အကုန်လုံးကိုသတ်
Vol. 7 Ch. 92
“တတိယခေါင်းဆောင် … တတိယခေါင်းဆောင် …"
တခြား လိုဏ်ဂူတစ်ခုမှာတော့ အော်ခေါ်နေသံ တစ်ခုဟာ လိုဏ်ဂူထဲကို ဝင်ရောက်လာပါတယ်။
“ဘယ်သူလဲဟေ့ … မင်း လောကကြီးမှာ နေရတာ ငြီးငွေ့နေပြီလား”
လိုဏ်ဂူထဲမှာတော့ သားရဲအရေခွံတွေနဲ့ ခင်းထားတဲ့ အခန်းတစ်ခုရှိနေပါတယ်။
“စိတ်မဆိုးပါနဲ့ တတိယခေါင်းဆောင်။ ကျွန်တော်တို့က ရုပ်ချောချော လူငယ်လေး တစ်ယောက် ဖမ်းမိလာလို့ ခေါင်းဆောင်ကို လာရောက် ဆက်သတာပါ”
အပြင်ဘက်ကလူက ကြောက်ဖားဖားသည့် လေသံနဲ့ သူအော်ခေါ်ရခြင်း အကြောင်းကို ပြောလိုက်ပါတယ်။
“ရုပ်ချောချော လူငယ်လား”
လိုဏ်ဂူထဲကနေ အရိပ်တစ်ခုက အိပဲ့အိပဲ့နဲ့ ထွက်လာပါတယ်။ အရိပ်ပိုင်ရှင်က မိန်းမကြီး တစ်ယောက်ပါ။ ရုပ်က ဘီလူးမ အရှုံးပေးရလောက် ဆိုးသည့်အပြင် ခန္ဓာကိုယ်ကလည်း ဝက်ကြီး တစ်ကောင်ထက်ကို ဝနေပါသေးတယ်။
သူမရဲ့ မျက်လုံးတွေက တဏှာရာဂမီးကြောင့် ဝင်းဝင်း တောက်နေပါသေးတယ်။
"ငါ့အခန်းထဲက ကောင်ကို ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်စမ်းဟေ့။ ဒီမှာ အသစ်လေး ရောက်လာပြီ”
လိုဏ်ဂူအပြင်မှာတော့ ပိန်လှီလှီလူကြီးဟာ လီဖူချန်းကို ဖမ်းချုပ်ထားရင်နဲ့ စောင့်ဆိုင်း နေပါတယ်။
"တတိယခေါင်းဆောင်”
လိုဏ်ဂူထဲကနေ ရုပ်ဆိုးဆိုး ဝတုတ်မကြီး ထွက်လာတာကို မြင်လိုက်တာနဲ့ ပိန်လှီလှီလူကြီးက ဒူးထောက်ပြီး အရိုအသေ ပေးလိုက်ပါပြီ။
တတိယ ဂိုဏ်းခေါင်းဆောင်ရဲ့ နာမည်က ကျန်းရှီနန် ဖြစ်ပါတယ်။ သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ ကို ရောက်ရှိနေတဲ့ သူတစ်ယောက်ပါ။ သူမ လေ့ကျင့်တဲ့ အတွင်းအား နည်းစနစ်ကတော့ သူများနဲ့ မတူဘဲ တစ်မူထူးဆန်းတဲ့ ’ပိုးမျှင်ပမာ’ ဆိုတဲ့ ပညာရပ် ဖြစ်ပါတယ်။
ဒီပိုးမျှင်ပမာ ပညာရပ်က အတွင်းအားကော ခန္ဓာကိုယ် အပြင်အားကိုပါ လေ့ကျင့်လို့ရတဲ့ ပညာရပ်ပါ။ ခန္ဓာကိုယ်မှာ အဆီတွေ၊ အခေါက်တွေ များလာတာနဲ့အမျှ အစွမ်း ပိုထက်လာမှာပါ။
တကယ်လို့ သာမန် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ မှာရှိတဲ့ သိုင်းပညာရှင်တွေက လက်နက်တွေ မသုံးဘဲ တိုက်ခိုက်မယ်ဆိုရင် သူမရဲ့ အဆီပြင်တွေကို ကျော်ပြီး ကျန်းရှီနန်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
သူမရဲ့ အဆီအခေါက်တွေက ဒီလို တိုက်ခိုက်မှုတွေကို ပုရွက်ဆိတ် ကိုက်သလောက်တောင် မနာကျင် စေနိုင်ပါဘူးလေ။
ကျန်းရှီနန်က တဏှာရာဂစိတ် အရမ်းများတဲ့ မိန်မတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီလေနက်ဓားပြ အဖွဲ့ထဲမှာတောင်မှ အဖွဲ့သား တစ်ယောက်က ကြည့်ပျော်ရှုပျော် ရှိပြီဆိုရင် ကျန်းရှီနန်က ဆွဲစား လိုက်တာပါပဲ။ သူမရဲ့ ခန္ဓာကိုယ်က အဆီတွေက အင်မတန်မှ ရွံစရာ ကောင်းတဲ့အပြင် သူမ ဆွဲခေါ်သွားတဲ့ ယောကျာ်းလေးက သူမအလိုဆန္ဒ မပြည့်မချင်း လိင်ဆက်ဆံမှု တွေကို မရပ်မနား လုပ်ပေးရပါသေးတယ်။
ယုတ်စွအဆုံး ဒီပိန်လှီလှီလူတောင် ကျန်းရှီနန် လက်အောက်ကနေ မလွတ်ခဲ့ပါဘူး။
လေနက် ဂိုဏ်းခေါင်းဆောင်ကြီးသာ မတားခဲ့ရင် လေနက် အဖွဲ့ဝင်တွေဟာ သူမကြောင့် စိတ်ပျက်ပြီး အကုန် အဖွဲ့ထဲက ထွက်ကုန်ကျမှာပါ။
အဲဒီလိုသာဆိုရင် အဖွဲ့ထဲမှာ ဘယ်သူမှ ကျန်တော့မယ် မထင်ပါဘူး။
နောက်ပိုင်းမှာတော့ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် ကျန်းရှီနန်ကို တားမြစ်ချက်တစ်ခု ထုတ်လိုက် ရပါတယ်။
အဲဒါကတော့”အဖွဲ့သားအချင်းချင်း နှစ်ဦးနှစ်ဖက် သဘောမတူဘဲ အတင်း ဆွဲစားခွင့်မရှိ” ပါ။ ဒီအမိန့်ကြောင့်သာ ဂိုဏ်းသားတွေ အသက်ရှူ ချောင်သွားခဲ့ရတာပေါ့။
“ဒါက မင်းပြောတဲ့ လူချောလေးဆိုတဲ့ တစ်ယောက်လား”
ရုပ်ဆိုးဆိုး ဝတုတ်မကြီးက ပိန်လှီလှီနဲ့ လူကြီးလက်ထဲမှာ ရှိတဲ့ လီဖူချန်းကို လှမ်းကြည့် လိုက်ပါတယ်။
လီဖူချန်းက နဂိုကတည်းကမှ ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဓားတစ်စင်းလို တိကျပြတ်သားတဲ့ မျက်ခုံး တစ်စုံရယ်၊ သောက်ရှူးကြယ်တွေလို တောက်ပနေတဲ့ မျက်လုံးတွေရယ်၊ နှာတံ ခပ်မြင့်မြင့်နဲ့ လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းပိုင်ရှင် ဖြစ်တဲ့အတွက် လူချောလေး တစ်ယောက်လို့ ဆိုနိုင်ပါတယ်။
ပြီးတေ့ာ သူ့ရဲ့ ကြွက်သားတွေက သူများတွေလို အဖုဖုအထစ်ထစ် ရှိနေတာ မဟုတ်ဘဲ အဆီပိုမရှိ ကျစ်ကျစ်လစ်လစ်နဲ့ သူ့နေရာနဲ့သူ အချိုးကျကျ ပေါင်းစပ်ထားတာပါ။
အဆင့်မြင့်ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို လေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် ကျောက်စိမ်းလို ကြည်လင်နေတဲ့ သူ့အသားအရေကလည်း ဆန့်ကျင်ဘက် လိင်တွေကို မရိုးမယွ ဖြစ်သွား စေနိုင်လောက်တဲ့ အထိ ဆွဲဆောင်မှု အားကောင်း လှပါသေးတယ်။
ဒါ့အပြင် သန့်စင်တဲ့မီးဓာတ် အခြေပြု အတွင်းအားတွေကြောင့် ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ’မ' တွေကို ဆွဲဆောင်နိုင်တဲ့ ဖိုဓာတ် အရှိန်အဝါတွေကလည်း ရှိနေသေးတဲ့အတွက် ကျန်းရှီနန် အတွက်တော့ လီဖူချန်းဟာ စားပိုးနင့်ဖွယ် စားသောက်ဖွယ်ရာ ကြီးပါပဲလေ။
ကျန်းရှီနန်ကတော့ သူမရဲ့ ကံကောင်းမှုကြီးကို မြင်လိုက်တာနဲ့ စိတ်လုံးဝ မထိန်းနိုင်တော့ပါဘူး။
“သူ့ကို အခုချက်ချင်း ငါ့အခန်းထဲ ထည့်လိုက်”
ပိန်လှီလှီနဲ့ လူကြီးကလည်း လီဖူချန်းကို ကျန်းရှီနန် ကြိုက်သွားပြီ ဆိုတာကို သိလိုက်တဲ့အတွက် ကျေနပ်သွားပါပြီ။
“ဟုတ်ကဲ့ပါ။ တတိယခေါင်းဆောင် ခင်ဗျား …”
ကျန်းရှီနန်က ကျောက်စိမ်းပုလင်း တစ်လုံးကို ပိန်လှီလှီလူဆီ ပစ်ပေးလိုက်ပါတယ်။
“မင်း ဒီတစ်ခါတော်တယ်။ ရော့ … ဒီနှစ်တစ်ရာ ကျောက်နို့ရည် ပုလင်းက မင်းအတွက်ပဲ”
“ကျေးဇူးတင်ပါတယ် … တတိယခေါင်းဆောင်”
ပိန်လှီလှီနဲ့လူက ပါးစပ်နားရွက် တက်ချိတ်တော့မည့် ပုံဖြင့် ပြုံးပြီး အားရပါးရ ဖော်လံဖား လုပ်နေပါတယ်။
ဒီနှစ်တစ်ရာ ကျောက်စက်နို့ရည်က အဝါရောင် အလယ်အလတ် အဆင့် ဆေးဝါးတွေနဲ့ အကျိုး သက်ရောက်မှုချင်း တူညီပါတယ်။ ပြောရမယ်ဆိုရင် ဒီကျောက်စိမ်းပုလင်းက သူ့ကျင့်ကြံမှု အဆင့်တက်အောင် ကူညီပေးနိုင်ပါတယ်လေ။
ကျောက်စိမ်းပုလင်းလေးကို သိမ်းလိုက်ပြီး ပိန်လှီလှီနဲ့လူက လီဖူချန်းကို ကျန်းရှီနန်ရဲ့ အခန်းထဲကို ပို့ပေးဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ကျန်းရှီနန်က သူ့ကို တားလိုက်ပါတယ်။
“ရပ်လိုက်တော့ … မင်းအခု ထွက်သွားရင်ရပြီ”
ပိန်လှီလှီနဲ့ လူကလည်း ချက်ချင်းပဲ ပြန်သွားပါတော့တယ်။
“မောင်လေး … မင်းအရမ်း ကြောက်မနေနဲ့နော်။ မမက မင်းကို ကောင်းကောင်း ဆက်ဆံမှာပါ။ ပြီးတော့ မမက မောင်လေးကို လောကစည်းစိမ်ဆိုတာ ဘာလဲဆိုတာကိုပါ သင်ပြပေးဦးမှာ။ လာ … မမနဲ့ အထဲကို လိုက်ခဲ့”
ကျန်းရှီနန်က ကြိုးတွေ တုပ်နှောင်ခံထားရတဲ့ လီဖူချန်းကို ပွေ့ဖက်ပြီး လိုဏ်ဂူ အတွင်းပိုင်းထဲကို ဦးဆောင်ကာ ခေါ်သွား ပါတော့တယ်။ လိုဏ်ဂူထဲက အခန်းကို အရောက်မှာတော့ ကျန်းရှီနန်က အလောင်းတစ်လောင်းကို ကန်ထုတ် ပစ်လိုက်ပြီး လီဖူချန်းကို နေရာချလိုက်ပါတယ်။
“လူငယ်လေး … မင်းကို ကြည့်ရတာ သိပ်လည်း မထွားဘဲနဲ့ ဘာလို့ အဲဒီလောက် လေးနေရတာလဲ”
“ဒါက လေနက် ဓားပြအဖွဲ့ရဲ့ အခြေစိုက် စခန်းလား”
လီဖူချန်းက ကြွက်သားတွေကို ဆန့်လိုက်ပြီး သူ့ကိုချည်ထားတဲ့ ကြိုးတွေ ပြတ်ထွက်သွားအောင် ရုန်းလိုက်ပါတယ်။ ပြီးတော့ သူ့ဆီကနေ ဓားတစ်စင်းလို ထက်မြက်တဲ့ အရှိန်အဝါကလည်း ထွက်ပေါ် လာနေပါပြီ။
“မင်းက ဘယ်သူလဲ”
ကျန်းရှီနန်က ရုတ်တရက် အံ့သြသွားမိတယ်။
“ငါဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး။ တကယ့် အရေးကြီးတာက အခုချိန်ကစပြီး လေနက် ဓားပြအဖွဲ့ဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး ဆိုတာပဲ”
“မင်းက သေလမ်း ရှာနေတာပဲ”
ကျန်းရှီနန်က လီဖူချန်းကို လက်ဝါးချက်တစ်ချက် ထုတ်ပြီး ရိုက်ချလိုက်ပါတယ်။
ဒီလက်ဝါးရဲ့ အရှိန်က လိုဏ်ဂူထဲမှာ ရှိတဲ့ လေထုကိုတောင် တုန်ခါ သွားစေပါတယ်။
ဖတ်
လီဖူချန်းက တစ်ဖက်လူရဲ့ လက်ဝါး ရိုက်ချက်ကို လက်ဝါးနဲ့ပဲ ပြန်ခံဆောင်လိုက်ပါတယ်။ တစ်ယောက်က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ ဖြစ်ပြီး တစ်ယောက်က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ က လူတစ်ယောက်။
ယုတ္ထိရှိရှိ ပြောကြမယ်ဆိုရင် အနိုင်ရမယ့် သူက ကျန်းရှီနန် ဖြစ်ရမှာပါ။ ဒါပေမဲ့ သူမ ကံမကောင်းပါဘူး။ လီဖူချန်းက တခြားသာမန် စိတ်တန်ခိုးနယ်ပယ် အဆင့် ၂ က လူတွေလို မဟုတ်ဘူးလေ။
သူက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၁၀ ကိုတောင် လေ့ကျင့် အောင်မြင်ထားတဲ့ လူလေ။
သာမန် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ က ပညာရှင်တွေရဲ့ အတွင်းအား တွေကတောင် လီဖူချန်းလောက် မသိပ်သည်းသလို သန့်စင်မှုလည်း မရှိပါဘူး။
ပြီးတော့ သူ့ရဲ့ တိုက်တိုင်းအောင် ခန္ဓာကိုယ် အပြင်အားကိုပါ ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ … လီဖူချန်းရဲ့ လက်ဝါးတစ်ချက်ဟာ သစ်ပင်တွေကို အမြစ်ကနေ ကျွတ်ထွက် သွားစေနိုင်သလို ရွှေတွေကိုလည်း အရည်ပျော် သွားစေနိုင်ပါတယ်။
အား …
ကျန်းရှီနန်က အသံနက်ကြီးဖြင့် အော်လိုက်ပြီး ကျောက်ဂူ နံရံတွေဆီကို လွင့်ထွက် သွားပါတယ်။ သူမရဲ့ ညာဘက် လက်တစ်ချောင်းလုံးက မည်းတူး ချိတ်သွားခဲ့ပါပြီ။ ပြီးတော့ အသားမီးတူးတဲ့ အနံ့တွေကလည်း လေထဲမှာ သင်းပျံ့လို့ နေပါတယ်။ ကျန်းရှီနန်က တုံ့ပြန်မှု အတော်လေးကောင်းတဲ့ သူတစ်ယောက်ပါ။ ဒီလောက်ဒဏ်ရာ အကြီးအကျယ် ရနေတာတောင် တခြားလူတွေကို အော်ဟစ်ပြီး သတိပေးဖို့ ပြင်လိုက်ပါသေးတယ်။
ဒါပေမဲ့ လီဖူချန်းက ဒီလို အဖြစ်မျိုး လက်မခံ နိုင်ပါဘူး။ တစ္ဆေတစ်ကောင်လိုပဲ လီဖူချန်းက ကျန်းရှီနန်ဆီကို တိုးကပ်သွားပြီး နဖူးအလယ် တည့်တည့်ကို လက်ချောင်းနဲ့ ထိုးသွင်းလိုက်ပါတယ်။
ကျန်းရှီနန်က မျက်လုံးတွေ ပြူးကျယ်သွားပြီ တစ်ခါတည်း ငြိမ်ကျသွားခဲ့ပါတယ်။
ဂူထဲမှာတော့ လမ်းကြောင်းတွေက ရှုပ်ယှက်ခတ်နေပြီး တခြားလိုဏ်ဂူတွေနဲ့လည်း လမ်းဖောက် ထားတာကို လီဖူချန်းက သိလိုက်ရပါတယ်။
လီဖူချန်းက တစ္ဆေတစ်ကောင်လို လှုပ်ရှား သွားလာနေပြီး တစ်ဂူဝင် တစ်ဂူထွက်နဲ့ ဓားပြတွေ အားလုံးကို အမြစ်မကျန် သုတ်သင် ရှင်းလင်းနေပါတယ်။
သူ့ရဲ့ လေအရိပ်ခြေလှမ်း အကူအညီကြောင့် ဓားပြတွေဟာ သူတို့ သေလို့ သေသွားမှန်းတောင် မသိလိုက် ကြပါဘူး။ ဒီလိုနဲ့ ရုတ်တရက် တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ဆင်ယင်ထားတဲ့ ဂူကြီးတစ်ခုကို တွေ့လိုက်တဲ့ အခါမှာတေ့ာ လီဖူချန်းက သူ့ခြေလှမ်းတွေကို ရပ်လိုက်ပါတယ်။
သူ့ရဲ့ မသိစိတ်က မသိုးမသန့် ဖြစ်နေတဲ့အတွက် အနက်ရောင် သံသေဓားကိုလည်း ဆွဲထုတ် လိုက်ပါသေးတယ်။ အထဲမှာတော့ လူငါးယောက်က ကျောက်စားပွဲကြီး တစ်ခုမှာ ဝန်းရံထိုင်နေပြီး ပိုက်ကျူး ကစားနေတာကို တွေ့လိုက်ရပါတယ်။
(ပိုက်ကျူးဆိုတာ တရုတ် လောင်းကစားနည်း တစ်မျိုးပါ)
ကျောက်စားပွဲကြီး ပေါ်မှာတော့ ရွေပြားတွေက တောင်ပူစာ တစ်လုံးလို ပုံလျက် ရှိနေပါတယ်။ သူတို့ရဲ့ လက်ရှိ အတွင်းအားတွေ အရတော့ စိတ်တန်ခိုး ဖွဲ့စည်ခြင်းနယ်ပယ် အဆင့် ၅ က တစ်ယောက်၊ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၃ က နှစ်ယောက်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ က နှစ်ယောက်ဆိုတာကို လီဖူချန်းက သိလိုက်ပါတယ်။
စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ မှာ ရှိနေတဲ့ သူက ခေါင်းကို ပြောင်နေအောင် တုံးထားတဲ့ လူထွားကြီး တစ်ယောက်ပါ။
သူ့ရဲ့ ကျောပေါ်မှာတော့ မာန်ဖီနေတဲ့ ကျားပုံ ဆေးမင်ကြောင် ရှိနေပြီး လုံးဝ အစစ်အလား လက်ရာ မြောက်လှပါတယ်။
ကြည့်ရတာ ဒီလူထွားကြီးက လေနက်ဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဖြစ်တဲ့ လီဟိုင်ဟူး ဆိုတာ ဖြစ်မည့်ပုံပါပဲ။
(လီဟိုင်ဟူးရဲ့ နာမည်က လီနဲ့ လီဖူချန်းရဲ့ နာမည်က လီက တရုတ်လို ရေးပုံခြင်း အတူတူပါပဲ)
ကျန်တဲ့ လေးယောက်ကတော့ သူ့ရဲ့ အားထားရသည့် လူတွေ ဖြစ်ဟန် ရှိပါတယ်။ သူတို့ ၅ ယောက်စလုံးက ပိုက်ကျူး ဆော့နေတာ လုံးဝ အရှိန်တက်နေသည့် ပုံပါပဲ။ လုံးဝ လွတ်လွတ်လပ်လပ် အော်ကြီးဟစ်ကျယ်နဲ့ ဆော့နေကြတာပါ။ လီဖူချန်းက အနား ကပ်လာတာကိုတောင် သတိမထား မိကြပါဘူး။
လီဟိုင်ဟူးက တစ်စုံတစ်ယောက်က အနားကို ကပ်လာတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီလေ။
တစ္ဆေတစ်ကောင်လို အရိပ်တစ်ခုက အေးစက်နေတဲ့ ဓားသွားနဲ့ သူတို့ရဲ့ လည်ပင်းတွေကို ထိုးဖောက် ပြီးသွားပါပြီ။
ဖောက်ဖောက် ဖောက်ဖောက်ဖောက် …
လူငါးယောက်စလုံးက လည်ပင်းတွေကို ဆုပ်ကိုင်ပြီး မျက်လုံး အပြူးသားနဲ့ အသက်ထွက်သွား ကြပါတယ်။ သူတို့ ဘာဖြစ်သွားတာလဲ ဆိုတာကိုတောင် သူတို့ မယုံကြည်နိုင် သေးပါဘူး။ လီဖူချန်းရဲ့ ဓားကွက်က တိကျမြန်ဆန် လွန်းသလို ရက်စက် လွန်းပါတယ်။
လက်တစ်ချက် အလှုပ်မှာပဲ လူ ၅ ယောက်စလုံးရဲ့ အသက်က ယမမင်းဆီကို အလည် ရောက်သွားခဲ့ပါပြီ။ သူတို့တွေဟာ ဒီလို အဆင့်မြင့် ဓားသိုင်းနဲ့ သတ်ခံလိုက်ရတဲ့ အတွက် ဂုဏ်တောင် ယူသင့်ပါသေးတယ်။
“တော်သေးတာပေါ့။
ငါ့ဓားချက်က ဒါတောင် နည်းနည်းလေး နှေးသွားသေးတယ်။ ငါသာ ဒီထက်မြန်ရင် လီဟိုင်ဟူးက ငါရောက်လာတာကိုတောင် သိလိုက်မှာ မဟုတ်ဘူး။
နောက်ဆို ငါ့ဓားချက်ကို ဒီထက်မြန်အောင် လေ့ကျင့်ရဦးမယ်”
(အေးအေး ကောင်းတယ်။ လီဖူချန်း။ ဒီလောက်ဓားကွက် တစ်ကွက်တည်းနဲ့ လူငါးယောက်ကို တစ်ခါတည်း သတ်လိုက်တာကိုတောင် နှေးတယ် လုပ်နေသေးတယ်)
လီဖူချန်းက မလိုအပ်ဘဲနဲ့ ဆူဆူညံညံတွေ ဖြစ်သွားမှာကို မလိုချင်ပါဘူး။
ဒါကြောင့် သူက ဒီလူ ၅ ယောက်ကို အလစ်အငိုက် ဖမ်းပြီး လုပ်ကြံသတ်ဖြတ် လိုက်ရတာပါ။
သူသာ တကယ်တမ်း ရိုးရိုးသားသား တိုက်ခိုက်မယ်ဆိုရင် ဒီ ၅ ယောက်ကို သတ်ဖို့ အချိန်အတော်လေး ယူရမှာဖြစ်ပြီး ဓားပြ တစ်ဖွဲ့လုံးက သူရောက်နေတာကို သိရှိသွားနိုင်ပါတယ်။
အခန့်မသင့်ရင် သူတောင် မသာပြန်ပေါ် သွားနိုင်ပါသေးတယ်လေ။
ဒီငါးယောက်စလုံးကို တစ်ခါတည်း သတ်ပစ်ဖို့ဆိုတာ ဓားသိုင်း ကျွမ်းကျင်မှုကလည်း စကားပြောသလို ကိုယ်ဖော့ပညာ ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ တကယ်လို့ ကိုယ်ဖော့ပညာက ညံ့နေမယ်ဆိုရင် တစ်ဖက်လူက သူ့ကို သတိထားမိ သွားမှာပါ။
ကိုယ်ဖော့ပညာက ကောင်းနေပြီး ဓားက နှေးနေမယ် ဆိုရင်လည်း ငါးယောက်ထဲက တစ်ယောက်ယောက်ကတော့ လွတ်သွားနိုင်ပါတယ်။
“တော်သေးတယ်။ ငါလေအရိပ် ကိုယ်ဖော့ပညာကို လေ့ကျင့်ထားမိလို့”
လေအရိပ်ခြေလှမ်းက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်လို တိုက်ခိုက်တဲ့ နေရာမှာ အစွမ်းမထက် ပေမယ့်လည်း အမြန်နှုန်းကိုတော့ အတော်လေး တိုးတက်သွားစေပြီး ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း တစ္ဆေတစ်ကောင်လို ညင်သာစွာ လှုပ်ရှားသွားလာ စေနိုင်တယ်လေ။
ပြီးတော့ လီဖူချန်းက တိုက်ခိုက်တဲ့ အပိုင်းမှာ အစွမ်းထက်ပြီးသား ဖြစ်တဲ့အတွက် ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားကို သုံးစရာမလိုဘဲ အပြင်အား သက်သက်နဲ့ တိုက်နိုင်တဲ့အစွမ်း ရှိပါတယ်။
သူ့ရဲ့ ဓားကွက်က အားနည်း နေရင်တောင်မှပဲ အမြန်နှုန်းက ဟာကွက်ကို ဖြည့်သွားပေးတဲ့ အတွက် လီဖူချန်းရဲ့ အလစ်အငိုက်ဖမ်း သတ်ဖြတ်မှုက အောင်မြင် သွားခဲ့တာပါ။
"ငါ ဓားပြခေါင်းဆောင်ကို သတ်ပြီးရင်တော့ ဒီရတနာတွေ အားလုံးကို ပြန်လာ ယူဦးမှပါ”
လီဖူချန်းက စားပွဲပုံပေါ်က ရွှေပုံကြီးကို တစ်ချက် ကြည့်လိုက်ပြီး နောက်ထပ် တစ်နေရာကို ကူးသွား ပါတေ့ာတယ်။
နောက်ထပ် သူရောက်သွားတဲ့ နေရာကတော့ အရပ်လေးမျက်နှာ စလုံးမှာ ဝင်ပေါက်တွေ ဖောက်ထားတဲ့ လိုဏ်ဂူကျယ်ကြီး တစ်လုံးပါ။ အပေါက်ဝတိုင်းမှာတော့ ဓားပြ နှစ်ယောက်ဆီက စောင့်ကြပ် နေကြပါတယ်။
“ဘုန်း … ဘုန်း”
မီးလောင်ကျွမ်းထားတဲ့ အလောင်း နှစ်လောင်းက ဂူပေါက်ဝကနေ အထဲကို ပစ်သွင်း ခံလိုက်ရပြီး မြေပြင်ပေါ်မှာ ကျနေပါတယ်။
ဂူထဲမှာတော့ လေနက်အဖွဲ့ ခေါင်းဆောင်နဲ့ မျက်နှာဖုံးရှင်က စည်းသိမ်ယူလျက် ရှိနေတာ ပေါ့လေ။
“ဘယ်သူ ရောက်လာတာလဲ”
လေနက်အဖွဲ့ ခေါင်းဆောင်က မျက်နှာကြီး ရှုံ့တွလျက် မေးလိုက်ပါတယ်။ မနှစ်တုန်းက ဒီတောင်တန်း ဒေသထဲကို ပြောင်းရွေ့ လာကတည်းက ဒီတစ်ခါက ပထမဆုံးအကြိမ် ရန်သူတွေ သူတို့ စခန်းထဲအထိ ရောက်လာတာပါပဲ။
ဒါက သူ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေပါတယ်။ ကျောက်ခုတင် တစ်လုံးပေါ်မှာ ထိုင်နေတဲ့ မျက်နှာဖုံးနဲ့ လူက မိန်းမပျိုတစ်ယောက်ရဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ပွတ်သပ် ကိုင်တွယ်နေရင်းနဲ့ ခပ်အေးအေး ပြောလိုက်ပါတယ်။
“လေနက်ခေါင်းဆောင် … ကြည့်ရတာ မင်းစခန်းက စိတ်ချရပုံ မပေါ်ပါလား”
လေနက်ခေါင်းဆောင်ကလည်း လုံးဝ ဒေါသထွက်နေသည့် လေသံဖြင့်
“စိတ်မပူပါနဲ့ အစ်ကိုလု။ ကျွန်တော် ဝင်လာတဲ့ကောင်ကို အမြန်ရှင်းလိုက်ပါ့မယ်”
ပြောြ့ပီးတာနဲ့ သူက သူ့ဘေးမှာ ထိုင်နေတဲ့ ကိုယ်လုံးတီး မိန်းမပျိုတစ်ယောက်ကို တွန်းထုတ် လိုက်ပြီး မတ်တတ် ထရပ်လိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးတွေကတော့ အလောင်းနှစ်လောင်း ဝင်လာတဲ့ အပေါက်ကို စောင့်ကြည့်ရင်းနဲ့ပေါ့။
“ဖျတ် … ဖျတ်”
မကြာခင်မှာဘဲ ခြေသံတစ်ခုကို ကြားလိုက်ရပြီး မီးခိုးရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်က လှမ်းဝင် လာခဲ့ပါတော့တယ်။
“ကြည့်ရတာ ခင်ဗျားက လေနက်ဓားပြ အဖွဲ့ခေါင်းဆောင် ဆိုတာထင်တယ်”
***