အောင်ပွဲနှင့်အတူပြန်လာခြင်း
Vol. 77 Ch. 1073
ထိုက်ချူကုန်းမြေ၏ အနောက်ပင်လယ်၌
အန်လင်းတို့ ထွက်သွားသည်မှာ ရက်နှစ်ဆယ်ခန့် ရှိနေလေပြီ။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ နတ်ဆရာခေါင်းဆောင် ကုယွီမှာ ပျင်းရိစွာ စောင့်ဆိုင်းနေသည်။
ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင် ယွီဖေးယွီသည် ကောင်းကင်အား ကြည့်နေရင်း လက်ထဲမှ ရေစက်များ တုန်ယင်လာသောကြောင့် တောက်ပစွာ ပြုံးလိုက်သည်။
“ခေါင်းတလား ထွက်ပေါက် ပွင့်သွားပြီ။ သူတို့ ပြန်လာတော့မှာပဲ။”
“ထင်ထားတာထက် မြန်သားပဲ။”
ကုယွီ ပြုံးကာပြောလာသည်။
၎င်းတို့နှစ်ဦးလုံး ဝမ်းသာနေကြသည်။
အန်လင်းနှင့် လန်ရှောင်နီတို့ လုံလုံခြုံခြုံ ရှိနေသောကြောင့်သာ ခေါင်းတလား ထွက်ပေါက် ပွင့်လာခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မျိုးနွယ်စု နှစ်ခု၏ ကံကြမ္မာအား သိရနိုင်ခြေ ရှိနေပြီပင်။
လမ်းကြောင်းတစ်ခု ပွင့်ဟကာ ဝိဥာဥ်ငါးကလန် မျိုးနွယ်စုဝင်သုံးဦး ရောက်ရှိလာကြသည်။
အရှေ့ဆုံးမှ အမျိုးသားမှာ ရယ်ရယ်မောမော ဖြစ်နေသည်။
“သမီးတော်လေး အောင်ပွဲနဲ့ ပြန်လာမယ့်နေ့မှာ မရှိနေလို့ မဖြစ်ဘူးလေ။”
ထိုသည်မှာ ဝိဥာဥ်ငါးကလန်ခေါင်းဆောင် လန်ရှင်းယန်ပင်။
ရွှေရောင်ဆံနွယ်နှင့် လူငယ်လေးမှာ မျက်ဆံလှန်လိုက်သည်။
“ဟုန်မန်နတ်စင်မြင့်ကို ထိန်းသိမ်းဖို့ စွမ်းအင်တွေ မလိုတော့လို့ သတိထားမိသွားတာကိုများ....”
လန်ရှင်းယန် မကျေမနပ် ဖြစ်သွားရသည်။
အနောက်တွင် ပါလာသော အမျိုးသားမှ ပြုံးကာပြောလိုက်သည်။
“ညီမတော်လေးဆီမှာ အံ့သြစရာတွေ ပါလာဖို့ မျှော်လင့်တယ်။”
ကုယွီ စကားဆိုလာသည်။
“အန်လင်းရှေ့မှာ ကြောက်နေတဲ့ ကလေးမက ဘာတွေယူလာနိုင်မှာလဲ။ အလွန်ဆုံးမှ ခေါင်းတလားက အုတ်ခဲနည်းနည်းလောက်ပေါ့။”
ဝိဥာဥ်ငါးကလန်သည်လည်း ခေါင်းတလားထဲ အန်လင်းဝင်သွားကြောင်း သိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ကုယွီမှာ တကူးတက ဖုံးကွယ်မနေတော့ပေ။
အန်လင်းနှင့် လန်ရှောင်နီသည် ကွာခြားချက် ကြီးမားလွန်းပါသော်လည်း ဝိဥာဥ်ငါးကလန်မှာ မျှော်လင့်ချက်အား လက်မလျှော့သေးပေ။
ရွှေရောင်ဆံနွယ်များနှင့် ရေသူထီးမှာ လက်ခံလိုက်သည်။
“စီနီယာ ကုယွီ မှန်တယ်ထင်တာပဲ။ အစ်မတော် အနေအထားနဲ့ဆိုရင် မသေရင်တောင် တော်တော်ကံကောင်းနေပြီ။”
ချောမောခန့်ညားသော ရေသူထီး ရယ်မောလိုက်သည်။
“ခမည်းတော်ရော၊ နတ်ဆရာခေါင်းဆောင်ရောရဲ့ ခန့်မှန်းချက်ကတော့ အဲ့လိုမဟုတ်ဘူးလေ။ ဘာလဲ မင်းကမယုံတာလား။”
“အစ်ကိုတော်က နက္ခတ်ပညာကို နားလည်မှု လွဲနေပုံပဲ။”
လန်ရှင်းယန် ဝင်ပြောလိုက်သည်။
“လန်ရှောင်ဟွမ် မင်းအစ်ကိုတော်ပြောတာမှန်တယ်။ နက္ခတ်ပညာမှာ အရမ်းအဆင့်မြင့်တဲ့ ပညာရပ်တစ်ခု ရှိတယ်။ ငါပြောသမျှ ဖြစ်လာတဲ့ ပညာလေ။”
“ဝါး.....”
တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
အမိုက်စားကြီးပါလား.....
ယွီဖေးယွီ မနေနိုင်တော့ပေ။
“ကုယွီ မင်းကအမြင်ကျဥ်းလွန်းတယ်။ လန်ရှောင်နီက ဝိဥာဥ်ငါးကလန် တစ်ခုလုံးရဲ့ ကောင်းချီးကို ရထားတဲ့သူပဲ။ လူသားတစ်ယောက်က သူမကို ယှဥ်နိုင်မှာတဲ့လား။”
ကုယွီ ခေါင်းခါပြလာသည်။
“မင်းကရော ငါဘာတွေမြင်ခဲ့လဲ သိလို့လား။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ်ဆိုရင် လူသားတစ်ယောက် ဖြစ်နေရင်တောင် ငါက ရွေးချယ်မှာပဲ။”
နှစ်ဖက်အမြင်များ ပြောနေစဥ်မှာပင် လှိုင်းလုံးကြီးများ ထကြွလာသည်။
ထို့နောက် ပုံရိပ်နှစ်ခုအား တွေ့လိုက်ရလေသည်။
လန်ရှင်းယန် ဝမ်းသာသွားသည်။
“ပြန်လာပြီပဲ။ ဒဏ်ရာတွေဘာတွေ ရခဲ့သေးလား။”
“ဘီလူးအန်လင်း....”
“သခင်....”
တီနာတို့လည်း အန်လင်းထံ အပြေးရောက်လာသည်။
“အဆင်ပြေခဲ့ရဲ့လား သခင်လေးအန်လင်း....”
ကုယွီ မေးမြန်းလိုက်သည်။
“ဟားဟား..... အဆင်ကတော့ ပြေသဗျို့....”
အန်လင်း ရယ်မောကာ ပြောလိုက်သည်။
ကုယွီ၊ တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာတို့ ကျေနပ်သွားရသည်။
တစ်ဖက်တွင်မူ ယွီဖေးယွီမှာ မျက်နှာပျက်နေလေပြီ။
“သမီးလည်း ဆုလာဘ်တချို့ ရလာတယ်။”
လန်ရှောင်နီ စကားဆိုလာသည်။
လန်ရှင်းယန် အားရသွားမိသည်။
“နတ်ဆရာခေါင်းဆောင်တွေရဲ့ ရတနာလား။ ဒါမှမဟုတ် မျိုးနွယ်စုနဲ့ ပက်သတ်တဲ့ သတင်းအချက်အလက်တွေလား။”
“အာ.... အဲ့ဒါတွေအားလုံးက ဆရာကြီးအန်လင်းဆီမှာ...”
လန်ရှောင်နီ ရှက်ရွံ့သွားရသည်။
လန်ရှင်းယန် မျက်နှာအီးမှန်လေပြီ။
အကုန်လုံး အန်လင်းဆီမှာ ဆိုမှတော့ ဘာကျန်ဦးမှာလဲ....
လန်ရှောင်ဟွမ် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဆရာကြီးအန်လင်းလို့ ခေါ်လိုက်တာလား။”
အားလုံးလည်း မယုံကြည်နိုင် ဖြစ်သွားကြသည်။
လန်ရှောင်နီ လျင်မြန်စွာပင် ရှင်းပြလိုက်သည်။
“ဆရာကြီးအန်လင်းက အစစအရာရာ ဂရုစိုက်ပေးခဲ့တာလေ။ အဲ့ဒါကြောင့် ဆရာကြီးအန်လင်းလို့ ခေါ်ဖြစ်တာပါ။”
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ လန်ရှောင်နီက ကျုပ်ရဲ့ လက်အောက်ငယ်သားပဲ။”
ယွီဖေးယွီ သွေးတက်သွားရသည်။
လန်ရှင်းယန်မှာလည်း အသက်ပြင်းပြင်း ရှူနေရသည်။
ကုယွီလည်း နားမလည်နိုင်ပေ။
“လန်ရှောင်နီက အန်လင်း ရန်သူ ဖြစ်ရမှာလေ။ အသက်ကြီးလာတော့ ငါ့ပညာတွေ သံချေးတက်ကုန်ပြီလား။”
တီနာတို့အတွက်မူ အန်လင်းအတွက် လက်အောက်ငယ်သား တိုးလာသည်မှာ ပုံမှန်သာ ဖြစ်သည်။
“မိသားစုဝင် တိုးလာပြီပေါ့။”
“ဘီလူးအန်လင်း သူမက သားရဲ၊ အစေခံ၊ တပည့် ဘယ်အဖွဲ့ဝင်လဲ။”
“လောလောဆယ်တော့ ဘာစာချုပ်မှ မရှိသေးဘူး။”
အန်လင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
လန်ရှင်းယန်မှာ စိတ်ကသိကအောက် ဖြစ်နေရသည်။
သမီးတော်သည် သူမ၏ သတို့သားလောင်းအား သေစေခဲ့သူကို ဆရာကြီးအဖြစ် လက်ခံထားခြင်းမှာ အဆင်မပြေလှပါသော်လည်း သူ့အနေဖြင့် ဘာမှမပြောနိုင်ပေ။
မြေခွေးနက်များသာ ထိုသည်ကို သိသွားပါက ဒေါသထွက်၍ ရူးသွားလောက်သည်။
လန်ရှင်းယန် မေးမြန်းလိုက်သည်။
“သူကမင်းကို ဂရုစိုက်ရင် ဘာလို့အကုန်လုံး သူ့ဆီမှာ ရှိနေတာလဲ။”
“သမီးရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးတာလေ။”
လန်ရှောင်နီ ချိုမြန်စွာ ပြုံးလိုက်သည်။
လန်ရှင်းယန် : “.....”
အစ်ကိုတော် : “.....”
မောင်တော် : “.....”
ခေါင်းတလားထဲမှာ ဘယ်သူမှ သေလို့မဖြစ်လို့ ဂရုစိုက်ပေးရတာ မဟုတ်ဘူးလား......