သမုဒ္ဒရာ၏အရှင်သခင်
Vol. 77 Ch. 1076
အားလုံးမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ကောင်းကင်တာအိုက အသိစိတ် ရှိနေတယ်......
ထိုသည်မှာ မထင်မှတ်ထားသော အရာများပင်။
“ရှေးဟောင်းကောင်းကင်နတ်ဘီလူးက ကောင်းကင်တာအိုရဲ့ ကောင်းချီးကြောင့် ရေတွေအားလုံးကို ထိန်းချုပ်နိုင်တယ်။”
“ကောင်းကင်တာအို ကိုယ်စားပြုတွေ မွေးဖွားလာတာက တကယ်အရေးကြီးတယ်။ လေ၊ မြေ၊ မိုးကြိုး အဲ့လို နတ်ဘုရားတွေလည်း ရှိတယ်။ သူတို့က ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို အစွမ်းတွေ ပေးနိုင်သလို ငါတို့ထဲက တစ်ယောက်ကိုလည်း ပေးနိုင်တယ်။”
အားလုံး အသက်ရှူသံများ ပြင်းသွားကြသည်။
ကောင်းကင်တာအို၏ အစွမ်းမှာ မက်မောစရာ ကောင်းလှသည်။
“စီနီယာတွေက ကောင်းကင်ပင်လယ်နတ်ဘုရားကို တွေ့ခဲ့တာပဲ။”
“ကောင်းကင်ပင်လယ်နတ်ဘုရားက ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတော့ အရမ်းအစွမ်းကြီးတယ်။ သူသာရောက်လာရင် လောကကြီးတောင် ပျက်စီးသွားနိုင်တယ်။ အဲ့ဒါကြောင့် ထိုက်ချူကုန်းမြေကို ဝင်မလာတာပဲ။”
“နတ်ဘုရားတွေက လူသားတွေကို အမှားတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြလို့ ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ပြီး ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် လောကကြီးရဲ့ ကန့်သတ်ချက်တွေကြောင့် ရှေးဟောင်းကောင်းကင်နတ်ဘီလူးက တော်တော်အားနည်းသွားခဲ့တယ်။”
“ဒီကမ္ဘာက ကောင်းကင်တာအို ကိုယ်စားပြုတွေအပေါ် ကန့်သတ်ချက်တွေ ရှိတယ်။ အဲ့ဒါက လောကကြီးရဲ့ တည်ငြိမ်ရေးအတွက်ပဲ။”
“နတ်ဘုရားက နတ်ဘုရားခေါင်းဆောင် နှစ်ယောက်နဲ့တွေ့ပြီးတော့ ဒီကမ္ဘာပေါ်က သက်ရှိတစ်ယောက်ကိုပဲ အစွမ်းတွေ ပေးလိုက်ရင် ကန့်သတ်ချက်တွေ လွတ်နိုင်မလားလို့ တွေးမိသွားတယ်။”
အန်လင်းနှင့် လန်ရှောင်နီမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။
ထင်မှတ်ထားသည့်အတိုင်း လန်ရှောင်နီမှာ စွမ်းအင်ကန့်သတ်ခံရခြင်း မရှိပေ။
“ကောင်းကင်ပင်လယ်နတ်ဘုရားက လူသားမျိုးနွယ်ကို ဖျက်စီးဖို့အတွက် ဆက်ခံသူတစ်ယောက်စီ အမွေပေးဖို့ ကတိပေးခဲ့တယ်။ အဲ့ဆက်ခံသူက ဟင်းလင်းပြင်သို့အပြန် အဆင့်အောက်မှာရှိပြီး စကြာဝဠာရေဝိဥာဥ်မြစ် ရှိတဲ့သူမှရမယ်။”
ဝိဥာဥ်ငါးကလန်၏ အရေးကြီး ပုဂ္ဂိုလ်များမှာ လန်ရှောင်နီအား ကြည့်လိုက်ကြသည်။
လန်ရှင်းယန် စကားဆိုလာသည်။
“နီလေး..... မင်းမှာ စကြာဝဠာရေဝိဥာဥ်မြစ် ရှိတယ်လေ။ ကောင်းကင်ပင်လယ်နတ်ဘုရားနဲ့ တွေ့ခဲ့သေးလား။”
လန်ရှောင်နီ ခေါင်းခါပြလိုက်သည်။
“နတ်ဆရာခေါင်းဆောင် နှစ်ယောက်က ဘာမှမပြောဘူးရယ်။”
လန်ရှင်းယန် ဘာမှမပြောတော့ပေ။
“နတ်ဆရာခေါင်းဆောင် နှစ်ယောက်က ကောင်းကင်ပင်လယ်နတ်ဘုရား ပြောတဲ့အတိုင်း ကိုက်ညီတဲ့သူကို ရှာပေးရမှာ။ အဲ့အစွမ်းက အရမ်းမက်မောစရာ ကောင်းလွန်းနေတယ်။ အဓိက ဆက်ခံတဲ့သူက မျိုးနွယ်စု နှစ်ခုလုံးကို ဦးဆောင်ဖို့ အရည်အချင်း ရှိရမယ်။”
“နတ်ဆရာခေါင်းဆောင် နှစ်ယောက်က လက်ကျန်အစွမ်းတွေနဲ့ အုတ်ဂူလုပ်ပြီး နောက်ဆုံးအနေနဲ့ နက္ခတ်ဖတ်ပြီးတော့ ကြမ္မာဆောင်သူ ရောက်လာမှာကို စောင့်နေခဲ့ကြတယ်။”
“နှစ်ပေါင်းများစွာအတွင်း စကြာဝဠာရေဝိဥာဥ်မြစ်ရှိတဲ့ ပါရမီရှင်တွေ ရောက်လာခဲ့ကြပေမယ့် ကြမ္မာဆောင်သူ မဟုတ်ခဲ့ဘူး။”
“နောက်တော့ ကောင်းကင်ပင်လယ်နတ်ဘုရား ပြောတဲ့အတိုင်း ခရမ်းကြယ်စင် ပြဿနာ ဖြစ်လာတယ်။ နတ်ဆရာခေါင်းဆောင် နှစ်ယောက်လည်း အဲ့ပြဿနာပြီးတော့ စကြာဝဠာရေဝိဥာဥ်မြစ်နဲ့ ပထမဆုံး မွေးဖွားလာတဲ့သူကို ကြယ်စင်ကောင်းချီးပေးဖို့ လုပ်ခဲ့ကြတယ်။”
“လူသားမျိုးနွယ်ကို ဖျက်စီးဖို့အတွက်ကတော့ အမွေဆက်ခံရတဲ့သူက ဘာလုပ်ရမလဲ သိလိမ့်မယ်တဲ့။”
အားလုံးမှာ လန်ရှောင်နီအား ကြည့်လိုက်ကြသည်။
လန်ရှောင်နီ နောက်သို့ဆုတ်သွားလေသည်။
“ဘာလို့ကြည့်နေကြတာလဲ။ ငါက ကြမ္မာဆောင်သူ မဟုတ်ပါဘူးဆို။”
ယွီဖေးယွီ ပြုံးကာပြောလာသည်။
“ခရမ်းကြယ်စင် ပြဿနာ ပြီးသွားတည်းက စကြာဝဠာရေဝိဥာဥ်မြစ်နဲ့ မွေးဖွားလာတာဆိုလို့ မင်းသမီးလေးပဲ ရှိတယ်။ ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးမလား။”
လန်ရှောင်ဟွမ် အံ့အားသင့်နေသည်။
“အစ်မတော်က ပင်လယ်ဧကရီ ဖြစ်တော့မှာကို ဖုံးကွယ်နေသေးတာလား။”
လန်ရှင်းယန်လည်း ပြုံးပြုံးကြီး ဖြစ်နေသည်။
“ဟူး..... ဒီအသက်အရွယ်မှ စိတ်ဆင်းရဲရတယ်လို့။”
ကုယွီ သက်ပြင်းချလိုက်သည်။
လန်ရှောင်နီသည် အနောက်ပင်လယ်အား ကြီးစိုးတော့မည်ပင်။
ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်များလည်း စိတ်ညစ်ကုန်ကြသည်။
လန်ရှောင်နီမှာ ငြင်းဆိုလိုပါသော်လည်း မည်သူကမှ မယုံကြတော့ပေ။
သူမ အန်လင်းအား လှမ်းကြည့်လိုက်သည်။
အားလုံးမှာလည်း အန်လင်းထံ ကြည့်လာကြသည်။
အချို့မှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများပင် ထုတ်ဖော်ထားကြသည်။
အန်လင်းသည် တစ်ဦးတည်းသော လူသားပင် မဟုတ်လော။
လူသားမျိုးနွယ်အား ဖျက်စီးမည့် တာဝန်ကို လူသားတစ်ဦးဖြစ်သော အန်လင်းမှ သည်အတိုင်း လက်ခံလိုက်မည် မဟုတ်ပေ။
အန်လင်း မျက်နှာမဲ့သွားသည်။
တာအိုပေါင်းစည်းခြင်း အဆင့်များ အပါအဝင် အားလုံးမှာ သူ့ကိုသာ စူးစူးရဲရဲ ကြည့်နေကြသည်။
“မင်းက လူသားတစ်ယောက်ပဲ။”
“သူက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်လေ။”
“လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ သူ့ကိုရှင်းပစ်သင့်တယ်။”
“အန်လင်းနောက်မှာ ကောင်းကင်ဘုံခုံရုံး ရှိတယ်နော်။ လွယ်လွယ်သတ်ပစ်ဖို့ ရပါ့မလား။”
“ငါတို့ကို ကောင်းကင်တာအိုက တာဝန်ပေးထားတာလေ။ ကောင်းကင်ဘုံခုံရုံး အပါအဝင် လူသားမှန်သမျှ ရှင်းပစ်သင့်တာ။”
အန်လင်းမှာ ထိုစကားများကြောင့် ချွေးပင်ပျံလာရတော့သည်။