အံ့အားသင့်ဖွယ်လျှို့ဝှက်ချက်
Vol. 77 Ch. 1075
နတ်ဆရာခေါင်းဆောင် ကုယွီ၏ ခေါင်းမာမှုကြောင့် လန်ရှင်းယန်နှင့် ယွီဖေးယွီသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုအား လျှို့ဝှက်ချက်မှ ရတနာ သို့မဟုတ် အမွေအနှစ်များအား ဦးစားပေးရန် သဘောတူလိုက်ရသည်။
အန်လင်းမှာ မျိုးနွယ်စု နှစ်ခုလုံး၏ အာရုံစိုက်မှုအား ရရှိထားသည်။
မျိုးနွယ်စု လျှို့ဝှက်ချက်အား သိရှိရတော့မည် ဖြစ်သောကြောင့် အနောက်ပင်လယ်မှ အရေးကြီး ပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်။
နက္ခတ်ပညာ အကျွမ်းကျင်ဆုံး နတ်ဆရာခေါင်းဆောင် နှစ်ပါးမှာလည်း အန်လင်းလက်ထဲမှ မှတ်တမ်းတင် သလင်းကျောက်အား မျက်စိဒေါက်ထောက် ကြည့်ရှုနေကြသည်။
အန်လင်းမှာ အချိန်မဆွဲနေပဲ မှတ်တမ်းတင် သလင်းကျောက်အား ကောင်းကင်ထက် ပစ်တင်လိုက်သည်။
ထို့နောက် သူနားမလည်သော ထျန်းချန်ကျီ၏ ကျောပေါ်မှ ရှေးဟောင်းအက္ခရာများ ပေါ်ထွက်လာတော့သည်။
အာမေဋိတ်သံများ အစီအရီ ပဲ့တင်ထပ်သွားသည်။
“ဘုရားရေ.... ဒါက ခြောက်ထောင့်ကြယ်ပုရပိုက်ပဲ။”
“သောက်ရူး.... မသိပဲ မပြောနဲ့။ ဒါက ကိုးထောင့်ကြယ် ပုရပိုက် ဖြစ်နေပြီ။”
“ဘာမှနားမလည်ပေမယ့် နက္ခတ်ပညာကို တော်တော်ခရီးပေါက်မှပဲ ဝှက်စာဖော်နိုင်မှာ သေချာတယ်။”
“ကြယ်လမ်းကြောင်း၊ ပင်လယ်လမ်းကြောင်းနဲ့ အက္ခရာတွေကို ပေါင်းစည်းဖို့ကလည်း လွယ်မနေဘူး။”
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ အသည်းအသန် ဆွေးနွေးနေကြသည်။
အန်လင်းမှာ ကြောင်တောင်တောင် ဖြစ်နေလေသည်။
၎င်းတို့ပြောနေသော စကားများအား သူတစ်ခုမှ နားမလည်ပေ။
တကယ်ကို သူတို့တွေနဲ့ ကမ္ဘာခြားနေတာပဲ....
ယွီဖေးယွီနှင့် ကုယွီတို့မှာ အံ့ဖွယ်တာအို အစွမ်းအား အသက်သွင်းထားကြပြီ ဖြစ်သည်။
ထိုလျှို့ဝှက်ချက်သည် နက္ခတ်ပညာအား လုံလောက်စွာ နားလည်တက်ကျွမ်းမှု မရှိပါက တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်နေပါစေ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းတို့နှစ်ဦးသာ ဝှက်စာအား ဖော်နိုင်လိမ့်မည်။
နတ်ဆရာခေါင်းဆောင်ဟောင်းများသည်လည်း ထိုသို့ဖြစ်စေရန် သေသေချာချာ စီစဥ်ထားခဲ့ကြသည်။
မျိုးနွယ်စု နှစ်ခုလုံးသည် အလွန်စိတ်လှုပ်ရှားနေပါသော်လည်း အန်လင်းမှာ အူကြောင်ကြောင်နှင့်သာ ရှိနေသည်။
ကုယွီသည်လည်း အလုပ်များနေသောကြောင့် အန်လင်းအား ဘာမှရှင်းမပြနိုင်ပေ။
ယွီဖေးယွီကမူ အကျင့်အတိုင်းပင် ဝှက်စာဖော်နေရင်း အရေးကြီး အချက်များအား မှတ်တမ်းတင်ကာ လန်ရှင်းယန်တို့ထံ ပို့ပေးနေသည်။
လန်ရှောင်နီသည် ပြောစရာပင် မလိုလောက်အောင် ထိုအချက်အလက်များအား အန်လင်းထံ ပြန်ပြောပြလိုက်သည်။
အန်လင်းအနေဖြင့် ကုယွီ ရရှိလာသော အချက်အလက်များအား လန်ရှောင်နီ ပေးလာသော အကြောင်းအရာများနှင့် တိုက်စစ်နိုင်ပြီပင်။
လေးနာရီခန့် ကြာပြီးနောက် နတ်ဆရာခေါင်းဆောင် နှစ်ပါးလုံး ဝှက်စာဖော်ခြင်း ပြီးစီးသွားကြသည်။
ယွီဖေးယွီသည် မှတ်တမ်းတင်နေသေးသောကြောင့် ကုယွီထက် အနည်းငယ် နောက်ကျခဲ့သည်။
နတ်ဆရာခေါင်းဆောင် နှစ်ပါးလုံးမှာ အံ့အားသင့်နေဟန်ပင်။
ဝုန်း.....
မှတ်တမ်းတင် သလင်းကျောက်မှာ ကုယွီ လက်ချက်ကြောင့် ပေါက်ကွဲသွားသည်။
အန်လင်း : “.....”
သက်သေကို ဖျက်စီးတာလား.....
အားလုံးလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ကုယွီနှင့် ယွီဖေးယွီမှာ လေးနက်သော အမူအရာနှင့် အကာအရံများ ပြုလုပ်လိုက်ကြသည်။
မျိုးနွယ်စု နှစ်ခုလုံး၏ အရေးကြီး ပုဂ္ဂိုလ်များမှာ မအူမလည် ဖြစ်ကုန်သည်။
သောက်ကျိုးနည်း.... လျှို့ဝှက်ချက်ပဲ အရင်ပြောကြပါဟ......
အကာအရံ အပြင်ဘက်တွင် ကျန်နေခဲ့သူများမှာ သက်ပြင်းချလိုက်ကြသည်။ ၎င်းတို့သည် လျှို့ဝှက်ချက်အား သိရဦးမည့်ပုံ မပေါ်ပေ။
“လျှို့ဝှက်ချက်က ဘာဖြစ်လောက်လဲ။”
“ငါက ဘယ်လိုလုပ် သိမှာလဲ။”
“အား.... အရမ်းသိချင်နေပြီ။ ဝှက်စာကို နည်းနည်းပါးပါးတောင် မသိကြဘူးလား။”
“မျိုးနွယ်စု နှစ်ခုရဲ့ အနာဂတ်အတွက် အချင်းချင်း လက်ထပ်ကြဖို့ ထင်တာပဲ။ လိပ်အင်မော်တယ်လေးရေ ကိုယ့်ကိုလက်ထပ်ပါ။”
“ရွံစရာကောင်းလိုက်တာ။ ငါ့နားမလာနဲ့နော်။”
“လျှို့ဝှက်ချက်က ဘာလဲဟေ့။”
အကာအရံထဲတွင် ရှိနေသူများလည်း စိတ်လှုပ်ရှားနေလေပြီ။
ယွီဖေးယွီ ကုယွီအား ကြည့်လိုက်သည်။
“ဘယ်သူပြောမှာလဲ။”
“စီနီယာ ကုယွီပဲ ပြောလိုက်ပါ။”
အန်လင်း စကားဆိုလိုက်သည်။
သူသည် ယွီဖေးယွီ၏ အရေးကြီး အချက်အလက်များအား သိထားရပြီ မဟုတ်လော။
အန်လင်းသည် လျှို့ဝှက်ချက်အား သယ်ဆောင်လာသူ ဖြစ်သောကြောင့် မည်သူကမှ ရိုင်းစိုင်းသည်ဟု မထင်ကြပေ။
ကုယွီ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ။ ဒါပေမယ့် တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်စေချင်တယ်။”
အားလုံးမှာ ချက်ချင်းပင် ကျိန်ဆိုလိုက်ကြပြီးနောက် ကုယွီ စပြောလာသည်။
“ဒီလျှို့ဝှက်ချက်က တလောကလုံးကို တုန်လှုပ်သွားစေနိုင်တယ်။”
လူတိုင်း စိတ်လှုပ်ရှားနေသည်။
“အနောက်ပင်လယ်ကို ဖျက်စီးမတက် ဖြစ်ခဲ့တဲ့ ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို သိကြတယ်မလား။”
အားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။
ရှေးဟောင်းကောင်းကင်နတ်ဘီလူးမှာ ၎င်းတို့အတွက် အိပ်မက်ဆိုး တစ်ခုပင်။
“နတ်ဆရာခေါင်းဆောင် နှစ်ပါးက ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို သုတ်သင်ဖို့ မရဏပင်လယ်နတ်ဘုရားလှံကို ဖန်ဆင်းခဲ့ကြတယ်။”
ထိုသည်ကိုလည်း အားလုံး သိရှိထားကြသည်။
“ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို သတ်ပြီးတော့ နတ်ဆရာခေါင်းဆောင်တွေက တခြားလောကရဲ့ ဝင်ပေါက်တစ်ခုကို တွေ့ခဲ့တယ်။”
“အဲ့ကနေပြီး ရှေးဟောင်းကောင်းကင်နတ်ဘီလူးရဲ့ မူလကမ္ဘာဆီ ရောက်ခဲ့ကြတယ်။”
“အဲ့လိုနဲ့ သူတို့တွေ နတ်ဘုရားတစ်ပါးနဲ့ ဆုံခဲ့တယ်။ ကိုယ့်ကိုယ်ကို နတ်ဘုရားအဖြစ် သတ်မှတ်ထားတာမျိုး မဟုတ်ပဲ တကယ့်နတ်ဘုရား အစစ်အမှန်ကိုပြောတာ။”
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
တာအိုပေါင်းစည်းခြင်း အဆင့်များကပင် နတ်ဘုရားအဖြစ် ရည်ညွှန်းရသူသည် ပေါ့သေးသေး မဟုတ်လောက်ပေ။
မာနကြီးလွန်းသော နတ်ဆရာခေါင်းဆောင် နှစ်ပါးသည် ဖန်ဆင်းရှင် နတ်ဘုရားအဆင့်များကိုပင် ထိုသို့သတ်မှတ်မည် မဟုတ်ပေ။
“နတ်ဘုရားက အစကတော့ ဒေါသထွက်နေပေမယ့် နောက်တော့ သူတို့နဲ့ ညှိနှိုင်းခဲ့တယ်။”
“နတ်ဘုရားက မျိုးနွယ်စု နှစ်ခုတည်းက ပါရမီရှင် တစ်ယောက်ကို စွမ်းအင်တွေ အမွေပေးမယ်လို့ ပြောခဲ့တယ်။ အဲ့အတွက် အနောက်ပင်လယ်က စုစည်းပြီး လူသားမျိုးနွယ်ကို ဖျက်စီးပေးရမယ်တဲ့။”
“ဟာ....”
အားလုံးမှာ အန်လင်းထံ အကြည့်ရောက်လာကြသည်။
အန်လင်းမှာ သိထားပြီး ဖြစ်သောကြောင့် အေးအေးဆေးဆေးသာ ရှိနေသည်။
“ကျုပ်တို့ကို ဖိအားပေးချင်တာလား။”
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်တစ်ဦး စကားဆိုလာသည်။
“အဲ့ဒါက ကောင်းကင်တာအိုရဲ့ ဆန္ဒပဲ။”
ကုယွီ တုံ့ပြန်လိုက်သည်။
“ရှေးဟောင်းထိုက်ချူကုန်းမြေက အရမ်းပြန့်ကားလာလွန်းလို့ ပျက်စီးသွားရတာ။ အသိစိတ် မရှိတဲ့ ကောင်းကင်တာအိုက ကျရှုံးရတာပဲ။”
“အဲ့ဒါကြောင့် ထိုက်ချူကုန်းမြေရဲ့ ကောင်းကင်တာအိုက ပုံစံပြောင်းလာခဲ့တယ်။ အဲ့နတ်ဘုရားက ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးတော့ သမုဒ္ဒရာနဲ့ ဆိုင်တဲ့သူပဲ။”