စိတ်မပူနဲ့တော့ ဖြေရှင်းပြီးပြီ
Vol. 77 Ch. 1082
အန်လင်းမှာ ထိုလက်ဆောင်သည် မည်မျှအဖိုးတန်ကြောင်း ကောင်းစွာသိရှိထားသည်။
ကုယွီသည်လည်း စေတနာအပြည့်နှင့် ရွေးချယ်စီမံခဲ့ခြင်း ဖြစ်သည်။
အန်လင်းသည် ထိုလက်ဆောင်အား လက်ခံကာ ကုယွီ၏ ကျောပေါ်တက်လျက် အားလုံးကို နှုတ်ဆက်လိုက်သည်။
လန်ရှောင်နီမှာ အန်လင်းအားကြည့်ကာ ဆုံးဖြတ်ချက်များ ပိုမိုပြတ်သားလာသည်။
“လန်ရှောင်နီ နင်လုပ်နိုင်ပါတယ်။ အနောက်ပင်လယ်က အခုထက် ပိုကောင်းလာရမယ်။”
အန်လင်း၏ ပုံပြင်ကြောင့် မျိုးနွယ်စု နှစ်ခုမှာ ပေါင်းစည်းရန် သဘောတူထားကြသည်။
၎င်းတို့သည် အနောက်ပင်လယ်ရှိ အခြားမျိုးနွယ်စုငယ်လေးများအား ပူးပေါင်းခြင်း သို့မဟုတ် ဖျက်စီးခြင်းများ ပြုလုပ်ကြမည် ဖြစ်သည်။
ဝိဥာဥ်ငါးကလန် သက်သက်ဖြင့် အနောက်ပင်လယ်အား အုပ်စိုးရန် မဖြစ်နိုင်ပါသော်လည်း ယခုအခါ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ အကူအညီပါ ရှိနေလေပြီ။
အန်လင်းသည် သိုလှောင်လက်စွပ်အား ထုတ်ကြည့်လိုက်သည်။
ကုယွီ၏ လက်ဆောင်သည် တန်ဖိုးကြီးသလို လန်ရှင်းယန်၏ လက်ဆောင်သည်လည်း မဆိုးရွားလောက်ပေ။
သူသည် သိုလှောင်လက်စွပ်အားကြည့်ကာ အသက်ရှူသံများ ပြင်းသွားရသည်။
ချီကျောက်တုံးတွေပဲ.....
ချီကျောက်တုံး စုစုပေါင်း တစ်ထောင့်နှစ်ဆယ် ဖြစ်သည်။
ထိုသည်မှာ စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းနှစ်သောင်းနှင့် ညီမျှပေသည်။
အန်လင်း ဝမ်းသာသွားရသည်။
လန်ရှင်းယန်က ငါ့ကိုနားလည်တာပဲ....
သူ့ထံတွင် စိတ်ဝိဥာဥ်ကျောက်တုံး သန်းရှစ်ဆယ်ကျော် ရှိသွားပြီပင်။
အနောက်ပင်လယ်သို့ ခရီးစဥ်အတွင်း ရှောင်လန်သည်လည်း ငွေကြေးစုဆောင်းမိမည် ဖြစ်သောကြောင့် စိတ်ဝိဥာဥ်ကျောက်တုံး ရှစ်ဆယ့်ငါးသန်းကျော် ပမာဏထိ ရောက်ရှိသွားနိုင်သည်။
သိုလှောင်လက်စွပ်ထဲတွင် အခြားပစ္စည်းနှစ်ခုလည်း ရှိနေသေးသည်။ တစ်ခုသည် စက်ဝိုင်းသဏ္ဍာန်ရှိကာ မှော်စာလုံးအချို့ ရေးထွင်းထားသည်။
(ပင်လယ်နက်မဟာဗုံး : သိပ်သည်းဆ မြင့်မားသော စွမ်းအင်ဗဟိုချက် နှစ်ခုနှင့် တည်ဆောက်ထားကာ ရေဖိအားအား နှစ်သိန်းနှင့်ချီ ခံထားရသည်။ ဗဟိုချက်များမှာ လန်ရှင်းယန်၏ အံ့ဖွယ်တာအိုနှင့် ပေါင်းစည်းထားသည်။ အသက်သွင်းလိုက်ပါက တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ယှဥ်နိုင်သော စွမ်းအင်မျိုး ထွက်ပေါ်လာလိမ့်မည်။
(မှတ်ချက် : ဤဗုံးတွင် သမုဒ္ဒရာ၏ ကြောက်မက်ဖွယ် အစွမ်းများ ပါဝင်နေသောကြောင့် တာအိုပေါင်းစည်းခြင်း အဆင့်သို့ မရောက်သေးသူများမှာ ကီလိုမီတာ ငါးဆယ်အကွာမှသာ အသုံးပြုသင့်သည်။)
အန်လင်း : “......”
ကီလိုမီတာ ငါးဆယ်လား......
အဲ့လောက်ဝေးနေရင် သုံးလို့ရဦးမှာလား......
သူအခြားပစ္စည်းတစ်ခုအား ကြည့်လိုက်သည်။
ထိုသည်မှာ တစ်မီတာကျယ်ကာ သုံးမီတာရှည်သော ဓားကြီးတစ်လက်ပင်။
(ရှေးဟောင်းပင်လယ်အင်မော်တယ်ဓား : အနောက်ပင်လယ်၏ မဟူရာကြယ်စင်သတ္ထုအား ရာစုနှစ်နှင့်ချီ သန့်စင်ကာ ဖန်တီးထားသည်။ အလယ်အလတ်အဆင့် အင်မော်တယ် ရတနာဖြစ်ကာ အသုံးပြုသူ၏ လျှပ်စီးစွမ်းအင်အား တိုးမြှင့်ပေးနိုင်သည်။)
သူ့အတွက် ဓားမလိုပါသော်လည်း အင်မော်တယ် ရတနာ ဖြစ်သောကြောင့် အန်လင်း သဘောကျသွားသည်။
လျှပ်စီးစွမ်းအင်အား တိုးမြှင့်နိူင်သောကြောင့် လန်ရှင်းယန်မှ ရွေးချယ်ခဲ့ပုံ ရသည်။
သိုလှောင်လက်စွပ်ထဲတွင် ပိုက်ဆံ၊ ဗုံးနှင့် ဓား ပစ္စည်းသုံးခုသာ ပါဝင်သည်။
အန်လင်း သက်ပြင်းချလိုက်သည်။
“လန်ရှင်းယန်ရဲ့ လက်ဆောင်က တကယ်သဘောကျစရာပဲ။”
ကုယွီ တုန်ယင်စွာ စကားဆိုလာသည်။
“ကောင်းကင်မိုးကြိုးနတ်ဘုရား ကျုပ်လက်ဆောင်ကို သဘောမကျဘူးလား။ တခြားလက်ဆောင် ပေးရဦးမလား။”
အန်လင်းသည် သူ၏လက်ဆောင်အား ထိုသို့မှတ်ချက်မပေးခဲ့ပေ။
“မဟုတ်ပါဘူး။ စီနီယာကုယွီ အထင်လွဲနေတာပါ။”
အန်လင်းမှာ လိပ်အိုကြီးအား မနည်းဖြောင်းဖြလိုက်ရသည်။
တာအိုပေါင်းစည်းခြင်း အဆင့်အား စီးတော်အဖြစ် ထားရခြင်းမှာ ကောင်းမွန်လှသည်။
နှစ်နာရီအတွင်း ၎င်းတို့မှာ ကိုးပြည်ထောင်၏ ဗုဒ္ဓတိုင်းပြည်သို့ ရောက်ခဲ့ကြသည်။
ကုယွီမှာ အရေးပါ အရာရောက်သူ ဖြစ်သောကြောင့် ဗုဒ္ဓတိုင်းပြည်အား တည်ထောင်သူ ရူလိုင်သည်ပင် သတိထားမိသွားခဲ့သည်။
ရုတ်ချည်းဆိုသလို ဗုဒ္ဓမန္တာန်များနှင့်အတူ ရွှေရောင်ရောင်ခြည်စက်ဝန်းမှာ ကောင်းကင်တခွင် ပြန့်ကားလာသည်။
“လူတစ်ယောက်ကို လာပို့ရုံပါပဲ။ စကြမုနိဗုဒ္ဓ.... သေသေချာချာ ကြိုဆိုစရာ မလိုပါဘူး။”
ကုယွီ ရှင်းပြလိုက်သည်။
အန်လင်းမှာ တစ်စုံတစ်ယောက်မှ ကြည့်နေသလို ခံစားလိုက်ရသည်။
သို့သော် သူ့အတွက် ဖိအားမဖြစ်စေပေ။
အန်လင်း အံ့အားသင့်သွားရသည်။
ထို့နောက် ရွှေရောင်ရောင်ခြည်များလည်း ပျောက်ကွယ်သွားလေသည်။
“ကောင်းကင်မိုးကြိုးနတ်ဘုရား ဒီအထိပဲ လိုက်ပို့နိုင်တော့တယ်။ တစ်ခုခု အကူအညီ လိုခဲ့ရင်ပြောပါ။”
“ကျေးဇူးတင်ပါတယ် စီနီယာ။ နောက်ဆို သခင်လေးအန်လင်းပဲ ခေါ်ပါဗျာ။ ကျွန်တော် နှိမ့်ချပြီးပဲ နေချင်တာ။”
ကုယွီ ပြုံးကာပြောလာသည်။
“ကောင်းပါပြီ။ ကျုပ်ပြန်ပြီနော်။”
“ဂရုစိုက်ပြန်ပါ။”
အန်လင်း နှုတ်ဆက်လိုက်သည်။
၎င်းတို့သည်လည်း နေရာရွှေ့ပြောင်းရေး အစီအရင်နှင့် ကောင်းကင်ဘုံခုံရုံးသို့ ပြန်ခဲ့ကြသည်။
အန်လင်းသည် ကျောင်းတော်သို့ မသွားပဲ စုကျိုးအင်မော်တယ်ဂိုဏ်းထံ အရင်လာခဲ့လိုက်သည်။
ကျောင်းမပြန်ရသည်မှာ နှစ်လခန့် ရှိနေပြီ ဖြစ်သောကြောင့် ခွင့်နည်းနည်း ထပ်ယူလိုက်ခြင်းမှာ ဘာမှမဖြစ်ပေ။
အန်လင်းမှာ အရေးကြီး ကိစ္စများအတွက် စုကျိုးအင်မော်တယ်ဂိုဏ်းသို့သာ အရင်ပြန်သွားလိုက်သည်။
“အစ်ကိုကြီးအန်လင်း....”
“ဂိုဏ်းချုပ်အန်လင်း......”
ရှောင်ချို့တို့ လင်မယားမှာ လာနှုတ်ဆက်လိုက်ကြသည်။
“ဟားဟား..... ရှောင်ချိုး ပိန်သွားပါလား။ ပိုင်ယောင်ရော ဂိုဏ်းမှာနေရတာ ဘယ်လိုလဲ။”
အန်လင်း ပြုံးပြနှုတ်ဆက်လာသည်။
ရှောင်ချိုး ရှက်သွေးဖြာသွားရသည်။
ပိုင်ယောင်မှာ သဘာဝကျကျ ပြုံးပြလာသည်။
“ဒီမှာနေရတာ တကယ်ပျော်ဖို့ကောင်းတယ်။”
သူမသည် အမှန်တကယ်ပင် သုခဘုံတွင် နေထိုင်ရသလို ခံစားရပေသည်။
“ကောင်းပါတယ်။ မြေခွေးနက် မျိုးနွယ်စုရော ဘယ်လိုအခြေအနေရှိလဲ။”
အန်လင်း မေးမြန်းလိုက်သည်။
“မြေနွေးနက် မျိုးနွယ်စုက ကုန်သလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ဝိဥာဥ်ငါးကလန်က ကိုင်တွယ်ရခက်မယ် ထင်တယ်။”
ပိုင်ယောင် လေးနက်စွာ ပြောလာသည်။
ဝိဥာဥ်ငါးကလန်သည် ထိုက်ချူကုန်းမြေ၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။
“ဝိဥာဥ်ငါးကလန်လား။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့။ အနောက်ပင်လယ်ကိုသွားတုန်း ငါဖြေရှင်းလာပြီးပြီ။ မြေခွေးဖြူ မျိုးနွယ်စုကို သူတို့ဘာမှလုပ်မှာ မဟုတ်ဘူး။”
“ဖြေရှင်းပြီးပြီလား။”
ရှောင်ချိုး မျက်လုံးပြူးသွားသည်။
“အင်း ကလန်ခေါင်းဆောင်နဲ့ နတ်ဆရာခေါင်းဆောင်လည်း ငါပြီးရင်ပြီးတယ်။ လန်ရှောင်နီကလည်း ငါ့လက်အောက်ငယ်သား ဖြစ်နေပြီ။ သူတို့က ဘယ်သူ့ကိုမှ နှောင့်ယှက်တော့မှာ မဟုတ်ဘူး။”
အန်လင်း တုံ့ပြန်လိုက်သည်။
ရှောင်ချိုး : “.....”
ပိုင်ယောင် : “......”