယ်”

ထိုအသံအားကြားပြီးနောက်  ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားသွားပြီး စင်မြင့်ထက်မှပျောက်ကွယ်သွားသည်။ ပုံရိပ်ယောင်တစ်ခုသာနောက်၌ကျန်ရစ်နေခဲ့၏။ ၎င်းကမြူကဲ့သို့ ဖြည်းဖြည်းချင်းစင်မြင့်အတွင်း

မှပျောက်ကွယ်သွားသည်။ လေအေးတစ်ချက်ဝှေ့တွင် ၎င်းကလုံးဝကိုပျောက်ကွယ်သွားခဲ့သည်။

စင်အောက်ဘက်တွင်ရှစ်ကျင်းရွှိုက်က  သူ၏ခေါင်းကိုလှည့်လိုက်သည်။ သေချာစွာပင် ရှစ်ဖုန့်က မသိနိုင်သောနေရာမှဆင်း

သက်လာပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းကသူ၏ဘေးနားသို့ရောက်ရှိလာ၏။

“ညီလေးရှစ်… မင်းရဲ့နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်”

ရှစ်ဖုန့်ပြန်လာသည်အားတွေ့

ရသောအခါရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ဂုဏ်ပြုစကားဆိုလိုက်သည်။

သို့သော် ရှစ်ဖုန့်က သူ၏လက်အားဝေ့ယမ်းပြီးပြောလိုက်၏။

“ဒီသခင်လေးကို ဂုဏ်ပြုဖို့မလိုဘူး. အမှိုက်တစ်ကောင်ကို အနိုင်ယူလိုက်ရုံပဲရှိတာ. ဘာမှ ပျော်စရာအကြောင်းမရှိဘူး”

ထို့နောက်ရှစ်ဖုန့်က စင်မြင့်နံပါတ်တစ်ဆယ်ကိုထပ်မံကြည့်၍ ပြောလိုက်သည်။

“သူတို့တိုက်ပွဲတွေရဲ့အမြန်နှုန်းကို အခြေခံပြီး ဒီစင်မြင့်ပေါ်ကို ဒီနေ့တော့ ဒီသခင်လေးထပ်ပြီး မသွားရတော့မဲ့ပုံပဲ”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်   ရှစ်ကျင်းရွှိုက်က  သဘောတူစွာဖြင့်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“ငါသွားရမဲ့အချိန်တောင် ညဘဖြစ်လောက်တယ်”

“ဟမ်.. ညီလေးရှစ် မင်းဘာဖြစ်လို့လဲ”

ရှစ်ကျင်းရွှိုက်စကားပြောနေရင်း  ရှစ်ဖုန့်က အခြားတစ်ဘက်ခြမ်းသို့ခေါင်းလှည့်၍ နေသည်ကို ရုတ်တရက်သတိထားမိလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏အကြည့်နောက်သို့ လိုက်ပါကြည့်လိုက်သောအခါတွင်  အခြားသောစင်မြင့်တစ်ခုအပေါ်၌ ဝင့်ကြွားစွာရပ်နေသော လိမ္မော်ရောင်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။

လိမ္မော်ရောင်ပုံရိပ်အားရှစ်ကျင်းရွှိုက်

လျှင်မြန်စွာမှတ်မိလိုက်၏။၎င်းမှာ လုံဟူဂိုဏ်း၏သခင်လေးဖြစ်သူ လိမ္မော်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော  ဝမ့်ကုန်းပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင်   ဝမ့်ကုန်းက စင်မြင့်ပေါ်၌ ဝင့်ကြွားစွာရပ်နေ၏။ သို့သော်သူ၏ညာလက်ကတော့ ကျင့်ကြံသူတစ်ဦး၏ရင်ဘက်အား

ထွင်းဖောက်ကာ ခန္ဓာကိုယ်အတွင်းဖြတ်သန်းဝင်ရောက်နေသည်။ ရှင်းလင်းစွာပင် ထိုကျင့်ကြံသူမှာ ဝမ့်ကုန်း၏လက်အတွင်း၌  သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဝမ့်ကုန်းမှာ သူ့လက်အတွင်းရှိ အလောင်းအား ကြည့်ပင်ကြည့်မနေချေ။ ထိုအစား  စင်မြင့်မှဦးတည်ချက်တစ်ခုသို့သာ

အေးစက်စွာကြည့်နေသည်။ ဝမ့်ကုန်း၏ကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါတစ်

ခုမြင့်တက်လာ၏။

“အမှတ်စဉ်တစ်ဆယ် အနိုင်ရတယ်”

ဝမ့်ကုန်း၏ စင်မြင့်ထက်မှဒိုင်ဖြစ်သူ၏အသံ

ထွက်ပေါ်လာသည်။ ၎င်းက ဝမ့်ကုန်း၏ သာလွန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်

လာသောအခါတွင် ပေါ်လာခြင်းဖြစ်ပြီး  မြင့်တက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့အား အာရုံခံမိသောအခါတွင်   ဒိုင်ဖြစ်သူပင် ထိတ်လန့်သွားခဲ့သည်။

ရှစ်ကျင်းရွှိုက်မှာမူ သတ်ဖြတ်ခြင်းစိတ်န္ဒတို့ဖြင့်ပြည့်နှက်နေသော  ဝမ့်ကုန်း၏ မျက်လုံးများက  သူ့ထံသို့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဝမ့်ကုန်းက သူ့ဘေးရှိ လူငယ်အားကြည့်နေသည်မှာသိသာ၏။  ဝမ့်ကုန်းမှာသူ၏ညီဖြစ်သူ ဝမ့်ပိုင်အား ဤလူငယ်သတ်လိုက်ခြင်းဖြစ်သည်ကို  သိသွားခြင်းဖြစ်ပုံရသည်ဖြစ်သည်။

“ဝမ့်ကောင်လေး. ဒီမင်းသားဒီမှာရှိသေးတယ်.. ရှုပ်ထွေးအောင်မလုပ်နဲ့. တစ်ခုခုဖြစ်ချင်တယ်ဆိုရင် သတို့သားရွေးချယ်ပြိုင်ပွဲပြီးတဲ့အ

ထိစောင့်လိုက်.. မဟုတ်ရင်လည်းအဲ့တာကိုစင်ပေါ်

မှာပဲကိုင်တွယ်လိုက်”

ဝမ့်ကုန်းဘက်ခြမ်းရှိလှုပ်ရှားမှုများက ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်‌နေသောရွှေရောင်ပုံရိပ်အားသတိပေးသလိုဖြစ်သွားသည်။ မင်းသွားကွမ်း၏ အသံက ထပ်မံပဲ့တင်ထွက်ပေါ်လာ၏။

မင်းသားကွမ်း၏ ဆိုလိုရင်းက အရမ်းသိသာသည်ဖြစ်သည်။ သတို့သားပြိုင်ပွဲအတွင်း ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ စင်မြင့်ထက်၌  ကျွမ်းကျင်သူများတိုက်ခိုက်ခြင်းမှလွှဲ၍ အခြားမည်သည့်တိုက်ပွဲမျိုးကိုမှ

သူခွင့်ပြုမည်မဟုတ်ပေ။

ဤစကားများက ဝမ့်ကုန်းအတွက်ရော အခြားသော ရှိနေသည့် ကျင့်ကြံသူများအားလုံးအတွက်ပါ ရည်ရွယ်ခြင်းဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters