← Chapters

အော်.. ဒီလိုလား

Vol. 77 Ch. 1070

အော်.. ဒီလိုလား

Vol. 77 Ch. 1070

အနောက်ပင်လယ်ကို အုပ်စိုးမှာလား......

ထိုက်ချူကုန်းမြေက လူသားမျိုးနွယ်ကို ရှင်းပစ်ရမယ်ပေါ့လေ.....

ထိုစကားများမှာ အန်လင်းနှင့် လန်ရှောင်နီအား နားမလည်နိုင် ဖြစ်စေသည်။

ကြမ္မာဆောင်သူက အဲ့လိုလုပ်ရမှာလား......

လန်ရှောင်နီကို အဲ့လိုလုပ်စေချင်တယ်ဆိုတော့ ဒင်းကရူးနေတာလား.....

“ခွီး....”

အန်လင်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။

လန်ရှောင်နီသည် အနောက်ပင်လယ်ကို မဆိုထားနှင့် ဝိဥာဥ်ငါးကလန်ကိုပင် မအုပ်စိုးနိုင်လောက်ပေ။

နတ်ဘုရားကိုယ်တိုင် စိတ်ကျေနပ်သွားခြင်းကြောင့် ဖြစ်နိုင်ပါသော်လည်း အန်လင်းမှာ ချိပ်ပိတ်မိနေခြင်း မရှိတော့ပေ။

အန်လင်း မတ်တပ်ရပ်ကာ လန်ရှောင်နီအား ပါးဆွဲလိုက်သည်။

“နင်ဘာလုပ်တာလဲ။”

လန်ရှောင်နီ ရှက်သွေးဖြာသွားရသည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

“တော်သေးတာပေါ့..... မင်းက လက်အောက်ငယ်သား လန်ရှောင်နီ ဖြစ်နေတုန်းပဲ။”

လန်ရှောင်နီမှာ ချိုမြိန်သော ခံစားချက်များ ရှိနေပါသော်လည်း အေးစက်စက်သာ တုံ့ပြန်လာသည်။

“ငါ့တာဝန်ကို ထမ်းဆောင်ရဦးမယ်။ သွားရအောင်။”

အန်လင်းသည်လည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။”

၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ အိမ်ပြန်နိုင်ရန် ဖြစ်သည်။

နတ်ဘုရားသည်လည်း လမ်းကြောင်းအား ဖွင့်ပေးထားသောကြောင့် အဆင်ပြေနေပြီပင်။

လန်ရှောင်နီ ရရှိထားသော တာဝန်သည် ကောင်းချီးနှင့် ကျိန်စာ မည်သည့်အရာဖြစ်ကြောင်း အချိန်ကသာ ပြောပြပေးသွားလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် နောက်ကျနေ၍ မဖြစ်ပေ။

ရုတ်ချည်းဆိုသလို နတ်ဘုရားမှာ အန်လင်းအား လက်ညှိုးထိုးလာသည်။

“မင်းက ဒီမှာမနေဘူးလား။”

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

ယီးမို့နေရမှာလား.....

သူအားယူကာ ပြုံးပြလိုက်သည်။

“စီနီယာ ကျုပ်ပြန်မှဖြစ်မယ်။ လုပ်စရာလေးတွေ ရှိသေးလို့ပါ။”

နတ်ဘုရားမှာ အန်လင်းထံမှ အာရုံမခွာသောကြောင့် အနည်းငယ် ကြောက်မက်ဖွယ် ဖြစ်လာသည်။

ခေတ္တမျှ ကြာပြီးနောက် ၎င်းခေါင်းညိတ်ပြလိုက်သည်။

“အော်.... အဲ့လိုကိုး.... နားလည်ပြီ။”

အန်လင်း : “.....”

ဘာကိုနားလည်သွားတာလဲဟ.....

နတ်ဘုရား လက်သီးဆုပ်လိုက်သည်နှင့် သမုဒ္ဒရာ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

အန်လင်း အထိတ်တလန့် ဖြစ်သွားရသည်။

ထို့နောက် အပြာရောင် အလင်းတစ်ခုမှာ နတ်ဘုရားထံ ရောက်ရှိလာလေသည်။

“မင်းမှာ လုပ်စရာရှိတယ်ဆိုတော့ မတားတော့ပါဘူး။”

“ငါ့မှာမင်းအတွက် ဘာမှပေးစရာ မရှိဘူး။ ဒါပေမယ့် အရင်တည်းက မြုပ်နေတဲ့ လှေလေးတစ်စင်းတော့ ရှိတယ်။ အသုံးဝင်ကောင်း ဝင်လောက်မှာပါ။”

နတ်ဘုရားမှာ အပြာရောင် အလင်းအား အန်လင်းထံ ပေးလိုက်သည်။

အန်လင်းမှာ အပြာရောင် အလင်းအား ကြည့်ရှုလိုက်သည်။

“ကြယ်စင်မီးလျှံ စစ်သင်္ဘောလား။”

နတ်ဘုရား ခေါင်းညိတ်ပြလာသည်။

“ဟုတ်တယ်။ ဒီကစားစရာက မဆိုးပါဘူး။ မင်းကြိုက်မယ် ထင်တာပဲ။”

နတ်ဘုရားသည် မျက်နှာမရှိပါသော်လည်း သူ့အပေါ် ရင်းနှီးကျွမ်းဝင်စွာ ပြုံးပြနေသလို အန်လင်း ခံစားမိသည်။

“ဒီကစားစရာက တကယ်မဆိုးဘူး။”

အန်လင်းမှာ အထာနပ်စွာပင် အပြာရောင် အလင်းအား သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။

သောက်ကျိုးနည်း...... ဒါက တာအိုပေါင်းစည်းခြင်း အဆင့်ကိုတောင် သမနိုင်တဲ့ လက်နက်ဟ.....

အဲ့ဒါကိုတောင် ကစားစရာတဲ့လား.....

အန်လင်းမှာ စိတ်လှုပ်ရှားနေပါသော်လည်း တည်တည်ငြိမ်ငြိမ် ရှိနေသည်။

“ကျုပ်ကိုစောင့်နေတာတွေရှိလို့ ပြန်ရဦမယ်ဗျာ။”

နတ်ဘုရားအား သူနားမလည်ပါသော်လည်း ဟန်ကိုယ်ဖို့ လုပ်ရမည်သာ။

နတ်ဘုရားမှာ လမ်းရှေ့မှ ဖယ်ပေးလိုက်သည်နှင့် အန်လင်းသည် လန်ရှောင်နီ လက်အားဆွဲကာ တဟုန်ထိုး တိုးဝင်သွားတော့သည်။

........

နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလာ၌....

လိပ်ရုပ်ထုနှင့် ရေသူထီး ရုပ်ထုမှာ အသက်ပြင်းပြင်း ရှူနေကြသည်။

၎င်းတို့ရှေ့တွင် အဖြူရောင် လူသားတစ်ဦး ရှိနေသည်။

“နောက်ဆုံးတော့ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို လုပ်နိုင်ခဲ့ပြီပဲ။”

ရှီးဟိုင်ဇယ် ပြုံးကာပြောလိုက်သည်။

ထျန်းချန်ကျီ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ပိုင်လေးကို ကျွန်မတို့ တူတူလုပ်ခဲ့တာနော်။”

ရှီးဟိုင်ဇယ် စကားဆိုလာသည်။

“အန်လင်းဆိုတဲ့လူက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေထက်တောင် ကြမ်းသေးတယ်နော်။ အဲ့မှာထားဖို့ အဆင်ပြေရဲ့လား။”

ထျန်းချန်ကျီ အေးစက်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ရက်နှစ်ဆယ်နီးပါးဆိုတော့ သေနေလောက်ပါပြီ။ အခု ပိုင်လေးကိုလွှတ်ပြီး သူတို့ရတနာတွေ သိမ်းခိုင်းလိုက်ရုံပဲ။”

ရှီးဟိုင်ဇယ် ခေါင်းညိတ်လိုက်သည်။

ကြမ္မာဆောင်သူများသည် နာခံမှု ကင်းမဲ့လွန်းသောကြောင့် သေသင့်သည်ပင်။

၎င်းတို့အနေဖြင့် သော့တစ်လက် ထပ်မံဖန်ဆင်းနိုင်ပါသော်လည်း ရတနာများအား သေချာပေါက် ပြန်ယူရပေလိမ့်မည်။

ထို့ကြောင့်ပင် ပိုင်လေးအား ဖန်ဆင်းဖြစ်ခဲ့သည်။

“အဲ့နေရာမှာ ဘာတွေဖြစ်နေလဲ မမြင်ရဘူးလေ။ ကြယ်စင်ကချေသည်ကို အမိန့်ပေးနိုင်ပေမယ့် သူမဘက်က ပြန်မပြောနိုင်ဘူး။ တကယ်လို့ အန်လင်း မသေသေးရင် ဘယ်လိုလုပ်မလဲ။”

ရှီးဟိုင်ဇယ် စိုးရိမ်နေမိသည်။

“အဲ့ကိုရောက်မှတော့ ကြယ်စင်မီးလျှံ စစ်သင်္ဘောနဲ့တွေ့ပြီး ကြယ်စင်ကချေသည်နဲ့ တိုက်ကိုတိုက်ရမှာပဲ။ ကြယ်စင်ကချေသည်က အန်လင်းကို မသတ်နိုင်ပဲ နေမလား။”

ထျန်းချန်ကျီ ယုံကြည်ချက် ရှိနေသည်။

ရှီးဟိုင်ဇယ် အနည်းငယ်တွေးကာ သဘောတူလိုက်သည်။

“ကိုယ်အတွေးများသွားတယ်။ အခု ပိုင်လေးကို လွှတ်လိုက်ရအောင်။”

ထျန်းချန်ကျီ လမ်းဖွင့်ရန် လုပ်နေစဥ်မှာပင် အပြာရောင် အပေါက်တစ်ခု ပေါ်လာသည်။

၎င်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

ရှီးဟိုင်ဇယ် မျက်လုံးပြူးသွားသည်။

“ဒါကမ္ဘာနှစ်ခုကြားက လမ်းကြောင်းမလား။”

ထျန်းချန်ကျီ အသက်ရှူသံများ ပြင်းသွားရသည်။

“ဟုတ်တယ်။ မမှားနိုင်ဘူး။”

“ကျွန်မကလွဲရင် လမ်းဖွင့်နိုင်တာ တစ်ယောက်ပဲ ရှိတယ်။”

“အဲ့ကမ္ဘာက နတ်ဘုရားပဲ။”

၎င်းတို့နှစ်ဦးလုံး မျက်နှာတည်သွားသည်။

“သူကထွက်လာချင်တာလား။”

ရှီးဟိုင်ဇယ် ကြောက်ရွံ့နေမိသည်။

“မဖြစ်နိူင်ပါဘူး။ အခု ထွက်လာနိုင်တဲ့ အချိန်မှ မဟုတ်သေးတာ။”

ထျန်းချန်ကျီ ခေါင်းခါပြလာသည်။

“အန်လင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ပြန်ပေးမလို့များလား။”

သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် ၎င်းတို့အံ့အားသင့်သွားရသည်။

စကားသံတစ်ခုလည်း ထွက်လာလေသည်။

“မှန်းတာမဆိုးပါဘူး။ သိုလှောင်လက်စွပ်တင် မကဘူး။ မင်းတို့ဖေဖေကြီးကိုပါ ပြန်ပို့ပေးလိုက်တာလေ။”

All Chapters