← Chapters

အပိုင်း(၅၇၁)

Vol. 39 Ch. 571

အပိုင်း(၅၇၁)

Vol. 39 Ch. 571

ဤအချိန်တွင် ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့တော်အတွင်း၌ အုတ်အော်သောင်းနင်းဖြစ်နေသည်။

ရီမို့ရှန့်မှာ  အရှေ့ပိုင်းဒေသကြီး၏မြင့်မြတ်

ကုန်းမြေသုံးခုထဲရှိတစ်ခုမှဖြစ်သည်။  သူကနေလဂိုဏ်း၏ နမည်ကျော်ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှုက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အ

ဆင့်၌ရှိသည်ဖြစ်သည်။ သို့သော် ကျိရှောင်းက ရီမို့ရှန့်အား   တစ်ချက်တည်းဖြင့်စင်မြင့်ထက်မှ အနိုင်ယူနိုင်လိမ့်မည်ဟုတော့ မည်သူကမျှထင်မှတ်မထားကြချေ။

ကျိရှောင်းက ရီမို့ရှန့်အားစင်မြင့်အပြင်ဘက်သို့

လွင့်ထွက်အောင်လုပ်ပြီးနောက်   သူ၏ခေါင်းကိုလှည့်လိုက်ပြီး   ရှစ်ဖုန့်ထံသို့အေးစက်စွာကြည့်လိုက်သည်။  ထို့နောက် ကျိရှောင်း၏ကိုယ်က

လှုပ်ရှားသွားပြီး ရီမို့ရှန့်အားအနိုင်ယူပြီးနောက်  စင်မြင့်ထက်မှထွက်ခွာသွားသည်။  ရုတ်ခြည်းဆိုသလို ခရမ်းရောင်ပုံရိပ်တစ်ခုက  အားလုံး၏မြင်ကွင်းမှပျောက်ကွယ်သွား၏။

“သခင်လေးဖုန့်..ကျိရှောင်းနဲ့များသခင်လေးမှာ အာဃာတတရားတွေရှိနေတာလား.”

ကျိရှောင်းထွက်ခွာသွားပြီးနောက်  ရွှယ်ဝူဟမ်က သူ့ဘေးရှိရှစ်ဖုန့်အားကြည့်၍ ပြောလိုက်သည်။  အစောပိုင်းကကျိရှောင်း၏အေး

စက်သောအကြည့်တို့အား ရွှယ်ဝူဟမ် သတိပြုမိသည်ဖြစ်သည်။  သူ၏ အာရုံခံနိုင်စွမ်းအရ ကျိရှောင်းထံမှသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ရှစ်ဖုန့်ထံသို့ဦးတည်နေသည်ကို သူအာရုံခံနိုင်သည်ဖြစ်သည်။

“ကျိရှောင်းတင်မကဘူး..လုံဟူဂိုဏ်းက ဝမ့်ကုန်းနဲ့..လောလောဆယ် ထျန်းလျန်အင်ပါယာမှာ မြင့်တက်လာတဲ့ ယန်ကျုံးတို့ကလည်း သူ့ကို အရှင်လတ်လတ်အစိမ်းလိုက်

စားချင်နေကြတာ”

ရှစ်ဖုန့်ဘာမှမပြောသေးခင်အရင် ရှစ်ကျင်းရွှိုက်က  အရင်ဆုံးပြောလိုက်သည်။

ရှစ်ဖုန့်၏ သရုပ်မှန်အား သိရှိပြီးနောက်   ရှစ်ကျင်းရွှိုက်မှာ အံ့အားသင့်ခြင်းမရှိတော့ပေ။  ဤလူငယ်က နတ်ဆိုးများစွာအား စော်ကားခဲ့သည်မှာအံ့ဩစရာမဟုတ်ပေ။ သူက ဧကရာဇ်ကျိုးယို၏ သားဖြစ်သည်။ သူစော်ကားခဲ့သောသူများက  သာမန်လူများမဟုတ်ကြပေ။

ရှစ်ကျင်းရွှိုက်၏ စကားတို့အားကြားပြီးနောက်   ရွှယ်ဝူဟမ်က ပြုံးလိုက်ပြီးပြောလိုက်သည်။

“သခင်လေးဖုန့်ရဲ့ ပုံစံက   ငါကြားထားဖူးသလိုမျိုး ဘိုးဘေးရဲ့စရိုက်နဲ့ တကယ်ကို ဆင်တူတာပဲ”

“အိုး”

ရွှယ်ဝူဟမ်၏ စကားတို့အားကြားပြီး‌နောက်   ရှစ်ဖုန့်၏မျက်နှာထက်၌သိချင်စိတ်တို့ဖြစ််သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။  သူကမေးလိုက်သည်။

“ကျိုးယိုအကြောင်းမင်းကိုဘယ်သူပြောတာလဲ..သူကဘယ်လိုလူစားမျိုးလဲ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် သခင်လေးဖုန့်မှာ  ဘိုးဘေးကွယ်လွန်သွားခဲ့သောနှစ်နှင့်တူညီသောနှစ်၌ မွေးဖွားလာခဲ့ခြင်းဖြစ်ကြောင်းကို သဘေပေါက်လိုက်သည်။  သူ့အနေဖြင့် ဘိုးဘေးအားမမြင်ဖူးသောကြောင့် ဘိုးဘေး၏ဇတ်လမ်းအား သိချင်နေဖြင်းဖြစ်ရမည်ဖြစ်သည်။

ထို့နောက် ရွှယ်ဝူဟမ်ကပြန်ပြောင်းအောင့်မေ့နေသည်။ ထို့နောက်  ရွယ်ဝူဟမ်က သခင်လေးဖုန့်အနေဖြင့်ဘိုးဘေး၏ဇတ်လမ်းအားစိတ်ဝင်စားမည်မဟုတ်ဟု

တွေးလိုက်ပြန်သည်။ ထို့နောက် ရွှယ်ဝူဟမ်က ဘိုးဘေးအားတွေးတောပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျုပ်ကြားထားတာတော့ ဘိုးဘေးရဲ့ ပုံစံကအေးစက်ပေမဲ့  သူက ဘယ်တုံးကမှ အမျိုးသမီးတွေကင်းမဲ့တာမျိုးမရှိဘူးတဲ့. သူ့ဘေးမှာ အမြဲတမ်းလှပတဲ့ မိန်းမတွေ ဝန်းရံနေတယ်..အဲ့လှပတဲ့အမျိုးသမီးတွေက   ဘိုးဘေးနဲ့ပက်သက်ပြီး အပေါ်ယံမှာဘာမှဟုတ်ပုံမရပေမဲ့.. တိတ်တဆိတ်ကတော့ သခင်လေးဖုန့်လည်းသိတယ်မလား…”

ဤသို့ပြောပြီးနောက်ရွှယ်ဝူဟမ်က ရှစ်ဖုန့်အား  မျက်စိတစ်ဖတ်မှိတ်ပြလိုက်သည်။  ရွှယ်ဝူဟမ်မှာရှစ်ဖုန့်အား စကားများကိုထိုနေ့ကသူကြားခဲ့ရသည့်အတိုင်းစကားတစ်လုံးတောင်လွဲခြင်းမရှိဘဲ အရင်းအတိုင်းဖောက်သည်ချ  နေသည်ဖြစ်သည်။  သူ၏နောက်ဆုံး မျက်စိတစ်ဖက်မှိတ်ပြခြင်းကပင် သူ့အားပြောကဲ့သူကဲ့သို့ တစ်ထေရာတည်းပြုမူနေ၏။

ရှစ်ဖုန့်မှာ ရွှယ်ဝူဟမ်၏ လေသံနှင့်စကားများအားကြားရပြီး မျက်စိတစ်ဖတ်မှိတ်ပြမှုတို့အားမြင်ရသောအခါတွင် ရွှယ်ဝူဟမ်၏ဆိုလိုရင်းကိုချက်ချင်း  နားလည်သွားသည်။  ယင်းမှာဟိုကောင်စုတ် ရှောင်ယောင်ပြောခြင်းဖြစ်ရမည်ဖြစ်သည်။  ထိုကောင်စုတ်အနေဖြင့် ထိုအချိန်တုံးကလုံလောက်အောင်အရိုက်မခံခဲ့ရ၍လည်းဖြစ်ကောင်းဖြစ်နိုင်သည်။

“တစ်ခြားရော”

ရှစ်ဖုန့်ကမေးလိုက်သည်။

ရှစ်ဖုန့်၏မေးခွန်းအားကြား

လိုက်ရသောအခါတွင် သခင်လေးဖုန့်က ဘိုးဘေး၏ လျှို့ဝှက်ဇတ်လမ်းအချို့ အထူးသဖြင်း ပြင်ပကမ္ဘာကသိရှိခြင်းမရှိသော  အကြောင်းများအား   စိတ်ဝင်စားနေသည်ဟု ရွှယ်ဝူဟမ်တွေးလိုက်သည်။

ခဏမျှတွေးတောပြီးနောက် ရွှယ်ဝူဟမ်က ပြုံးလိုက်ပြီးပြောလိုက်သည်။

“ဘိုးဘေးက တိတ်တဆိတ်နဲ့အရမ်းကျီစား

တတ်တယ်လို့ကြားတယ်.. သူက ဧကရာဇ် ဝူရှန့်နဲ့ တိုက်ခိုက်ဖို့အတွက်  သေခြင်းမဲ့တောင်တန်းမှာချိန်းဆိုခဲ့တယ်..

ဧကရာဇ်ဝူရှန့်က ဘိုးဘေးကို သေခြင်းမဲ့တောင်တန်းမှာအ ချိန်အကြာကြီးစောင့်ခဲ့ရတယ်..နောက်ဆုံးအားလုံးက သည်းမခံနိုင်တော့မှဘဲ ဘိုးဘေးကအေးအေးလူလူနဲ့ ပေါ်လာခဲ့တယ်”

“ပြောရရင်ဘိုးဘေးကတမင်သက်သက်ကြီး လူတွေကိုနှောင့်နှေးစေပြီးစောင့်ရအောင်လုပ်တာလို့ကြားတယ်..သူကထောင့်လေးတစ်ခုမှာတိတ်တဆိတ်ပုန်းနေပြီးတော့ တိတ်တဆိတ်စောင့်ကြည့်နေတာပဲ… လူတွေအများကြီးကသူ့ကိုစောင့်ရအောင်သူကတမင်တကာ ပြုလုပ်ခဲ့တယ်… သူထွက်လာဖို့အချိန်မကျခင်အထိပေါ့..”

“ပြီးတော့ငါကြားတာက ဘိုးဘေးပေါ်မလာခဲ့တာကြောင့် ဦးလေးလောဟာ ဘိုးဘေးရဲ့တပည့်ဖြစ်လို့ ဆိုးဆိုးဝါးဝါးပြစ်တင်ကြိမ်း

မောင်းခံခဲ့ရတယ်တဲ့ ”

“လောချင်းချွမ်”

ဤအရာအားကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်ချက်ချင်းပဲ လောချင်းချွမ်အကြောင်းကို တွေးမိလိုက်သည်။ ဤငတိမှာ ဆိုးဆိုးဝါးဝါးကြိမ်းမောင်းခံခဲ့ရပြီ ထိုအရာအား သူ၏စိတ်ထဲ၌ မုန်းတီးမှုတစ်ခုအဖြစ်ကိုင်စွဲထားသေးပုံရသည်။

ထိုနေ့က  သေခြင်းမဲ့တောင်တန်း၌ ဧကရာဇ်ဝူရှန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။  ထိုနှစ်က ရှစ်ဖုန့်သေခြင်းမဲ့တောင်တန်းသို့သွားချိန်တွင်  တစ်စုံတစ်ခုနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်ခဲ့ရပြီး အချိန်တစ်ခုကြာနှောင့်နှေးကြန့်ကြာခဲ့ရသည်။

ထို့နောက်ရွှယ်ဝူဟမ်က ဆက်ပြောသည်။

“ဘိုးဘေးက အရမ်းဟန်ဆောင်တတ်တဲ့သူ

လို့လဲငါကြားထားတယ်..အဲ့အချိန်တုံးက ဦးလေးက ငါ့ရဲ့ဆရာကို တပည့်အဖြစ်နဲ့ခေါ်စေချင်ပေမဲ့ သူက ရည်ရွယ်ချက်ရှိရှိနဲ့ ကိစ္စတွေကိုခက်ခဲအောင်လုပ်ပြီးတော့ ထူးဆန်းတဲ့ပြဿနာအချို့ကိုပေးခဲ့တယ်တဲ့. အဆုံးမှာတော့ သူဟာငါ့ဆရာကို အင်တင်တင်နဲ့ပဲ တပည့်အဖြစ်လက်ခံလိုက်တယ်.. ဒါပေမဲ့ ဒီလိုပါရမီရှင်တပည့်တစ်ယောက်ကို လက်ခံရလိုက်တာမို့သူကအ

ရမ်းပျော်နေခဲ့တာတဲ့”

ဤအရာအားပြောသောသူမှာ ချင်ယူဖန်းဖြစ်သည်ကို ရှစ်ဖုန့်တွေးနေရန်ပင်မလိုပေ။

ထို့နောက်ရွှယ်ဝူဟမ်၏ဆက်ပြောမှုကြောင့်ရှစ်ဖုန့်၏အမူအယာကအေးစက်မှုအဖြစ်ပြောင်းသွားရသည်။ ဤသကောင့်သားများက  သူသေဆုံးပြီးနောက်ပို၍ပို၍ ရဲတင်းစိတ်ကြီးဝင်လာကြပြီး  သူ့အား တပည့်များရှေ့တွင်ပင် အသရေဖျက်နေ၏။

ရွှယ်ဝူဟမ်မှာ  သူ၏ ဦးလေးငယ်ဖြစ်သူက  ပြင်ပကမ္ဘာကကြားသိနိုင်ခြင်းမရှိသည့်ဘိုးဘေး၏ လုပ်ရပ်များအား   ကြားရသည်ကို နှစ်သက်သည်ဟုတွေးလိုက်သည်။  ပို၍သူပြောလေပို၍စိတ်လှုပ်ရှားလာလေဖြစ်သည်။ သို့သော်  ဖြည်းဖြည်းချင်း ဦးလေးဖြစ်သူများနှင့်ဆရာတို့အား သစ္စာဖောက်မိလာသည်ကိုတော့သူမသိပေ။

“အင်း.ဒါကတော့ဘိုးဘေးနဲ့

ပက်သက်ပြီးငါသိသမျှတွေပဲ.”

ထိုနောက်ရွှယ်ဝူဟမ်က ရှစ်ဖုန့်အားပြုံး၍ပြောလိုက်သည်။  ထို့နောက်ဆက်ပြော၏။

“ဒါကအရမ်းစိတ်ဝင်စားဖို့ကောင်း

တယ်လို့သခင်လေးဖုန့်ထင်တယ်မလား.  ငါ့ဆရာနဲ့ဦးလေးတွေကပဲဒါတွေကိုသတိတာ.. ပြင်ပကလူတွေ ဒါကို သိကြတာမဟုတ်ဘူး…ဟားဟား”

ရွှယ်ဝူဟမ်မှာ ပြင်ပကမ္ဘာကမသိသည့်ဘိုးဘေးနှင့်ပက်သက်သောကိစ္စများစွာအားသူသိသောကြောင့် ဝင့်ကြွားဂုဏ်ယူစွာရယ်မောလိုက်၏။

“အင်း..အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးရွှယ်ဝူဟမ်အားပြန်ဖြေလိုက်၏။ ထိုအချိန်ကဂိုဏ်း၏စည်းမျဉ်းများနှင့် စည်းမျဉ်းချိုးဖောက်ပါက အပြစ်ပေးမှုများအားလည်း

သူမှတ်မိသေးသည်ဖြစ်သည်။

“ဒီသူတောင်းစားတွေငါနှစ်ပေါင်းများစွာသေပြီးတဲ့နောက်မှာ အရိုက်ခံရဖို့အတွက် တရွရွဖြစ်နေတယ်နဲ့တူတယ်”

နေကအနောက်အရပ်သို့ဝင်

သွားပြီးကောင်းကင်က ဖြည်းဖြည်းချင်း မှောင်လာသည်။  ညအချိန်အခါသမယသို့ကျရောက်လာ၏။

ယနေ့ညကောင်းကင်ယံထက်၌ ပြိုးပြိုးပျက်ပျက်လင်းနေသော ကြယ်များက မှိုလိုပေါက်နေသည်.

ဤအချိန်တွင်  စာပေသမား ပုံစံနှင့် ဒိုင်ဖြစ်သူ၏ ခြားနားမှုမရှိသောလေသံက  စင်မြင့်နံပါတ်တစ်ဆယ်မှ ထွက်ပေါ်လာသည်။

“အမှတ်စဉ်ရှစ်ဆယ့်ခုနှစ်နဲ့

ရှစ်ဆယ့်ရှစ်တို့ စင်ပေါ်လာခဲ့”

ဒိုင်ဖြစ်သူ၏အသံအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က   ခေါင်းကိုလှည့်လိုက်ကာ ရှစ်ဖုန့်နင့်ရွှယ်ဝူဟမ်တို့အားပြုံးပြလိုက်၏။  သူကပြောလိုက်သည်။

“နောက်ဆုံးတော့ငါ့အလှည့်ရောက်လာပြီ.. ငါ့နိုင်ပွဲအတွက် မင်းတို့ဂုဏ်ပြုပေးသင့်တယ်”

“ကံကောင်းပါစေ”

ရွှယ်ဝူဟမ်က ခေါင်းညိမ့်ပြီးပြုံးပြလိုက်သည်။

“မင်းကံကအရမ်းမကောင်းတဲ့ပုံပဲ”

ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်ပြီး ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။

ညကောင်းကင်ယံထဲတွင် အဖြူရောင်ပုံရိပ်တစ်ခုက ဇောက်ထိုးထိုးဆင်းလာပြီး စင်မြင့်နံပါတ်တစ်ဆယ်ပေါ်၌

ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က   ခေါင်းလှည့်လိုက်ပြီး   စင်မြင့်နံပါတ်တစ်ဆယ်ကိုကြည့်လိုက်သည်။ထို့နောက် သူကတုန်လှုပ်စွာဖြင့်ပြောလိုက်၏။

“သူပဲ.. ငါ့ရဲ့ပြိုင်ဘက်က တကယ်ကြီးသူပဲ. ယွဲ့ဟူ ဂိုဏ်းက ပိုင်ကျွင်းရွှမ်း..ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ပါရမီရှင်.ချီးပဲငါတော့ကံဆိုးတာပဲ”

“မင်းရဲ့အစီအစဉ်ကတော့ပျက်သွားပြီ.. မင်းရဲ့ခွန်အားနဲ့ မင်းကသူ့ကိုလုံးဝမယှဉ်နိုင်ဘူး. မင်းအရှုံးပေးလိုက်သင့်တယ်..”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။ ရှစ်ကျင်းရွှိုက်၏အစီအစဉ်မှာ အစပိုင်းတွင်အားနည်းသော ပြိုင်ဘက်များနှင့်တွေ့ပြီး အဆုံးသတ်မှ ဒဏ်ရာရနေကြသော အားကောင်းသူများနှင့်တွေ့ရန်ဖြစ်သည်။

သို့သော်  သူ၏ပထမပြိုင်ဘက်က ပိုင်ကျွင်းရွှမ်း ဖြစ်နေသည်မှာသိသာထင်ရှားနေ၏။ ဤအစီအစဉ်က အလုပ်မဖြစ်တော့ပေ။

သို့သော် ရှစ်ကျင်းရွှိုက်၏စိတ်ပိုင်းဖြတ်ထားသော မျက်နှာအားရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။  ရှစ်ကျင်းရွှိုက်က ခေါင်းခါယမ်းလိုက်ပြီးပြောလိုက်၏။

“ငါကယောက်ျားတစ်ယောက်ပဲ.. ငါအရမ်းလွယ်လွယ်လေးအရှုံးပေးလို့မဖြစ်ဘူး. မတိုက်ခိုက်ရပဲနဲ့ အရမ်းလွယ်လွယ်လေး အရှုံးမပေးနိုင်ဘူး”

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters