← Chapters

အပိုင်း(၅၇၀)

Vol. 38 Ch. 570

အပိုင်း(၅၇၀)

Vol. 38 Ch. 570

ရွှယ်ဝူဟမ်၏   အပြုအမူက   အေးစက်ပြီးပူပန်ကြောင့်ကြမဲ့သည်ကို   ရှစ်ကျင်းရွှိုက် မြင်နိုင်သည်ဖြစ်သည်။ သို့သော်စကားပြောနေစဉ် ရွှယ်ဝူဟမ်က သူ့အားကြည့်၍ လျှို့ဝှက်ချက်အားထိန်းရန်အ

တွက်သူ့အားသတ်မည်ဟုပြောနေသည်ကို ရှစ်ကျင်းရွှိုက်ရုတ်တရက်ကြားလိုက်ရသည်။

ဘယ်လိုတောင်အပြစ်မဲ့ပြီးမှားယွင်း

သည်ဟုခံစားရသောခံစားချက်

တစ်ခုဖြစ်ပါသနည်း။  သူကဘာကိုမှမမေးခဲ့ပေ။ ရှစ်ဖုန့်အားဧကရာဇ်ကျိုးယို၏သားဖြစ်သည်ဟုပြောခဲ့သည်မှာရွှယ်ဝူဟမ်သာဖြစ်သည်။

ရှစ်ဖုန့်အား ရွှယ်ဝူဟမ်ကသူ့အားသတ်ရန်ပြောနေသည်။ ယင်းကအရမ်းကိုကျိုးကြောင်း

ဆီလျော်မှုမရှိခြင်းပင်ဖြစ်၏။

“ညီလေးရှစ်..မင်းနဲ့ငါနဲ့က ညီအကိုတွေပါ.. မင်းငါ့ကိုယုံရမယ်..ငါမင်းရဲ့သရုပ်မှန်ကို ဘယ်တော့မှထုတ်မပြောပါဘူး”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်ဘက်သို့လျှင်မြန်စွာ

လှည့်၍ပြောလိုက်သည်။

ယခုရွှယ်ဝူဟမ်က နှုတ်ပိတ်ရန်အတွက်သူ့အားသတ်ချင်နေသည်ကို နောက်ဆုံး၌ရှစ်ကျင်းရွှိုက် နားလည်သည်ဖြစ်သည်။ ရှစ်ဖုန့်က ဧကရာဇ်ကျိုးယို၏သားဖြစ်ရမည်သာဖြစ်၏။

ဧကရာဇ်ကျိုးယို၏သားတစ်ဦးအနေဖြင့် ရှစ်ဖုန့်အား အခြားသူများကိုသူကတရား

မဝင်သားတစ်ယောက်ဖြစ်သည်ဟု မသိစေချင်ခဲ့ပေ။

ရှစ်ကျင်းရွှိုက်ကရှစ်ဖုန့်အားကြည့်လိုက်ပြီး သူ့ဖာသာသူတွေးလိုက်သည်။

ရှစ်ဖုန့်ကရွှယ်ဝူဟမ်၏သူ့အပေါ်ခွဲခြမ်းစိတ်ဖြာနေသောစကားများအားနားထောင်နေသည်။ ဤမြေးတပည့်ဖြစ်သူကသူ့အားသူမွေးထားသော သားဖြစ်သူအဖြစ်တကယ်ကြီးမှတ်ယူနေ၏။

ရှစ်ဖုန့်က ရွှယ်ဝူဟမ်၏ ခွဲခြမ်းစိတ်ဖြာမှုအား ငြင်းဆိုခြင်းလည်းမပြုသလို ဝန်ခံခြင်းလည်းမပြုလုပ်ပေ။ သူကပြောလိုက်သည်။

“မင်းအခုကစပြီး ဒီသခင်လေးကို သခင်လေးဖုန့်လို့ခေါ်လို့ရတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကျင်းရွှိုက်က ဒီသခင်လေးရဲ့သူငယ်ချင်းပဲ. ဘာကိုမှအလောတကြီးမလုပ်နဲ့”

ရွှယ်ဝူဟမ်မှာ  ရှစ်ဖုန့်၏စကားများအားကြားလိုက်ရပြီး  ရှစ်ဖုန့်ကသူနှင့်  ဘိုးဘေးကျိုးယိုကြားက ဆက်နွယ်မှုအားငြင်းဆိုခြင်းမပြုသည်ကို  တွေ့လိုက်ရသည်။ ရွှယ်ဝူဟမ်မှာမနေ့က ဓားအမှတ်အသားအတွင်းဓားစိတ်ဆန္ဒအား ချန်ထားရစ်ခဲ့ကတည်းကရှစ်ဖုန့်အား  ဘိုးဘေးကျိုးယို၏သားအဖြစ်သေချာနေခြင်းဖြစ်သည်။ ရွှယ်ဝူဟမ်မှာရှစ်ဖုန့်၏တိတ်နေမှုအား  သဘောတူညီမှုအဖြစ်မှတ်ယူလိုက်သည်။

ပူပန်ကြောင့်ကြမဲ့သောအပြုံးမျိုးဖြင့် ရွှယ်ဝူဟမ်က သူ၏လက်သီးတို့ကိုဆုပ်၍ ရှစ်ဖုန့်အားဦးညွှတ်လိုက်သည်။

“ဦးလေးငယ်ကို နှုတ်ခွန်းဆက်သပါတယ်..မနေ့ကငါ့အတွက်ချန်ထားရစ်ခဲ့တဲ ဓားအနှစ်သာရအတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်..သခင်လေးဖုန့်ရဲ့အကျိုးကျေးဇူးကြောင့် တစ်ဆို့ကြန့်ကြာမှုအခြေအနေကနေ ချိုးဖျက်နိုင်ပြီး မဟာသူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာခဲ့တာပါ”

ဤတစ်ကြိမ်တွင်ရွှယ်ဝူဟမ်က ရှစ်ဖန့်အားစိတ်ရင်းအတိုင်း ကျေးဇူးတင်မှုကိုဖော်ပြခြင်းဖြစ်သည်။

“ကောင်းပြီ…အရမ်းယဉ်ယဉ်ကျေးကျေးတွေလုပ်နေစရာမလိုဘူး.. ထတော့”

ရှစ်ဖုန့်ကအေးအေးလူလူပင်ပြောလိုက်သည်။ ရွှယ်ဝူဟမ်၏ဦးညွှတ်မှုအပေါ်တွင်လည်း ချွင်းချက်ထားခြင်းမရှိပေ။ သူက ရွှယ်ဝူဟမ်၏ဘိုးဘေးဖြစ်သည်။  သူ့အားဦးညွှတ်ရန်အသာထားအုံး  သူ့အား ဒူးထောက်၍ ရှိခိုးခြင်းအားပြုလုပ်လျှင်ပင်  လုပ်သင့်သေးသည်ဖြစ်သည်။

ရွှယ်ဝူဟမ်၏ စကားများကိုကြားရပြီး  ရွှယ်ဝူဟမ်၏ ဂါရဝပြုမှုအားတွေ့ရသောအခါတွင်ရှစ်ကျင်းရွှိုက်တစ်ယောက်တုန်လှုပ်အံ့အားသင့်သွားရသည်။ ရွှယ်ဝူဟမ်၏စကားအား

ကြားရသောအခါတွင်  ရှစ်ဖုန့်မနေ့က ရွှယ်ဝူဟမ်၏အခန်းထဲ၌ချန်ရစ်ထားခဲ့သော  ဓားအမှတ်အသားအကြောင်း

ပြောခြင်းဖြစ်သည်ကို ရှစ်ကျင်းရွှိုက်ပင်ကိုယ်အားဖြင့်သဘောပေါက်လိုက်သည်။  ယမန်နေ့က ထိုဓားအမှတ်သားမှာသူ့အတွက်  ထားခြားမှုရှိပုံမရသော်လည်း   ရွှယ်ဝူဟမ်ကတော့ဓားအမှတ်အသားကြောင့်အဆင့်ချိုးဖျက်သွားနိုင်ခဲ့သည်။

ထိုထက်ပိုသည်ကားယင်းမှာ

ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အဆင့်မှ မဟာသူတော်စင်နယ်ပယ်သို့ချိုးဖျက်တက်လှမ်းခဲ့ခြင်းဖြစ်သည်။

ယင်းမှာ ရိုးရှင်းစွာပင်   ကောင်းကင်ဘုံအားဆန့်ကျင်နေခြင်းပင်ဖြစ်၏။

ယခုအခါ၌ ဤလူငယ်က ဧကရာဇ်ကျိုးယို၏တရားမဝင်သားဖြစ်သည်မှာရှစ်ကျင်းရွှိုက်အတွက်ပါ သေချာနေပြီဖြစ်သည်။သို့သော် အရှေ့ပင်လယ်အတွင်း၌ သူ့အနေဖြင့်ဧကရာဇ်ကျိုးယို၏တရားမဝင်သားတစ်ဦးဖြင့်တွေ့ခွင့်ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။

ရွှယ်ဝူဟမ်ထလာပြီးနောက်  သူ၏မျက်လုံးများကရှစ်ဖုန့်၏အပေါ်၌ ကျရောက်နေဆဲဖြစ်သည်။ သူကပြောလိုက်၏။

“သခင်လေးဖုန့်.. မနေ့က မြောက်ပိုင်းဒေသကြီးက သေခြင်းမဲ့တောင်တန်းဆီကို သခင်လေးသွားမယ်လို့ပြောခဲ့တယ်.. သခင်လေးလည်း သေခြင်းမဲ့တောင်တန်းကအကြောင်းတွေကိုကြားထားတာလား”

“သေခြင်းမဲ့တောင်တန်းလား”

ရွှယ်ဝူဟမ်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူက ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်ပြီး ရွှယ်ဝူဟမ်ကိုမေးလိုက်၏။

“ဒီသခင်လေး အဲ့အကြောင်းဘာကိုမှမကြားထားဘူး.သေခြင်းမဲ့တောင်တန်းမှာဘာတွေဖြစ်နေလို့လဲ”

ထို့နောက်ရှစ်ဖုန့်ကသူ၏ကိုယ်အတွင်းမှကောင်းကင်မီးတောက်၏ စွမ်းအင်အတက်အကျတို့အားထပ်မံ အာရုံခံလိုက်သည်။  ရှစ်ဖုန့်ချက်ချင်းပဲတွေးလိုက်၏။

“တကယ်ကိုသွေးပန်းခက် မျိုးနွယ်စုကပဲလား”

ထို့နောက်ရွှယ်ဝူဟမ်ပြောသည်အားရှစ်ဖုန့်ကြားလိုက်ရသည်။

“ဘာတွေတကယ်ဖြစ်ပျက်မှန်း

ငါလည်းမသိဘူး.. ဒါပေမဲ့ မြောက်ပိုင်းဒေသကြီးကကျင့်ကြံ

သူတွေပြောတာကတော့..

သေခြင်းမဲ့တောင်တန်းကလောလောဆယ်မှာပရမ်းပတာဖြစ်နေတယ်တဲ့.. မကြာခဏ ထူးဆန်းတဲ့အသံ ဒါမှမဟုတ် စွမ်းအင်အတက်အကျတွေကိုထုတ်လွှတ်နေတယ်..အခုသေခြင်းမဲ့တောင်တန်းကိုလောမိသားစုက ဆီးလ်ခတ်ထားပြီး ဘယ်သူမှအဲ့နားကိုချဉ်းကပ်ခွင့်မပေးဘူး”

“ငါဒီတစ်ခေါက်မြောက်ပိုင်းဒေသကြီးကိုသွားမှာက သေခြင်းမဲ့တောင်တန်းကိုသွားပြီး ဦးလေးလောကိုကူညီနိုင်မလား

ဆိုတာကိုသွားကြည့်မလို့ပဲ”

“အကယ်၍ သေခြင်းမဲ့တောင်ထဲမှာသာ တကယ်ကြီးသွေးပန်းခက်မျိုးနွယ်ကိုဖိနှိပ်ထားတယ်ဆိုရင်  သွေးပန်းခက်မျိုးနွယ်ထပ်မံပေါ်ထွက်လာတာနဲ့..ထျန်းဟန်တိုက်ကြီး ဖရိုဖရဲတွေဖြစ်လိမ့်မယ်”

ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်သည်။  စန်းယွဲ့မြို့ရှိဟိုက်မိသားစုထံအတွင်းရှိ မြေအောက်ခန်း၌ သွေးသောက်ဓားအားထိလိုက်ချိန်တွင်  သွေးပန်းခက်မျိုးနွယ်စုမှ

ယောက်ျားတစ်ယောက်က လူသားမျိုးနွယ်စုအားအစုလိုက်အပြုံလိုက်သတ်ဖြတ်နေသည့်မြင်ကွင်းအား  သူလက်ခံရရှိခဲ့သည်ဖြစ်သည်။

ယင်းကသေချာပေါက်သွေးပန်း

ခက်မျိုးနွယ်စုဖြစ်၏။

ထို့ထက်ပိုသည်ကား၎င်းမှာ တားမြစ်ထားသော ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်သည်။  ကောင်းကင်မီးတောက်၏ စကားများအရ မျိုးနွယ်စုအတွင်း နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်ထက်ပိုရှိပုံရ၏။

ထိုထက်ပိုသည်ကား နတ်ဘုရားအဆင့်ကျွမ်းကျင်သူ

တစ်ဦးဖြစ်ခဲ့သော ကောင်းကင်မီးတောက်က မတော်တဆ သေခြင်းမဲ့တောင်တန်း၌   စွမ်းအားကြီးတည်ရှိမှုတစ်ခု

ရှိသည်ကိုထုတ်ဖော်ပြောခဲ့မိသည်ဖြစ်သည်။

ကောင်းကင်မီးတောက်ပင်လျှင်၎င်းအား စွမ်းအားကြီးတည်ရှိမှုတစ်ခုဟုခေါ်ဆို၏။ ထိုသို့ဆိုလျှင် ၎င်းက မည်မျှ စွမ်းအားကြီးမားသော တည်ရှိမှုမျိုးဖြစ်သနည်း။

ရှစ်ဖုန့်အနေဖြင့် သေခြင်းမဲ့တောင်းတန်းသို့

သွားရမည့်ပုံပေါ်သည်။  ထိုသွေးဆာရက်စက်ပြီးတား

မြစ်ခံထားရသောမျိုးနွယ်စုအား  အပြင်သို့ထပ်မံထွက်လာခွင့် ပြု၍မရပေ။

ထို့နောက်ရှစ်ဖုန့်က ရွှယ်ဝူဟမ်အားပြောလိုက်သည်။

“ပြိုင်ပွဲပြီးတာနဲ့ သေခြင်းမဲ့တောင်တန်းကိုတို့

တွေဖြစ်နိုင်သမျှအမြန်ဆုံးသွားရမယ်”

“ကောင်းပြီ..”

ရွှယ်ဝူဟမ်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက်ရွှယ်ဝူဟမ်က ကန့်သတ်မှုအားဖယ်ရှားလိုက်သည်။ ထို့နောက်တွင်သုံးယောက်သား

ဘာမှမပြောတော့ပေ။ ပတ်ဝန်းကျင်ရှိစင်မြင့်များမှပုံရိပ်

များအားသူတို့ကြည့်လိုက်ကြသည်။ ဖြည်းဖြည်းချင်းကောင်းကင်က မှောင်မိုက်လာသည်။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ရှိနေသော  စင်မြင့် နံပါတ်တစ်ဆယ်တွင်  ပြိုင်ပွဲသုံးဆယ်ပြီးဆုံးသွားပြီဖြစ်သည်။

“အမှတ်စဉ်ခြောက်ဆယ့်တစ်နဲ့ ခြောက်ဆယ့်နှစ်အလှည့်”

“ငါကွင်းထဲဝင်ရဖို့အချိန်မကြာ

တော့ဘူးနဲ့တူတယ်”

ရှစ်ကျင်းရွှိုက်က စင်မြင့်ထက်ရှိတိုက်ခိုက်နေပြီဖြစ်သော လူနှစ်ယောက်အားကြည့်၍ပြောလိုက်သည်။

ထို့နောက်ရှစ်ကျင်းရွှိုက်ကလှည့်၍ ရွှယ်ဝူဟမ်အား  မေးလိုက်သည်။

“အကိုရွှယ်က ဘယ်စင်မြင့်မှာပါတာလဲ”

“အိုး..ငါလား”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် ရွှယ်ဝူဟမ်က သူ့အကြည့်အားစင်မြင့်ထက်မှရုတ်သိမ်း၍ ရှစ်ကျင်းရွှိုက်ကိုကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“ငါက စင်မြင့်နံပါတ်ခြောက်ဆယ်မှဦ..အကယ်၍ ငါမင်းနဲ့တွေ့ရင် ..ငါမင်းကို ငိုအောင်တော့မလုပ်ပါဘူး”

“အာ..ကောင်းလိုက်တာ..အကယ်၍ ကျုပ်သာအကိုရွှယ်နဲ့တေစောစောတွေ့ရင်..ကျု်ပမှာဘာမျှော်လင့်ချက်မှရှိမှာမဟုတ်တော့ဘူး’

ရှစ်ကျင်းရွှိုက်မှာသူ့အနေဖြင့်အား

နည်းသူများဖြင့်တွေ့ရန်စိတ်ကူးနေဆဲဖြစ်သည်။ နောက်ပိုင်းမှသာ ကျွမ်းကျင်သူများနှင့်သူတွေ့ရလျှင် ၎င်းတို့အနေဖြင့် ထိခိုက်မှုတို့ဖြစ်နေကြသောကြောင့် သူ့အဖြင့် ၎င်းတို့အား အလွယ်တကူကိုင်တွယ်နိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်၏ စိတ်ထဲ၌  ထိခိုက်ဒဏ်ရာများရနေပြီး လမ်းပင်မလျှောက်နိုင်တော့သော ရွှယ်ဝူဟမ်အားစိတ်ကူးကြည့်ပြီးဖြစ်၏။  သူတောင်းစားများကဲ့သို့စုတ်ပြတ်

နေကြသော  ရှစ်ဖုန့် ၊ကျိရှောင်းနှင့်ဝမ့်ကုန်းတို့အား

လည်းသူစိတ်ကူးကြည့်မိ၏။

“ဟုတ်တယ်. ဗိုလ်ချုပ်ကျိရှောင်းကတကယ့်ကိုထူးခြားတယ်..ကောလဟလတွေအရသူက မဟာသူတော်စင်နယ်ပယ်ကိုဝင်ရောက်နေပြီတဲ့. အဲ့တာကအမှန်ဖြစ်ပုံရတယ်”

ဤအချိန်တွင် ရွှယ်ဝူဟမ်က အကွာအဝေးတစ်ခုရှိစင်မြင့်

သို့ကြည့်လိုက်သည်။

စင်မြင့်အတွင်း၌  အေးစက်သော ပုံစံနှင့်ကျိရှောင်းက ခရမ်းရောင်လှံရှည်အားကိုင်ဆောင်ထားသည်။တစ်ချက်လှုပ်ရှားမှုနှင့်အတူ ကြယ်ကိုးပွင့် ဘိုးဘေးနယ်ပယ်ပါရမီရှင်အား   လွင့်ပျံသွားစေ၏။ ၎င်းက စင်မြင့်အပြင်သို့လွှင့်ထွက်သွားသည်။

ဤအချိန်တွင်ရှစ်ကျင်းရွှိုက်ကလည်း ထိုဘက်သို့ကြည့်လိုက်ပြီးပြောလိုက်သည်။

“ကျိရှောင်းအနိုင်ယူလိုက်တဲ့သူက နေလဂိုဏ်းက ရီမို့ရှန့် ဖြစ်ပုံရတယ်.. ရီမို့ရှန့်က ပထမဆုံးတိုက်ပွဲမှာတင် ကျိရှောင်းနဲ့ ပက်ပင်းတိုးတာက ကံဆိုးတာပဲ”

ထို့‌နောက်ကျိရှောင်းမှာရီမို့ရှန့်အား

အနိုင်ယူပြီးနောက် အစောပိုင်းက ဝမ့်ကုန်းကဲ့သို့ပင်   ဤဘက်ခြမ်းသို့ အေးစက်သည့် သတ်ဖြတ်ချင်သောမျက်လုံး

များဖြင့်ကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters