← Chapters

ရုတ်တရက်ဆန်သောအမွေပေးခြင်း

Vol. 77 Ch. 1072

ရုတ်တရက်ဆန်သောအမွေပေးခြင်း

Vol. 77 Ch. 1072

ထျန်းချန်ကျီ နားမလည်နိုင် ဖြစ်သွားသည်။

“ဘာမှားလို့လဲ။”

ရှီးဟိုင်ဇယ် ဖြည်းညင်းစွာ ပြောလာသည်။

“နက္ခတ်ပညာအရ တစ်ချိန်ကြရင် ကြယ်တစ်စင်း ပေါ်လာမယ်ဆိုတာ သိခဲ့ကြတယ်မလား။ အဲ့ကြယ်ပွင့်က အမွေအနှစ်တွေ အားလုံးကို ယူသွားပြီး မျိုးနွယ်စု နှစ်ခုကို ခေတ်သစ်တစ်ခုစီ ခေါ်သွားပေးမယ် ဆိုတာလေ။”

“အဲ့ဒါက သူမ မဖြစ်နိုင်ဘူးလား။”

ရှီးဟိုင်ဇယ် ပြုံးကာပြောလိုက်သည်။

“သူမလား။”

ထျန်းချန်ကျီ ဒေါသထွက်သွားသည်။

“သူမက ဘိုးဘေးတွေကို မလေးစားတဲ့သူပဲ။ ဘယ်လိုလုပ် မျိုးနွယ်စု နှစ်ခုကို ကယ်တင်ပေးနိုင်မှာလဲ။”

ရှီးဟိုင်ဇယ် ရယ်မောလိုက်သည်။

“အဲ့ဒါတွေကြောင့်ပဲ ကြမ္မာဆောင်သူ ဖြစ်နိုင်တာလေ။ စည်းကမ်းတွေသာ လိုက်နာခဲ့ရင် မျိုးနွယ်စု လျှို့ဝှက်ချက်တောင် မသိရလောက်ဘူး။”

ထျန်းချန်ကျီ တိတ်ဆိတ်သွားသည်။

ရှီးဟိုင်ဇယ် စကားဆက်လိုက်သည်။

“သူမနဲ့ အဲ့လူသားက ရတနာတွေ အားလုံးအပြင် မျိုးနွယ်စု လျှို့ဝှက်ချက်ပါ သိသွားတယ်။ အဲ့ဒါတင် မကသေးပဲ နတ်ဘုရားဆီကပါ စွမ်းအင်တွေ ရလာတယ်ဆိုတော့ ကြမ္မာဆောင်သူ မဖြစ်နိုင်ဘူးလား။”

“အင်းလေ။ မျိုးနွယ်စု နှစ်ခု လိုအပ်နေတာက သူမလိုသူမျိုး ဖြစ်ရင်ဖြစ်နေမှာပါ။ ကျွန်မ သူတို့ကို လက်ခံလိုက်တော့မယ်။”

ထျန်းချန်ကျီ သက်ပြင်းချလိုက်သည်။

ရှီးဟိုင်ဇယ် ပြသခဲ့သော ပုံရိပ်ထဲတွင် အသားများ ပုပ်ကျနေသည့်တိုင် လှံအားမလွှတ်တမ်း ဆွဲထားသော ထိုရေသူမအား သူမ အမှတ်ရလာမိသည်။

သူရဲဘောကြောင်တတ်သော ရေသူမတစ်ကောင်သည် ထိုမျှသတ္တိရှိလိမ့်မည်ဟု မထင်လောက်စရာပင်။

“အဲ့ဒါဆို အမွေအနှစ်တွေက.....”

“သူတို့ကိုပဲ ပေးလိုက်ကြတာပေါ့။”

“ကောင်းပြီလေ။ ရှင်ဘယ်သူ့ကို ရွေးမှာလဲ။”

“ရေသူမပဲပေါ့။ နတ်ဘုရား အစွမ်းတွေ ရှိနေပြီဆိုတော့ ဝိဥာဥ်ငါးကလန်ရဲ့ ရေအမျိုးအစား အမွေအနှစ်ကို ဆက်ခံလို့ရပြီ။”

“အဲ့ဒါဆို ကျွန်မ အမွေအနှစ်ကို အဲ့လူသားဆီ ပေးရမှာပေါ့။ ဟွန့်..... ဒင်းက တကယ်ကံကောင်းတာပဲ။”

ထျန်းချန်ကျီ၏ ရုပ်ထုမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် အဖြူရောင် အလုံးတစ်ခု ထွက်ပေါ်လာသည်။

ရှီးဟိုင်ဇယ်သည်လည်း သူမဘေးတွင် ထိုင်ချလိုက်ပြီးနောက် အပြာရောင် အလုံးတစ်ခု ဖြစ်ပေါ်လာကာ အတူတကွ ပျံသန်းသွားကြသည်။

အန်လင်းနှင့် လန်ရှောင်နီတို့မှာ အသည်းအသန် ထွက်ပြေးနေကြဆဲပင်။

အန်လင်းသည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်သောကြောင့် အမူအရာ ပြောင်းလဲသွားရသည်။

“သတိထား.....”

အဖြူရောင် အလုံးတစ်ခုသည် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာနေသည်။

အန်လင်းမှာ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ကာလိုက်သည်။

အုတ်ခဲနက်အား မည်သည့်အရာကမှ ဖြတ်ကျော်မသွားနိုင်ပေ။

အဖြူရောင်အလုံးမှာ အုတ်ခဲနက်နှင့် တိုက်မိသွားရသည်။

ထျန်းချန်ကျီ : “......”

လန်ရှောင်နီသည်လည်း အစွမ်းများထုတ်ကာ အပြာရောင်အလုံးအား ခုခံလိုက်သည်။

သူမသည် ရေအမျိုးအစား အားလုံးကို ထိန်းချုပ်နိုင်သည် မဟုတ်ပါလော။

ဝုန်း.....

အပြာရောင် အလုံးမှာ ဘေးသို့လွင့်ထွက်သွားရသည်။

ရှီးဟိုင်ဇယ် : “.....”

၎င်းတို့နှစ်ဦးမှာ ဆုံးဖြတ်ချက်အား သံသယ ဝင်လာမိသည်။

အမွေအနှစ်များအား အသည်းအသန် ကာနေသူများသည် ကြမ္မာဆောင်သူ ဖြစ်နိုင်ပါ၏လော။

အဖြူရောင် အလုံးသည် လက်မလျှော့ပဲ အန်လင်း ကျောဘက်သို့ လှည့်ပတ်ပျံသန်းလိုက်သည်။

အန်လင်းမှာလည်း အုတ်ခဲနက်အား နောက်ကျောဘက် ပို့လိုက်လေသည်။

သို့သော် အဖြူရောင် အလုံးမှာ မြန်ဆန်လွန်းသောကြောင့် ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားတော့သည်။

ဝုန်း.....

အန်လင်း၏ စိတ်ထဲသို့ များပြားလှသော သတင်းအချက်အလက်များ စီးဝင်လာသည်။

ထိုအချိန်တွင် ရှီးဟိုင်ဇယ်၏ အလုံးသည်လည်း လန်ရှောင်နီအား အနောက်မှ ဝင်တိုးရန် ကြိုးစားလိုက်သည်။

သို့သော် သူမလှုပ်နိုင်တော့ပေ။

လန်ရှောင်နီ၏ ထိန်းချုပ်မှုအား ခံလိုက်ရလေပြီ။

ရှီးဟိုင်ဇယ် : “......”

ကြမ္မာဆောင်သူအား အမွေပေးရန် ကြိုးစားနေပါသော်လည်း သမခံနေရသည်။

ယီးကို ကြမ္မာဆောင်သူပါလား.....

ရှီးဟိုင်ဇယ်မှာ ထိုသည်ကို လက်မခံနိုင်ပါသော်လည်း လှုပ်မရ ဖြစ်နေသည်။

အန်လင်း ရုတ်တရက် ရေရွတ်လိုက်သည်။

“ဟူး.....”

“ဆရာကြီးအန်လင်း အဆင်ပြေရဲ့လား။”

လန်ရှောင်နီ စိတ်ပူသွားသည်။

“အဆင်ပြေပါတယ်။ ငါထျန်းချန်ကျီ အမွေအနှစ်ကို ရလိုက်တယ်။”

အန်လင်း စကားဆိုလိုက်သည်။

လန်ရှောင်နီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“အမွေအနှစ်လား။ ခုနကပဲ လိုက်သတ်နေတာလေ။ သူတို့ ရူးသွားတာလား။”

အန်လင်း ခေါင်းညိတ်ပြလာသည်။

“ဖြစ်နိုင်ပါတယ်။ အရင်ထဲက သူတို့ကို စိတ်မမှန်သလို ခံစားနေရတာ။”

အပြာရောင်အလုံး ပေါက်ကွဲနေသည်။

ယီးကိုရူးပါလား..... သောက်ကျိုးနည်း မင်းမေကြီးထဲမှ အမွေကို ယီးတောင်မပေးတော့ဘူး......

မည်သို့ပင်ဆိုစေကာမူ သူလှုပ်မရသေးပေ။

“နင်က ထျန်းချန်ကျီ အမွေရတယ်ဆိုတော့ ဒါက ရှီးဟိုင်ဇယ် အမွေများလား။”

“ဟုတ်လောက်တယ်။ မင်းယူလိုက်လေ။”

“အင်း.... ငါစိတ်လှုပ်ရှားနေပြီ။”

လန်ရှောင်နီသည် အပြာရောင် အလုံးအား သူမထံ ဆွဲယူလိုက်သည်။

“ဆရာကြီးအန်လင်း.....”

အန်လင်း သူမအား ကြည့်ရှုလိုက်သည်။

“ဘာဖြစ်လို့လဲ။”

“ရှီးဟိုင်ဇယ်က အရမ်းချောတာပဲ။”

လန်ရှောင်နီ ရေရွတ်လိုက်မိသည်။

အန်လင်း : “.....”

“သူလည်း မင်းအတွက် ဝမ်းသာနေမှာပါ။”

အန်လင်း ပြုံးကာပြောလိုက်သည်။

၎င်းတို့နှစ်ဦးလုံး ခေါင်းတလားအား အရိုအသေ ပေးလိုက်ကြသည်။

မည်သို့ဖြစ်ခဲ့ပါစေ ၎င်းတို့သည် နတ်ဆရာခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

ထို့နောက် အနောက်ပင်လယ်၏ ပင်လယ်ကြမ်းပြင်သို့ ပြန်ထွက်လာခဲ့ကြသည်။

“ဟားဟား… အပြင်ရောက်ပြီပေါ့။”

လန်ရှောင်နီ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သည်။

အန်လင်းသည်လည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

ခရီးစဥ်သည် အန္တရာယ် များခဲ့ပါသော်လည်း အောင်မြင်မှု အသီးအပွင့်များစွာ ရရှိခဲ့သဖြင့် အန်လင်း စိတ်ကျေနပ်နေသည်။

“အားလုံးက အိပ်မက်တစ်ခုလိုပဲ။”

လန်ရှောင်နီမှာ လက်များဆန့်ထုတ်ကာ မျက်လုံးမှိတ်လိုက်သည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“ပြန်ရအောင်။ အခုက လိပ်ကျောပေါ်က ဝှက်စာဖော်ရမယ့် အချိန်ပဲ။”

“ကောင်းပြီလေ။”

လန်ရှောင်နီမှာ နာခံမှု ရှိစွာပင် အန်လင်းနောက်မှ လိုက်ခဲ့တော့သည်။

All Chapters