← Chapters

လေနက်ဓားပြအဖွဲ့

Vol. 7 Ch. 91

လေနက်ဓားပြအဖွဲ့

Vol. 7 Ch. 91

ဂိုဏ်းတော်ကို ပြန်ရောက်တဲ့ အခါမှာတော့ ...

လီဖူချန်းက သူ့တာဝန် ပြီးမြောက်ကြောင်း သတင်း ပို့ပြီးတာနဲ့ နောက်ထပ် တာဝန်တစ်ခုကို ထပ်ယူ လိုက်ပါတယ်။

ဒီတစ်ခါ သူယူလိုက်တဲ့ တာဝန်ကတော့ အဆင့်နိမ့်တန်းထဲက မဟုတ်တော့ပါဘူး။ အလယ်လတ် တန်းထဲက ကြယ်နှစ်ပွင့် ခက်ခဲမှု အဆင့်ရှိတဲ့ တာဝန်တစ်ခုပါ။ တာဝန်ကတော့ ကျင်လင်းမြို့ အရှေ့ဘက်ခြမ်းမှာ သောင်းကျန်းနေတဲ့ လေနက် ဓားပြဂိုဏ်းကို ဖြိုခွဲပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ပြီး ယူလာရမှာပါ။ တာဝန်ရဲ့ ဆုကြေးကတော့ ထောက်ပံ့ရေးရမှတ် ၈၀၀၀ တောင် ပေးထားပါတယ်။

“ဒီကောင် ရူးသွားပြီလားဟ။ ဒီကောင်က တကယ်ပဲ အလယ်လတ်တန်းက ကြယ်နှစ်ပွင့် တာဝန်ကို ယူရဲတယ်ပေါ့”

“စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ က သာမန် အတွင်းစည်း ဂိုဏ်းသားတွေတောင် ဒီတာဝန်ကို မရွေးရဲဘူး။ ဒီတာဝန်ကို ပြီးမြောက်ဖို့ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အလယ်အလတ် အဆင့်က ဂိုဏ်းသား ၃ ယောက်၊ ၄ ယောက်လောက်တော့ အနည်းဆုံး လိုအပ်တာလေ”

“ငါ ဒီကောင်လေးကို သိတယ်။ ဒီကောင်က လီဖူချန်းပဲ။ သူက အရင်တုန်းက အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ တပည့်ပဲ”

“သူက အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ တပည့် ဖြစ်ခဲ့တော့ကော ဘာထူးလို့လဲ။ ငါတို့ အတွင်းစည်း ဂိုဏ်းထဲမှာ ရွက်ပုန်းသီး ပါရမီရှင်တွေ အများကြီး ခိုအောင်းနေကျတာလေ။ ပြိုင်ဘက်ကင်း စာရင်းထဲက ကောင်တွေတောင် သူတို့ကိုယ်သူတို့ အတော်ဆုံးလို့ မဝံ့ကြွား ရဲဘူးကွ”

"မင်းပြောတာ မှန်တယ်။ လေနက် ဓားပြဂိုဏ်းက အဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားတာ။ ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၆ က ပညာရှင်ပဲ။ အဲဒီကို တစ်ယောက်တည်း သွားတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာထူးမှာလဲ"

တာဝန်ခွဲဝေရေး ခန်းမထဲမှာတော့ အတွင်းစည်းဂိုဏ်းသား တော်တော်များများက လီဖူချန်းကို ကြည့်ပြီး ေ-ာက်ဖောင်းထုနေ ကျတာပေါ့လေ။

“မင်းဒီတာဝန်ကို ယူနိုင်တယ်ဆိုတာ သေချာရဲ့လား”

တာဝန်ခွဲဝေရေး ဌာနက အကြီးအကဲက လီဖူချန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

“သေချာပါတယ်”

လီဖူချန်းက ခေါင်းညိတ် ပြလိုက်တယ်။

“ဒါဆိုလည်း ဟုတ်ပြီလေ”

တာဝန်ကျ အကြီးအကဲက ဘာမှဆက်ပြီ မပြောတော့ပါဘူး။ (ဒီကောင်လေးက ဒီတာဝန်ကို ယူရဲတယ်ဆိုတော့ ရူးများ ရူးသွားတာလား)

အကြီးအကဲက လီဖူချန်းကို ကြည့်ပြီး နည်းနည်းတော့ အံ့သြနေပါတယ်။ ဒါပေမဲ့ တာဝန်ခွဲဝေရေး ဌာနရဲ့ စည်းကမ်းအရ ပထမဆုံးအကြိမ် တာဝန်ကိုသာ အဆင်နိမ့်တန်း ထဲက ယူရတာပါ။

ဒုတိယမြောက် တာဝန်ကျရင် မိမိ ကြိုက်နှစ်သက်ရာ တာဝန်ကို ရွေးခွင့် ရှိတာကြောင့် လီဖူချန်းရဲ့ ရွေးချယ်မှုကို သူဘာမှ ဝင်ရောက်ပြောဆိုခွင့် မရှိပါဘူးလေ။

တကယ်လို့ ဝင်ရောက် တားမြစ်ခွင့် ရှိရင်တော့ သူက လီဖူချန်းကို တားမှာ အမှန်ပါပဲ။ ဘာလို့လဲ ဆိုတော့ လီဖူချန်းလို လူငယ်လေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ မသေစေချင်လို့ပါ။

မျက်လုံးပေါင်း များစွာရဲ့ စောင့်ကြည့်မှုတွေ အောက်မှာပဲ လီဖူချန်းကတော့ တစ်ယောက်ကိုမှ သောက်ဂရု မစိုက်ဘဲ ခန်းမထဲကနေ ကော့တော့ကော့တော့နဲ့ ထွက်ခွာသွားပါပြီ။

***

ကျင်လင်းမြို့ဆိုတာ မိုးပြာရောင်ဂိုဏ်းနဲ့ အလွန်ကွာဝေးတဲ့ အရပ်မှာ တည်ရှိတာပါ။ ပြောရမယ်ဆိုရင် ဟိုင်ရှီမြို့ထက်တောင် ဝေးပါသေးတယ်။ ဒါပေမဲ့ လီဖူချန်းက သွေးမိစ္ဆာမြင်းတွေ စီးနင်းပြီး ခရီးသွားမယ့်အစား လေအရိပ် ကိုယ်ဖော့ပညာကို အသုံးပြုပြီး သွားဖို့ပဲ ဆုံးဖြတ်ထားပါတယ်။

နှစ်ပတ်လောက် အကြာမှာတေ့ာ လီဖူချန်းက ကျင်လင်မြို့ရဲ့ အရှေ့ဘက်ပိုင်းကို ရောက်လာ ခဲ့ပါပြီ။ သူရောက်လာတဲ့ အချိန်မှာတော့ အမှောင်ထုက ကောင်းကင်ကို လွှမ်းခြုံစ ပြုနေ ခဲ့ပါပြီလေ။ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ နေရောင်ခြည်က ဒီမြို့လေးကို ဆိတ်ငြိမ်ပြီး သာယာတဲ့ မြို့လေးတစ်မြို့လို့ ထင်မြင်စေမိပါတယ်။

ဒီမြို့လေးမှာ စားသောက်ဆိုင်က တစ်ခုပဲ ရှိတဲ့ပုံပါပဲ။ (တရုတ်တွေက စားသောက်ဆိုင်နဲ့ တည်းခိုခန်း တွဲထားလေ့ ရှိပါတယ်) သိုင်းပညာရှင် အတော်များများကတော့ စားသောက်ဆိုင်ထဲမှာ ထိုင်ပြီး အရက် သောက်နေကျပါတယ်။ လီဖူချန်းတစ်ယောက် စားသောက်ဆိုင်ထဲကို ဝင်လာတာကို မြင်လိုက်တဲ့ အချိန်မှာပဲ လူတော်တော် များများရဲ့ မျက်လုံးထဲမှာ စိတ်ဝင်စားမှုတွေက အထင်းသား ပေါ်လာပါတယ်။

အပြင်ဘက် လောကကြီးကို လူငယ်လေး တစ်ယောက်တည်း ထွက်လာတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆိုတာ သိုင်းပညာရှင် အချင်းချင်းပဲ နားလည် သဘောပေါက်ကြပါတယ်။

ဒီလူငယ်လေးက လုံးဝ ထိပ်သီးပညာရှင် အဆင့်လို့ ပြောတာနဲ့ အတူတူပါပဲ။

လီဖူချန်းက အခန်းငှားပြီးတာနဲ့ အစားအသောက်တွေကို အခန်းထဲ လာပို့ဖို့ မှာထား လိုက်ပါတယ်။

“သခင်လေး … မှာထားတဲ့ အစားအသောက်တွေ ရောက်ပါပြီခင်ဗျာ”

စားပွဲထိုးလေးက တံခါးကို ခေါက်ပြီး လီဖူချန်းကို သတိပေးလိုက်ပါတယ်။

“အဲဒါတွေကို စားပွဲပေါ်မှာ တင်ထားလိုက်”

လီဖူချန်းက ရေချိုးခန်းထဲမှာ ရေချိုးနေတာ ဖြစ်တဲ့အတွက် အော်ပြီး အမိန့်ပေး စေခိုင်းလိုက်ပါတယ်။

“ဟုတ်ကဲ့ပါ သခင်လေး”

စားပွဲထိုးလေးက တံခါးကိုဖွင့်ပြီး စားစရာတွေကို စားပွဲပေါ်မှာ တင်ထားခဲ့ကာ တံခါးပြန်ပိတ်ပြီး ထွက်ခွာသွားပါတယ်။ လီဖူချန်းကတော့ သစ်သားရေစည်ထဲမှာ မျက်လုံးတွေမှိတ်ပြီး ဇိမ်ယူ နေတာပေါ့လေ။

လီဖူချန်းက ဘာဖြစ်လို့ တာဝန်နှစ်ခုကို ဆက်တိုက် ယူလိုက်ရသလဲဆိုတဲ့ အကြောင်းအရင်းက သူ့ကိုယ်သူ အပျင်းရောဂါ စွဲကပ်လာမှာ ကြောက်နေလို့ပါ။

ဓားပညာရှင် တစ်ယောက်က တကယ့် ရန်သူတွေနဲ့ လက်တွေ့ တိုက်ခိုက်ခြင်း မပြုလုပ်တာ ကြာလာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်သွားနိုင်ပါတယ်။

ပထမတာဝန်က အရမ်းကို လွယ်လွန်းခဲ့တဲ့အတွက် လီဖူချန်းက သူ့ရဲ့ ဓားသိုင်းကိုတောင် ကောင်းကောင်း မလေ့ကျင့် လိုက်ရပါဘူး။ ဒါကြောင့် သူ့ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး လေနက် ဓားပြအဖွဲ့ကို ဖြိုခွဲတဲ့ တာဝန်ကို ယူလိုက်တာပါ။ အသက် အန္တရာယ်နဲ့ နီးတဲ့အလုပ်တွေ အောက်မှာမှ ဓားပညာရှင် တစ်ယောက်ရဲ့ အရည်အချင်း အစစ်အမှန်က ပေါ်လာမှာပါ။

လူတစ်ယောက်က ကျင့်ကြံမှု အပိုင်းကိုပဲ လေ့ကျင့်နေလို့ အစွမ်း ပိုထက်လာမယ်လို့ ထင်ရင် သင်မှား နေပါလိမ့်မယ်။

တကယ့် လက်တွေ့တိုက်ခိုက်တဲ့ အတွေ့အကြုံနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် မရှိခဲ့ရင် မင်းဟာမင်း ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ မကလို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ အလကားပါပဲ။

သူတို့ရဲ့ တကယ့်စွမ်းရည်နဲ့ အလားအလာကို အစွမ်းကုန် ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။ မိုးပြာရောင် ဂိုဏ်းထဲမှာတော့ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်ခွင့် မရှိတဲ့အတွက် ဂိုဏ်းတော်က တာဝန်တွေကို ပေးအပ်ထားတာပါ။

ဒီလိုလောကကြီး အပြင်ဘက်ကို သွားလာပြီး အတွေ့အကြုံတွေ ရလာမှ တကယ့် လက်ရည်တူ ပြိုင်ဘက်တွေနဲ့ တွေ့တဲ့အခါမှာ ကိုယ်က တစ်ပန်း မရှုံးမှာလေ။

တာဝန်တွေက အရမ်း လွယ်နေရင်လည်း ဂိုဏ်းသားတွေရဲ့ အရည်အချင်းက တောက်ပ သင့်သလောက် မတောက်ပမှာကိုလည်း ဂိုဏ်းတော်က စိုးရိမ်ပါသေးတယ်။ ဒါကြောင့် ဒုတိယမြောက် တာဝန်ကျရင် စိတ်ကြိုက်ရွေးခွင့်ကို ပေးထားတာပါ။

လီဖူချန်းက တကယ့် သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံကို လိုအပ်နေပါသေးတယ်။ ဒီလို တိုက်ပွဲမျိုးကို ကြုံမှ သူ့ရဲ့ အရည်အချင်းတွေက အစွမ်းကုန် တောက်ပလာမှာပါ။ လီဖူချန်း ကိုယ်၌ကလည်း သူ့ရဲ့ ကန့်သက်ချက်တွေကို ရိုက်ချိုးဖို့ အလိုရှိနေပါတယ်။ ဒါကြောင့်လည်း သူက ဒုတိယမြောက် တာဝန်မှာ အလယ်လတ်တန်း အဆင့် တာဝန်တွေထဲက ခက်ခဲမှု ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ တာဝန်ကို ရွေးလိုက်ရတာပါ။

ထောက်ပံ့ရေး ရမှတ်နဲ့ ငွေကြေးတွေကတော့ ဒုတိယ နေရာမှာ ရှိပါတယ်။ (ရရင်တော့ လိုချင်တာပေါ့လေ) နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက နဂါးပွက် တောင်တန်းကို သွားဖို့ ပြင်ဆင် ပါတော့တယ်။ နဂါးပွက်တောင်တန်းက ကျင်လင်းမြို့နယ် နိမိတ်အတွင်းမှာ ရှိတဲ့ အကြီးဆုံး တောင်တန်းကြီးပါပဲ။

ဒီတောင်တန်းကြီးက အခြားသော မြို့တွေနဲ့လည်း ဆက်စပ်လျက် ရှိနေပါတယ်။ နဂါးပွက်တောင်တန်း အတွင်းမှာတော့ မရေမတွက်နိုင်တဲ့ တောင်ထွတ်တွေ ရှိတဲ့အပြင် အဆုံးမရှိတဲ့ ဂူတွေလည်း အများကြီးရှိပါတယ်။

ကျင်လင်းမြို့စားက သူ့တပ်သားတွေကို လွှတ်ပြီး လေနက် ဓားပြအဖွဲ့ကို နှိမ်နင်းခိုင်း ပေမဲ့လည်း လေနက် ဓားပြအဖွဲ့က တောင်တန်းကြီးထဲကို ဝင်ပြေးကြတဲ့အတွက် အမြဲ လွတ်မြောက် ကုန်ကြပါတယ်။

အကြိမ်အရေအတွက် များလာတော့လည်း ကျင်လင်းမြို့စားက ဒီဓားပြတွေကို အဖက် မလုပ်တော့ပါဘူး။ လမ်းတစ်လျှောက်မှာတော့ လီဖူချန်းက ပျက်စီးနေတဲ့ ရွာတွေအများကြီးကို တွေ့ခဲ့ ရပါတယ်။ ကျန်ရစ်ခဲ့တဲ့ ရွာသားတွေကို စုံစမ်းမေးမြန်းပြီးတဲ့ နောက်မှာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က လေနက်ဓားပြတွေ လာရောက် သောင်းကျန်းသွားကြောင်း သိလိုက်ရပါတယ်။

သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေကို ယူဆောင် သွားရုံသာမက ရွာသူ မိန်းမချောလေး အများအပြားကိုပါ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်တဲ့။

“ဒီဓားပြအဖွဲ့က တကယ်လုံးဝ စည်းမစောင်တဲ့ လူယုတ်မာ အရိုင်းအစိုင်းတွေပဲ”

အမှန်အတိုင်း ပြောရမယ်ဆိုရင် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၆ လောက်ပဲရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို ဓားပြ အဖွဲ့လို့တောင် ခေါ်ဆို မထိုက်ပါဘူး။ တကယ့် ဓားပြအဖွဲ့ တစ်ဖွဲ့မှာဆိုရင် မြေကမ္ဘာ အဆင့်ပညာရှင်တွေ ပါဝင်ပါတယ်။

မိုးပြာရောင်ဂိုဏ်းနဲ့ အရမ်းဝေးတဲ့ အရပ်မှာ ရှိနေတဲ့အတွက် ဒီအဖွဲ့ကို မိုးပြာရောင် ဂိုဏ်းသားတွေက သိပ်ပြီးလည်း ဂရုမစိုက်ကျတဲ့ အတွက် ဒီဓားပြအဖွဲ့ကို ဖြိုခွင်းဖို့က မြို့စားတွေရဲ့ တာဝန် ဖြစ်လာပါတယ်။

သိတဲ့အတိုင်းပဲ မြို့စားတွေဆိုတာကလည်း သူတို့အုပ်ချုပ်တဲ့ မြို့ကို မထိရင် သိပ်ပြီး အားထုတ်လေ့ မရှိဘူးလေ။ ဒါကြောင့် ဒီလေနက် ဓားပြအဖွဲ့တွေဟာ လုပ်ချင်တိုင်း လုပ်နေကြတာပါ။ နဂါးပွက် တောင်တန်းရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ လေနက် တောင်ကြားလမ်းဆိုတာ ရှိပါတယ်။

လေနက် အဖွဲ့သားတွေ စတည်းချတတ်လေ့ ရှိတဲ့နေရာဖြစ်လို့ လေနက် တောင်ကြားလမ်းလို့ အမည် တွင်ခဲ့တာပါ။ တောင်ကြားလမ်းရဲ့ တစ်ဖက် တစ်ချက်မှာတော့ မတ်စောက်တဲ့ တောင်နံရံကြီးတွေက ကာဆီး ထားပါတယ်။

တောင်ကြားလမ်းရဲ့ အလယ်မှာပဲ လူတစ်ယောက်သာ သွားနိုင်တဲ့ လမ်းလေးပဲရှိပါတယ်။

တကယ်လို့ လူတစ်အုပ်သာ တောင်ကြားလမ်းထဲကို ဝင်သွားမယ်ဆိုရင် ဘေးတစ်ဖက် တစ်ချက်ကနေ ကျောက်တုံးတွေ တွန်းချလိုက်တာနဲ့ အလောင်းတောင် ရှာမရဘဲ ဖြစ်သွားမှာပါ။ လီဖူချန်းက သူ့အစွမ်းအစကို သူယုံကြည်တဲ့ အတွက် အကြောက်အရွံ့ မရှိဘဲ တစ်ခါတည်း တန်းပြီး တောင်ကြားလမ်းထဲကို ဝင်လာခဲ့ပါတယ်။

"ခေါင်းဆောင် … တောင်ကြားလမ်းထဲကို တစ်ယောက်ယောက် ဝင်လာနေတယ်”

ကျောက်နံရံကြီး ပေါ်မှာရှိတဲ့ လိုဏ်ဂူ တစ်ခုထဲမှာတော့ ကင်းစောင့် တာဝန်ကျဟန်တူသည့် လူတစ်ယောက်က ပိန်လှီလှီနဲ့ လူကို လှမ်းပြောလိုက်ပါတယ်။

“သွားကြည့်လိုက်စမ်း”

ပိန်လှီလှီနဲ့ လူက လိုဏ်ဂူ အပေါက်ဝကို ထွက်လာပြီး တောင်ကြားလမ်းထဲကို ငုံ့ကြည့် လိုက်ပါတယ်။ ကျဉ်းမြောင်းလှတဲ့ တောင်ကြားလမ်းထဲမှာတော့ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ဟာ လေနက် တောင်ကြားလမ်းရဲ့ အတွင်းထဲကို လှမ်းဝင်လာပါတယ်။

“ဒါက ကောင်လေးတစ်ယောက်ပဲ။ သူ့ရဲ့ အတွင်းအား အရှိန်အဝါကို ကြည့်ရသလောက်တော့ လူသားနယ်ပယ် အဆင့် ၆ လောက်ပဲ ရှိပါဦးမယ်။ ဒီကောင့်ကို ဆင်းပြီး သွားဖမ်းရအောင်။ ငါတို့ရဲ့ တတိယ ခေါင်းဆောင်က လူငယ်လေးတွေကို ကြိုက်တယ် မဟုတ်လား။ ဒီကောင်လေးကို သူမကို လက်ဆောင်ပေးပြီး ဆုလေးဘာလေး မျှော်လို့ ရတာပေါ့”

ပိန်လှီလှီနဲ့လူက အားရပါးရ ရယ်လိုက်ပြီး တောင်နံရံပေါ်မှာ ချိတ်ထားတဲ့ ကြိုးကိုဆွဲပြီး အောက်ကို ခုန်ဆင်းသွားပါတယ်။

ဒီမီးခိုးရောင် ဝတ်စုံနဲ့ လူငယ်က လီဖူချန်းပါပဲ။ အပြင်ဘက် လောကမှာတော့ အတွင်းစည်း ဂိုဏ်းသားတွေရဲ့ ဝတ်စုံက ကောင်းကျိုးကော ဆိုးကျိုးကော ရှိပါတယ်။ ကောင်းကျိုးကတော့ တော်ရုံတန်ရုံ လူတွေက ပြဿနာ လာမရှာရဲတာပါ။

ဆိုးကျိုးကတော့ ပြဿနာဖြစ်ပြီဟေ့ ဆိုရင်လည်း လုံးဝ ဖြေရှင်းလို့ မရတဲ့ ပြဿနာ အကြီးကြီးတွေပါပဲ။

ဒါကြောင့် လီဖူချန်းက သူ့ကို ဓားပြတွေ သတိမထားမိအောင် မီးခိုးရောင် ဝတ်စုံနဲ့ လဲလှယ် ခဲ့တာပါ။

သူ့ရဲ့ အတွင်းအားအဆင့်ကို လျော့ချတဲ့ နည်းကိုတော့ စိတ်ဝိညာဉ်ထဲက နေရခဲ့တာပါ။ ဒီနည်းစနစ်ကို သူက လူသားနယ်ပယ် အဆင့်မှာထဲက ကျွမ်းကျွမ်းကျင်ကျင် ရှိခဲ့ပြီးပါပြီ။ မကြာခင်မှာဘဲ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်နဲ့ လူသားနယ်ပယ်က စစ်သည်တော် အတော်များများက ကြိုးတွေနဲ့ ဆင်းလာကြပါတယ်။

ပိန်လှီလှီနဲ့လူက လီဖူချန်းကို လက်ညှိုးထိုးလိုက်ပြီး

“ဒီကောင့်ကို ဖမ်းလိုက်စမ်း”

လို့ အမိန့် ပေးလိုက်ပါတယ်။

“ဖမ်းဟေ့”

လူသားနယ်ပယ် အဆင့် ၉ မှာ ရှိနေတဲ့ လူနှစ်ယောက်က လီဖူချန်းကို ဖမ်းဆီးဖို့ ပြေးဝင် လာကြပါတယ်။

လီဖူချန်းက အလွယ်တကူ အညံ့မခံဘဲ ပြန်တိုက်လိုက် ပေမဲ့လည်း တစ်ယောက်သော သူရဲ့ လက်ဝါးစောင်းစာ မိပြီးတဲ့ နောက်မှာတော့ လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါပြီ။

***

လေနက်တောင်ကြားလမ်းရဲ့ ဆယ်မိုင် အကွာလောက်မှာတော့ တောင်တစ်တောင် ရှိနေပါတယ်။ အဲဒီတောင်ပေါ်မှာတော့ လိုဏ်ဂူတွေ အများကြီး ရှိပါတယ်။ အဓိက ဂူပေါက်ကြီး တစ်ခုထဲမှာတော့ ညီညာပြန့်ပြူးတဲ့ မြေပြင်တစ်ခု ရှိပြီး ဆီမီးတွေကိုလည်း ထိန်ထိန် လင်းနေအောင် ထွန်းထားပါတယ်။

ဂူပေါက်ကြီးရဲ့ အလယ်တည့်တည့် မှာတော့ ရေကန်ကျယ်ကြီး တစ်ခု ...

အဲဒီရေကန်ထဲမှာတော့ အဝတ်အစား တစ်စုံတစ်ရာ မဝတ်ထားတဲ့ ကိုယ်လုံးတီး မိန်းမတွေ အများကြီး ရေကစား နေကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးတွေကို သေသေချာချာ ကြည့်လိုက်မယ်ဆိုရင် ဝမ်းနည်း ပူဆွေးနေတာကို မြင်တွေ့ရမှာပါ။

ရေကန်ကြီးရဲ့ အရှေ့မှာတော့ လူနှစ်ယောက်က ကျောက်ထိုင်ခုံတွေပေါ်မှာ ထိုင်ပြီး အကြောင်းအရာ တစ်ခုကို အသည်းအသန် ဆွေးနွေးနေကြပါတယ်။

“လေနက်ခေါင်းဆောင် …

ကျုပ်ရဲ့ ခေါင်းဆောင်က သတင်းစကား ပါးလိုက်တယ်။ တကယ်လို့ ခင်ဗျားသာ ကျုပ်တို့ရဲ့ နဂါးပွက်တောင်တန်း အဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် ဒီသိုင်းကျမ်းက ခင်ဗျားအပိုင်ပဲ”

မျက်နှာဖုံး တပ်ထားတဲ့လူက ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်လိုက်ပြီး စားပွဲခုံပေါ်မှာ တင်လိုက်ပါတယ်။

လေနက်ဂိုဏ်း ခေါင်းဆောင်က မုတ်ဆိတ်မွေး ဗရဗျစ်နဲ့ လူထွားကြီး တစ်ဦးပါ။

သူက ကျမ်းစာအုပ်ကို တစ်ချက် ကြည့်လိုက်တာနဲ့ ဒီစာအုပ်ဟာ အဝါရောင် အဆင့်မြင့် အတွင်းအားစာအုပ် ဆိုတာကို သိလိုက်ပါပြီ။

အဝါရောင် အဆင့်မြင့် ကျင့်စဉ်တွေက ရှားပါးတယ် ဆိုပေမဲ့ သူ့မှာ တစ်ခုရှိပြီးပြီ ဖြစ်တဲ့အတွက် သိပ်စိတ်မဝင်စား တော့ပါဘူး။

ဒါပေမဲ့ သူက ကျမ်းစာအုပ်ကို ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ အမူအရာတွေ ပြောင်းလဲကုန်ပါတယ်။

“ဒါက အဝါရောင်အထွတ်အထိပ် အတွင်းအားကျင့်စဉ်ပဲ”

မျက်နှာဖုံးနဲ့လူက ရယ်လိုက်ပြီး

“ဒါပေါ့ဗျာ”

“ငါက ဘာလုပ်ပေးရမှာလဲ”

လေနက်ဂိုဏ်း ခေါင်းဆောင်က မေးလိုက်ပါတယ်။

“အရမ်းခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

နဂါးပွက်တောင် အဖွဲ့အစည်းကို နှစ်စဉ် ရွှေပြား ၁၀၀၀၀၀ ဆက်သဖို့ပါဘဲ”

“သဘောတူတယ်”

လေနက်ဂိုဏ်းခေါင်းဆောင်က မဆိုင်းမတွ သဘော တူလိုက်ပါတယ်။

“ခေါင်းဆောင်က လေနက်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေတာက ဘာမှ အံ့သြစရာ မဟုတ်တော့ပါဘူးဗျာ။

နားလည် သဘောပေါက်မြန်ပြီး အခွင့်အရေးကို ဒီလောက် မြင်တတ်မှတော့ နောက်ဆို ဒီအဖွဲ့ကြီးက ဒီထက်ကို တိုးတက်လာဦးမှာ”

မျက်နှာဖုံးနဲ့လူက လေနက်ဂိုဏ်း ခေါင်းဆောင်ကို မြှောက်ပင့် ပေးလိုက်ပါသေးတယ်။

လေနက်ဂိုဏ်း ခေါင်းဆောင်ကလည်း ပီတိတွေဖြာပြီး လက်ခုပ်တစ်ချက် တီးလိုက်ပါတယ်။

“မင်းတို့အားလုံး လာခဲ့စမ်း။ ဒီကသခင်ကြီးကို စိတ်ကျေနပ်အောင် ပြုစုလိုက်ကြ”

***

All Chapters