← Chapters

အပိုင်း(၅၆၉)

Vol. 38 Ch. 569

အပိုင်း(၅၆၉)

Vol. 38 Ch. 569

မင်းသားကွမ်း၏  အသက်အရွယ်နှင့် ခြာနားမှုမရှိသော  အသံက ဧရိယာတစ်ခွင်ဖြတ်သန်း ရိုက်ခတ်သွားသည်။

မင်းသားကွမ်း၏အသံအားကြား

လိုက်ရသောအခါတွင် ဝမ့်ကုန်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါက  ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။

သို့သော်   သူ၏ သတ်ဖြတ်ချင်စိတ်တို့နှင် အကြည့်က ရှစ်ဖုန့်၏အပေါ်သို့ကျရောက

်နေဆဲဖြစ်သည်။၊  လှောင်ပြုံးတစ်ခုပင်လျှင်  သူ၏မျက်နှာထက်၌ရှိနေ၏။

ကောင်းကင်ထက်မှလူကြီးအားသူမကြောက်ရဘူးဆိုလျှင်   ဝမ့်ကုန်းအနေဖြင့်  ရှစ်ဖုန့်ပေါ်သို့ ခုန်အုပ်ပြီး အပိုင်းပိုင်းဆွဲဖြဲပစ်ပြီးဖြစ်လောက်၏။

ထို့နောက် ဝမ့်ကုန်းက   ရှစ်ဖုန့်အားစိန်းစိန်းဝါးဝါးကြည့်၍ ခက်ထန်စွာပြောလိုက်သည်။

“စင်မြင့်ပေါ်မှာ အကယ်၍များမင်းနဲ့

ငါတွေ့ခဲ့ရင်    ငါမင်းသေချာပေါက်မင်းကို သတ်ပစ်မယ်”

သတ်ချင်ဖြတ်ချင်စိတ်တို့ဖြင့်  ပြည့်နှက်နေသော ဝမ့်ကုန်း၏ အေးစက်သောအသံက   ဧရိယာတစ်ခွင် သို့ စတင်ရိုက်ခတ်ပျံ့နှံ့သွားသည်။

ဝမ့်ကုန်း၏ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့်အေးစက်သောအသံအားကြားလိုက်ရသောအခါတွင်   ကျင့်ကြံသူများစွာတို့မှာ   ကျောရိုးတစ်လျှောက်စိမ့်တက်သွား

မှုကိုခံစားလိုက်ရ၏။

ဤကဲ့သို့ပြောပြီးနောက်   ဝမ့်ကုန်း၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး  လိမ္မော်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။သူကလေကိုထိုးခွင်းပြီး   မျက်စိတစ်မှိတ်အတွင်း  အားလုံး၏မြင်ကွင်းမှပျောက်ကွယ်သွား၏။

ထို့နောက် ဧရိယာအတွင်းရှိ  ကျင့်ကြံသူများထံမှ အံ့အားသင့်စွာပြောဆိုသောအသံများ

ထွက်ပေါ်လာသည်။

“အဲ့ဝမ့်ကုန်း.   သူဘယ်သူ့ကိုပြောသွားတာလဲ.. ဘယ်လိုဧည့်သည်မျိုးကများ ဝမ့်ကုန်းလိုလူကိုတကယ်ကြီး ထိပါးစော်ကားရဲတာလဲ”

“ငါမြင်သလောက်ကတော့ ဝမ့်ကုန်းကိုစော်ကားတာ က သေလိုက်တာနဲ့ဘာမှကွာခြားမှုမရှိဘူး.. ဝမ့်ကုန်းနဲ့သူစင်မြင့်ပေါ်မှာမတွေ့ဘူးဆိုရင်တောင်.. လုံဟူဂိုဏ်းကပေးတဲ့အရှိန်အဝါအရ သူဟာပစ်မှတ်အဖြစ်သတ်မှတ်ခံရပြီး

လောက်ပြီ.. သူထွက်တောင်ပြေးနိုင်မှာမဟုတ်ဘူး”

“ပြေးတာလား.. ဝမ့်ကုန်းနဲ့လုံဟူဂိုဏ်းတို့ကို စော်ကားပြီးတဲ့နောက် ဘယ်သူကများပြေးရဲသေးလို့လဲ. ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှာ  မင်းသားကွမ်းအနေနဲ့ သိုင်းပြိုင်ပွဲအတွင်း  ဘယ်သူမှတိုက်ခိုက်ဖို့ခွင့်မပြုဘူးပြောခဲ့တယ်..”

“ဘယ်သူကမှ မင်းသားကွမ်းရဲ့စကားတွေကိုလျစ်

လျူရှုရဲမှာမဟုတ်ဘူး.. အကယ်၍ သူက ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်ထဲမှာပုန်းနေပြီးတော့    သိုင်းပြိုင်ပွဲပြီးတဲ့အထိစောင့်မယ်ဆိုရင်.. ရက်နည်းနည်းလောက်တော့ထပ်ပြီး   အသက်ရှင်နေနိုင်သေးတယ်.. သူသာပြေးခဲ့ရင်တော့.. ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်ထဲကထွက်တာနဲ့ ဝမ့်ကုန်းနဲ့လုံဟူဂိုဏ်းရဲ့အမျက်ဒေါသကိုခံစားရလိမ့်မယ်”

“ဘာပဲဖြစ်နေပါစေ ဝမ့်ကုန်းကိုစော်ကားခဲ့တဲ့ညီကိုကတော့ သူ့ကိုယ်သူ ကံမကောင်းတာလို့ပဲ သုံးသပ်ရမှာပဲ.. သူဘာပဲဖြစ်ဖြစ်သေချာပေါက်သေလိမ်မ့ယ်.. ဒါက မင်းအနေနဲ့ မစော်ကားသင့်တဲ့တစ်စုံတစ်

ယောက်ကိုစော်ကားမိတဲ့အမှားပဲ”

ဆွေးနွေးပြောဆိုမှုများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ အားလုံး၏ နှလုံးသားထဲ၌ ဝမ့်ကုန်း၏ပစ်မှတ်ထားခြင်းအား

ခံရသောသူမှာသေလူသာဖြစ်သည်။

ရှစ်ကျင်းရွှိုက်၏ အကြည့်ကလည်း လူအုပ်ကြီးက သေလူဟုသူ့အကြောင်းကိုပြော

ဆိုနေကြသော လူငယ်၏မျက်နှာပေါ်သို့ကျရောက်နေသည်။

သို့သော် လူငယ်၏မျက်နှာက အေးအေးလူလူပင်ဖြစ်ပြီး   ခြာနားမှုမရှိသည်ကို ရှစ်ကျင်းရွှိုက်မြင်တွေ့လိုက်ရသည်။  ထျန်းလျန်အင်ပါယာ၏ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ဦးထဲမှ နံပါတ်ကိုးချိတ်သသူ မဟာသူတော်စင်နယ်ပယ်ဝမ့်ကုန်း၏ ပစ်မှတ်ထားခံရခြင်းပြီး ၎င်းအနေဖြင့်ရှစ်ဖုန့်အား

သေချာပေါက်သတ်မည်ဟုထင်

ရသော်လည်းရှစ်ဖုန့်ကတော့   သူ၏ ပင်ကို ပုံစံအားထိန်းထားဆဲပင်ဖြစ်သည်။

ဝမ့်ကုန်း၏ ရှစ်ဖုန့်အား သတ်မည်ဟုပြောသောအကြောင်း

ကသူ့အားတိုက်ရိုက်မသက်ဆိုင်

သကဲ့သို့ပင်ဖြစ်သည်။

“ညီလေးရှစ်.. “

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား တိုးဖျော့စွာခေါ်လိုက်သည်။  ရှစ်ဖုန့်အားလက်ရှိအခြေအနေအ

တွက်သူ့အနေဖြင့် သတိပေးဖို့လိုသည်ဟု ခံစားရ၏။

“ဘာဖြစ်လို့လဲ”

ရှစ်ကျင်းရွှိုက်၏ အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာထက်၌ ရှုပ်ထွေးမှုတစ်ခုဖြစ်သွား၏။

“ဝမ့်ကုန်း..သူက..”

ရှစ်ကျင်းရွှိုက်သူ၏စကားမဆုံးခင် ရှစ်ဖုန့်က အရင်ပြောလိုက်သည်။

“မဟာသူတော်စင်နယ်ပယ် ..ထိပ်တန်းအဆင့်ကျွမ်းကျင်သူ

ဆယ်ယောက်ထဲနံပါတ်ကိုးချိတ်တဲ့သူ ဟုတ်တယ်မလား. မင်းဒီသခင်လေးကိုမနေ့ကပြောထားပြီပြီ”

“ဒါဆိုရင်မင်းဘာလို့..”

ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်က နှာမှုတ်လိုက်ပြီးအထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“သူကမဟာသူတော်စင်နယ်

ပယ်တစ်ယောက်ဖြစ်နေတော့ရောဘာဖြစ်လဲ.. ဒီသခင်လေးမှာ မဟာသူတော်စင်အဆင့်ရန်သူ ကျိရှောင်းတစ်ယောက်တောင်ရှိနေပြီပဲ.. ဒီသခင်လး ဝမ့်ကုန်းကိုမကြောက်ဘူး.. ဒီသခင်လေးရဲ့အသက်ကိုလိုချင်လို့လာတဲ့သူတွေ.. ဒီသခင်လေးကသူတို့ကိုသေချာပေါက်ပြန်လမ်းမဲ့အောင်လုပ်ပစ်မယ်”

ရှစ်ကျင်းရွှိုက်မှာရှစ်ဖုန့်၏ စကားများအားကြားလိုက်ရသောအခါတွင်   ဆွံ့အသွားရသည်။

“ဒါက.အိုး. ဟုတ်သား. ဒီလူရဲ့စရိုက်ကို ငါမေ့တော့မလို့”

သို့သော် ခဏကြာပြီးနောက်တွင်  ရယ်မောသံတစ်ခုက သူ၏ ဘေးမှထွက်ပေါ်လာသည်။

“ဟားဟား.ကောင်းတယ်.. ကောင်းတယ်. ငါသူတို့ကို မလွတ်ပေးဘူးတဲ့..ကောင်းလိုက်တဲ့အရာပဲ.ဒါကမှ  ငရဲဘုံကိုးခု ဧကရာဇ်

ဘိုးဘေးရဲ့စရိုက်ပဲ”

ရယ်မောသံအားကြားပြီးနောက်   ရှစ်ကျင်းရွှိုက်ကလှည့်လိုက်ပြီး လေထဲ၌တဖျပ်ဖျပ်လွင့်နေသော အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခု

အားမြင်တွေ့လိုက်ရသည်။ ၎င်းကရွှယ်ဝူဟမ်ပင်ဖြစ်သည်။

“အကိုရွှယ်..ခင်ဗျားရောက်လာပြီပဲ”

ရွှယ်ဝူဟမ်အားမြင်လိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်က   ခေါင်းညိမ့်လိုက်ပြီးနှုတ်ဆတ်လိုက်သည်။

“မင်းငါရောက်လာပြီ..”

ရွှယ်ဝူဟမ်ကလည်းရှစ်ကျင်းရွှိုက်အား ခေါင်းညိမ့်ပြလိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်ကလည်း

လှည့်လိုက်ပြီးရွှယ်ဝူဟမ်အားကြည့်လိုက်၏။

ရွှယ်ဝူဟမ်ကသူ၏ အပြုံးအားထိန်းထားပြီး ရှစ်ဖုန့်ထံကြည့်လိုက်သည်။ ထို့နောက်သူကခေါင်းညိမ့်ပြီး ပြုံးလိုက်ပြန်၏။

“မင်းကငရဲဘုံကိုးခု ဧကရာဇ်ဘိုးဘေးနဲ့မတူပေမဲ့လည်း. မင်းရဲ့ ဆွဲဆောင်နိုင်တဲ့ညှို့ဓာတ်ကတော့

ငရဲဘုံကိုးခုဧကရာဇ်ဘိုးဘေးရဲ့ပုံတူထဲကနဲ့ အရမ်းဆင်တူတယ်”

“ငရဲဘုံကိုးခု ဧကရာဇ်ဘိုးဘေးက ကမ္ဘာကြီးကိုနှိမ့်ချကြည့်ခဲ့ပြီးတော့ ထျန်းဟန်တိုက်ကြီးပေါ်မှာ ကျော်လွှားလို့မရနိုင်တဲ့သူပဲ.. ဒါပေမဲ့သူဟာ မသိနိုင်တဲ့အကြောင်းပြချက်တွေကြောင့်

သေဆုံးသွားခဲ့ရတယ်.. ဒါပေမဲ့ .. ဘိုးဘေးအနေနဲ့သူ့ရဲ့မျိုးဆက်တစ်ယောက်ကို ချန်ထားခဲ့မယ်လို့တော့ ငါမမျှော်လင့်ထားခဲ့ဘူး..ဆရာနဲ့ဦးလေးတွေသာဒီအကြောင်းကိုသိရင်.. သူတို့သေချာပေါက် ဝမ်းမြောက်မှုကိုခံစားရမှာပဲ”

ဤအရာအားပြောနေရင်းရွှယ်ဝူဟမ်မှာ

သက်ပြင်းချကလိုက်ပြီးဝမ်း

မြောက်ကျေနပ်မှုကိုခံစားနေရသည်။

ထို့နောက်တွင်   ရွှယ်ဝူဟမ်၏အကြည့်တို့က ရှစ်ဖုန့်၏မျက်နှာပေါ်၌စူးစိုက်ထား၏။  သူ၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားကာ ရှစ်ဖု့န်အားဖောက်ထွင်းမြင်နိုင်သကဲ့သို့   အမူအယာတစ်ခုထွက်ပေါ်လာသည်။ သူကတသောသောရယ်မော

လိုက်ပြီးရှစ်ဖုန့်ကိုမေးလိုက်သည်။

“ညီလေးရှစ်မင်းကိုငါ ယိုဖုန်းလို့ခေါ်မလား. ဒါမှာမဟုတ် ဦးလေးငယ်လို့ခေါ်ရမလား”

ရွှယ်ဝူဟမ်၏ စကားအားကြားပြီးနောက်   ရွှစ်ကျင်းရွှိုက်တစ်ယောက်

စိတ်ရှုပ်ထွေးနေသည်။ ရွှယ်ဝူဟမ်၏ စကားများနောက်ကွယ်မှအဓိပ္ပါယ်

အားသူနားလည်သည်ဖြစ်၏။ ဤလူငယ်က ငရဲဘုံကိုးခု ဧကရာဇ်ကျိုးယို၏ သားပင်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင်   ရှစ်ကျင်းရွှိုက်တစ်ယောက်သူ့အတွေးနှင့်သူ တုန်လှုပ်အံ့အားသင့်နေသည်။

ဧကရာဇ်ကျိုးယိုမှာ တစ်ခါက ဤကမ္ဘာပေါ်တွင်စွမ်းအားအကြီးမားဆုံးသူဖြစ်သည်။  အတွေးတစ်ချက်ဖြင့် လူသန်းပေါင်းများစွာ၏သေခြင်း

ရှင်ခြင်းအားထိန်းချုပ်နိုင်ပြီး တစ္ဆေစစ်သားသန်းပေါင်းများစွာ

ကိုဦးဆောင်သူဖြစ်သည်။ ဤလူငယ်က ဤကဲ့သိုသောလူ၏သားဖြစ်၏။ ဤနောက်ခံက အရမ်းကိုတုန်လှုပ်ဖို့ကောင်းသည်ဖြစ်သည်။

“ဒါပေမဲ့..”

သို့သော်ထို့နောက်   ဤလူငယ်ကသူ့အား ၎င်းအနေဖြင့် ငရဲဘုံကိုးခု ဧကရာဇ် အဆက်အနွယ်ဟု လွန်ခဲ့သောရက်အချို့ကပင်ဝန်ခံခဲ့

သေးသည်ဖြစ်သည်။  သို့သော် သူက ကြီးမြတ်သောဧကရာဇ်မိုရှောင်ယောင်

၏တပည့်ဖြစ်သည်ဟုလည်းဝန်ခံခဲ့သေး၏။

ရက်အနည်းငယ်လေးအတွင်း

ဘယ်လိုဖြစ်ပြီးသူက ငရဲဘုံကိုးခု ဧကရာဇ်ကျိုးယို၏သားဖြစ်လာရပါသနည်း။ ရွှယ်ဝူဟမ်တစ်ယောက် အမှားများလုပ်မိသလော။

သို့သော်ယင်းသို့ဖြစ်နိုင်ပုံမရပေ။ ရွှယ်ဝူဟမ်ကလည်းငရဲဘုံကိုးခု အဆက်အနွယ်မှဖြစ်ပြီး  ကမ္ဘာ့နံပါတ်တစ်ဆေးဝါးဖော်စပ်သူချင်ယူဖန်း၏ တပည့်တစ်ဦးဖြစ်သည်။ ၎င်းကအနေဖြင့်ဤကဲ့သို့သောအမှားတစ်ခုကိုလုပ်လိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်ကရုတ်တရက်ကြီးပေါ်လာ

သောရွှယ်ဝူဟမ်အားကြည့်လိုက်၏။  ရွှယ်ဝူဟမ်၏စကားများအားကြားပြီးနောက်သူပြောစရာစကားမဲ့သွားသည်။

ဤရွှယ်ဝူဟမ်ကသူ့အားတကယ်ကြီးသူကပင် ပြန်မွေးထားသောသားတစ်ဦး

အဖြစ်ဆက်ဆံနေသည်။

ဤ..ဤသည်ကားအရမ်းရယ်စရာကောင်းသည်မဟုတ်လော။

ရှစ်ဖုန့်ဘာမှမပြောသည်အားတွေ့ရသောအခါတွင် ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်အနေဖြင့်တစ်ခုခုအားစိုးရိမ်နေသည်ဟုတွေးလိုက်သည်။  ထို့အပြင် ဤနေရာ၌လူများစွာရှိနေပြီးသူ၏သရုပ်မှန်ကတကယ့်ကိုအရမ်းထူးခြားသည်ဖြစ်သည်။ ဤအရာအားတွေးမိပြီးနောက် ရွှယ်ဝူဟမ်က ရှစ်ဖုန့်အားနှစ်သိမ့်လိုက်၏။

“မပူပါနဲ့ ဦးလေးငယ်.. ငါ့ကိုစီနီယာတစ်ဦးပေးထားတဲ့ အဆောင်တစ်ခုကိုသုံးထားပြီးပါပြီ.. အခု တို့တွေက သီးသန့်နေရာငယ်တစ်ခုထဲကိုရောက်နေတာ.. အခုတို့ပြောခဲ့တာတွေကို တို့သုံးယောက်ပဲကြားနိုင်တာ.. မင်းသားကွမ်းလို့ခေါ်တဲ့လန်ကွမ်းတောင်မှ  သူ့ကျင့်ကြံမှုအဆင့်နဲ့ တို့ရဲ့စကားတွေကိုကြားနိုင်မှာမဟုတ်ဘူး”

ဤအရာအားပြောပြီးနောက် ရွှယ်ဝူဟမ်၏အကြည့်က ရှစ်ဖုန့်ဘေး၌ရှိနေသော ရှစ်ကျင်းရွှိုက်ပေါ်သို့ကျရောက်သွားသည်။ သူကထပ်မံပြောလိုက်၏။

“အကယ်၍ဦးလေးငယ်က ဒီလူနဲ့ပက်သက်တာကိုစိုးရိမ်ပြီး ဦးလေးငယ်နဲ့ငါ့ရဲ့စကားတွေပေါက်ကြားမှာကိုကြောက်ရင် ဦးလေးငယ်အတွက် လျှို့ဝှက်ချက်ကိုထိန်းနိုင်

အောင်ငါအခုပဲလုပ်ပေးမယ်”

ရွှယ်ဝူဟမ်ပြောနေသောလျှို့ဝှက်ချက်ဆိုသည်ကား သူ့အားနှုတ်ပိတ်ရန်ဖြစ်ရမည်ဖြစ်သည်။

သေလူတစ်ယောက်၏ပါးစပ်ကသာလျှင် တင်းနေအောင်ပိတ်ထားနိုင်ဆုံးဖြစ်၏။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters