← Chapters

မျိုးနွယ်စုနှစ်ခုကြားမှပြိုင်ပွဲ

Vol. 77 Ch. 1074

မျိုးနွယ်စုနှစ်ခုကြားမှပြိုင်ပွဲ

Vol. 77 Ch. 1074

အားလုံးမှာ ထိုသည်ကို လက်မခံနိုင်ကြပေ။

“ဟုတ်သားပဲ။ ရှီးဟိုင်ဇယ်ရဲ့ ရေအမျိုးအစား အမွေတွေ ရခဲ့တယ်။”

လန်ရှောင်နီ ပြုံးကာပြောလာသည်။

ဝိဥာဥ်ငါးကလန် မျိုးနွယ်စုဝင်များ စိတ်လှုပ်ရှားသွားသည်။

“စီနီယာ ရှီးဟိုင်ဇယ်ရဲ့ အမွေတွေလား။”

ယွီဖေးယွီ အံ့သြဝမ်းသာသွားသည်။

“ဟုတ်တယ်။”

လန်ရှောင်နီ တုံ့ပြန်လိုက်သည်။

ရှီးဟိုင်ဇယ်၏ အမွေများအား ဖျက်စီးလုနီးပါး ဖြစ်ခဲ့ကြောင်းကို ပြောဖြစ်မည် မဟုတ်ပေ။

လန်ရှင်းယန် အလွန်ဝမ်းသာသွားရသည်။

“ဟားဟား.... နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်က အသိအမှတ်ပြုမယ် မထင်ထားဘူး။ သမီးတော်က ဝိဥာဥ်ငါးကလန်ရဲ့ အနာဂတ်ပဲ။”

နတ်ဆရာခေါင်းဆောင်၏ အမွေအနှစ်သည် ရတနာများထက်ပင် တန်ဖိုးရှိသေးသည်။

လန်ရှောင်နီ၏ အစ်ကိုတော်လည်း ကျေနပ်နေသည်။

မောင်တော်လေးမှာလည်း အစ်မဖြစ်သူအား မယုံကြည်နိုင် ဖြစ်နေမိသည်။

လန်ရှောင်နီမှာ ၎င်းတို့အားကြည့်ကာ ပြုံးလိုက်သည်။

သူမထံတွင် ပိုမိုအရေးပါသော အမွေအနှစ် ရှိနေပါသော်လည်း ရှေးဟောင်းကောင်းကင်နတ်ဘီလူး၊ လူသားမျိုးနွယ်၊ နတ်ဘုရား အစရှိသဖြင့် ပဟေဠိများစွာ ကျန်နေသေးသောကြောင့် မပြောပြဖြစ်သေးပေ။

အန်လင်းသည် ဝှက်စာဖော်ပြီးမှသာ ထိုစွမ်းအင်အကြောင်းပြောရန် သူမအား မှာထားခဲ့သည်။

အန်လင်းသည်လည်း သူ့အတွေးနှင့်သူ ရှိသည်။

နတ်ဘုရားသည် လူသားမျိုးနွယ် တစ်ခုလုံးအား အမြစ်ဖြတ်ရန် ပြောခဲ့ပါသော်လည်း လူသားတစ်ဦးပင်ဖြစ်သော အန်လင်းအား ဘာမှမလုပ်ခဲ့ပေ။

ထိုသည်မှာ စစ်ဗိုလ်ချုပ်တစ်ဦးသည် ရန်သူစစ်သားတစ်ဦးအား မသတ်ပဲ စကားစမြည် ပြောနေသလိုပင်။

“စိတ်မညစ်ပါနဲ့ သခင်လေးအန်လင်း အနောက်ပင်လယ် အမွေအနှစ်တွေက သခင်လေးနဲ့ အဆင်မပြေတာ နေမှာပါ။ ရတနာတွေ ရခဲ့တာပဲမလား။”

ကုယွီ နှစ်သိမ့်ပေးလိုက်သည်။

“အနောက်ပင်လယ် အမွေအနှစ်တွေက သိပ်သုံးမရပေမယ့် ထျန်းချန်ကျီကတော့ အမွေပေးလိုက်သေးတယ်။”

အန်လင်း စကားဆိုလာသည်။

ကုယွီ : “....”

လန်ရှင်းယန် : “.....”

ယွီဖေးယွီ : “.....”

“လူသားတစ်ယောက် ဖြစ်ပြီးတော့ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ အမွေတွေကို ဆက်ခံခဲ့တယ်ပေါ့လေ။”

ယွီဖေးယွီ လက်မခံနိုင်ပေ။

“သောက်ငကြွားကောင်ကို သတ်ပစ်ချင်လာပြီ။”

လန်ရှင်းယန် အေးစက်စွာ ပြောလိုက်သည်။

“မလုပ်ရပါဘူး။”

လန်ရှောင်နီ ရှေ့သို့ထွက်လာသည်။

“ငါ့ကို သေသေချာချာ ပြောပြပါလား။”

ကုယွီ မေးမြန်းလိုက်သည်။

အခြေအနေမှာ အနည်းငယ် တင်းမာနေလေပြီ။

အန်လင်းသည် လန်ရှောင်နီထက် အစစအရာရာ သာလွန်နေသောကြောင့် ဝိဥာဥ်ငါးကလန်မှာလည်း ဝူးဝူးဝါးဝါး လုပ်ချင်လာသည်။

“အဟမ်း.... စီနီယာ ကုယွီ ကျွန်တော်တို့ မျိုးနွယ်စု လျှို့ဝှက်ချက်ကို ဖော်ကြရင် မကောင်းဘူးလား။”

အန်လင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

နတ်ဆရာခေါင်းဆောင်နှစ်ပါး ချန်ရစ်ခဲ့သော မျိုးနွယ်စု လျှို့ဝှက်ချက် ဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။

“ခဏနေဦး။ ဝှက်စာဖော်ဖို့ သင့်တော်တဲ့အချိန်ကို တွက်ရဦးမယ်။”

လန်ရှင်းယန် ငြင်းဆိုလိုက်သည်။

အန်လင်း အံ့အားသင့်သွားသည်။

ဝှက်စာဖော်ဖို့တောင် အချိန်ရွေးရဦးမှာလား....

ယွီဖေးယွီ ခေါင်းညိတ်ထောက်ခံလိုက်သည်။

“သန်ဘက်ခါက အကောင်းဆုံးပဲ။ ပင်လယ်နှလုံးသားနန်းတော်ကို လာခဲ့ကြလေ။”

ကုယွီ အေးစက်စွာ ရယ်မောလိုက်သည်။

“ငါ့ကို ငတုံးထင်နေတာလား။ လျှို့ဝှက်ချက်ကို သခင်လေးအန်လင်းက ယူခဲ့တာ။ ဘယ်အချိန်ဖော်ဖော် မင်းတို့နဲ့ဆိုင်လား။”

လန်ရှင်းယန်နှင့် ယွီဖေးယွီမှာ ဒေါသထွက်ပုံ မရပေ။

“သခင်ကြီးကုယွီ ပြောတာမှန်တယ်။ ကျုပ်တို့ပဲ ရွေ့လျားနေသော ကောင်းကင်ကြယ်စင်ကျွန်းကို လာခဲ့မယ်လေ။”

လန်ရှင်းယန် ပြုံးကာပြောလိုက်သည်။

“ဒီရက်ပိုင်းအတွင်း ရှုမျှော်ခင်းတွေ ခံစားဖို့ သခင်လေးအန်လင်းကို အဖော်လုပ်ပေးမယ်လေ။”

ယွီဖေးယွီ နွေးထွေးစွာ ပြုံးပြလာသည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အရှက်မရှိ သရက်စေ့တွေပါလား.......

တာအိုပေါင်းစည်းခြင်း အဆင့်တွေ ဖြစ်ပြီးတော့ တကယ်ကို သောက်ကျိုးနည်း.......

မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စု လျှို့ဝှက်ချက်မှာ အရေးကြီးလှသည်ပင်။

အန်လင်းအတွက်မူ မျိုးနွယ်စု နှစ်ခုနှင့်ဆိုင်သော လျှို့ဝှက်ချက် ဖြစ်သောကြောင့် စပ်စုချင်ရုံမှလွဲ၍ အရေးမထားလှပေ။

သို့သော် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှာ ထိုသို့မဟုတ်ပေ။

ကုယွီသည် ချက်ချင်းဆိုသလို စစ်ကူခေါ်လိုက်သည်။

လျှို့ဝှက်ချက် ဆိုသည်မှာ ထိန်းသိမ်းသင့်သည် မဟုတ်ပါလော။

လန်ရှင်းယန် စကားဆိုလာသည်။

“သခင်ကြီးကုယွီ လျှို့ဝှက်ချက်က မျိုးနွယ်စု နှစ်ခုလုံးနဲ့ ဆိုင်တယ်လေ။ ကျုပ်တို့အတူ ပူးပေါင်းသင့်တာပေါ့။”

ကုယွီ အေးစက်ခက်ထန်စွာ ပြုံးလိုက်သည်။

“လျှို့ဝှက်ချက်ကို ပြောပြနိုင်ပေမယ့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုက အရင်သိရမှဖြစ်မယ်။ အနောက်ပင်လယ်ကို အုပ်စိုးနိုင်မယ့် အရာတစ်ခုခု ပါနေရင် ဘယ်လိုလုပ်မလဲ။ လျှို့ဝှက်ချက်ကို အရင်သိရဖို့က အရေးကြီးတယ်။”

“အဲ့ဒါနဲ့တင် ဘယ်သူက ဆရာကြီးလဲဆိုတာ အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်။ ဝိဥာဥ်ငါးကလန် လက်အောက်မှာတော့ မနေချင်ဘူး။”

အန်လင်းနှင့် လန်ရှောင်နီမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။

မျိုးနွယ်စု နှစ်ခု၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီပင်။ အနောက်ပင်လယ် တစ်ခုလုံးသည် အန်လင်း၏ လက်အောက်ငယ်သားဖြစ်သော လန်ရှောင်နီ၏ လက်အောက်ခံ ဖြစ်လာရလိမ့်မည်။

အန်လင်း၏ အတွေးအား သိနေသော လန်ရှောင်နီမှာ မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

မျိုးနွယ်စု နှစ်ခုမှာ အမှန်တကယ် ပြိုင်ဆိုင်နေကြသည်။

ကုယွီသည် လန်ရှင်းယန်တို့အား ရှင်းထုတ်ပစ်ချင်ပါသော်လည်း ၎င်းတို့မှာ ထွက်မသွားကြပေ။

တာအိုပေါင်းစည်းခြင်း အဆင့်များ ဖြစ်သောကြောင့် ကုယွီအနေဖြင့် အတင်းအကြပ် နှင်မထုတ်နိုင်ပေ။

မကြာမီပင် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်များ ရောက်လာပါသော်လည်း ဘာမှဖြစ်မလာပေ။

နောက်ဆုံးတွင် ဝှက်စာဖော်ရန် သမုဒ္ဒရာထဲမှ ကျွန်းတစ်ကျွန်းအား ရွေးချယ်လိုက်ကြသည်။

ထိုကျွန်းသခင်အား လန်ရှောင်ဟွမ်မှ လက်ဝါးစာကျွေးကာ နှင်ထုတ်ပစ်လိုက်သည်။

အားလုံးသည် ဝှက်စာဖော်ရန် နှစ်ရက်တိတိ စောင့်နေခဲ့ကြသည်။

ညအချိန်၌......

ကောင်းကင်ထက်တွင် ကြယ်စင်များ တောက်ပနေလေသည်။

အန်လင်းသည် ဘေးပတ်ပတ်လည်မှ ဆရာ့ဆရာကြီးများအားကြည့်ကာ မှတ်တမ်းတင် သလင်းကျောက်အား ထုတ်လိုက်သည်။

ယခုအချိန်သည် ဝှက်စာဖော်ရမည့် အချိန်ပင် ဖြစ်တော့သည်။

ယွီဖေးယွီမှာ လန်ရှောင်နီအား စစ်ဆေးကြည့်လိုက်သည်။

ထူးဆန်းလိုက်တာ..... ဘာနဲ့မှလည်း မပြုစားထားပါဘူး....

All Chapters